Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
PAN avatar
PAN
PAN avatar
PAN
ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရားစွဲဆို

(နိုင်ငံတကာ) ဧပြီ ၂၅

ကုန်သွယ်ဖက်နိုင်ငံများအပေါ် အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်နယ် ၁၂ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့အား ပူးတွဲတရားစွဲဆိုထားကြောင်း သိရသည်။ ကုန်သွယ်ခွန်များ တိုးမြှင့်ခြင်း ကြောင့် စားသုံးသူများကို ထိခိုက်နစ်နာစေကြောင်းလည်း ၎င်းပြည်နယ်များက ပြောကြားသည်။

ပြည်နယ် ၁၂ ခုမှ ညွန့်ပေါင်းအဖွဲ့သည် အမေရိကန်နိုင်ငံတကာကုန်သွယ်မှုတရားရုံး၌ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရားစွဲဆိုခဲ့ကြောင်း နယူးယောက်ပြည်နယ်မှ တာဝန်ရှိသူများက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်အစိုးရအဖွဲ့အနေဖြင့် အခွန်စည်းကြပ်မှုကို ရပ်တန့်ရန် တရားရုံးမှချမှတ်သည့်အမိန့်ကို ၎င်းပြည်နယ် များက တောင်းခံလျက် ရှိသည်။

အမေရိကန်နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာအရပ်ရပ်ကို သမ္မတအား........

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>... https://positiveanglenews.com/2025/04/25/ကုန်သွယ်ဖက်နိုင်ငံများ/

VK Link>>... https://vk.com/wall-220066330_11680

Telegram»... https://t.me/positiveanglenews

#PAN
မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ Mobile Toilet များ ထောက်ပံ့ပေးမည်

(ပြည်တွင်း) ဧပြီ ၂၅

မန္တလေးငလျင်ပြန်လည်ထူထောင်ရေးကာလတွင် ငလျင်ဒဏ်သင့် မြို့ပေါ်နေပြည်သူများအတွက် Mobile Toilet များထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ Mobile Toilet ၄၂ လုံးအား လိုအပ်တဲ့ နေရာများတွင် ချထားပေးသွားမည်ဖြစ်ပြီး၊ ရေချိုးရန် နေရာများကိုလည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

ယခုကဲ့သို့ထောက်ပံ့ပေးရန်အတွက် လူမှုရေးရာပေါင်းစည်းမှု စင်တာမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ်ကာ ငလျင်သင့်ရပ်ကွက်များ အတွင်း ထောက်ပံ့မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၈ ရက်က အင်အားရစ်(ခ်)တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားခဲ့ရာတွင် မန္တလေး၊ အင်းဝ၊ အမရပူရမြို့နယ်တို့တွင် လူနေအိမ်များနှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပြီး အင်းဝ-ပင်းယရှေးဟောင်းဇုန်မှာ မှတ်တမ်းတင်ထားသည့်......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>... https://positiveanglenews.com/2025/04/25/မန္တလေးငလျင်-ပြန်လည်ထူထ/

VK Link>>...
https://vk.com/wall-220066330_11676

Telegram»... https://t.me/positiveanglenews

#PAN
ရွှေမျောလုပ်ကွက်ကို ခွင့်ပြုပေးတဲ့ PDF များကို ဒေသခံများက မောင်းထုတ်
*******************
(ပြည်တွင်း) ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်း၌ ရွှေမျှောလုပ်ငန်းလုပ်ကိုင်သူများကို ခွင့်ပြုပေးနေသည့် အကြမ်းဖက် PDF အဖွဲ့ကို ဒေသခံရွာသူရွာသား တစ်ထောင်ကျော်က ဧပြီ ၂၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဆန္ဒပြ မောင်းထုတ်နေကြကြောင်း သိရသည်။

