Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MYANMA GON NEWS AGENCY avatar

MYANMA GON NEWS AGENCY

ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
JoylashuvРосія
TilBoshqa
Kanal yaratilgan sanaКвіт 07, 2023
TGlist-ga qo'shildi
Жовт 26, 2024

Rekordlar

29.01.202503:24
9.4KObunachilar
24.10.202423:59
0Iqtiboslar indeksi
30.01.202523:59
713Bitta post qamrovi
11.01.202516:13
351Reklama posti qamrovi
30.03.202523:59
12.96%ER
31.01.202523:59
7.62%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
ЛИСТ '24ГРУД '24СІЧ '25ЛЮТ '25БЕР '25КВІТ '25

MYANMA GON NEWS AGENCY mashhur postlari

အသိပေး အကြောင်းကြားခြင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြေငလျင်ဒဏ်သင့် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းမှု စစ်ဆေးရေးကော်မတီအား အင်ဂျင်နီယာ(မြို့ပြ) PE အဆင့်ရရှိသူများ ဖြင့် ဖွဲ့စည်းပြီး လူနေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများ၊ ဝန်ကြီးဌာနရုံး အသီးသီးအား ပြန်လည်နေထိုင် အသုံးပြုခွင့်နှင့်ပတ်သက်၍ သတ်မှတ်ထားရှိပြီးဖြစ်သည့် စစ်ဆေးမှု များပြုလုပ်ပြီး နေထိုင်ခွင့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

PE ရရှိပြီး မန္တလေးတိုင်းအင်ဂျင်နီယာ(မြို့ပြ)များအနေဖြင့် တင်ပြပါစိစစ်ရေးအဖွဲ့တွင် ပါဝင် ကူညီဆောင်ရွက်နိုင်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးသို့ အမြန်ဆုံးသတင်း ပို့နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ
ယ​နေ့ ၊ဧပြီ ၂၀၊ ၂၀၂၅ နံနက် ၇နာရီ ၃ဝမိနစ်အချိန်ခန့်က ပဲခူးတိုင်း​ဒေသကြီးအနောက်ပိုင်း သာယာဝတီခရိုင်
အုတ်ဖိုမြို့နယ် အနောက်ခြမ်းရှိ ငရှဥ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး  ဦးနိုင်ဦးသည်ရှင်ပြုအလှူ သံဃာစင်အနီး၌တရားနာရန် ထိုင်နေစဥ် လူ၃ ဦးမှ ဝင်ရောက်ပစ်ခတ်ခံရကြောင်းသိရပါတယ်။

#MMG
06.04.202508:53
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
19.04.202512:26
တရုတ်အစိုးရရဲ့ ကူစက်နဲ့ ရောဂါ ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် ( ၅၀ ) နဲ့ မန္တလေးကို ရောက်ရှိတယ်လို့ ဖေါ်ပြထားပါတယ်။

.............

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ သွားရောက်ကူညီသည့် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့ ထွက်ခွာ

ဧပြီလ ၁၉

ဧပြီလ ၁၉ ရက်နေ့ညနေပိုင်းတွင် လူ ၅၀ ပါဝင်သည့် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ သွားရောက်ကူညီသည့် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးအဖွဲ့သည် ယူနန်ပြည်နယ် ကူမင်းမြို့မှ လေယာဉ်စီးလုံးငှားဖြင့် ထွက်ခွာ၍ မြန်မာနိုင်ငံ မန္တလေးမြို့သို့ သွားရောက်ကာ ငလျင်လှုပ်ပြီးနောက် ကျန်းမာရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
02.04.202515:19
အမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်း၍ တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ပေးနေသည့် တရားခံ ၂ ဦးအား ဖမ်းဆီးရမိမှု

