Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Western 24 News avatar
Western 24 News
Western 24 News avatar
Western 24 News
Repost qilingan:
Ko Thet avatar
Ko Thet
ကဲ .. အမြင်မှန်ရတဲ့သူတွေကတော့ နောင်ရေးအတွက်စိတ်အေးရပြီး မိဘရင်ခွင်ဆီရောက်သွားပြီ
-
ကျန်တဲ့သူတွေလည်း လာလို့ရတယ်နော်
-
22.04.202507:32
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချ
=================================

ဧပြီ ၂၂ ၊ Western 24 News

ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ နယ်စပ် ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်အတွင်း ဧပြီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကျင်းပခဲ့တဲ့ ဒေသခံတွေရဲ့ သင်္ကြန်ပွဲတော်အတွင်း ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်အချို့လာရောက် ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ကအပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ရဲ့ ထုတ်ပြန်ချက်အတွင်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ၁၀ ကီလိုမီတာအထိ လက်နက် ကိုင်ဆောင် ဝင်ရောက်ခဲ့ကြတဲ့ ULA/AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ULA/AAအဖွဲ့က ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာဖြစ်ကြောင်းနဲ့ လက်ရှိယာယီအစိုးရအနေနဲ့ အဆိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံးအတိုက်အခိုက်ပါတီတွေက တစ်ခုဖြစ်ပါတယ်။
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုင်ဆောင်ကာ ဘန်ဒါဘန်က သင်္ကြန်ပွဲအတွင်း ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်မှုများ မြှင့်တက်လာနေသည်။
ULA/AAအကြမ်းဖက်အဖွဲ့တွင် အပေါ် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့ ဆက်ဆံမှုအပေါ်လည်း အားမလိုအားမရ ဖြစ်မှုတွေ များပြားနေပြီး၊ လုံခြုံရေးလျော့ရဲမှုကြောင့် AAအကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုက ဘင်္ဂလားဒေ့ရှ်အထိ ရောက်ရှိလာခြင်းဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။ https://t.me/westernnews24/9096
ပလတ်ဝဒေသ တွင်အိမ်ထောင်ရှင်ချင်းအမျိုးသမီးအား မဒိမ်းမှုကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်နေသော AA အကြမ်းဖက် တပ်ဖွဲ့ဝင်နှစ်ဦးအား ဟန် ပြ
ဖမ်းဝရမ်းထုတ် ထားကြောင်း ပလတ်ဝဒေသ သခံများထံမှသိရသည်။
ထွန်းမြတ်နိုင် ခေါင်းဆောင်ရေ AA အကြမ်းဖက် ကောင်တိ သေနတ်ပြောင်းဝက တရားစီရင်ရေးအကြောင်း ဝင်ဖတ်ကေ့ဗလင့်

https://www.facebook.com/share/18x4bA6zzs/
Repost qilingan:
Ko Thet avatar
Ko Thet
19.04.202506:44
( ရခိုင်မုန်တိုင်း-2025 )


မြန်မာလဲ ကံကိုမကောင်းနိုင်သေးဘူး
လားရှိုးဖက်က အသက်ရှုချောင်ဖို့ ကြံကာရှိသေး၊ အနောက်ဖက် ရခိုင်မုန်တိုင်းက အကြီးအကျယ်ဝင်မွေဖို့အားယူနေပြီ၊ ( 2026-27) ဂြိုလ်နေဂြိုလ်ထားကလဲ အတော်ဆိုးဆိုးပဲ၊

စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်ကို အကြီးအကျယ်ထိုးစစ်ဆင်ဖို့ မကြံကောင်းမစည်ရာတွေ ကြံနေကြလေရဲ့၊ အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်တပ်တွေခေါ်လာတဲ့ သမိုင်းသစ်တခုဖြစ်တော့မယ်ထင်ရဲ့၊

ဟာဝိုင်ရီအခြေစိုက် အမေရိကန်စစ်ဌာနချုပ် ( USARPAC ) ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Joe Vowell နဲ့အဖွဲ (၄) ဦး ဘင်္ဂလားဒေ့ချ် ဒါကာကို ( 24.3.25 ) ည (၁၀) နာရီရောက်လာတယ်၊ ( 25.3.25 ) မှာဘင်္ဂလားဒေ့ချ် စစ်ဖက်ထိတ်တန်းတွေနဲ့ တွေ့ဆုံခဲ့တယ်၊

Vowell ကနယ်နယ်ရရတော့မဟုတ်ဘူး၊ အာဖဂန်စစ်မှာ (၃) ကြိမ်၊ အီရတ်စစ်မှာ (၂) ကြိမ် အတွေ့အကြုံရှိခဲ့သူ၊

AA နဲ့ CDF တွေကို ထောက်ပံ့ရေးပေးပြီး သီးခြားနယ်မြေတွေထူထောင်နိုင်ဖို့ လာပြီး မီးမွှေးသွားတာ၊ ရိုးရိုးမီးမွှေးတာမဟုတ်ဘူးနော်၊ စစ်ရေးအကြံပေးမှုတွေအပါအဝင် ရိက္ခာ၊ ဆေးဝါး၊ ဒရုန်းအကူအညီတွေအပါ အကူပေးဖို့ အစီအစဉ်တွေပါတယ်

