နေရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူပဲ
လူသားတွေက ကိုယ့်ကိုယ်ကို သိပ် အထင်ကြီးကြတယ်။ မြင့်မြတ်တယ်လို့ ထင်နေကြတယ်။ဉာဏ်ကောင်းတယ်လို့ ယူဆကြတယ်။
လူတွေက တိရစ္ဆာန်တွေထက် နေရာတိုင်းမှာ ပိုပြီး တော်နေတာ မဟုတ်ဘူး။ စဥ်းစား ဆင်ခြင်နိုင်တဲ့ အသိဉာဏ်ပဲ သာတာဖြစ်တယ်။
မုန်တိုင်း လာတော့မယ်ဆိုရင် တိရစ္ဆာန်တွေက ကြိုသိတယ်။ လူအများစုက ကြိုမသိလို့ ဒုက္ခတွေ့ တယ်။
ငလျင်လှုပ်မှာကို တိရစ္ဆာန်တွေ ကြိုသိတယ်။ လူတွေ ကြိုမသိဘူး။ ကိုယ့်ကိုယ်ကို တော်တယ်လို့ ထင်နေတဲ့ လူတွေ ကြိုမသိဘူး။ ကြိုသိနိုင်တဲ့ ပညာလည်း မရှိဘူး။
အပြေးမြန်တာချင်း ယှဥ်မလား။ မြင်းလောက် အပြေးမသန်ဘူး။ ပိုးစုန်းကြူးလောက်တောင် ကိုယ်ပိုင် အလင်းရောင်မရှိဘူး။ အင်အားဆိုရင် ဆင်တွေကို မမီဘူး။
ငါးတွေနဲ့ ပြိုင်ပြီး ရေမငုတ်နိုင်ဘူး။ ငှက်တွေနဲ့ ပြိုင်ပြီး မပျံနိုင်ဘူး။
ဆိုလိုတာက လူက ကိုယ်ပိုင် အရည်အသွေးမှာ တိရစ္ဆာန်ထက် ဘယ်နေ ရာမှ မသာဘူး။
လူရဲ့ အားသာချက်က အသိဉာဏ်၊ စဥ်းစား ဆင်ခြင်နိုင်စွမ်း၊ ကိုယ်ချင်းစာ တရားနဲ့ တရားကို သိနိုင်တဲ့ ဉာဏ်ပဲ သာတယ်။
မြန်မာပြည်က PDFတွေကတော့ ကိုယ်ချင်စာတရား မရှိဘူး။ စဥ်းစား ဆင်ခြင်စွမ်းက ဘာမှ မရှိတာ။ တရားလည်း မသိဘူး။ အဲဒီတော့ လူဖြစ်နေတာတောင် ဘယ်နေရာမှ တိရစ္ဆာန်ထက် မသာဘူး။ ကျုပ်ပြောချင်တာက အဲဒါပဲ။
မောင်ချိန်ခွင်