အလင်း အမှောင်
=================
ဆိုရှယ်မီဒီယာသတင်းတွေ ကြည့်လိုက်စမ်းပါ....
- ကိုရင် ပေါက်စလေးတပါးက သူစုထားတဲ့ အလှူငွေလေးတွေကို အိတ်ထဲကနေထုတ်ပြီး အကုန်လှူတယ်တဲ့ ၊ ကိုရင်လေးအတွက် ချန်ထားပါအုံး ပြောတာတောင် မရဘူး အားလုံးကို လှူတာပဲဗျို့ ။
- နောက်ကလေး တယောက်ကျတော့ သူစုထားတဲ့ စုဗူးကြီး ယူလာပြီး ဗူးလိုက်လှူတယ်ဗျာ ။ အလှူခံတွေကတောင် အလှူမခံရဲလျို့ ( ကလေးမို့ဖြစ်မှာပေါ့) မိဘတွေက အလှူခံလိုက်ပါ သူလှူချင်လွန်းနေတာလို့ ပြောဆိုတိုက်တွန်းလို့ စုဗူးအလှူ လက်ခံလိုက်ရသတဲ့ ။
- သူတောင်းစားလေး တယောက်ကလည်း လမ်းဘေးက အလှူခံထံ သူတောင်းလို့ရထားတာလေး ပြန်လှူရှာတယ် ။
- ကလေးမလေးတယောက်က သူမြတ်နိုးတဲ့ ဆံပင်ရှည်လေးကို ဖြတ်ရောင်းပြီး လှူဒါန်းသတဲ့ ။
- tiktok ပေါ်ကနေ အမေအစလိုက် ၊ အဘိုးစလိုက် ၊ အဒေါ်စလိုက် လုပ်နေတဲ့ ၁၂ နှစ် သမီးလေးက နိုင်ငံခြားသားကယ်ဆယ်ရေးအဖွဲ့ကို ဘာသာပြန်လုပ်ပေးပြီး ကူညီတယ် ၊ အင်္ဂလိပ်ဘာသာနဲ့ ငလျင်ဒုက္ခသည်တွေအကြောင်း ကမ္ဘာကို ပြောပြနေလေရဲ့
. နောက်ထပ် ဆန့်ကျင်ဖက် မြင်ကွင်းတွေလည်း တွေ့ရပြန်တာပါပဲ ။
- အလှူခံပေးနေတဲ့ ဆယျလီတှကျေို ပုတ်ခက်နေကြတာ တမျိုး ( ကိုယ့်အမည် ကိုယ့်ရုပ်ရည်နဲ့ အလှူခံကြည့်ကြလေ ယုံကြည်သူ ဘယ်လောက်ရှိမလဲ သိရတာပေါ့)
- လှူဒါန်းနေတဲ့ အလှူရှင်တွေကို ရိသဲ့သဲ့ အောက်ကလိအာ ပြောနေတာတမျိုး ( ကိုတိုင်ကတော့ ဆန်တဆုပ် ရေတမှုတ်မလှူဘူး)
- ပြည်ပက ကယ်ဆယ်ရေးအဖွဲ့တွေ စေလွတ်ပေးတဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ page တွေအထိ ယုတ်ယုတ်မာမာ သွားဆဲနေကြတာ တမျိုး...