( သတင်းမှာတော့ လက်နက်မပါဘူး၊ နောက်ပိုင်းမှာ ယူကရိမ်းလိုပဲ ပါလာလိမ့်မယ် )

(၃) ခုလုပ်ခိုင်းသွားတယ်

* No fly zone
* Safe corridor
* Right to protect

Bangladesh မှာ အမေရိကန်နောက်ခံ ယူနွတ်အစိုးရဖြစ်ပြီလေ၊ လုပ်ပြီပေါ့ ။

( 17.4.25 ) နေ့မှာလဲ ဒါကာကို အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်တဖွဲ့သွားလိုက်သေးတယ်၊

YouTube ထဲမှာတော့ ဘင်္ဂလားဒေ့ချ်က Division အဆင့် (၃) ခုကတာဝန်ယူကြလိမ့်မယ်လို့ဆိုတယ်၊ Division အဆင့်ဆိုတာ တပ်မ၊ တိုင်းအဆင့်တွေ၊ တပ်ရင်းအဆင့်မဟုတ်ဘူး၊

AA နဲ့ CDF တို့ကတော့ သမိုင်းတခုရေးဖို့ ကလောင်စကိုင်နေပြီ၊

စစ်ပွဲမှာ အဲ့ဒီလူမျိုး (၂) စုလူကုန်အောင်နောက်က မြှောက်ပေးပြီး၊ ဘင်္ဂလီတွေနေရာဝင်ယူကြလိမ့်မယ်၊

ကဲ...
မုန်တိုင်း သံတော့ပေးနေပြီ
ပြည်ပ ပါလာပြီဆိုတော့ မုန်တိုင်းအဆင့်က (၅) လောက်နဲ့တိုက်မှာကို မျှော်လင့်ထားကြရလိမ့်မယ်၊

အဲ့ဒီလူမျိုး (၂) စု လူကုန်သွားရင်လဲ အဲ့ဒီအချိန်ကခေါင်းဆောင်တွေကြောင့်ပဲလို့လဲ သမိုင်းရေးဖို့ ပြင်ထားကြပေတော့၊

စိတ်မကောင်းစရာတွေကို (2026)(2027) (၂) နှစ်တာ အနည်းဆုံးဖြတ်သန်းကြရလိမ့်မယ်ဆိုပြီးလဲ ပြင်ထားကြပါတော့၊


BaMg
https://www.tiktok.com/@kothet8888888/video/7494866096340618504?is_from_webapp=1&sender_device=pc&web_id=7402886078983980545
Repost qilingan:
နရီမိုး avatar
နရီမိုး
18.04.202503:10
‌တိမ်တောင်သဖွယ် မင်းရေကျယ်