ဒေသခံများမှ ဘုတလင်မြို့နယ်လေးမြေရွာ ရွှေမျောစီမံကိန်း အလိုမရှိ၊ အကြမ်းဖက်PDFအဖွဲ့ဝင် PDF (ငကြွက်) အလိုမရှိ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဟန်မြင့်ထွန်း-အလိုမရှိ ၊ အကြမ်းဖက် PDF အဖွဲ့ - အလိုမရှိ၊ မြို့နယ်PDF ငကောင်း - အလိုမရှိ၊ မြို့နယ် PDF ဂျိုးပေါက် - အလိုမရှိ၊ နိုင်ငံရေးအကြောင်းပြ စီးပွားရှာသူတွေအလိုမရှိ၊ မြို့နယ်လုံခြုံရေး(ပလဖ) ကောင်းမြတ်ထွန်း(ခ)ကောင်းကောင်း အလိုမရှိ၊ ရွှေမျောမောင်းခြင်းအလိုမရှိ စသည့် ဆိုင်ဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/25/ရွှေမျောလုပ်ကွက်ကို-ခွင/

VK Link>>...
https://vk.com/wall-220066330_11671

Telegram»...
https://t.me/positiveanglenews

#PAN
လာမည့်နွေရာသီမှာ အိုစီမန် ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ မန်ယူအသင်း

(အားကစား) ဧပြီ ၂၄

လာမယ့်နွေရာသီမှာ မန်ယူအသင်းက နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန် ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းများထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် အိုစီမန် က လက်ရှိတွင် ဂါလာတာစာရေးအသင်းမှာ တစ်ရာသီအငှားနဲ့ ကစားနေတာ ဖြစ်ပြီး အိုစီမန် ကို ဥရောပအသင်းကြီးများဖြစ်တဲ့ အာဆင်နယ်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ တို့က ခေါ်ယူရန် စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။

မန်ယူအသင်းက အိုစီမန် နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တယ်ဆိုပေမယ့် စာချုပ်လျော်ကြေး ပေါင် ၆၃ သန်းကို ပေးချေလိုခြင်းမရှိကြောင်း သိရပါတယ်။

နာပိုလီအသင်းနဲ့ အိုစီမန် တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်တာကြောင့် နာပိုလီ အသင်းက အိုဆင်မန် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ လက်လွှတ်လိုခြင်းမရှိဘဲ လာမယ့်နွေရာသီမှာ ရောင်းထုတ်ချင် နေတာ......


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/လာမည့်နွေရာသီမှာ-အိုစီမ/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
မြစ်ကြီးနား - ဖားကန့်လမ်းပိုင်း ယာယီဖြတ်သန်းသွားလာခွင့်ကို ဧပြီ ၂၂ ရက်နေ့ကစပြီး ပိတ်ပင်လိုက်တာကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းပိုင်းမှာ တပ်မတော်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

#pan_Broadcasting
ဧရာဝတီမြစ်အတွင်း ကလေး(၄)ဦး ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းချိုးသည့် ကလေး(၄)ဦး ရေနစ် သေဆုံးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့ မှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ဧရာဝတီမြစ်အတွင်း ရုံးညောင်ပင်စက်လှေဆိပ်တွင် ဧပြီလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ကလေး(ကျား)(၄)ဦးရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အခင်းဖြစ်နေရာသို့ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရေနစ်သေဆုံးသွားသော.........


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/ဧရာဝတီမြစ်အတွင်း-ကလေး၄/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
ရုရှားနိုင်ငံရှေ့နေချုပ်က မန္တလေးငလျင်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့”

(ပြည်တွင်း) ဧပြီ ၂၅

အလွန်အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ ရခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဧပြီလ ၂၄ ရက်ကဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။

သဝဏ်လွှာမှာ မိမိအနေနဲ့ အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စ များ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရပါကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှု များဖြင့် ဤတုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း ရေးသားထား ပါတယ်။

မိမိအနေနဲ့ ထိခိုက်ခံစားရသူများ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်းပူဆွေးမှုကို .......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>... https://positiveanglenews.com/2025/04/25/ရုရှားနိုင်ငံရှေ့နေချု/

VK Link>>...
https://vk.com/wall-220066330_11679

Telegram»... https://t.me/positiveanglenews

#PAN
ဒေါက်လောက်ကျေးရွာအနီးရှိ သံကူကွန်ကရစ်ဘေလီတံတားအား အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီး
*********************
(မှုခင်း) ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားလာသည့်လမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားတစ်ဆင်းအား ယမန်နေ့နံနက် ၁၀ နာရီခန့်က အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားလာသည့်လမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ် ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိ သံကူကွန်ကရစ် ဘေလီ တံတားအား အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၆ လက်မ ၃ လက်မရှိ သစ်သား ဇလီဖားများနှင့် အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း........

