Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лачен пише

Реальний Київ | Украина

Реальна Війна

Україна Online: Новини | Політика

Телеграмна служба новин - Україна

Резидент

MxT Anime & Cartoon
TGlist reytingi
0
0
TuriOmmaviy
Tekshirish
TekshirilmaganIshonchnoma
ShubhaliJoylashuv
TilBoshqa
Kanal yaratilgan sanaЛип 16, 2024
TGlist-ga qo'shildi
Бер 30, 2025Rekordlar
21.04.202523:59
20.7KObunachilar24.03.202514:41
500Iqtiboslar indeksi20.04.202521:21
769Bitta post qamrovi20.04.202509:42
769Reklama posti qamrovi13.04.202523:59
3.33%ER20.04.202523:59
3.71%ERR

12.04.202504:10
Marcel the Shell with Shoes On (2021)
မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ… ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb – 8.1/10, Rotten Tomatoes – 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ရုပ်ရှင်ပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/291

01.04.202505:10
The Swan Princess: A Fairytale Is Born (2023)
ပေါ့ပေါ့ပါးပါးနဲ့ ဘေဘီလေးတွေ သဘောတွေ့စေမဲ့ ကာတွန်းကားအသစ်လေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ယူဘတ်တာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာလယ်သမားတစ်ယောက်နဲ့လက်ထပ်ပြီး အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်ခဲ့ပါတယ်။တစ်နေ့မှာတော့ သူနဲ့ ဦးရီးတော် နှစ်ဝမ်းကွဲလောက်တော်တဲ့ ဘုရင်ကြီးက သေဆုံးသွားတော့ သူ့ကို နန်းတင်ပေးခဲ့ပါတယ်။ရိုးရိုးသားသား လယ်သမားမိန်းမ ဘဝကနေ ချက်ချင်း လက်ငင်း ဘုရင်မ ဖြစ်သွားတော့ဘယ်လိုတွေအခက်ခဲတွေကြုံတွေရပြီး လင်မယားနှစ်ယောက်ပေါင်းပြီး ပြဿနာတွေရှင်းကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/258

05.04.202511:19
Weathering With You (2019)
မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက်အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေးတိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်…ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့…အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် “Weathering with you” ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်….ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ်အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/268

19.04.202504:35
Attack on Titan: The Last Attack
AOTကိုကြည့်ဖူးတဲ့သူတွေအတွက်
ဒီအပိုင်းက ဘာတွေပါမလဲဘာပိုထူးခြားလာလဲကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့..
ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကိုပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။
ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်ကစာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲစီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက်အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။
ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/305

17.04.202505:31
Spellbound (2024)
မထွက်ခင်ထဲက လူစိတ်ဝင်စားမှုများနေတဲ့ Netflix ရဲ့ animation ကားကောင်းလေးလာပါပြီဒစ်စနေးစတိုင် သီချင်းကောင်းကောင်းလေးတွေနဲ့ မိသားစုတွေကြားက ဖြစ်တတ်တဲ့ Family issueတွေကိုလူသားနဲ့ မွန်းစတားကောင်ကြီးတွေအဖြစ်ပုံဖော်ပြီးမိသားစုနဲ့ကြည့်ရှုစရာကားကောင်းလေးအဖြစ် ဖန်တီးထားပါတယ်…ဘုရင့်နိုင်ငံတစ်ခုက ဘုရင်နဲ့ ဘုရင်မကြီးနဲ့ သူတိုသမီး မင်းသမီးလေး အဲလီယံတိုဟာမိသားစုသုံး ၃ ယောက်ထဲဆိုပေမယ့် အမြဲတမ်းတော့ စိတ်သဘောထားတိုက်ဆိုင်မနေပါဘူး…တစ်နေ့ မိဘဖြစ်သူ ဘုရင်နဲ့ဘုရင်မတိုစကားများရင်း မကောင်းဆိုးဝါးကောင်ကြီးတွေအဖြစ် ပြောင်းလဲသွားပါတယ်…ဒါကို မင်းသမီး အဲလီယံပဲသိလိုက်တဲ့အတွက် မူးမတ်စစ်သည်တွေက မကောင်းဆိုးဝါးကြီးတွေ ဘုရင်နဲ့ဘုရင်မကိုစားပြီးမင်းသမီးကိုတိုက်ခိုက်နေတယ်ထင်ကာ ဖမ်းဆီးထားလိုက်ပါတယ်ဒါပေမယ့် သူ့မိဘတွေကို လူသားပြန်ပြောင်းဖို ထာဝရအမှောင်တောနက်ထဲက အလင်းရေကန်ဆီကြီးကိုခေါ်သွားရမှာဖြစ်ကြောင်း သိလိုက်တဲ့အခါမင်းသမီး အဲလီယံနဲ့ သားရဲကြီးတွေဖြစ်နေတဲ့ ဘုရင်နဲ့ဘုရင်မတို စွန့်စားခရီးလမ်းစတင်ခဲ့ပါတော့တယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoon/642

