Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ငလျင်သတင်း avatar

ငလျင်သတင်း

ငလျှင်သတင်းများ
Admin∆ @yoonlaybysoren
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaMar 28, 2025
TGlist-ga qo'shildi
Mar 28, 2025
Muxrlangan guruh

Telegram kanali ငလျင်သတင်း statistikasi

Obunachilar

14 931

24 soat
32
0.2%Hafta
311
2.1%Oy
14 930
1 493 000%

Iqtiboslar indeksi

0

Eslatmalar1Kanallardagi repostlar0Kanallardagi eslatmalar1

Bitta postning o'rtacha qamrovi

2 660

12 soat2 440
20.8%
24 soat2 6600%48 soat5 0850%

Ishtirok (ER)

3.64%

Repostlar13Izohlar0Reaksiyalar133

Qamrov bo'yicha ishtirok (ERR)

20.68%

24 soat
2.83%
Hafta
9.75%
Oy
272 584.69%

Bitta reklama postining qamrovi

2 401

1 soat2 401100%1 – 4 soat1 38757.77%4 - 24 soat2 594108.04%
Botimizni kanalingizga ulang va ushbu kanal auditoriyasining jinsini bilib oling.
24 soat ichidagi barcha postlar
3
Dinamika
3

"ငလျင်သတင်း" guruhidagi so'nggi postlar

နေပြည်တော်လေဆိပ်ကတော့ မြင်တဲ့အတိုင်းပါပဲ အစိတ်စိတ်အမွှာမွှာဖစ်နေပြီ😢
Join ပြီး သင်္ကြန် 🔠🔠 ယူ။

1 - https://t.me/couplethemekoe

2 - https://t.me/myanmarsongskoe

3 - https://t.me/coupleprofilekoe
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ အနှံ့အပြား၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည်
သင်္ကြန်ကာလအတွင်း မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်

ဧပြီ ၁၂ - ၂၀၂၅

လက်ရှိ တိုင်းနဲ့ ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး လာမယ့် သင်္ကြန်ကာလ အတွင်းမှာလည်း မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

“မိုးရွာတဲ့ရက်က ခန့်မှန်းချက်မှာ ထုတ်ပြန်ထားသလိုပေါ့။ လောလောဆယ်တော့ ဧပြီ ၁၇ ရက်နေ့အထိ ခန့်မှန်းပေးထားတာဖြစ်တယ်။ ၁၇ ရက် နောက်ပိုင်းလည်း ဆက်ပြီး ရွာမယ်ဆိုရင်တော့ ထပ်ပြီးတော့ ကျွန်တော်တို့ update လုပ်ပြီး ထုတ်ပြန်ပေးမှာပါ။ အဲဒီတော့ ဒီလိုကာလမှာ ရွာတဲ့မိုးက လေပြင်း တိုက်ခတ်တာတွေပါ ရှိတာဆိုတော့ (တနည်းအားဖြင့် မိုးသက်လေပြင်း ကျတာပေါ့)၊ အချိန်တိုအတွင်းမှာ မိုးသက်လေပြင်း ကျပြီးတော့ မိုးများနိုင်တာတွေ ဖြစ်နိုင်တယ်။ တခါတရံမှာ ထစ်ချုန်းမိုးတွေ၊ တခါတရံမှာ မိုးသီးကြွေတာတွေ၊ လေပြင်းတိုက်တာတွေ ရှိနိုင်တယ်။ ဒီဖြစ်စဉ်တွေက ဒီကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တွေပါ” လို့ မိုး/ဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ မနေ့ ဧပြီ ၁၂ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်အပြင် အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မနေ့ညမှ ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းတရက်နေ့) အထိ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

“အချိန်အခါမဟုတ် မိုးရွာတာကတော့ အရင်တုန်းကတော့ လေဖိအားနည်းရပ်ဝန်း ရှိတဲ့အချိန်၊ အခုကတော့ လေဖိအားနည်းရပ်ဝန်းကြောင့်တော့ မဟုတ်ဘူးပေါ့။ ပင်လယ်ဘက်ကလာတဲ့ လေနွေးတွေရယ်၊ ကုန်းမြေပေါ်ကလာတဲ့ လေအေးတွေရယ် ထိတွေ့မှု၊ လေထု မငြိမ်မသက်မှုဖြစ်ပြီးတော့ တိမ်ဖြစ်ထွန်းမှုများတယ်၊ နောက်တခါ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေကြောင့် တိမ်ဖြစ်ထွန်းမှု အားကောင်းမယ်၊ နောက် ပူတဲ့ရာသီ၊ နေ့အပူချိန် မြင့်တက်မှုကြောင့် မွန်းလွဲ၊ ညနေပိုင်းတွေမှာ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီးတော့ ပင်လယ်ဘက်ကလာတဲ့ ရေခိုးရေငွေ့ပါတဲ့ လေနွေးတွေကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းတာတွေ ရှိတယ်။ ဒီဖြစ်စဉ်တွေကြောင့် မိုးရွာတာပါ” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့ ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင် သတိပြုကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် လေဆင်နှာမောင်းနဲ့ စိုက်ဆင်းလေပြင်းလိုမျိုး ထူးခြား မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