ဒီစကားလုံးက နိုင်ငံရေး လောကမှာတော့ အတော်လေး အသုံးများကြတဲ့ စကားစုပါပဲ။ ဒီစကားစုရဲ့ အရေးပါပုံက ခုဆို အချိန်ကိုက် ဖြစ်လာတာ တွေ့ရတယ်။ အကြောင်းကတော့ မလေးဝန်ကြီးချုပ်က နစက ဝန်ကြီးချုပ်အပြင် NUG ကိုယ်စားလှယ်အဖွဲ့နဲ့ပါ တွေ့ဆုံမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို ထုတ်ပြန်လာခဲ့လို့ပါပဲ။
-----
ဒီတော့ စဉ်းစားစရာ ဖြစ်လာတဲ့ အချက်လေးတွေ ရှိလာတယ်။ ဆိုကြပါစို့ ဒီလို တွေ့ဆုံမှုက ချက်ချင်းလက်ငင်း ဖန်တီးလို့ရတဲ့ ကိစ္စ၊ စီစဉ်လို့ရတဲ့ အရာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ သေချာတာကတော့ နစက ဝန်ကြီးချုပ်ကို တွေ့ဆုံချက် ကမ်းလှမ်းချက်အပြင် NUG ကိုပါ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ဟာ Plan B အဖြစ်နဲ့ ကြိုတင် ရှိခဲ့တယ်လို့ပဲ ကောက်ချက် ချရပါလိမ့်မယ်။
-----
မလေးဝန်ကြီးချုပ် ကြေညာခဲ့သလို NUG ကိုယ်စားလှယ်နဲ့ပါ တွေ့ဆုံမယ့်အစီအစဉ်သာ အကောင်အထည် ဖော်ဖြစ်ခဲ့ရင် ဒီသတင်းဟာ NUG အဖွဲ့တွင်းကိုလည်း ကြိုတင် ရောက်ရှိပြီး ဖြစ်နိုင်သလို စေလွှတ်မယ့် ပုဂ္ဂိုလ်ကိုတောင် ရွေးချယ်ထားပြီးသား ဖြစ်နိုင်ပါတယ်။ အစီအစဉ်ဟာ လျှို့ဝှက်ဖြစ်ခဲ့ပုံရခဲ့သလို NUG ကို အားပေးထောက်ခံတဲ့ မီဒီယာတွေဆီကိုတောင် အသိပေးခဲ့ဟန် မရှိတာ တွေ့ခဲ့လိုက်ရတယ်။ ဒါ့ကြောင့် တဖက်မီဒီယာတွေ မှာ "အာဆီယံ ဥက္ကဋ္ဌ က နစက ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှု အပေါ် အဖွဲ့ပေါင်းစုံ ကန့်ကွက်"၊ "မလေး အတိုက်အခံ ကန့်ကွက်" ၊ ဆိုတဲ့ သတင်းတွေကို အချိန်ကိုက် ဖြန့်ဝေ ရေးသားခဲ့ကြတာပဲ။ ဆိုတော့ ....သူတို့အပါအဝင် တော်လှန်ရေး အမည်ခံ PDF တွေပါ မလှိမ့်တပါတ် အလုပ်ခံလိုက်ရတယ်လို့ပဲ ဆိုရမယ်။
------
ဆိုတော့ တွေးစရာ ရှိလာတာက ....အရင်ကလည်း အာဆီယံ နိုင်ငံတွေအနေနဲ့ Official မဟုတ်တဲ့ တွေ့ဆုံမှုတွေနဲ့ NUG ကို ထိတွေ့ခဲ့တာလည်း ရှိကောင်း ရှိမှာပါပဲ။ ခုလို မလေးရှား ဘက်က တရားဝင် ပုံစံ ထုတ်ပြန်လာတဲ့ ကြေညာချက်ကတော့ အတော်လေး ထူးဆန်းသလို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်နဲ့ နစက အစိုးရဘက်က ကြေညာထားခြင်းခံရတဲ့ NUG ကိုရော ဘယ်လို အနေအထားနဲ့ လက်ခံမှာလဲ ၊ ဒီအခြေအနေမတိုင်ခင်မှာ သက်ဆင်ပြောခဲ့တဲ့ စကားလုံးတွေနဲ့ ချိတ်ပြီးစဉ်းစားရင်တော့ .....PDF တွေရဲ့ လက်နက်ကိုင်ရတဲ့ အကြောင်းပြချက်က အတော်လေးမှေးမှိန်သွားမယ် ထင်ပါတယ်။
-----
တခုတော့ ရှိတာပေါ့ ဒီလမ်းကြောင်းဟာ ခုမှ ပထမဆုံး အကြိမ်ဖြစ်ခဲ့ရင်တော့ ချက်ချင်းကြီး အဖြေရသွားမယ့် အရာမျိုးတော့ ဖြစ်နိုင်ချေ ရာခိုင်နှုန်း နည်းနေပါသေးတယ်။ ဒီကြားထဲ နှစ်ဖက်စလုံးကို တန်ပြန်ထိုးနှက်မယ့် စကားလုံးတွေကလည်း တညံညံ ထွက်လာကြဦးမှာပါ။
စိတ်ဝင်စားစရာ ကောင်းတာကတော့.....
မလေးဘက်က နစက ကို ဘယ်လို ကမ်းလှမ်းလာသလဲ ဆိုတဲ့ အချက်ရယ်၊ ဒီကနေ့ တွေ့ဆုံမှုမှာ ဘာတွေ အဖြေထွက်ခဲ့ကြတယ် ဆိုတာတွေက အရေးပါလိမ့်မယ် ထင်ပါတယ်။
----
နိုင်ငံရေးဆိုတာ .... တိမ်တောင်သဖွယ် မင်းရေးကျယ် လွန်းလှတာမို့ စောင့်ကြည့်ရုံက လွဲပြီး တခြား မရှိနိုင်ဘူးလို့သာ ဆိုရပါတော့မယ်။


(နရီမိုး)
Repost qilingan:
Nay Zin Latt avatar
Nay Zin Latt
23.04.202508:40
.

☯️


( ဆေးပေးတချက်အမှား )


ဆေးပေးတချက်အမှားမှာ အနိုင်ကပ် Winning card က ကိုယ်လက်ထဲကပြုတ်ကျသွားတယ်၊
တဖက်မှာ လိုရာသုံး Joker card ဖြစ်သွားလေရဲ့၊

PDF ကိစ္စဆေးပေးမှားတာက စလိုက်တာပဲ
PDF တွေအင်အားကြီးလာတော့ တရုတ်စိုးရိမ်လာပြီ၊ နောက်ခံက အမေရိကန်ကိုး၊ အဲ့ဒီမှာ " 1027" ဇာတ်လမ်းစတော့တာပဲ၊