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/25/ဒေါက်လောက်ကျေးရွာအနီးရ/

VK Link>>...
https://vk.com/wall-220066330_11673

Telegram»...
https://t.me/positiveanglenews

#PAN
လက်နက်ခဲယမ်းသယ်ယူနေတဲ့ PDF မော်တော်ယာဉ်တွေ ဗုံးကျဲရှင်းလင်းခံရ
********************
(ပြည်တွင်း) ဧပြီလ ၂၅

အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေမှာအသုံးပြုမယ့် လက်နက်ခဲယမ်းတွေသယ်ယူနေတဲ့ အကြမ်းဖက် PDF တွေရဲ့မော်တော်ယာဉ်တွေကို ပါရာမော်တာတွေက ဗုံးကြဲရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာအနီးနဲ့ နတ်ကြီးကျေးရွာတွေမှာ လက်နက်ခဲယမ်းသယ်ယူနေတဲ့ PDF အကြမ်းဖက်တွေရဲ့ မော်တော်ယာဉ်တွေကို လေထီးတပ်ယာဉ်(Paramotor)နဲ့ ဗုံးကျဲရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျဲရှင်းလင်းမှုကို ဧပြီ ၂၄ ရက်နေ့ ည ၈ နာရီဝန်ကျင်မှာ တကြိမ်၊ ဧပြီ ၂၅ ရက်နေ့ ဒီနေ့မနက် ၈ နာရီဝန်ကျင်မှာတစ်ကြိမ်.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/25/လက်နက်ခဲယမ်းသယ်ယူနေတဲ့-p/

VK Link>>...
https://vk.com/wall-220066330_11669

Telegram»...
https://t.me/positiveanglenews

#PAN
မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက မိုဘိုင်းဆက်သွယ်ရေးစခန်း ၆ ထောင်ကျော်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်နေပြီလို့ သိရပါတယ်။

#pan_Broadcasting
ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း ၃,၅၀၀ မတည်လှူဒါန်း

(ပြည်တွင်း) ဧပြီ ၂၄

ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတောင်ရိုးပေါ် မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ပြန်လည် ပြုပြင်ရန် ဧပြီလ ၂၂ ရက်က ငွေကျပ်သိန်း ၃,၅၀၀ ကို မတည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

IBEC ပညာရေးစင်တာကို အလှူငွေကျပ်သိန်း ၅၀၀ ၊ ရတနာသိင်္ဂီသီလရှင်ကျောင်းကို အလှူငွေကျပ်သိန်း ၅၀၀၊ အောင်မြေဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို အလှူငွေကျပ်သိန်း ၅၀၀၊ ဇိနောဒယပရိယတ္တိ စာသင်တိုက်ကို အလှူငွေကျပ်သိန်း ၅၀၀.....


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/ဗီယက်နမ်ဘုန်းတော်ကြီးမ/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
တူရကီတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း အဖမ်းဆီးခံ အစ္စတန်ဘူလ်မြို့တော်ဝန်သတင်းစကားပါး
*****************
(နိုင်ငံတကာ) ဧပြီ ၂၄

တူကီယေး(တူရကီ)နိုင်ငံတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဖမ်းဆီးခံထားရသည့် အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoğlu က သတင်းစကားပါးခဲ့သည်။

Ekrem Imamoğlu သည်ပြီးခဲ့သည့် မတ်လတွင် အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး တူရကီနိုင်ငံ၏ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ခံထားရကြောင်းသိရသည်။

တူရကီနိုင်ငံတွင် ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၅၀ ကျော် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Ekrem Imamoğlu သည် မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေပြီး လာမည့်သက်တမ်းတွင် သမ္မတအဖြစ်.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/24/တူရကီတွင်-အင်အားပြင်း-ငလ/