“မိုးတိမ်တောင်တွေကြောင့် လေပြင်းတိုက်တာ၊ လေဆင်နှာမောင်း၊ နောက် စိုက်ဆင်းလေပြင်းဆိုတာ ရှိသေးတယ်။ ဒါတွေကတော့ ခုဏကပြောတဲ့ မိုးတိမ်တောင် တိမ်တိုက်တွေရဲ့ ဖွံ့ဖြိုးအားကောင်းမှုပေါ်မှာ မူတည်တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိကာလဟာ မိုးသက်လေပြင်း ကျရောက်တတ်တဲ့ကာလ ဖြစ်တာကြောင့် ကုန်းမြေပေါ်မှာ နေထိုင်သူတွေအနေနဲ့လည်း သတိပြုဖို့ လိုအပ်သလို ပင်လယ်ခရီး သွားလာနေတဲ့သူတွေ အနေနဲ့လည်း ကြိုတင် ဂရုပြုကြစေလိုတယ်လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ဧပြီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ငလျင်ဒဏ်သင့် ဒေသတွေအပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ များနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ သုံးရက်တာ ကာလအတွင်း နေပြည်တော်၊ ပဲခူးတိုင်း တောင်ငူ၊ ဆွာ၊ ထန်းတပင် (ပဲခူးအရှေ့)၊ ပြည် (ပဲခူး-အနောက်) တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနဲ့အထက် မိုးထစ်ချုန်း ရွာနိုင်ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအောက် မိုးအသင့်အတင့် ရွာသွန်းနိုင်တယ်လို့ အသိပေးထားပါတယ်။

အလားတူ ငလျင်ဒဏ်ကို ဆိုးရွာစွာမခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာလည်း ၂၄ နာရီအတွင်း ၃၀ မီလီမီတာနဲ့အထက် နေရာကျဲကျဲ မိုးရွာနိုင်ကာ မိုးများနိုင်တယ်လို့ ဆိုပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၂၄ နာရီအတွင်း ၃၀ မီလီမီတာအထက် မိုးမရွာနိုင်တဲ့အတွက် မိုးအသင့်အတင့် ရွာနိုင်မယ့် ဒေသတွေအဖြစ်သာ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ငလျင်ကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးသွားသည့် မိခင်များကို ထောက်ပံ့မည်

အင်အားပြင်း ငလျင်ကြောင့် အိမ်ထောင်ဦးစီး ဆုံးရှုံးပြီး သား၊ သမီး ကျန်ရှိခဲ့တဲ့ Single Mother မိခင်တွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
မိခင်တွေကို လစဉ်ငွေကျပ် ၁ သိန်းစီ ၁ နှစ်တိတိထောက်ပံ့သွားမှာဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ၅ ယောက်စာ ကျပ်သိန်း ၆၀ မတည်ထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

Channel link >> @media9koe
ဧရာဝတီတိုင်းဘက်မှ ဝင်လာတဲ့ တိမ်တိုက်များကြောင့် ရန်ကုန်နဲ့ ပဲခူးဘက်မှာ မိုးများနိုင်ပါမယ် -
မွန်ပြည်နယ် ကရင်ပြည်နယ်၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ နေပြည်တော်ဘက်ကို တိမ်တွေ ဆက်ရွေ့တာတွေ့ရပါတယ်။

Weather Stations Realtime Data 1523MST
"ယူတိုးပီးယား"

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ
ကိုယ်နေပြီး...
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို
ကိုယ်လွမ်းလှ။ ။

- အောင်ချိမ့်
မန္တလေးမှာ ကုသိုလ်ဖြစ်ဆေးခန်းလေးတွေ ဘယ်နားမှာရှိလဲ မန့်ပေးကြပါဦး
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၄/၂၀၂၅)
=========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်ထုတ်ပြန်ချက်

"ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျား လာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်း များ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညမှ ၁၇-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”

အကြံပြုချက်
=========
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှထုတ်ပြန်သည်
ညည အိပ်မပျော်လို့ သတင်း Gp မှာ သရဲအကြောင်းထိုင်ပြောနေမယ့်အစား

ပရလောကဇာတ်လမ်းတွေ နားကြပ်လေးတပ်ပြီး ဝင်နားထောင်

1

https://t.me/tartaykoe
https://t.me/tartaykoe

2

https://t.me/readingaudiobooks
https://t.me/readingaudiobooks
မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည်
ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့

ဧပြီ ၁၀ - ၂၀၂၅

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းက ပျဥ်းမကန်ကျေးရွာအနီး ပုလဲကျေးရွာမှာ ဧပြီ ၈ ရက်နေ့က လေဆင်နှာမောင်း အသေးစား တိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေဆင်နှာမောင်းကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

“သုံးခွနယ် အစက ပုလဲကျေးရွာမှာ ဖြစ်သွားတာပါ။ သန်လျင် ကျောက်တန်း အပိုင်ထဲက ရွာပေါ့။ မိုးအုံ့၊ မိုးတွေခြိမ်းပြီး လေပြင်းတွေ တိုက်နေရင်း ဖြစ်သွားတာ။ အိမ် သုံးလုံးလောက်ကတော့ အလုံးလိုက် ပါသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လေဆင်နှာမောင်းဟာ ကုန်းတွင်းပိုင်းမှာ ဖြစ်ပေါ်တိုက်ခတ်တဲ့ မုန်တိုင်းအမျိုးအစား ဖြစ်ပြီး မြေပြင်ရှိ အဆောက်အအုံတွေကို လေထဲကို မြောက်တက် ကျွတ်ပါသွားအောင် တိုက်ခတ်တတ်တဲ့ အင်အားပြင်း မုန်တိုင်းအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း စတင်ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်မယ်ဆိုရင် နေပူရှိန်ကြောင့် မြေမျက်နှာပြင် အပူချိန် ရုတ်တရက် မြင့်တက်လာရာကနေ စိုစွတ်တဲ့လေထု ပူနွေးလာရာမှ လေထု အထက်ကို စတင် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလေထု ပူနွေးလာချိန်မှာတော့ စိုစွတ်တဲ့လေထုနဲ့ အပေါ်ရှိ အေးမြ ခြောက်သွေ့တဲ့ လေထု ပေါင်းဆုံမိပြီး မိုးအရွာမှာ ပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ကာ ထစ်ချုန်း မိုးတိမ်တိုက်တခု ဖြစ်ပေါ်လာပြီးနောက် လေဆင်နှာမောင်းအဖြစ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဲဒီ လေဆင်နှာမောင်းဟာ လျင်မြန်စွာ အားကောင်းလာပြီး မိုးရွာခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းတွေ ဖြစ်ပေါ်ကာ ဒေါင်လိုက် ရွေ့လျားနေတဲ့ လေထုမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီး လေတွေဟာ လားရာအမျိုးမျိုးကြောင့် ပတ်ချာလည်နေတယ်လို့ သိရပါတယ်။

မြေပြင်နဲ့ တိမ်တိုက်တွေအကြား ဖန်ကတော့ပုံ အနေအထားအတိုင်း ရွေ့လျား တိုက်ခတ်နေတာကို တွေ့မြင်နိုင်မှာဖြစ်ပြီး အဲဒီ တိုက်ခတ်နေတဲ့ လေပွေ၊ လေဝဲဟာ အရွယ်အစားနဲ့ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

အရွယ်အစားမှာ မီတာ ရာနဲ့ချီ ကျယ်ပြန့်လာနိုင်ပြီး လေဆင်နှာမောင်းတခုဟာ စက္ကန့်ပိုင်းမှ တနာရီအထက် ကြာမြင့်စွာ တိုက်ခတ်နိုင်သလို ရွေ့လျားတိုက်ခတ်တဲ့ လမ်းကြောင်းမှာလည်း နာရီပိုင်းအတွင်း မိုင်အများအပြား တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းအတွင်းရှိ လေတွေဟာ လျင်မြန်စွာ တိုက်ခတ်နေတာကြောင့် တိုင်းတာဖို့ မလွယ်ကူပေမယ့်လည်း လေဆင်နှာမောင်းတခုရဲ့ တိုက်ခတ်နှုန်းကို ဖူဂျီတာစကေးနဲ့ ခန့်မှန်း တိုင်းတာကြတယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းရဲ့ လေတိုက်နှုန်းနဲ့ ပြင်းအားပမာဏ အတိုင်းအတာကို ချီကာကိုတက္ကသိုလ် ပါမောက္ခ ပေါက်တာဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ် အသိပေးနိုင်ခဲ့တဲ့အတွက် အဲဒီ စကေးကို ဖူဂျီတာစကေး (Fujita Scale) လို့ ခေါ်တွက်ခဲ့တာ ဖြစ်ပါတယ်။