နေပြည်တော်၊ ဧပြီလ ၂ ရက်

မြန်မာအမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်း၍လည်းကောင်း၊ ငွေကြေးမက်လုံးပေး စည်းရုံး၍ လည်းကောင်း ခေါ်ဆောင်၍ တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ပွဲစားများနှင့်ချိတ်ဆက်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးမှုအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားကြီးဝင်းအတွင်းရှိ မြတ်မင်္ဂလာမော်တော်ယာဉ်ဂိတ်၌ အမျိုးသမီးငယ်များအား သွေးဆောင် ဖြားယောင်း၍ တရုတ်နိုင်ငံသို့ လိမ်လည်ပို့ဆောင်နေသူ မြတ်သူအား အမျိုးသမီးငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ မြတ်သူအား စစ်ဆေးချက်အရ အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ချိတ်ဆက် ပို့ဆောင်ပေးနေသည့် လူမှောင်ခိုပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေးအား မတ်လ ၂၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ခေမာသီလမ်းရှိ Relex မိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်အရ မြတ်သူသည် Telegram မှတစ်ဆင့် ချစ်ကြိုက်ခဲ့သည့် အမျိုးသမီးငယ်နှင့်အတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မြောက်ဥက္ကလာပမြို့ နယ်ရှိရွှေပြည်စံတည်းခိုခန်း၌ တည်းခိုနေထိုင်ခဲ့ကြောင်း၊ ထိုသို့နေထိုင်စဉ် ငွေကြေးလိုအပ်ချက်ကြောင့် ၎င်းအမျိုးသမီးငယ်၏ နားကပ်အား ငွေကျပ် ၂၀၀,၀၀၀ ဖြင့်လည်းကောင်း၊ လက်ကိုင်ဖုန်းအား ငွေကျပ် ၁၃၀,၀၀၀ ဖြင့်လည်းကောင်း ရောင်းချသုံးစွဲခဲ့ကြောင်း၊ ၎င်းနောက် မတ်လ ၂၇ ရက်တွင် မူဆယ်မြို့နေ လူမှောင်ခိုပွဲစားဖြစ်သူ မီးမီးထံဆက်သွယ်၍ အမျိုးသမီးငယ်အား တရုတ်ဇနီးမယား အဖြစ်လုပ်ကိုင်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်လိုကြောင်း ပြောဆိုခဲ့ရာ မီးမီးမှ ပွဲစားခအဖြစ် တရုတ်ငွေ ယွမ် ၂,၀၀၀ နှင့် အမျိုးသမီးငယ်အတွက် တရုတ်ငွေ ယွမ် ၂၀,၀၀၀ ရရှိမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် မြတ်သူမှ အဆိုပါအမျိုးသမီးငယ်အား မန္တလေးမြို့သို့ လိမ်လည်ခေါ်ဆောင်၍ ၎င်းမှတစ်ဆင့် မူဆယ်မြို့သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရှိရပါသည်။

အလားတူ မြတ်သူသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၎င်းနှင့်ချစ်ကြိုက်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့ နယ်နေ အမျိုးသမီးတစ်ဦးအား ပြင်ဦးလွင်မြို့ရှိ အမေ့အိမ် တည်းခိုခန်းသို့ ခေါ်ယူပေါင်းသင်းခဲ့ကြောင်း၊ ၎င်းနောက် ပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေး (ဖမ်းဆီးရမိ)နှင့်ဆက်သွယ်၍ ၎င်းအမျိုးသမီးအား တရုတ်နိုင်ငံသို့
ပို့ဆောင်ပေးရန် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၎င်းအမျိုးသမီးနှင့်အတူ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ ပြန်လာခဲ့ပြီး ကျွဲဆည်ကန်ကားကြီးဝင်းအနီးရှိ Power Land တည်းခိုခန်း၌ တည်းခိုနေထိုင်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်တွင် သန်းဌေးဝင်း(ခ)သန်းဌေးမှ ၎င်းအမျိုးသမီးအား တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ငွေကျပ် သိန်း ၁၂၀ ဖြင့် ညှိနှိုင်းကာ မန္တလေးမြို့မှ မော်တော်ယာဉ်ဖြင့် မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

လူမှောင်ခိုပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေးသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်အထိ ဖမ်းဆီးရန်ကျန် လူမှောင်ခိုပွဲစားများဖြစ်သည့် ဇော်ထက်၊ သားကြီး၊ အခွန်၊ သူရဇော်တို့နှင့်ချိတ်ဆက်၍ အမျိုးသမီးငယ် ၂ ဦးအား အလားတူ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၃၀ မှ ၁၄၀ အထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များအား Telegram မှတစ်ဆင့်ဆက်သွယ်၍ ချစ်ကြိုက်ကြောင်းလိမ်လည်လှည့်ဖြားစည်းရုံးပြီး ငွေးကြေးရယူလိုမှုဖြင့် သွေးဆောင်ဖြားယောင်းကာ တရုတ်နိုင်ငံသို့ လိမ်လည်ပို့ဆောင်နေသည့် တရားခံ မြတ်သူနှင့် လူမှောင်ခိုပွဲစား သန်းဌေးဝင်း(ခ) သန်းဌေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများနှင့်အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော မီးမီး၊ ဇော်ထက်၊ သားကြီး၊ အခွန်နှင့် သူရဇော်တို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လူမှောင်ခိုပွဲစားများအနေဖြင့် မြန်မာအမျိုးသမီးငယ်များအား နည်းလမ်းမျိုးစုံဖြင့် စည်းရုံး သိမ်းသွင်း၍ တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းစေရန် တရုတ်နိုင်ငံသို့ ပို့ဆောင်နေမှုများအား ထိထိရောက်ရောက်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာမှ အချိန်နှင့်တစ်ပြေးညီ သတင်းဖော်ထုတ် ဖမ်းဆီး လျက်ရှိသကဲ့သို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေးအတွက် မိဘပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
ရုရှားကသုံးရက်အပစ်ရပ်မည်ဟု​ကြေညာ

