Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MyanmarDigitalNews avatar
MyanmarDigitalNews
MyanmarDigitalNews avatar
MyanmarDigitalNews
၂၀၂၅ ခုနှစ် ဧပြီလ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်
Repost qilingan:
MRTV avatar
MRTV
02.04.202516:18
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက လာရောက်တွေ့ဆုံ၊ ငလျင်ဒဏ်သင့် ဒေသများအတွက် ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း
Repost qilingan:
MRTV avatar
MRTV
25.01.202522:32
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၀၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပြည်လုံးကျွတ်သန်းခေါင်စာရင်း (၁၄)ရက်မြောက်နေ့ ကောက်ယူနေပါသည်။
13.09.202404:44
မေး။ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနအနေနဲ့ လက်ရှိ ဆည်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကိုလည်း သိပါရစေ။

အဖြေ။ ကျွန်တော်တို့ ဌာနအနေနဲ့ မိုးလေဝသသတင်းတွေအရ ရာဂီမုန်တိုင်း အရှိန်ကြောင့် မိုးများမယ်၊ ရေဝင်ရောက်မှုများမယ်လို့ ခန့်မှန်းရရှိတဲ့အတွက် ဌာနဝန်ထမ်းတွေကို ကြိုတင်အသိပေးတာတွေ၊ စဉ်ဆက်မပြတ် စောင့်ကြည့်သတင်းပေးပို့ဖို့၊ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ဖို့ ညွှန်ကြားတာတွေ ဆောင်ရွက်သလို ရေဝင်ရောက်မှုတွေကို စောင့်ကြည့်စီမံတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ရေလှောင်တမံတွေမှာလည်း ဝန်ထမ်းတွေကို နေ့ည တာဝန်ချထားတာတွေ ဆောင်ရွက်သလို အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်တာတွေ လုပ်ခဲ့ပါတယ်။

ကျောက်ဆည်၊ မြစ်သား စတဲ့ ဒေသတွေမှာလည်း ဇော်ဂျီမြစ်ရေ မြင့်တက်လာနိုင်တဲ့ အခြေအနေတွေရှိလို့ သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွေနဲ့ ပူးပေါင်းပြီး ဒေသခံတွေကို ကြိုတင်အသိပေးကြေညာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

မေး။ လက်ရှိမှာ ဆည်တာတမံတွေမှာ ရေသိုလှောင်မှတ် ကျော်လွန်ပြီး သတိပြုရမယ့် အခြေအနေရှိရင်လည်း သိပါရစေ။ ပြီးတော့ တချို့ဆည်တာတမံတွေမှာ ရေပိုလွှဲက ရေကျတာကို ဆည်ကျိုးတာနဲ့ မှားယွင်းပြီး စိုးရိမ်နေတာလည်း ရှိပါတယ်။ ဒီအပေါ်မှာလည်း ပြည်သူတွေ သိရှိအောင် ပြောပြပေးပါ။

ဖြေ။ လက်ရှိမှာ ရေပိုလွှဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခု ရှိပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ် ဆိုတာရှိပါတယ်၊ အဲဒီကန်ရေပြည့်အမှတ်ကို ကျော်ပြီး ရေစီးဝင်လာတဲ့အခါ ရေပိုလွှဲကနေ စီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ အဲဒီလို ရေပိုလွှဲက ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခု ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီလို ရေကျော်စီးဆင်းတဲ့အခါ ကျွန်တော်တို့ရဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု စီမံချက်အရ ရေပိုလွှဲက ရေကျော်တာနဲ့ အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ်သတ်မှတ်ပြီး အစိမ်းရောင်အလံကို ရေလှောင်တမံနဲ့ တမံအောက်က ဆက်စပ်တည်ရှိတဲ့ ကျေးရွာတွေမှာ စိုက်ထူပြီး ဒေသခံပြည်သူများ သိရှိနိုင်အောင် အသိပေးပါတယ်။ ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့ စိုးရိမ်ဖို့ မရှိပါဘူး၊ ရေပိုလွှဲက ရေကျော်ပြီဆိုတာကို သိရှိနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလို အခြေအနေကနေ ရေမှတ်ထပ်တက်လာပြီး ရေလှောင်တမံရဲ့ ရေကြီးမှတ်ကို ရောက်တဲ့အခါ အရေးပေါ်အခြေအနေ အဆင့်(၂) အဖြစ်သတ်မှတ်ပြီး အဝါရောင်အလံကို လွှင့်ထူပါတယ်။ ရေကြီးမှတ်ဆိုတာက ရေပိုလွှဲကို တည်ဆောက်စဉ်က အများဆုံးလာနိုင်မယ်လို့ တွက်ချက်ထားတဲ့ ဒီဇိုင်းအရ ရောက်နိုင်တဲ့ ရေအမှတ်ကို ဆိုလိုတာပါ။ ဒီအခြေအနေမှာတော့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့စောင့်ကြည့်ဖို့လိုတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲဒီကနေတစ်ဆင့်တက်ပြီး တမံထိပ်ပြင်ကို ရေကျော်နိုင်တဲ့ အခြေအနေဖြစ်လာတဲ့အခါ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေရှိလို့ အရေးပေါ်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နိုင်အောင် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့်(၃) အဖြစ် စိုက်ထူအသိပေးပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အသိပေးပါတယ်။

