Twilight (1)2008
၂၀၀၈ ခုနှစ်မှာစထွက်ခဲ့တဲ့
Twilight ဇာတ်ကားတွဲတွေဟာ
မင်းသားမင်းသမီးတွေရဲ့Visual ကြောင့်ရော Romantic ဖြစ်လွန်းတဲ့ဇာတ်အိမ်ကြောင့်ရော သိပ်ကိုနာမည်ကြီးသွားခဲ့တဲ့Franchiseပဲ
ဖြစ်ပါတယ်
ကျွန်တော်ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Memory Card လေးထဲကူးထည့်ပြီး သိမ်းထားခဲ့ရတဲ့ကားလေးပါ
ဆယ်စုနှစ်တစ်ခုကြာမှ ပြန်ကြည့်
ဖြစ်တဲ့အချိန်မှာလည်း ပျင်းစရာကောင်းတယ်၊ ကလေးဆန်လွန်းတယ်ဆိုတဲ့ ခံစားချက်မျိုးရမနေဘဲ ဇာတ်ကောင်နှစ်ယောက်ကြားက
ချစ်ခြင်းမေတ္တာကို ပိုပြီးမြင်လာရတာမို့ ဘာသာပြန်နေရင်းအမှတ်ပြည့်ပေးမိတဲ့ကားမျိုးပါပဲ
ဇာတ်လမ်းလေးကတော့...
ဖော့ခ်စ်လို့ခေါ်တဲ့ ရာသီဥတုအမြဲအုံ့မှိုင်းနေတဲ့ မြို့ငယ်လေးကိုပြောင်းလာတဲ့
ဘယ်လာ ဆိုတဲ့လူသားကောင်မလေးနဲ့ အက်ဒ်ဝက်ဆိုတဲ့ ဗန်ပိုင်းယား
တစ်ကောင်ကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးပျင်းစရာကောင်းမသွားအောင် အတက်အကျ
ဘဝချင်းမတူကြပေမဲ့ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ မြင်သာထင်သာရှိအောင်ရိုက်ကူးပြထားတာမို့
မကြည့်ရသေးတဲ့သူတွေလည်း
ကြည့်ရင်း၊ကြည့်ပြီးသားသူတွေလည်း
တစ်ခေါက်ထပ်နွှေးရင်း
ဒီRomantic Movieလေးကို
ခံစားကြည့်ရှုလိုက်ကြပါဦးနော်