(၃) မျိုးဖြစ်နိုင်တယ်လို့တွေးကြည့်မိတယ်

✅ ပထမ တမျိုးက MNDAA ကိုသုံးပြီး Leverage ယူတာ၊

✅ ဒုတိယတမျိုးက MNDAA ကရတဲ့အခွင့်အလမ်းပေါ်မူတည်ပြီး Cross လုပ်သွားတာ

✅ တတိယတမျိုးက MNDAA သိမ်းထားတဲ့ လားရှိုးရဲ့ အခွင့်အလမ်းကို တရုတ်ဖက်ကမြင်သွားပြီး အင်အားပြန်သုံးလိုက်တာ၊
( အရှည်ရှင်းချက်တော့ မရေးတော့ဘူး )

ဒီကိစ္စ မရေးတော့ဘူးဆိုပြီး ရင်ထဲမျိုသိပ်ထားတာကြာပြီ၊ ရခိုင်ဖက်မှာ ထပ်ကြုံနိုင်ရသေးတာကြောင့် " ပညာရှိ သတိဖြစ်ခဲ " မဖြစ်ရလေအောင်ရေးလိုက်တာ ၊

PDF တွေကို အမေရိကန်က အဝေးကထောက်တယ်၊ အိမ်နီးချင်းဆိုတော့ တရုတ်ကတပန်းသာတယ်၊ အနီးကပ်ကစားခွင့် ရှိနေတယ်၊ လက်ကိုင် အဖွဲ့တွေကလဲရှိနေတာကိုး၊

မြန်မာမှာ ရေရှည်ပြည်တွင်းစစ်ဖြစ်ရင် တရုတ်အတွက် အဆိုးတွေချည်းဖြစ်မယ်ဆိုတဲ့အချက်က မြန်မာကို အသက်ရှုပေါက်တခုဖြစ်စေခဲ့တာပဲ၊

လားရှိုးကစားကွက်က လက်ရှိမြင်ကွင်းမဖြစ်ခင် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးနားလည်သူတွေတောင် ကြိုတင်မြင်နိုင်ရင် ပင်တဂွန်နဲ့ CIA ကမမြင်စရာမရှိဘူး၊ Close support မှာ CIA က အလိုလိုတပန်းရှုံးထားတာ၊

ဒီတော့ နောက်တကွက် ထပ်ကစားဖို့ဖြစ်လာတယ်၊ အဲ့ဒီနေရာကတော့ ရခိုင် ဂမ်းဘစ်ပဲ၊ ရခိုင် ဂမ်းဘစ်အကြောင်း ရေးခဲ့တာ ဆယ်စုနှစ်တခုကျော်ပြီ ( ဆောင်းပါး ၄-၅ ပုဒ်မကဘူး )

အခု... ဒုတ်ဒုတ်ထိရောက်လာပြီ
Close support ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ချ်က Focal ဖြစ်လာတယ်၊

ရခိုင်ဒေသနဲ့ ကျောက်ဖြူထိမ်းဖို့က AA နဲ့ ပိုက်လိုင်းတလျောက် Disruption ပေးဖို့က CNF နဲ့ PDF တွေဖြစ်လာမယ်၊ ( ကြားမှာ ရှမ်းမြောက်လိုပဲ အကျိုးစီးပွား ဖေါက်ထွက်တာတွေလဲရှိလာနိုင်ပါတယ် )

ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲတွေလို့ပေါ့၊ Crown အတွက် ပွဲငယ် (၁၂) ပွဲကိုဖြတ်သန်းကြရတဲ့သဘောပါပဲ၊ ရခိုင်ဂိမ်းက ဂိမ်းကြီး Big game@Showdown အဆင့်၊

မျက်နှာချင်းဆိုင်ထိုင်ပြီး ရွှေ့ကွက်တွေမရွှေ့ခင်မှာ ပြင်ဆင်ရတာတွေရှိတာတော့ သိကြမှာပါ၊ ဒီတခါ တဖက်လူက " အဖြူ" ကိုင်ကစားမှာဆိုတော့ တိုက်စစ်အလှည့်၊ ကိုယ်က အနက်နဲ့ကစားရမှာဆိုတော့ ခံစစ်၊

Planetary position ကလဲ May, June လောက်မှာ အချက်ပြထားတယ်၊

ကဲ...
ကြိုးစားကြဦးရဲ့ ။


BaMg ( 23.4.25 ) ☯️

.
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချ
=================================