ဒါကြောင့် ရေကျော်စီးဆင်းနေတဲ့တမံတွေမှာ အရေးပေါ်အခြေအနေ အဆင့် (၁) အနေနဲ့ အစိမ်းရောင်အလံများ လွှင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံ စိုက်ထူထားတဲ့ တမံမရှိသေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်။

မေး။ ပြည်သူတွေသိရှိအောင် ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ လက်ရှိအခြေအနေမှာ ဇော်ဂျီမြစ်ရဲ့ အဖျားပိုင်းမှာ မိုးနည်းလာပြီး မြို့ကြီး ရေလွှဲဆည်မှာလည်း ရေလျော့ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စမုံမြစ်နဲ့ ပန်းလောင်မြစ်ရေတွေက ဇော်ဂျီမြစ်ထဲကို စီးဆင်းနေပြီး ကျောက်ဆည်မြို့ အောက်ပိုင်းမှာ ရေတောင့်နေတဲ့အတွက် မြို့ပတ်ဝန်းကျင်မှာတော့ ရေမလျော့သေးပါဘူး။ မြစ်အထက်ပိုင်းမှာရှိတဲ့ ရေလှောင်တမံတွေကလည်း ရေကျော်စီးဆင်းမှု လျော့ကျလာတဲ့အတွက် တစ်စုံတစ်ရာ စိုးရိမ်ဖို့ မရှိကြောင်း ပြောလိုပါတယ်။

ပေါင်းလောင်းမြစ်အနေနဲ့ကတော့ ဆင်သေချောင်းရေနဲ့ ပေါင်းလောင်းချောင်းရေတွေ ပေါင်းပြီး စီးဆင်းနေလို့ ပေါင်းလောင်းရေလွှဲဆည်မှာ စံချိန်တင်ရေအမှတ်ကို ရောက်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်ကျနေပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ အောက်ဘက်ကို ဆက်စီးသွားပြီး တောင်ငူမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ တောင်ငူမြို့မှာလည်း စစ်တောင်းမြစ်ရေဟာ မြင့်တက်နေတဲ့အတွက် လတ်တလောအနေနဲ့ ရေလျော့ကျဖို့ မရှိသေးကြောင်းနဲ့ ဒေသခံများအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြား လိုပါတယ်။

မေး။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

>>> တွေ့ဆုံမေးမြန်း- မင်းဟန် <<<
လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်
Repost qilingan:
MyanmarDigitalNews avatar
MyanmarDigitalNews
မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲမည်
02.04.202515:26
မြေငလျင်နှင့်ပတ်သက်ပြီး မီဒီယာများ၊ လူမှုအဖွဲ့အစည်းများ၏ မေးမြန်းချက်များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှကြက်ခြေနီယာဉ်တန်း ပစ်ခတ်ခံရသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်
အလှူရှင်များသို့ တိုက်တွန်းပန်ကြားချက်
13.09.202404:44
လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်ထန်စွာ ရွာသွန်းမှုများပြားခြင်း၊ ဆည်တာတမံများတွင် ရေဝင်ရောက်မှု များလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာနိုင်ခြင်းအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ် စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ လက်ရှိမှာ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် နိုင်ငံအတွင်းက အချို့ မြို့၊ ရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုတွေနဲ့ ဆက်စပ်ပြီး ဆည်တာတမံတွေရဲ့ အခြေအနေကိုပါ ပြည်သူတွေက စိုးရိမ်နေကြတာ ရှိပါတယ်။ ဒါကြောင့် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရာ ဒေသတွေက ဆည်တာတမံတွေရဲ့ အခြေအနေတွေကို ပြည်သူတွေ သိရှိအောင် ပြောပြပေးပါ။

ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီးနဲ့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဒီလ စက်တင်ဘာ ၇ ရက်မှာ ဗီယက်နမ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ လေပွေလှိုင်းတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ မိုးရေချိန် လက်မများစွာ ရွာသွန်းခဲ့လို့ ဖြစ်ပါတယ်။

နေပြည်တော်နယ်မြေမှာရှိတဲ့ အဓိကရေလှောင်တမံ အကြီးတွေထဲက ပေါင်းလောင်း၊ ငလိုက်စတဲ့ တမံ (၂)ခုပဲ ရေကျော်တာရှိပါတယ်။ ကျန်တဲ့တမံတွေအနေနဲ့ ကန်ရေပြည့် အမှတ်ကိုတောင် မရောက်သေးတာ တွေ့ရပါတယ်။ နေပြည်တော် ဧရိယာအတွင်းက ချောင်းတွေကို ရှမ်းကုန်းပြင်မြင့်က စပြီးစီးဆင်းတဲ့ ချောင်းတွေနဲ့ အလယ်ရိုးမကို အခြေခံတဲ့ ချောင်းတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ အခုလက်ရှိ မိုးရွာသွန်းခဲ့တာက ရှမ်းကုန်းပြင်မြင့်ကို အခြေခံပြီး စံချိန်တင် မိုးရေချိန်တွေ ရွာသွန်းခဲ့တာကြောင့် အဲဒီက စီးဆင်းလာတဲ့ရေတွေဟာ နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်းက စုစည်းပြီး ဆင်သေချောင်းကတစ်ဆင့် နောက်ဆုံး ပေါင်းလောင်းချောင်းထဲကို အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့လို့ ချောင်းရေတွေ ရုတ်တရက် မြင့်တက်ပြီး ရေကြီးရေလျှံတာတွေဖြစ်တာ ဖြစ်ပါတယ်။ အဓိက ကတော့ နဝင်းချောင်းနဲ့ ဆင်သေချောင်းက စီးလာတဲ့ရေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်သေချောင်း ရေကြီးလို့ တပ်ကုန်းနဲ့ နေပြည်တော်ထဲက အချို့ရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဆင်သေချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ဆင်သေဆည်ကတော့ ရေပြည့်ဖို့ (၁၂)ပေတောင် လိုနေပါသေးတယ်။ အလားတူ ရေဆင်း၊ ချောင်းမငယ်၊ မဒန်း စတဲ့ တမံတွေဟာလည်း ရေပြည့်ဖို့လိုနေပါသေးတယ်။

ပေါင်းလောင်းရေလှောင်တမံအနေနဲ့ လက်ရှိမှာ ရေပိုလွှဲက ၁၁ ဒသမ ၅ ပေလောက် ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲကို ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဆင်သေချောင်းရေဟာလည်း ပေါင်းလောင်းချောင်းထဲကို စီးဝင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေတွေပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်း ရေလွှဲဆည်မှာ ၁၁ ပေ လောက် ရေကျော်စီးဆင်းနေတာ ဖြစ်ပါတယ်။ အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်ငူမြို့ကို မကြာခင် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တောင်းမြစ်ရေဟာ မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကြိုတင်အသိပေး ကြေညာထားပြီး ရေဘေးကာကွယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။