VK Link>>...
https://vk.com/wall-220066330_11664

Telegram»...
https://t.me/positiveanglenews

#PAN
ဧရာဝတီမြစ်ရေ ထူးခြားစွာ မြင့်တက်ခဲ့

(ပြည်တွင်း) ဧပြီ ၂၅

ဧပြီလ ၂၄ ရက်နေလယ် ၁၂ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် ၄၈၈ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၁ ရက်အတွင်း ၇ ပေခွဲခန့်မြင့်တက်ခဲ့တဲ့အတွက် ထူးခြားမြစ်ရေမြင့်တက်ခဲ့ကြောင်း သိရပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ အဆိုပါမြစ်ရေက နောက် ၁ ရက်မှ ၅ ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာနှင့်သပိတ်ကျင်းမြို့တို့မှာ ၅ ပေခွဲမှ ၉ ပေခွဲခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။

ထို့နည်းတူ နောက် ၅ ရက်မှ ၈ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊‌ညောင်ဦးမြို့တို့မှာ ၄ ပေခွဲမှ ၅ ပေခွဲခန့်၊ ၈ ရက်မှ ၁၃ ရက်အတွင်း ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၃ ပေခွဲမှ ၄ ပေခွဲအထိ လက်ရှိရေမှတ်များအထက်သို့ဆက်လကပ်မြင့်တက်လာနိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

မြစ်ကြောင်းများအတွင်း သွားလာနေကြတဲ့.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>... https://positiveanglenews.com/2025/04/25/ဧရာဝတီမြစ်ရေ-ထူးခြားစွာ/

VK Link>>...
https://vk.com/wall-220066330_11678

Telegram»... https://t.me/positiveanglenews

#PAN
မြစ်ကြီးနားမြို၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ် မီးလောင်မှုဖြစ်ပွား
****************
(မှုခင်း) ဧပြီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)ရှိ ဦးယောဆာဆာ၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၇)၊ လမ်းသွယ်(၅)ရှိ ပိုင်ရှင် ဦးယောဆာဆာ၏ (၂၄x၁၆)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်တွင် ဧပြီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ အနီးရှိ အခန်းစီးလိုက်ကာသို မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင် သည့်နေရာသို မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတိုဖြင့်......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/25/မြစ်ကြီးနားမြို၊-တပ်က-4/

VK Link>>...
https://vk.com/wall-220066330_11672

Telegram»...
https://t.me/positiveanglenews

#PAN
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ .....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
24.04.202510:43
နေပြည်တော်က ငလျင်ဘေးသင့်နေရာတွေပြန်ပြုပြင်ဖို့အတွက် ဘိလပ်မြေတစ်အိတ် ကျပ် ၂၀,၀၀၀ ကနေ ၂၃,၀၀၀ ဈေးနှုန်းအတွင်း ဖြန့်ဖြူးရောင်းချပေးနေတယ်လို့ Max Cement တောင်ဖီလာဘိလပ်မြေစက်ရုံကနေ သိရပါတယ်။

#pan_Broadcasting
တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စဉ်းစားနေ

(နိုင်ငံတကာ) ဧပြီ ၂၄

တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့်ပူးတွဲတည်ဆောက်ရန်စီစဉ်နေသည့် အပြည်ပြည်ဆိုင်ရာလသုတေသန စခန်း ကို လျှပ်စစ်ဓာတ်အားပေးနိုင်စေရေးအတွက် လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်လုံးကို တည် ဆောက်ရန် စဉ်းစားနေကြောင်း အရာရှိကြီးတစ်ဦး၏ ဧပြီလ ၂၃ ရက်တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများကိုစေလွှတ်ပြီး လူနေထိုင် နိုင်သော အမြဲတမ်း အခြေစိုက်စခန်းတစ်ခုကို တည်ဆောက် ရန်ဆောင်ရွက်လျက်ရှိသည်။

မူလက လပေါ်တွင် လိုအပ်သော လျှပ်စစ်ဓာတ်အားများအတွက် အလွန်ကြီးမားသော ဆိုလာပြားများကို တပ်ဆင်အသုံးပြုသွားမည်ဟု တရုတ်နိုင်ငံက ရည်ရွယ်ထားသည်။ ထိုအချိန်က လပေါ်တွင်နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားပေးရန် ရုရှားအစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှန်ဟိုင်းမြို့တွင် လုပ်ဆောင်ပြီး......