ဧပြီ ၂၂ ၊ Western 24 News
ULA/AA အကြမ်းဖက် အဖွဲ့၏ ရခိုင်လူထုအပေါ် မတရားအနိုင်ကျင့် အာဏာရှင်ဆန်မှုများကြောင့် ULA/AA အကြမ်းဖက် အဖွဲ့ကို ရခိုင်လူထု မှ စတင်မုန်းတီးလာ။
20.04.202504:28
ရှမ်းမြောက် လားရှိုးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ Myanmar Hard Talk သတင်းဌာနက နှစ်(၈၀)မြောက်တပ်မတော်နေ့မှာ (နစက) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့အဖြေကိုနားထောင်ကြည့်လိုက်ရင် (MNDAA) အုပ်စုတွေ လားရှိုးက ဆုတ်ခွာနေရတဲ့အကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်ပုံရိပ်တွေကို အားလုံး ခန့်မှန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎
Repost qilingan:
Ko Thet avatar
Ko Thet
19.04.202502:57
AA ဆိုတာ သူ့လက်ဦးဆရာ KIA လိုပဲ .. ၂ ဖက် ခွစားပါ။ (၂ ကျပ်ကွက်နင်းတာ)
-
အစောကြီးကတည်းက ရေးခဲ့ဖူးပါတယ် .. အခုလည်း US ကျောထောက်နောက်ခံ K3C လို ဇာတ်လမ်းဆင်နေပြီး ရခိုင်မှာရှိတဲ့ တရုတ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အဖျက်အမှောက်လုပ်လိမ့်မယ်လို့ ...
-
တရုတ်လည်း ဝဋ်လည်တာပါပဲ .. KIA MNDAA UWSA AA TNLA သူပုန်တွေကို ရှမ်းမြောက်ဒေသကို လက်နက်/ခဲယမ်း (Drone ကအစ)ပေးပြီး ကျားဖြန့်ခေါင်းစဉ်အောက်က ဖျက်ဆီးခဲ့တယ် ..
-
အခုတော့ သူ့တပည့် AA က US နဲ့ပေါင်းပြီး တရုတ်ကို ဖိအားပေးလေပြီ .. နဂိုကတည်းက ပြောပါတယ် .. 1027 စကတည်းက နိုင်ငံခြားကျူးကျော်စစ်ပါလို့ .. အခုတော့ ဒုတိယံမိပေါ့ ...
-
အပူစာတွေ ကျွေးတဲ့တရုတ် .. အပူတွေနဲ့ပဲ e အီး ပါရလိမ့်မယ်။

KT
https://www.tiktok.com/@kothet8888888/photo/7494673259233938706?is_from_webapp=1&sender_device=pc&web_id=7402886078983980545
AA အကြမ်းဖက် သမားများမရှိသောနေရာများသည် အန္တာရာယ်ကင်းနေမည်ဖြစ်ပြီး AA အကြမ်းဖက်သမားများရှိသောနေရာများသည် အချိန်ပြည့် အန္တာရာယ် ရှိနေမည်ဖြစ်သည်။
22.04.202515:06
စစ်တွေမြို့ကို လက်နက်ကြီးနဲ့ပစ်ပြီး တိုက်ခိုက်ရန်စုဖွဲ့နေတဲ့ စစ်တွေမြို့နယ်၊ မီးလောင်ရွာရှိ အကြမ်းဖက် AA သူပုန်စခန်းအား ချေမှုန်းခြင်း။
-
သူ ၁ ချက်ပစ်ရင် ကိုယ် ၁၀ ချက် ပြန်ပစ်ပိုင်ခွင့် ရှိပါတယ်။
-
တိုက်ပွဲသတင်းစုံ
21.04.202516:45
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ နဂရာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ
ULA/AA အကြမ်းဖက် အဖွဲ့၏ နယ်မြေမှူး ကိုညီပု ဆိုသူသည် ၄င်းကျေးရွာသားများပိုင်ဆိုင်သည့် မြေယာများကို အာဏာပြ၍ မတရားသိမ်းပိုက်လိုက်သောကြောင့် ဒေသခံရခိုင်ပြည်သူများနှင့်အပြန်အလှန်စကားများခဲ့ကြောင်း ဒေသခံတစ်ဦးထံမှပေးပို့လာပါသည်။
ULA/AA အကြမ်းဖက် အဖွဲ့သည် ၄င်းတို့သိမ်းပိုက်ထားသောဒေသများမှ ရခိုင်ပြည်သူများအပေါ် အာဏာရှင်ဆန်စွာမိုက်ရိုင်းဆက်ဆံမှုများရှိလာသောကြောင့် ရခိုင်ပြည်သူများမှရွံရှာမုန်းတီးနေကြသည်။
NUG နှင့် PDF အကြမ်းဖက် သမားများမှ အဆင့်မြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်များ အသုံးပြုလာနိုင်ခြင်းကြောင့် တပ်မတော် ၏လေကြောင်းတိုက်ခိုက်မှုများအခက်အခဲရှိလာ။
20.04.202502:10
ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာအနီး ရန်သူ့စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်း
-
တိုက်ပွဲသတင်းစုံ
18.04.202508:43
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
ထွန်းမြတ်နိုင် ကြောင့်ရခိုင်မှာမပျော်ရကေလေ့ ကျောက်မြောင်းမှာ ပျော်ရပါရေလို့ကျောက်မြောင်းသင်္ကြန်က ညီမချေတိ ချိုက်ကောင်းထမန်းချေ🥰🥰 တွချစ်ရေနန်း😘😘
22.04.202507:32
21.04.202516:15
အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ မိမိလခရစခန်းအား တိုက်ခိုက်ရန် ချီတက်လာတဲ့ အကြမ်းဖက် AA သူပုန်များအား ကျောက်ဖြူမြို့နယ်၊ ငှက်ပျောချောင်းရွာအနီးတွင် Drone ဖြင့် ချေမှုန်းခြင်း (21.4.2025)
-
တိုက်ပွဲသတင်းစုံ
AA အကြမ်းဖက် အဖွဲ့ရဲ့လားရာ ဘယ်ကိုဦးတည်နေလဲဆိုတာ မျက်စိစုံမှိတ်ထောက်ခံခဲ့တဲ့ သူ့လော်ဘီ မီဒီယာတွေတောင်ရိပ်မိလာကြပီ။
ရခိုင်ကိုချန်ခဲ့မှာလား ..........