အလားတူပါပဲ နေပြည်တော်နဲ့ ကပ်လျက်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးထဲက ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသတွေမှာလည်း အရှေ့ဘက်မှာရှိတဲ့ ရှမ်းကုန်းပြင်မြင့် ဧရိယာမှာ စံချိန်တင် မိုးရေချိန်တွေရွာခဲ့လို့ ရေတွေအလုံးအရင်းနဲ့ စီးဆင်းလာပြီး ဒေသမှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်တွေထဲကို စီးဝင်ပြီး တာပေါင်ပေါ်ရေကျော်တာတွေ၊ ရေတိုက်စားတာ တွေဖြစ်ခဲ့ပါတယ်။ အဲဒီရေတွေဟာ နေပြည်တော်ထဲကို စီးတဲ့ နဝင်းချောင်းထဲကို ရောက်တာရှိသလို မိတ္ထီလာလွင်ပြင်ထဲက စမုံမြစ်ထဲကို စီးဆင်းသွားတာ ရှိပါတယ်။ ဒီဒေသတွေမှာ တစ်နှစ် ပျမ်းမျှရွာတဲ့ မိုးရေချိန်က လက်မ ၃၀ ပတ်ဝန်းကျင် ဘဲရှိပါတယ်။ အခုလိုမျိုး တစ်ရက် ထဲမှာ ၁၀ လက်မကျော် တစ်ပေနီးပါးလောက် ရွာတဲ့အခါမှာ ပုံမှန်စီးဆင်းနေတဲ့ ချောင်းတွေဟာ ရုတ်တရက်ဝင်လာတဲ့ ရေတွေကို ကောင်းကောင်း မသယ်နိုင်တော့ဘဲ ရေကြီးရေလျှံတာတွေ၊ အနိမ့်ပိုင်းနေရာတွေကို ဝင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အဲဒီဒေသတွေမှာ မကြုံစဖူး ရုတ်တရက် ရေကြီးတာတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုပဲ ရှမ်းကုန်းပြင်မြင့်က စီးဆင်းလာတဲ့ ဇော်ဂျီမြစ်ရေဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့အတွက် ကျောက်ဆည်မြို့အပါအဝင် မြစ်ဘေးဝန်းကျင်မှာရှိတဲ့ ဒေသတွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
11.04.202502:58
ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ
Repost qilingan:
MyanmarDigitalNews avatar
MyanmarDigitalNews
ငလျင်ဒဏ်သင့်ဒေသများ၌ မီးသတ်ဦးစီးဌာနမှ ရေကားများကူညီပေးမှုအတွက် ငွေတောင်းခံပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို လေ့လာဖတ်ရှုနိုင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် www.mdn.gov.mm/uec တွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်ထားပြီး Mobile Application ကိုလည်း Download ရယူ၍ လေ့လာဖတ်ရှုနိုင်ပါသည်။

ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လေ့လာဖတ်ရှုနိုင်ပါသည်။

Myanmar Digital News
14.11.202408:34
အကျဉ်းသူများကို အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၁၄

သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားသည်ဟု Khit Thit Media အမည်ခံ Facebook Page က နိုဝင်ဘာ ၁၁ ရက်တွင် မဟုတ်မမှန်လုပ်ကြံ သတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စစ်အား စိစစ်ရာ သာယာဝတီဗဟိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဟူ၍ မရှိဘဲ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျ ခံနေရသူများသာရှိပြီး အကျဉ်းထောင်တွင် သာယာဝတီခရိုင်အတွင်းမှ ပြစ်ဒဏ်ကျခံသူ အကျဉ်းသား/သူ နည်းပါးပြီး လူဦးရေကြပ်တည်းသည့် အကျဉ်းထောင်များမှ အကျဉ်းသား/သူများ၊ အခြားထောင်များမှ စည်းကမ်းပျက် အကျဉ်းသား/သူများကို လက်ခံ ထိန်းသိမ်းထားရှိမှုများကြောင်း။

သာယာဝတီဗဟိုအကျဉ်းထောင်၏ တိုက်အမှတ်(၅)၌ စည်းကမ်းပျက် ထောင်ပြောင်းလာသည့် အကျဉ်းသူ (၇)ဦးရှိပြီး ကျိုက်မရောဗဟိုထောင်မှ (၂)ဦး၊ အင်းစိန်ဗဟိုထောင်မှ (၂)ဦး၊ ဘားအံထောင်မှ (၁)ဦး၊ မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁) ဦး ဖြစ်ကြောင်း။

ထို့အတူ တိုက်အမှတ်(၈)၌ စည်းကမ်းပျက် ထောင်ပြောင်းများဖြစ်သည့် မန္တလေး ဗဟိုအကျဉ်းထောင်မှ (၁၃)ဦး၊ အင်းစိန်ဗဟို ထောင်မှ (၂)ဦး၊ ပြည်အကျဉ်းထောင်မှ (၂)ဦး၊ သာယာဝတီ ဗဟိုအကျဉ်းထောင်မှ (၁)ဦး စုစုပေါင်းအကျဉ်းသူ (၁၈)ဦး ရှိကြောင်း၊ ယင်းအကျဉ်းသူများသည် တိုက်ပိတ်ပြစ်ဒဏ် ကျခံနေရခြင်းမရှိဘဲ လုံခြုံရေးအရ သီးခြားခွဲထားသည့် အကျဉ်းသူများသာဖြစ်ပြီး အိပ်ဆောင်ရှိ အကျဉ်းသူများကဲ့သို့ ရပိုင်ခွင့်များ အပြည့်အဝရှိကြောင်း။