07.04.202503:59
Monkey King Reborn (2021)
ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်။ဝူခုန်းတို့ ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေမကောင်းဆိုးဝါးတွေရဲ့ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်။ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ကြံစည်ရာကနေဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်။ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖို့စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်။အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?နောက်ဆုံးမှာ ဆရာတော်ကိုကယ်နိုင်မှာလား?သတ်မှတ်ထားတဲ့အချိန် ၃ရက်အတွင်းမှာ နတ်ဆိုးကြီးကို နိမ့်နင်းနိုင်ခဲ့လားဆိုတာ
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/273

04.04.202507:09
Storm Crashers (2024)
စပိန်စကားပြော ကာတွန်းကောင်းလေးတစ်ခုဖြစ်ပါတယ်။လာမန်ချာ ဆိုတဲ့ ရွာကလေးမှာ ကီဟိုတီမိသားစုနဲ့ ပန်ဆာဆိုတဲ့မိသားစုနှစ်စုတို့လည်း နေထိုင်ကြလေတယ်။အဲဒီမိသားစုနှစ်စုကတော့အကြောင်းအရင်းအမျိုးမျိုးကြောင့်တစ်ယောက်နဲ့ တစ်ယောက်မတည့်ကြပါဘူး။ဒါပေမဲ့ အယ်ဖွန်ဆိုကီဟိုတီ နဲ့ ပွန်ချိုပန်ဆာ ဆိုတဲ့ကောင်လေးနှစ်ယောက်ကတော့ မိဘတွေမတည့်ကြသည့်တိုင်အောင် အချစ်ဆုံးသူငယ်ချင်းအဖြစ် တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားကြပါတယ်။လာမန်ချာရွာလေးဟာနှစ်ပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းခုနှစ်တွေမှာတော့ မုန်တိုင်းကြီးတွေ တစ်လုံးပြီးတစ်လုံးတိုက်ခိုက်တဲ့အတွက် ကျေးရွာနေသူတွေ ပြောင်းရွှေ့ကြဖို့ ဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့လည်း စိတ်ကူးယဥ်ဆန်ပြီး စိတ်ကူးကောင်းတဲ့အယ်ဖွန်ဆိုလေးဟာ မုန်တိုင်းကြီးကို နှိမ်နင်းပြီး ရွာကိုကယ်တင်မယ်ဆိုပြီးဆုံးဖြတ်ချက်ချကာ သူငယ်ချင်းဖြစ်သူပွန်ချိုနဲ့ ဗစ်တိုးရီးယားတို့နဲ့အတူ သုံးယောက်သားမုန်တိုင်းကြီးကို နှိမ်နင်းဖို့ ရွာပြင်ကို ခရီးထွက်လာခဲ့ပါတော့တယ်။သူငယ်ချင်းသုံးယောက် ဘယ်လို အခက်အခဲတွေဖြတ်ကျော်ရမလဲ…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/265

24.03.202502:36
Batman Ninja vs. Yakuza League (2025)
DC ရဲ့ 2025 မှာ ကြည့်စရာ Batman Anime ရုပ်ရှင်ထွက်လာပါပြီ။
Anime စတိုင် Artwork အလန်းစားတွေနဲ့ Batman ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။
Bat Family , Justice League , ဘတ်မန်းရဲ့ ဗီလိန်ကြီး Ras al Ghul တို့ကိုအားလုံးကို Costume ဒီဇိုင်းအလန်းစား Fight Scene ခပ်လန်းလန်းတွေနဲ့ မြင်ရမှာဖြစ်ပါတယ်။
DC ကထုတ်တဲ့ animated movie တွေဆိုရင် အတော်လေးအားစိုက်ထားတာကို ကြည့်တာနဲ့သိသာပါတယ်။
ယာကူဇာလိဂ်အဖွဲ့နဲ့ Bat family ရင်ဆိုင်ကြတဲ့ အလန်းစား Animated ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/234