တရုတ်မြန်မာ စီးပွါးရေးစင်္ကြန်ပွင့်တာနဲ့ အခြေအနေတွေဟာ ပိတ်ဆို့ထားတဲ့ရေပိုက်ခေါင်းကိုဖွင့်ချလိုက်သလို ဝေါကနဲ အဆင်ပြေသွားမှာပါပဲ ။ အဲ့ဒီလိုဖြစ်လောက်ပါရဲ့လို့လည်း ကိုယ်ယုံကြည်ချင်ပါတယ် ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် ။ ကုန်သွယ်စစ်ကြောင့် တရုတ်အနေနဲ့ CMEC ကိုဖွင့်ဖို့အရေးတကြီးဖြစ်လာလို့ အခုလိုတွေကြိုးပမ်းနေတာလို့ယူဆရပါတယ် ။

တရုတ်မြန်မာကုန်သွယ်လမ်းကြောင်းပွင့်တာနဲ့ မြန်မာပြည်ညာဖက်အခြမ်းတစ်ခြမ်းလုံး ရှမ်းပြည်နယ်အပါအဝင် အဆင်ပြေသွားမှာပါ ။ ကုန်ဈေးနှုန်းတွေကျမယ် ၊ ဆေးဝါး နှင့်အခြားအသုံးအဆောင်ပစ္စည်းတွေ တင်သွင်းခွင့်ရလို့ ဈေးနှုန်းကျပြီးပေါလာမယ် ။ စီးပွါးရေးတွေကောင်းမယ် ။ ညာဖက်တစ်ခြမ်းလုံးမှမဟုတ်ပါဘူး ၊ တစ်နိုင်ငံလုံးအသက်ရှူချောင်ပါလိမ့်မယ် ။

တစ်ခုပဲ ..... အဲ့ဒိအထဲ ရခိုင်ပါမှာလားဆိုတဲ့မေးခွန်း ။ ရခိုင်ကို အစိုးရက ဖြတ်လေးဖြတ်လုပ်ထားပါတယ် ။ အစိုးရအာဏာစက်လည်း ရခိုင်မယ်အရမ်းနည်းပါတယ် ။ AA ရဲ့ဩဇာဟာ ရခိုင်မှာကြီးနေပါတယ် ။ အခုက AA သည်စစ်ကို ဆက်တိုက်နေဆဲဖြစ်သလို ၊ ဆက်ပြီးလည်းတိုက်နေဦးမှာပါပဲ ။

အကိုကြီးဌေးအောင်ပြောတာတစ်ခု သဘောကျတယ် ။ AA ကစစ်ကိုတိုက်နေတာမဟုတ်ဘူး ၊ စစ်က AA ကိုတိုက်ခိုင်းနေတာ ။ AA ကစစ်ကိုမတိုက်ပဲကိုမနေရတော့တဲ့အထိဖြစ်သွားတာ ။ စစ်ကိုရပ်လို့မရတော့ဘူး ။

အခုက ဘင်္ဂလားစစ်တပ်ကနေ CIA အကူအညီနဲ့ AA , CNF တို့ကိုထောက်ပံ့မယ်ဖြစ်နေတယ် ။ AA လည်ပင်းညှစ်ခံရတယ် ၊ ဒီအထောက်အပံ့ကိုမယူလို့လည်းမရဘူး ။ ယူလိုက်လျင်လည်း စစ်ဆက်တိုက်ရမယ် ။

အခုက တရုတ်ကလည်း CMEC စချင်လွန်းလို့သည်းမခံနိုင်ဖြစ်ပြီဆိုတော့ ၊ AA ဘာလုပ်မလည်း ။ အကြီးကြီး ကြားညပ်ခံရပြီ ။ KIA , AA , CNF , PDF တို့ဘာဆက်လုပ်မတုန်းဆိုတော့ စစ်ဆက်တိုက်ဖို့ပဲရှိတယ် ။ မတိုက်လို့လည်းမရဘူး ။

အဓိကက စစ်ဆက်တိုက်လျင် ရခိုင်ပြည်နယ်က နောက်ပိုင်းအေးချမ်းလာတော့မယ့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်ထက်ဝေးပြီး ကျန်ခဲ့လိမ့်မယ် ။ စစ်ဆက်တိုက်နေလျင် ဒေသခံတွေ ရခိုင်ပြည်နယ်ထဲမှာနည်းသည်ထက်နည်းလာလိမ့်မယ် ။