ဖူဂျီတာစကေး အနိမ့်အမြင့်ကိုလိုက်ပြီး အဆင့် F0, F1, F2, F3, F4, F5 သတ်မှတ်ထားပြီး အနိမ့်ဆုံးလေတိုက်နှုန်း တနာရီ ၇၅ မိုင်မှ ၃၁၈ မိုင်အထိ ရှိတတ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း‌တွေဟာ တနှစ်ပတ်လုံး အချိန်မရွေး၊ နေ့ရော ညပါ ဖြစ်ပွားနိုင်ပေမယ့် လေဆင်နှာမောင်း အများစုဟာ ညနေ ၄ နာရီကနေ ၉ နာရီကြားမှာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းကို စိုက်ဆင်းလေပြင်းလို့ခေါ်တဲ့ Downburst နဲ့ ရောထွေး အမှတ်မှားလေ့ရှိကာ လေဆင်နှာမောင်းမှာ အရှိန်မြင့် တိုက်လေတခု အလယ်ဗဟိုပြုပြီး လေက အတွင်းဘက်နဲ့ အပေါ်ဘက်ကို ရွေ့လျားခြင်းဖြစ်ကာ စိုက်ဆင်းလေ‌ပြင်းကတော့ အောက်သို့တဖန် ဆင်းသက်သော အမှတ်မှ အပြင်ဘက်ကို ဖြာထွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်ခံရပြီးတဲ့နောက် တွေ့ရတဲ့ အပျက်အစီးတွေရဲ့ လားရာက စက်ဝိုင်းပုံအတိုင်း လဲပြို ပျက်စီးနေတတ်ပြီး စိုက်ဆင်းလေပြင်းကြောင့် ဖြစ်တဲ့ အပျက်အစီးတွေကတော့ စိုက်ဆင်းလေပြင်း မြေပြင်ကို စတင်ထိတွေ့တဲ့ နေရာမှ လားရာတဘက်တည်းကိုသာ ပျက်စီးလဲပြိုနေတာကို တွေ့ရတတ်တယ်လို့ သိရပါတယ်။

Channel link >> @media9koe
ငလျင်အခြေအနေလေးတွေ မန့်ပေး
၂၀၂၅ ခုနှစ် - 7.7M ငလျင်ကြီး လှုပ်ပြီးသည့်နောက် ဧပြီလ ၉ ရက်၊ ညနေ ၅ နာရီ အထိ

update အချက်အလက်များကို၊ ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနမှ ရယူပါသည်၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၄၁၇ ကြိမ် ရှိပြီဖြစ်ပါတယ်။

ပြင်းအား 1.0 မှ 2.9 = ၁၅၇ ကြိမ်
ပြင်းအား 3.0 မှ 3.9 = ၁၈၂ ကြိမ်
ပြင်းအား 4.0 မှ 4.9 = ၆၆ ကြိမ်
ပြင်းအား 5.0 မှ 5.9 = ၁၁ ကြိမ်
ပြင်းအား 6.0 မှ 6.9 = ၀ ကြိမ်
ပြင်းအား 7.0 = ၁ ကြိမ်
ဧပြီလ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅) နာရီအထိ သေဆုံးသူ စုစုပေါင်း (၄,၃၄၆) ဦး ရှိလာ

Rekordlar

13.04.202523:59
14.9KObunachilar
28.03.202517:25
96Iqtiboslar indeksi
06.04.202511:28
5.6KBitta post qamrovi
06.04.202511:28
5.5KReklama posti qamrovi
31.03.202523:59
7.62%ER
12.03.202516:51
272900.00%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
30 MAR '2506 APR '2513 APR '2520 APR '25