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/တရုတ်နိုင်ငံက-လပေါ်တွင်/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချိုမှာ နေ့အပူချိန်များပိုမိုမြင့်တက်လာနိုင်
******************
(မိုး/ဇလ) ဧပြီ ၂၄

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီလ ၂၅ ရက်မှကနေ ၃ ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချိုမှာ နေ့အပူချိန်များ ပိုမိုမြင့်တက် လာနိုင်တယ်လို ဧပြီလ ၂၂ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်း)၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး (မြောက်ပိုင်း)တိုမှာ ဧပြီလရဲ့ ပုံမှန်နေ့အပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်မှ ၃ ဒီဂရီ ဆဲလ်စီးယပ်အထိ အနည်းငယ်မြင့်
တက်လာနိုင်တယ်လို အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေး တိုင်းဒေသကြီး....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/24/ရန်ကုန်အပါအဝင်-တိုင်းဒ-2/

VK Link>>...
https://vk.com/wall-220066330_11666

Telegram»...
https://t.me/positiveanglenews

#PAN
ဂျပန်ကအဆင့်မြှင့်တင်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသ
*******
(နိုင်ငံတကာ) ဧပြီ ၂၅

ဂျပန်နိုင်ငံက အသံနှုန်းလွန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် ထုတ်လုပ်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေယာဉ်တစ်စင်းပေါ် တင်ဆောင်ထားသည့် Rail Gun ၏ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ထို့နောက် လေ့လသူများက ဂျပန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးအတွက် အဆင့်မြင့်လက်နက် စနစ်ကို အသုံးပြုနိုင်သော ရေတပ်များအနက် တစ်ခုဖြစ်လာပြီဖြစ်ကြောင်း ပြောကြားထားသည်။

ယခုထုတ်ဖော်ပြသသော Rail Gun သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စမ်းသပ်ပစ်ခတ်မှု လုပ်ဆောင်စဉ် မြင်တွေ့ခဲ့ရသော ရှေ့ပြေးပုံစံထက်များစွာသော ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုများ လုပ်ထား သည်ကို တွေ့ရှိရကြောင်း လေ့လာသူများက ဆက်လက်ပြော....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>... https://positiveanglenews.com/2025/04/25/ဂျပန်ကအဆင့်မြှင့်တင်ထာ/

VK Link>>...
https://vk.com/wall-220066330_11677

Telegram»... https://t.me/positiveanglenews

#PAN
ပါကစ္စတန်က အိန္ဒိယနိုင်ငံသားများအား ဗီဇာရပ်ဆိုး
******************
(နိုင်ငံတကာ) ဧပြီ ၂၅

ကက်စ်ရှ်မီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုအပြီး ပါကစ္စတန်-အိန္ဒိယတို့ကြား တင်းမာမှုတွေမှု ပိုမိုမြင့်တက်လာပြီ ပါကစ္စတန်က အိန္ဒိယနိုင်ငံသားများအားတန်ပြန် ဗီဇာရပ်ဆိုင်းခဲ့သည်။

နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ဆွေးနွေးမှုရလဒ်အား တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

အိန္ဒိယအစိုးရက ပါကစ္စတန်နိုင်ငံ၏ သံတမန်များအား မောင်းထုတ်ခဲ့ပြီး ပါကစ္စတန်ဗီဇာကိုင်ဆောင်ထားသူများအား ၄၈ နာရီအတွင်း ထွက်ခွာရန် ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/25/ပါကစ္စတန်က-အိန္ဒိယနိုင်/

VK Link>>...
https://vk.com/wall-220066330_11670

Telegram»...
https://t.me/positiveanglenews

#PAN
24.04.202513:23
Sky Villa ကွန်ဒို အဆောင် C နဲ့ D တို့ကို ကယ်ဆယ်ရေးသမားတွေက ဖယ်ရှားရှင်းလင်းစဉ်မှာ အမျိုးသား ၃ ဦးနဲ့  ကလေးငယ် ၁ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခန့်က ထပ်မံတွေ့ရှိခဲ့တာြဖစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်အချက်အရ ဒီကနေ့ ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းအထိ Sky Villa ကွန်ဒိုက ရုပ်အလောင်း ၁၀၇ ကျော်ရရှိခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၅၂ ဦးရှိတယ်လို့ သိရပါတယ်။