ရုရှားသမ္မတပူတင်က ထမြောက်ရာနေ့ (အီစတာ) ကာလအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာလိုက်သည်။ 

အပစ်အခတ်ရပ်စဲထားမည့်အချိန်ကာလ:မှာ ဧပြီလ ၁၉ ရက် ညနေ ၆ နာရီမှ ဧပြီလ ၂၁ ရက် ညသန်းခေါင်ယံအထိ (မော်စကိုစံတော်ချိန်)ဖြစိပြီးပူတင်က "ယူကရိန်းသည်လည်း ဤဥပမာကို လိုက်နာမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။"  ဟုရုပ်သံမှ​ပြောလိုက်သည်။
၃၀-၃-၂၀၂၅ နိုင်ငံခြား သတင်းထောက်များနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားချက်

#MMG
06.04.202514:48
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတိုမှ ကူညီကယ်ဆယ်ရေးအဖွဲများအား သွားရောက်တွေ့ဆုံအားပေး။
05.04.202506:08
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့မှု
နှင့် ပတ်သတ်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ပြောကြားချက်
06.04.202513:37
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိတရုတ်ကယ်ဆယ်ရေးအဖွဲ့ စခန်းသို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ တရုတ်တပ်သားများပါဝင်ဖွဲ့စည်းထားသော တရုတ်နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်​ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့တို့ထံ နှစ်သိမ့်အားပေးကြောင်းနှင့် ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့လာရောက်ပြီးအင်တိုက်အားတိုက်ကယ်ဆယ်နိုင်ရေးလုပ်ငန်းများလုပ်ဆောင်မှုအပေါ် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြောင်းသိရပါတယ်။
ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဧပြီ  ၂၀

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်  လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော် သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ  ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့ များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
မြေငလျင်သတင်း
🔴🔴🔴🔴🔴🔴

၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၅၁)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၁၃) မိုင်ခန့် ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၉.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Ref:  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ခွင့်ပြုချက်မရှိပဲပုဂ္ဂလိကကျောင်းများဖွင့်လှစ်မှုမရှိစေရေးစိစစ်ရန်လို
------------------
စာသင်ကျောင်းတွေဖွင့်လှစ်ရာမှာ ခွင့်ပြုချက်မရှိပဲပုဂ္ဂလိကကျောင်းတွေဖွင့်လှစ်မှုမရှိစေရေးအတွက် စိစစ်ဖို့လိုတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်၊၊

ဧပြီလ ၅ရက် မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊

စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး မူလတန်းကျောင်းတွေကို ကျောင်းဖွင့်ရာသီအမီ အမြန်ဆုံးပြန်လည်ပြင်ဆင်ပြီး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နိုင်ဖို့လိုပြီး၊ ပြင်ဆင်ဖို့မမီပါက ယာယီကျောင်းဆောင်တွေဆောက်လုပ်ပေးဖို့လိုကာ အဓိကအားဖြင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတက်ရောက်နိုင် ရေးကြိုတင်ပြင်ဆင်ထားရှိသွားရန်လိုသလို ခွင့်ပြုချက်မရရှိဘဲ ပုဂ္ဂလိကကျောင်း တွေဖွင့်လှစ်မှုမရှိစေရေးအတွက်လည်း တာဝန်ရှိသူများက စနစ်တကျစိစစ်ဆောင်ရွက် နေဖို့လိုတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်၊၊
06.04.202507:08
ငလျင်​​​ကြောင့် တခြမ်းစောင်းနေသည့်Great Wall Hotel မိုးရွာသွန်းမှုကြောင့် အလိုလိုပြိုကျသွားဟုသိရပါတယ်။
#Myanmagone
တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားသော်လည်း EAO များ၊ အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်မှုများ။
Ko'proq funksiyalarni ochish uchun tizimga kiring.