ငလျင်သတင်း mashhur postlari

သမိုင်းဝင် ရွှေစာရံဘုရားကြီး ငလျင်ကြောင့် ပျက်စီး

မတ် ၂၈ ၊ ၂၀၂၅

အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သမိုင်းဝင် ရွှေစာရံဘုရားကြီး ပျက်စီးသွားကြောင်း သိရသည်။

Channel link >> @media9koe
နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning)
သတ်မှတ်ကြေညာခြင်း


၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့
မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက်
စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက်

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။
30.03.202506:49
ငလျင်ကြောင့် သေဆုံးရုပ်အလောင်းများ များပြားလွန်းသဖြင့် မန္တလေးတွင် သင်္ဂြိုဟ်စက်များ မနိုင်မနင်းဖြစ်နေကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် သေဆုံးသူအများအပြားရှိနေပြီး ကြာနီကန်၊ တောင်အင်း၊ မြောက်အင်းသုသာန်များတွင် အလောင်းရာနှင့်ချီ မီးသင်္ဂြိုဟ်နေရကြောင်း ထိုနေရာရောက်ရှိနေသူများထံက သိရသည်။

ယမန်နေ့က သေဆုံးသူ ၃၀၀ ကျော် သင်္ဂြိုဟ်ခဲ့ရပြီး ယနေ့ နံနက်တွင်လည်း ၂၀၀ ကျော် သင်္ဂြိုဟ်နေရပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့ကဆိုရင် ၃၀၀ ကျော် သင်္ဂြိုဟ်ရတယ်။ဒီနေ့ကို နံနက်အစောတင် ၂၀၀ ကျော်နေပြီ။ ကလေး၊ လူကြီး သံဃာ၊ မိန်းကလေးတွေရော အများကြီးသင်္ဂြိုဟ်တာ” ဟု ထိုနေရာရောက်အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့ သုသာန် ၃ ခုတွင် အလောင်းများထပ်ကာ ပုံနေပြီးလက်မလည်အောင် မီးရှို့သင်္ဂြိုဟ်နေရကာ တချို့မှာ သုသာန်အနီး ကိုယ့်အစီအစဉ်ဖြင့်ကိုယ် သင်္ဂြိုဟ်ရကြောင်း ဆိုသည်။

“ တောင်အင်း၊ မြောက်အင်းရယ်၊ ကြာနီကန်ရယ်၊ တောင်အင်း၊ မြောက်အင်းဆို လုံးဝမနိုင်တော့ဘူး၊ လာတဲ့ နိဗ္ဗာန်ယာဉ်တွေကို လက်မခံတော့ဘူး။ ကြာနီကန်သင်္ချိုင်းကို သွားပြီး သင်္ဂြိုဟ်ခိုင်းတယ် အဲဒါလည်းတောက်လျှောက် လူတွေကလာနေတုန်းပဲ။ အသင်းကားတွေလည်းလာတယ်။ နောက်ခါ ဘုန်းကြီးကားတွေလည်း လာတယ် …သံဃာတွေလည်း သင်္ဂြိုဟ်နေကြတယ်။

“ အစကတော့ တစ်လောင်းချင်းပဲ ၊ မီးသင်္ဂြိုဟ်စက်ထဲ ပုံထားတဲ့အလောင်းတွေလည်းရှိတယ်။ မီးသင်္ဂြိုဟ်စက်အပြင်မှာလည်း အလောင်းတွေ ထပ်နေတယ်။ တချို့ဆို မနိုင်တော့လို့ အပြင်မှာ သီးသန့်သင်္ဂြိုဟ်တာတွေရှိတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ စုစု ပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၀၀၀ ကျော်နှင့် ၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိကြောင်း မတ် ၂၉ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။

ယခုအချိန်ထိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တွင် သေဆုံးသူများနှင့် ပိတ်မိနေသူများရှိဆဲဖြစ်သည်။

ဓာတ်ပုံများ - ကံကောင်း

Channel link >> @media9koe
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး...