( အဓိကကျတာ သူတို့အရမ်းအထင်ကြီးနေတဲ့ NUG ကို စောက်ဖက်မလုပ် လူရာမသွင်းပဲ နစက နဲ့ လက်တွဲနေတာကို မနာလိုလို့ပါ)
ကဲကုသိုလ်ကောင်းမှု ပြုခဲ့ကြတဲ့ ပထမကလေးတွေကို ပြောပြမယ် ။ ကုန်းဘောင်မင်းဆက်တွေ လျှမ်းလျှမ်းတောက်ပြီး နန်းမတော်မယ်နုတို့ ဘုန်းတံခိုးထွားနေချိန်ကပေါ့ ။
မယ်နုကလည်း ဘုန်းကြီးကျောင်း အကြီးကြီးကို အုတ်နဲ့ဆောက်ပြီး ( အဲဒီခေတ်က သစ်သားနဲ့ တည်ဆောက်ကြတာ များတယ်) ဆရာတော်ဦးဗုဇ်ကို လှူဒါန်းခဲ့တယ် ။ အခု ငလျင်မှာ ပြိုကျသွားရတဲ့ မယ်နုအုတ်ကျောင်းကြီးပေါ့ ။
ဆရာတော်ကြီးက ရှင်ဘုရင် ကိုးကွယ်တဲ့ စာတတ်ပေတတ် နာမည်ကျော်ပေါ့ ။ တနေ့ အင်းဝမှာ မီးလောင်ပါရော ။ ဆရာတော်ကြီးရဲ့ မိခင်အိုကြီးလည်း လူလွတ်ထွက်ပြေးရတော့ ပုခုံးပေါ်က တံဘက်လေး တထည်ပဲ ပါတော့တယ် ။
သားဖြစ်သူ ဘုန်းကြီးက ဘုရင်ကိုးကွယ်တဲ့ ဘုန်းကြီးဆိုတော့ အားကိုးတကြီး ပြေးလာပြီး အကြောင်းစုံပြောပြ အကူညီတောင်းတာပေါ့ ။ ဆရာတော်ဦးဗုဇ်က နားထောင်ပြီးတာနဲ့ ....
'' ကဲ မယ်တော်ကြီး ဒါဆို ပိုင်ဆိုင်မှုက တံဘက်တထည်ပဲ ကျန်တော့တာပေါ့ ''
'' မှန်ပါတယ် ဘုရား ''
'' ဒါဆို အဲဒီ တဘက်လေး ကျုပ်ကိုလှူခဲ့ ပြန်တော့ ''
အဲသလို ပြောပြီး တဘက်လေးအလှူခံ ပြန်တော့ဆိုလို့ အမေအိုကြီးလည်း အကူမရတဲ့ အပြင်တံဘက်လေးပါ အလှူခံလိုက်သေးတယ်ဆိုပြီး ဝမ်းနည်းကာ အရပ်ထဲ လှည့်ပြောပါရောလား ။
အဲဒီအဖြစ် ဘုရင်ကြားတော့ ဆရာတော်ကတော့ လူကြားမကောင်း လုပ်ပြီဟေ့ ဆိုပြီး မအေအိုကြီးအတွက် အိမ်အသစ်ဆောက် စားရေရိက္ခာ ပေး နဲ့ လုပ်ပေးပါရောလား ။
ဒီတော့မှ ဆရာတော် ဦးဗုဇ်က သူ့မိခင်ကြီးကို စည်းစိမ်ကုန်လှူဒါန်းခြင်း အကျိုးခံစားရအောင်လို့ တဘက်အလှူခံခြင်းဆိုတာ သိသွားကြသတဲ့ ။
ကဲ ဒီအဖြစ်အပျက်ကို နမူနာကြည့်နော် ။ ကလေးတို့ လှူဒါန်းလိုက်တဲ့ ငွေကြေးပမာဏက ဒိတ်ဒိတ်ကျဲ သူဌေးကြီးတွေနဲ့ ယှဥ်ရင် ဘယ်ယှဥ်လို့ရပါ့မလဲကွယ် ။ သို့သော် ကုသိုလ်တရားအားကောင်းတဲ့ နေရာမှာတော့ သူတို့ထက် လုံးဝ မရော့ပဲ ကလေးတွေကတောင် သာလွန်နိုင်တယ်လို့ ဝမ်းမြှောက်ဝမ်းသာ သိစေချင်ပါတယ် ။
ဟို....အမှောင်ခြမ်းက ကလေးတွေကို ပြောပြချင်တာက အကုသိုလ်မှာ လက်တွေ့ပြုလုပ်သူနဲ့ အမှုအတူတူ ပြစ်ဒဏ်ကျတဲ့သူ လေးမျိုး ရှိသတဲ့...
- ကိုယ်တိုင်ကျူးလွန်သူ
- တိုက်တွန်းသူ
- ချီးမွမ်းသူ
- ဝမ်းသာသူ
ကဲ ဘယ်အမျိုးအစား အကုသိုလ်တွေ လုပ်ထားကြသလဲ ပြန်တွေးကြပေတော့ ။ အလင်း နဲ့ အမှောင် ရှင်းနေအောင် မြင်တတ်ကြပါစေ ။
ကိုရွှေမျိုးဝင်း