Sky Villa ကွန်ဒိုအိမ်ရာစီမံကိန်းကို NTL Construction က တည်ဆောက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်သူ ကန်ထရိုက်တာနဲ့ တာဝန်ရှိသူတွေက ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အဦးဖြစ်တယ်လို့ ကြေညာရောင်းချခဲ့တာ ဖြစ်ပြီး အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်မှာ ရုပ်ပျက်ဆင်းပျက် ပြိုကျသွားခဲ့ရတဲ့ အခြေအနေကြောင့် ပြည်သူတွေအကြား ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့တဲ့ ကွန်ဒိုစီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

#pan_Broadcasting
ဟားမတ်စ်အဖွဲ့ လက်နက်များလွှဲပြောင်းပေးရန် ပါလက်စတိုင်းခေါင်းဆောင်ပြော

(နိုင်ငံတကာ) ဧပြီ ၂၄

ဟားမတ်စ်အဖွဲ့အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွက် တာဝန်ယူတာဝန်ခံသည့်အနေဖြင့် ၎င်းတို့၏ လက်နက်များကို ပါလက်စတိုင်းလုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းပေး၍ ထိုအဖွဲ့ကိုနိုင်ငံရေးပါတီအဖြစ်သာ ပြောင်းလဲ ဖွဲ့စည်းရန် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်က ဧပြီလ ၂၃ ရက် တွင်ပြောသည်။

ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးကို တိုက်ခိုက်ခြင်းသည် အစ္စရေးအနေဖြင့် ဂါဇာကို ချေမှုန်းရန် အခွင့်ကောင်းရသွားစေသောကြောင့် ထိုတိုက်ခိုက်မှုကို အပြစ်တင်ဝေဖန်ကြောင်း မာမွတ်အဘတ် က ပြောထား သည်။ ဟားမတ်စ်အဖွဲ့သည် အမေရိကန်နှင့် အစ္စရေးတို့၏တောင်းဆိုချက်ဖြစ်သော လက်နက်များကို လွှဲပြောင်း ပေးရန် တောင်းဆိုချက်ကိုလည်း အစောပိုင်းတွင် ငြင်းပယ်ထားသည်။

ထို့အတူ မာမွတ်အဘတ်က အစ္စရေးနှင့် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းနေခြင်းသည်....


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/ဟားမတ်စ်အဖွဲ့-လက်နက်မျာ/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
မိုးညှင်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့၌ မူးယစ်ဆေးဝါးများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၂၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် စောသာထူး မောင်းနှင်ပြီး စောနိုင်လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲ ၄၃ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၄ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၀၉ သိန်းနှင့် ဘိန်းစိမ်း ၃၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၁၂ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၂၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက် သုဓမ္မာလမ်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ......


သတင်းအပြည့်အစုံဖတ်ရန် -

Webpage>>... https://positiveanglenews.com/2025/04/24/မိုးညှင်းမြို့နယ်နှင့်/

VK Link>>...

Telegram»... https://t.me/positiveanglenews

#PAN
လားရှိးမြိုတွင် မေလ ၁ ရက်မှစတင်ကာ ဌာနဆိုင်ရာကိစ္စရပ်များစတင်ဆောင်ရွက်မည်
********************
(ပြည်တွင်း) ဧပြီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိးမြိုမှာ လာမယ့် မေလ ၁ ရက်မှစတင်ကာ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိတယ်လို သိရပါတယ်။

ဧပြီလ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ တပ်မတော်က လားရှိးမြိုသို ဝင်ရောက်လာပြီး တပ်နေရာချထားမှု များကိုစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လားရှိး-သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်‌မှာ လုံခြုံရေးတာဝန်များ ရယူထားတယ်လို သိရပါတယ်။

ဒါကြောင့် ယခုဧပြီလကုန်ပိုင်းမှာ အဓိကဌာနဆိုင်ရာများဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပိုဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီးဌာနတို ဦးဆုံးဝင်ရောက်လာနေ တယ်လို ဒေသခံများရဲ့ ပြောကြားချက်များအရ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/04/24/လားရှိးမြိုတွင်-မေလ-၁/

VK Link>>...
https://vk.com/wall-220066330_11665

Telegram»...
https://t.me/positiveanglenews

#PAN
Ko'rsatilgan 1 - 24 dan 1926
Ko'proq funksiyalarni ochish uchun tizimga kiring.