27.03.202502:40
Doraemon: Nobita and the Legend of the Sun King (2000)
ကျောင်းကပွဲအတွက် နိုဘီတတို့သူငယ်ချင်းတွေ လေ့ကျင့်နေကြတဲ့အချိန်မှာ ခံစားချက်ထည့်လို့ကောင်းဖို့ ဒိုရေမွန်က ဇာတ်ခုံအပြင်အဆင်တွေကို တကယ့်အစစ်အတိုင်း သူ့အိတ်ကပ်ထဲက စက်တစ်ခုကိုသုံးကာ ပြင်ပေးထားပါတယ်။ပြဇာတ်လေ့ကျင့်ပြီးလို့ နားနေကြတုန်းမှာ ကျိုင်းယန့်က အဲဒီစက်ကို လုယူသွားလို့ ဒိုရေမွန်တို့ စက်ကိုပြန်ယူဖို့ အချိန်ပေါက်စက်ကို သုံးရပါတော့တယ်။ အချိန်ပေါက်စက်နဲ့ ကျိုင်းယန့်အိပ်ခန်းထဲကို ညအချိန်ပြောင်းပြီး ဝင်ယူဖို့လုပ်ပေမယ့် နိုဘီတကြောင့် ကျိုင်းယန့်နိုးသွားပြီး မအောင်မြင်ခဲ့ပါဘူး။ဒါ့အပြင် မထင်မှတ်ဘဲ အချိန်ပေါက်စက်ပါ ပျက်စီးသွားပါတော့တယ်။ အချိန်ပေါက်စက်က ချို့ယွင်းသွားပြီး မာရာနာတိုင်းပြည်လို့ခေါ်တဲ့ နေရာတစ်ခုနဲ့ သွားချိတ်ဆက်နေမိတာပါ။ ဒီလိုနဲ့ နိုဘီတနဲ့ဒိုရေမွန်တို့ ဝင်ကြည့်မိရင်း ကြုံတွေ့ရမယ့် စွန့်စားခန်းတွေကတော့…
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/243

18.04.202506:46
Scarygirl (2023)
ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoon/634

31.03.202503:53
The Iron Giant (1999)
ဒီနေ့အတွက် IMDb rating 8.0/10 ရရှိထားတဲ့ Animation ကားလေး တင်ပေးလိုက်ပါတယ်။အချိန်ကာလက စစ်အေးကာလ အမေရိကန်နဲ့ ဆိုဗီယက်တို့ အပြင်းအထန် အားပြိုင်နေချိန်ပေါ့။ အဲ့လိုအချိန်မှာ ဆိုဗီယက်က ကမ္ဘာ့ပထမဆုံး ဂြိုဟ်ထုဖြစ်တဲ့ Sputnik I ကြီးလွှင့်လိုက်တော့ အမေရိကန်မှာဆိုဗီယက် ကျူးကျော်စစ်တို့၊ ကောင်းကင်ကကျလာမယ့် ဆိုဗီယက် စစ်လက်နက်တွေတို့ အကြောင်း တွေးရင်း ပြောရင်း အရမ်း Paranoid ဖြစ်နေချိန်ပေါ့။အဲ့လိုအချိန်မှာ Hogarth Hughes လိုခေါ်တဲ့ ၁၂ နှစ်အရွယ်လောက်ကောင်လေး ဟာ သူ့အမေ Annie နဲ့ အမေရိကန်ကကမ်းရိုးတန်း နယ်စွန်နယ်ဖျား မြို့လေးရဲ့ အစပ်မှာ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ Annie ဟာ အလုပ်ကနေ အိမ်ပြန်တာနောက်ကျမှာဖြစ်လို့Hogarth တစ်ယောက်ထဲ အိမ်မှာ ရှိနေချိန် တီဗွီအင်တင်နာကို တစ်ခုတစ်ခုက ချိုးယူသွားတဲ့အခါ ဇာတ်လမ်းစတော့ တာပါပဲ။ သတ္တိရှိပြီး စူးစမ်းစိတ်အပြည့်ရှိတဲ့ Hogarth လေးဟာ တောထဲအထိ သူ့ အင်တင်နာချိုးသွားတဲ့ အရာကိုလိုက်ရှာရာမှာတော့ ပေ ၁၀၀ ခန့်မြင့်တဲ့ သံမဏိ စက်ရုပ်ကြီးဟာ သူ့အင်တန်နာကို စားသွားတာဖြစ်ကြောင့် အံ့သြဖွယ်ရာ သိရှိ လိုက်တဲ့ အခါမှာတော့...
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/255

26.03.202503:29
Batman Ninja (2018)
Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka Catwoman နဲ့တွေ့ပါတော့တယ်။Selina Kyle အကြောင်းစုံရှင်းပြတဲ့အခါမှာ Batman ဟာ ဂျပန်ပဒေသရာဇ်ခေတ်ကို သူများတွေထက် ၂နှစ်ကြာနောက်ကျပြီးမှ ရောက်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။သူရောက်သွားတဲ့အချိန်မှာပဲ Time Jump နဲ့အတူ ပါလာတဲ့ Gotham ရဲ့ Villainတွေဖြစ်တဲ့Joker,Penguin,Two Faces,Deathstroke,Poison Ivyတို့ဟာပိုင်ဆိုင်ရာနယ်မြေအသီးသီးဆီမှာအုပ်ချုပ်နေပြီးတော့Groddတစ်ကောင်ကတော့အချိန်ယန္တရားနဲ့အတူပျောက်နေပါတယ်။ထိုခေတ်ကနေ ထွက်နိုင်မယ့်တစ်ခုတည်းသောသော့ချက်ဖြစ်တဲ့အချိန်ယန္တရားကိုBatmanတစ်ယောက်ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/239