တိုက်နှစ်ခုလုံး၏ တာဝန်ခံ ဒုကြီးကြပ်ရေးမှူးသည် ယင်းအကျဉ်းသူများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အနီးကပ်ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းအကျဉ်းသူများသည် အခြား အကျဉ်းသူများနှင့် ရောနှောထားရှိပါက အကျဉ်းထောင်စည်းကမ်းများကို ဖောက်ဖျက်နိုင်သည်ကို စိစစ်တွေ့ရှိရသဖြင့် သီးခြားခွဲ၍ ထိန်းသိမ်းထားရှိခြင်းသာ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာယာဝတီဗဟိုအကျဉ်းထောင်သည် လယ်ယာမြေများ၏ အလယ်တွင် တည်ဆောက်ထားသဖြင့် မိုးရာသီတွင် အကျဉ်းထောင်အတွင်းသို့ မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ ဝင်ရောက်လေ့ရှိသဖြင့် အမျိုးသားဝန်ထမ်းများက ဝင်ရောက်ရှင်းလင်းရာတွင် အကျဉ်းသူများကို အိပ်ဆောင် (သို့) တိုက်ခန်းများအတွင်းသို့ ဝင်ရောက်စေပြီးမှသာ အမျိုးသားဝန်ထမ်းများအား ဝင်ရောက်ရှင်းလင်းစေသည့်အတွက် အခန်းတွင်း ဝင်ရောက်ရိုက်နှက် အပြစ်ပေးခြင်းများ၊ ကြိမ်းမောင်းဆဲဆိုခြင်းများ မရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှား ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်းဖော်ပြခြင်းသာ ဖြစ်သည်။ မိုးမိုး
၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ကျင်းပစစ်ဆေးမည့်ရက် ပြောင်းလဲခြင်း
ရှမ်းကုန်းပြင်မြင့်ကိုအခြေခံပြီး စံချိန်တင် မိုးရေချိန်တွေ ရွာသွန်းခဲ့တာကြောင့် နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်းက စုစည်းပြီး ဆင်သေချောင်းကတစ်ဆင့် နောက်ဆုံး ပေါင်းလောင်းချောင်းထဲကို အရှိန်အဟုန်နဲ့ စီးဆင်းလာခဲ့လို့ ရေကြီးရေလျှံတာတွေဖြစ်တာ ဖြစ်ပါတယ်
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများမှ သတိပြုရန်အချက်များ
03.04.202506:08
၃-၄-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီ အချိန်အထိကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦး
ပြည်ပဘိလပ်မြေများ ရောက်ရှိမည်
Repost qilingan:
MRTV avatar
MRTV
27.10.202414:55
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ ကြိုတင်လေ့ကျင့်နေမှု ကြည့်ရှုအားပေး
အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်
13.09.202404:03
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီး ဖြစ်ပေါ်ခဲ့မှုအခြေအနေ ကွင်းဆင်းကြည့်ရှု

နေပြည်တော် စက်တင်ဘာ ၁၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ဖြတ်သန်းသွယ်တန်းတည်ဆောက်ထားသည့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၃၀၁၊ ၃၀၂၊ ၃၀၃၊ ၃၀၄၊ ၃၀၅) နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် (၁၂၊ ၁၃၊ ၁၄၊ ၁၅) တာဝါတိုင်များသည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်အတွင်း ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ ပြိုလဲပျက်စီးနေသည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းနှင့် တာဝါတိုင်များ ပြိုလဲပျက်စီးခဲ့မှု၊ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့် သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းကြိုးများ ပြိုလဲပျက်စီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်း၊ တာဝါတိုင်များ၊ မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများတစ်လျှောက် အသေးစိတ်စစ်ဆေးပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး အင်တိုက်အားတိုက် တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ပြီးစီးရမည့် အချိန်ဇယားများ ရေးဆွဲထားပြီး သတ်မှတ်ချိန်ပြီးနိုင်ရေး အဆင့်ဆင့်ကြပ်မတ်၍ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည် တော်(၂) ဓာတ်အားလိုင်းတို့သည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်ကို သယ်ယူပို့ဆောင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာဒေသများသို့ လျှပ်စစ်ဓာတ်အားများ ပို့လွတ်ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ဓာတ်အားလိုင်းတာဝါတိုင် (၉)တိုင်နှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးသွားခဲ့၍ အဆိုပါ ဒေသအချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်း ၄၅၀ ဦးဖြင့် အဖွဲ့(၇)ဖွဲ့ခွဲကာ ဓာတ်အားပို့လွှတ်ရေး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များနှင့် မြို့တွင်းဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်
Ko'rsatilgan 1 - 24 dan 29
Ko'proq funksiyalarni ochish uchun tizimga kiring.