- စိုးခိုင်ညိန်း
ငလျင်ဘေးသင့်ပြည်သူတွေအတွက် လာရောက်ကူညီသူတွေကို ရေခဲချောင်းသည်က ကျွေးမွေးလှူဒါန်းနေသည့်မြင်ကွင်း

ဧပြီ ၆ ရက်

စစ်ကိုင်းငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် လာရောက်ကူညီသူတွေကို ရေခဲချောင်းသည်က ကျွေးမွေးလှူဒါန်းနေတာကို လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

ရုပ်သံ - လူမှုကွန်ရက်

Channel link >> @media9koe
29.03.202510:07
ရန်ကုန်တွင် ဟိုတယ်အခန်းခ စျေး ၃ ဆတက်

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဓာတ်အားလိုင်းများ ပြိုလဲမှုနောက်ဆက်တွဲ လျှပ်စစ်မီးပြတ်တောက်မှုဆိုးဝါးစွာကြုံနေရသည့် ရန်ကုန်မြို့တွင် ဟိုတယ်အခန်းခ စျေး သုံးဆ မြင့်တက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၂၈ ရက်) က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နောက်ဆက်တွဲ ငလျင်သတိပေးချက်များရှိနေချိန် ရန်ကုန်မြို့ရှိ အထပ်မြင့် တိုက်ခန်းနေထိုင်သူအများစုသည် လျှပ်စစ်မီးရရှိမှုနှင့် အဆောက်အအုံ ခိုင်ခံမှုပိုကောင်းမည်ဟု ယူဆသည့် ဟိုတယ်များတွင် ခေတ္တ ပြောင်းရွှေ့နေထိုင်နေကြခြင်း ဖြစ်သည်။
Sky villaမှာပိတ်မိနေတဲ့မိန်းကလေးတစ်ယောက်ရဲ့ဖုန်းထဲကမှတ်တမ်းပါ

ကလေးအသံတွေရောလူကြီးအသံတွေရောပါတာမို့ စိတ်ခိုင်မှနားထောင်ကြည့်ကြပါနော်

မိတ်ဆွေများကို ပြန်လည်မျှဝေပါ

Channel link >> @media9koe
မတ်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီအထိ သေဆုံးသူ စုစုပေါင်း (၃,၁၉၅) ဦး ရှိလာ

Channel link >> @media9koe
MDY မှာ WiFi လေးဖွင့်ကြည့်ပါ

Wireless 5G လို့ပေါ်နေရင်

password eeeeeeee ( e ရှစ်လုံးရိုက်ပြီး အသုံးပြုလို့ရပါတယ် )

မိတ်ဆွေများအား ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ

Channel link >> @media9koe
30.03.202517:25
မန္တလေးမြို့ရှိ တိုက်ခန်းပြိုကျမှုမှ ၅၅ နာရီကျော်ကြာပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လွတ်မြောက်ပြီးမကြာခင်မှာပဲ သေဆုံး

ကယ်ဆယ်ရေးသမားတွေက အသက် ၃၅ နှစ်အရွယ် မသူသူလွင်ရဲ့ အသက်ကို ကယ်တင်လိုက်ပြီလို့ ထင်ခဲ့ကြပေမယ့် Sky Villa တိုက်ခန်းအပျက်အစီးထဲက ထုတ်ယူခဲ့ပြီးနောက် သူမကို မကယ်ဆယ်နိုင်ဖြစ်ခဲ့ကြပါတယ်။
ငလျင်ကြောင့်ပိတ်မိ‌နေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ကယ်‌ဆယ်‌ရေး၀ုလေး Ted

ဝုလေးနာမည်က Tedဖြစ်ပြီးတော့ Belgian Malinois အမျိုးအစားလေးပါ။ ကလေးအသက်ကတော့ (၇)နှစ်ရှိပြီလို့သိရပါတယ်။ SCDFကနေလွှတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံကိုပါလာတဲ့ ၀ု‌လေး လေးကောင်ထဲက တစ်ကောင်ပဲဖြစ်ပါတယ်။

နေပူထဲအခုလိုကြိုးစားရှာပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ကလေးလေးရေ

( လူမှုကွန်ယက်မှ ကူးယူဖော်ပြသည်။ )

Channel link >> @media9koe
30.03.202513:41
အမေ...အမေနေခဲ့တော့နော်

သားသွားတော့မယ် အမေနေခဲ့တော့

သားကန်တော့ခဲ့မယ် အမေ နောက်ဆုံးအကြိမ်လေး....

မိတ်ဆွေများအား ပြန်လည်မျှဝေပါ

Channel link >> @media9koe
No April Fool's Day

Channel link >> @media9koe
Caption တောင် ဘယ်လိုတပ်ရမလဲ မသိတော့ပါဘူးဗျာ။

Channel link >> @media9koe
Sky Villa ကွန်ဒို

အနာဂတ်ရဲ့ပန်းလေးတွေ ကြွေတာ အရမ်းစောတယ်

Channel link >> @media9koe
Ko'proq funksiyalarni ochish uchun tizimga kiring.