13.04.202504:01
Dongeng Sang Kancil (2024)
သမင်ငယ်လေးရဲ့ပုံပြင်လို့အဓိပ္ပါယ်ရတဲ့Dongeng Sang Kancil ကာတွန်းကားလေးကတော့မလေးရှား Animation ကားလေးဖြစ်ပါတယ်။ယုန်သမင်ငယ်လေးတစ်ကောင်ဟာ ဘာမှန်းမသိတဲ့အရိပ်မည်းကြီးက မိခင်ကိုသတ်ဖြတ်ခဲ့တာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူကြီးပြင်းလာတဲ့အခါ အမေဖြစ်သူအတွက် လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ယုန်သမင်လေးအရွယ်ရောက်လာချိန်မှာတော့သူ့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ တောထဲကသတ္တဝါတွေကိုကူညီပေးလေ့ရှိတာကြောင့် တောတွင်းသတ္တဝါတွေအားကိုးရတဲ့တိရစ္ဆာန်လေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ယုန်သမင်ဟာ မြေပြင်၊ ကောင်းကင်နဲ့ရေထဲကအင်အားကြီးသားရဲတွေဖြစ်တဲ့ ဆင်၊ လင်းယုန်နဲ့မိချောင်းကိုတောင် သူ့ရဲ့ဉာဏ်ပညာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ယုန်သမင်ဟာ သူ့အမေကိုသတ်ခဲ့တဲ့အရိပ်မည်းကိုရှာပုံတော်ထွက်တဲ့ခရီးမှာ အားနည်းတဲ့ယုန်သမင်လေးတစ်ကောင်ဖြစ်သော်ငြားလည်း သူ့ဉာဏ်ရည်ကိုသုံးပြီးအင်အားကြီးတဲ့သားရဲတွေနဲ့ တောတွင်းသတ္တဝါတွေနဲ့အကူအညီကိုရအောင်ယူရင်း ကြောက်စရာကောင်းတဲ့သားရဲကြီးတစ်ကောင်ဖြစ်တဲ့အရိပ်မည်းကိုအနိုင်ပြခဲ့ပုံကိုကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်👇
https://t.me/mxtcartoonnn/295

02.04.202502:22
Solo Leveling Season 2 Episode 13 ဇာတ်သိမ်းပိုင်း ရပါပြီ။
Episode - 13👇
https://t.me/mxtani/213
Link Collection👇
https://t.me/mxtani/130
Episode - 13👇
https://t.me/mxtani/213
Link Collection👇
https://t.me/mxtani/130

18.04.202508:55
TikTok, Facebook, Instagram, Youtube, Telegram, X စတဲ့ social app တွေရဲ့
Like , View , Comment , Follower စတာတွေကို boosting လုပ်ဖို့ သင်တန်းလေးလက်ခံနေပါပြီရှင့်။
ဒါ့အပြင် website ထဲမှာ Telegram premium, Telegram star, Canva pro, Capcut pro စတာတွေလဲပါဝင်ပါသေးတယ်။
ပြန်ပဲ boost ရောင်းချင်တာပဲဖြစ်ဖြစ် ကိုယ်တိုင် boost ချင်တာပဲဖြစ်ဖြစ် စျေးတန်တန်နဲ့ boosting classလေး လာတက်လို့ ရပြီနော်
Boosting class fee - 6000 ks📌
ခုချိန်မှာ 6 ထောင်ရင်းပီး အမြတ်တွေများကြီးရှာနိုင်ပါတယ် ဘာလို့ဆို social Boosting တွေက အရမ်းကိုလူတွေအသုံးများလာကြလို့ပါနော်
____
ဒါ့အပြင် MLBB Dia ဖြည့်နည်း class လေးလဲလာတတ်လို့ရပါတယ်
Dia ကိုယ်တိုင်ဖြည့်တတ်သွားပြီဆိုရင် တခြားမှာဝယ်တာထက် 3ပုံ 1ပုံသက်သာပါတယ်နော်
Dia Class fee - 10000 ks📌
သင်တန်းစုံစမ်းလိုပါက - @imnotfeifei

Ko'proq funksiyalarni ochish uchun tizimga kiring.