Follow Me to Hell (2019)
အင်ဒိုနီးရှားသဲထိပ်ရင်ဖို သဲရဲကား.
ဒီတစ်ခါ မိတ်ဆက်ပေးမယ့်ကားလေးကတော့ 2019,July က ထွက်ရှိထားတဲ့ Indonesia Horror movie လေးဖြစ်ပါတယ်
Rating 5.9 ရထားပေမယ့် အရမ်းကိုဇာတ်အိမ်ကောင်းတာမို horror ချစ်သူတွေ လက်မလွှတ်သင့်တဲ့ကားလေးပါနော် မင်းသမီး Clara Bernadeth နဲ့ မင်းသား Rendy Kiaernett တိုပါဝင်သရုပ်ဆောင်ထားပါတယ်
ကိုယ်ဝန်သည်ဇနီးကို အရမ်းချစ်တဲ့ခင်ပွန်းက ဒီဇနီးရဲ့သရဲမြင်တယ်လို့ ပြောတာတွေကို သူကိုယ်တိုင်ကြုံဖူးမှပဲယုံလာပါတော့တယ်။ သူ့ဇနီးဆီမှာ သူကိုယ်တိုင်တောင်မသိရတဲ့ လျှို့ဝှက်ချက်တွေရှိနေပါတယ်
အဲလိုပဲ အခြားတစ်ဖက်မှာ စိတ်ကျန်းမာရေးဆေးရုံမှာလည်း သရဲမြင်ရပြီးနှိပ်စက်ခံနေရတဲ့အဖွားကြီးတစ်ယောက်ရှိပါတယ်။ အဲ့အဖွားကြီးက လည်း သရဲနဲ့အမျိုးတော်တဲ့သူပါ
သူ့ရဲ့အတိတ်က အမှားကြောင့်ဒုက္ခခံနေရရှာပါတယ်။ သမီးဦးလေးကိုမွေးမယ့် ဇနီးမောင်နှံကရော အဲ့အဖွားကြီးနဲ့ဘယ်လိုပတ်သက်နေမလဲ သူတို့ကိုယ်တိုင်တောင်မသိရတဲ့အကြောင်းရင်းကြောင့် သရဲခြောက်ခံနေရတာတွေကို ဘယ်လိုရှာဖွေ အဆုံးသတ်ကြမလဲ? ဆိုတာ စိတ်လှုပ်ရှားဖွယ်ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်