တရုတ်သာ CMEC ကိုဖွင့်နိုင်ခဲ့လျင် ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းကြီးလည်းပြန်ဖွင့်ရလိမ့်မယ် ။ ဒီနှစ်လမ်းပွင့်သွားလျင်မြန်မာပြည်အသက်ရှူချောင်ပြီ ။ ကျန်တာတွေကအေးဆေးဖြေရှင်းရုံပဲ ။

ဒါပေမယ့် အဲ့ဒီအထဲမှာ ရခိုင်မပါပဲကျန်ခဲ့လိမ့်မယ် ။

စစ်တွေမြို့ရှိတဲ့ ရခိုင်ပြည်နယ်ကို စစ်တွေဖြစ်နေတဲ့ကြားမှာထားခဲ့ရတော့မယ်ထင်တယ် ။

ရခိုင်ပြည်နယ်က တော်တော်နှင့်လည်းငြိမ်းချမ်းဦးမယ့်ပုံမပေါ်ဘူး ။ ပြီးတော့ ပိုပြီးရှုပ်ထွေးလာလိမ့်ဦးမယ် ။ CMEC ရဲ့ အဆုံးသတ်ဖြစ်တဲ့ရခိုင်ဟာ အင်အားကြီးတွေကြားမှာ စိစိညက်ညက်အချေခံရလိမ့်ဦးမယ်ထင်ပါရဲ့ ။

အဲ့ဒါကြောင့်မေးခွန်းမေးကြည့်တာပါ ။

ရခိုင်ကိုထားခဲ့မှာလား လို့ပေါ့ ။

ထားခဲ့တယ်မဟုတ်တောင် မလိုက်နေသေးလျင် ခဏနေဦးပေါ့ ။

နောက်မှ တွဲခေါ်ကြတာပေါ့ ။

ဒီလိုပဲပြောကတော့မှာပေါ့ ။

နော့် ..........

မေတ္တာဖြင့်ယှဉ်လျက်

#XENON
Repost qilingan:
Kyaw Swar avatar
Kyaw Swar
18.04.202503:59
ရခိုင်တွေရဲ့မျက်ကန်းမျိုးချစ်စိတ်ကိုပြင်ဖို့လိုနေပြီ

ရခိုင်အရေးကို စိုးရိမ်လို့
သတိပေးရေးခဲ့တာ အတော်
ကြာပါပြီ  ။

တလောကပဲ တပ်မတော်နေ့
ညစာစားပွဲမှာ ဒေါက်တာအေးမောင်နဲ့
တွေ့လို့ ရခိုင်လူ့အဖွဲ့အစည်း ကျရှူံး
သွားနိုင်တဲ့အကြောင်းပြောပြခဲ့သလို
ဆောင်းပါးတစ်ပုဒ်ရေးပြီး ဂျာနယ်မှာ
ရော အွန်လိုင်း မှာပါ သတိပေးရေး
ခဲ့ပါသေးတယ် ။

ဒါပေမယ့် ရခိုင့် လူ့အဖွဲ့အစည်း
ကျဆုံး ဖို့ အကြောင်းဖန်လာတဲ့
အခါ ဘယ်လိုပဲ သတိပေး ပေး
နားမဝင်ခဲ့တာက ဝမ်းနည်းစရာပါ ။

အခုဒီသတင်းကို ဖတ်ကြည့်ရင်
ရခိုင်အရေး က ရင်လေးစရာ
ကောင်းပါတယ်။

တစ်ဖက်မှာလည်း AA ကို
ဘင်္ဂလားဒေရှ်က ထောက်ပံ့မယ်
ဆိုတာထက် နောက်ဆုံးAA ကို
မောင်းထုတ်ဖို့အထိ ရည်ရွယ်
ထားပါလိမ့်မယ် ။

ရခိုင် ဟာ လူမှုပထဝီ
( Demographics) အရရော
ပထဝီနိုင်ငံရေး ( Geopolitic )
အရ ပါ ပြည်မကြီးနဲ့ မခွဲဘဲ
တစ်သားတည်း ရှိနေမှရလိမ့်
မယ် ။

မရှိတော့ ဘာဖြစ်မလဲ မေးရင်
တော့ အက်ကြောင်းထပ်နေပြီ
ဖြစ်တဲ့ စကားတွေ ကို ထပ်ခါ
ထပ်ခါ ပြောပြီး သတိပေးနေ
ရမှာပဲ ဖြစ်ပါတယ် ။

ရခိုင်ဟာ ပထဝီ နိုင်ငံရေးအရ
နိုင်ငံတကာ အကျိုးစီးပွားတွေ
ရဲ့ ဆုံမှတ်ဖြစ်သလို စထွက်ပွိုင့်
လို့ ပြောရင် လည်း ရနေပြန်တယ် ။

ဒါ့ကြောင့် နိုင်ငံတွေရဲ့ အကျိုးစီးပွား
အတွက် ချနင်းခံရမယ့် အရေးနဲ့
ရင်ဆိုင်နေရတယ် ။

လူမှုပထဝီ အရ ဆိုရင်လည်း
ဘင်္ဂလားဒေ့ရှ် ဘင်္ဂလီ တွေ ရဲ့
လူ ဦးရေ ပေါက်ကွဲမှု အကျိုးဆက်
အတွက် အစားထိုး ချနင်းခံရမယ့်
နယ်မြေဖြစ်နေပြန်တယ် ။

ဒီလို အချိန်မှာ ရခိုင် ဟာ စစ်ကြောင့်
ဖြူကာ ပြာကာ ကျနေပြီ ။တနည်း
ပြောရရင် ယိုင်နဲ့နဲ့ ဖြစ်နေပြီ မို့
တစ်ဖက်တွန်းလိုက်တာနဲ့ ဒလဟော
ပြိုဆင်းသွားတော့မှာ ။

ထွန်းမြတ်နိုင် နဲ့ ညိုထွန်းအောင် တို့ရဲ့
တလွဲဆံပင်ကောင်းဗျူဟာ တွေက
လည်း စိတ်ပျက်စရာ ကောင်းပါတယ်။

ခေတ်မမီတော့တဲ့ ပဒေသရာဇ်စရိုက်
ပြန်အသက်သွင်ပြီး ရခိုင်တွေမျက်ကန်း
မျိုးချစ်စိတ် ကို မွေးဖွားပေးလိုက်တာမို့
ရခိုင်ဟာ အဖက်ဖက်ကနေ အန္တရာယ်ဇုန်
ထဲ ကျရောက်သွားပြီ ဖြစ်ပါတယ် ။

ရခိုင်ကို ပြန်ကယ်ချင်ရင်တော့
ပြည်ထောင်စုနဲ့ ပြန်ချိပ်ပြီး ပူးပေါင်း
ဖြေရှင်းမှ ရပါလိမ့်မယ် ။

ကျွန်တော် အမြဲပြောဖူးတယ် ။
ကမ္ဘာကြီး မှာ ရခိုင်အတွက်တော့
မဆိုထားနဲ့ ။မြန်မာပြည်မှာ ရှိတဲ့
တိုင်းရင်းသား ၁၃၅ မျိုးထဲ က
ဘယ်တိုင်းရင်းသား မျိုးနွယ်စု
မဆို ကြိုက်သလောက်တိုက်ပြီး
ကြိုက်သလောက် တော်လှန်ရေး
လုပ်ပါ ။

ဘယ်နိုင်ငံ မှ မထောက်ခံသလို
ဘယ်နိုင်ငံမှ လည်း စိတ်မဝင်စား
ပါဘူး ။အချင်းချင်း ချလို့ သတ်လို့
အင်အားချိနဲ့ သွားရင် အာဏာလေဟာ
နယ် ဖြစ်သွားရင် သာ ပြည်ပ ကနေ
အစားထိုးဝင်ရောက်ဖို့ပဲ အသင့်
စောင့်ဆိုင်းနေကြတာ ။

ဒါကြောင့် မြန်မာပြည်ရဲ့ လက်နက်
ကိုင်တော်လှန်ရေး တိုင်းဟာ ဘယ်တော့
ခါမှ ခွဲထွက်ခွင့် ဖြစ်လာမှာ မဟုတ်ဘူး
ဆိုတာ ကို မြန်မာတိုင်းရင်းသားတိုင်း
သိထားဖို့လိုပါတယ် ။

ဖြစ်မှ ဖြစ်ရင် ဒေါက်တာမင်းဇော် ဦး
ပြောသလို ကျဆုံး ကြေမွနိုင်ငံ ပဲ
ဖြစ်လိမ့်မယ် ။

နောက်ထပ်ဖြစ်လာမှာ တစ်ခု က
ရခိုင်မြောက်ပိုင်း ဘင်္ဂလီတွေ အတွက်
နိုင်ငံသစ် တစ်ခု ပေါ်လာနိုင်တယ် ။

ပေါ်လာဖို့ အတွက် လည်း US အနောက်
အုပ်စု OIC ဘင်္ဂလားဒေရှ် နိုင်ငံတွေက
လျှို့ ဝှက် ရော ပေါ်တင်ပါ လုပ်ဆောင်
နေတာမို့ ရခိုင်တွေ ရဲ့ မျက်ကန်းမျိုးချစ်
စိတ် ကို အမြန်ဆုံး ပြင်ဖို့ လိုနေပြီ ။

အောင်နိုင်သူ (ဇွဲကပင် )

https://youtube.com/@kyawswarkyawswar-jw8ru?si=ebeUE1C5VafrPrPF

https://t.me/kyawswar49111
16.04.202502:17
အမျိုးတိအားလုံးသာလီစွ ပါနန်း🥰🥰 ကျောက်မြောင်းမှာ ပွဲချနိန်ပါရေ တွပျော်ဖို့ကောင်းနိန်လို့ လာလတ်ဖို့ဖိတ်ပါရေနန်း🥰🥰
Ko'rsatilgan 1 - 24 dan 231
Ko'proq funksiyalarni ochish uchun tizimga kiring.