Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Anime series《MMSUB》 avatar

Anime series《MMSUB》

Anime များကို Reupload ပြန်တင်​သော channel ဖြစ်ပါသည်။ ​ကြော်ငြာကိစ္စများဆက်သွယ်စုံစမ်းလိုပါက- @HARRINGTON_05 🙇‍♂️
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaApr 07, 2025
TGlist-ga qo'shildi
Apr 07, 2025
Muxrlangan guruh

Rekordlar

22.04.202523:59
60.3KObunachilar
03.04.202511:44
100Iqtiboslar indeksi
21.04.202504:04
1.5KBitta post qamrovi
21.04.202504:04
1.5KReklama posti qamrovi
18.04.202523:59
2.08%ER
20.04.202523:59
2.56%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
06 APR '2513 APR '2520 APR '25

Anime series《MMSUB》 mashhur postlari

Welcome to Japan, Ms. Elf!《MMSUB》

(Nihon e Youkoso Elf-san) 🇯🇵

Genres: Comedy, Supernatural 🎭

Kazuhiro Kitase ဆိုတဲ့ကောင်လေးက အိပ်ရတာကို အလွန် ကြိုက်နှစ်သက်သူဖြစ်ပြီး သူအိပ်တိုင်းလည်း အိပ်မက်ထဲမှာ ထူးဆန်းတာတွေပြည့်နေတဲ့ ကမ္ဘာတစ်ခုကိုရောက်သွားတတ်ပြီး စွန့်စားခန်းတွေဖွင့်လေ့ရှ်ိပါတယ်။ တစ်နေ့ Kitase ဟာ သူ့ရဲ့အိပ်မက်ကမ္ဘာထဲမှာ Elf မလေး တစ်ယောက်နဲ့တွေ့ခဲ့ပြီး သူပြန်နိုးလာတဲ့ အခါမှာတော့ ထူးဆန်းစွာနဲ့ သူ့အိပ်မက်ထဲက elf မလေးက သူ့ဘေးနားရောက်နေပါတယ်။ ဒီလိုနဲ့  isekai လာတဲ့ Elf မလေးကို Kitase တစ်​ယောက် လိုက်ပြီးစောင့်ရှောက်​​ပေးရ​တော့တဲ့အခါ...

Ep 1 to 12 END🔗
https://t.me/animemmuser2/2076

===========================
Even Given the Worthless "Appraiser" Class, I'm Actually the Strongest《MMSUB》

(Fuguushoku "Kanteishi" ga Jitsu wa Saikyou Datta: Naraku de Kitaeta Sa
ikyou no "Shingan" de Musou suru) 🇯🇵

Genres: Action, Adventure, Fantasy 🎭

တစ်ခါတုန်းက ထူးဆန်းထွေလာတွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အလုပ်တွေဟာ မွေးကတည်းက ဘုရားကသတ်မှတ်ပေးထားပြီးသားဖြစ်ပြီးတော့ သူရဲကောင်းတွေဟာ မွေးဖွားလာကတည်းက သူရဲကောင်းဆိုတဲ့ တံဆိပ်ကြီးနဲ့ပေါ့ဗျာ။ ဒီကားလေးမှာတော့ အဓိကဇာတ်ကောင် Ein ဟာ ရာဖြတ် တစ်ယောက်ဖြစ်ပါတယ်။ ရာဖြတ်ဆိုတာက​တော့ ပစ္စည်းတစ်ခုကို ဘယ်လောက်တန်ကြောင်း ဘယ်လောက် အဖိုးတန်လဲဆိုတာကို ခန့်မှန်းဆုံးဖြတ်ပေးရတာပါ။ သူဟာ ဒီလိုမျိုး ဘာမှ သုံးစားမရဘူးဆိုတဲ့ ရာဖြတ်စွမ်းရည်နဲ့ ဘယ်လိုမျိုး အံ့ဩဖွယ်တွေကို ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

Ep 1 to 12 END⤵️
https://t.me/animemmuser3/881

===========================
09.04.202508:58
Can a Boy-Girl Friendship Survive?《MMSUB》

(Danjo no Yuujou wa Seiritsu suru?)🇯🇵

Genres: Romance, Comedy 🎭

တစ်သက်လုံး အချစ်ဆုံးသူငယ်ချင်း လုပ်ကြမယ်လို့ ကတိပေးထားတဲ့ Himari Inuzuka နဲ့ Yuu Natsume ဟာ 2 နှစ်တာကာလထဲ ဆက်ဆံရေးမှာဘာတိုးတက်မှုမှ မဖြစ်ထွန်းခဲ့ပါဘူး။ Himari Izuzuka ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ကောင်မလေးပါ၊ Yuu Natsume ဆိုတဲ့ကောင်လေးကတော့ အပင်တွေကိုချစ်တဲ့ကောင်လေးပေါ့။ Himari က Yuu သာ သူ့ဘဝမှာ ရည်းစားမရခဲ့ဘူးဆိုရင် တာဝန်ယူပေးမယ်လို့ ဆုံးဖြတ်ထားတဲ့သူပါ။ သူငယ်ချ​င်းလို့သာ ပါးစပ်ဖျားကပြောနေပေမဲ့ နှလုံးသားထဲမှာတော့ သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေးတွေက ရှိနေတဲ့အခါ...

Episode-1 (ongoing)
https://t.me/+qQC1PfGnAGM0Mzc1

===========================
Devil May Cry (2025)👩‍👩‍👦‍👦

Genres: Action, Adventure 🎭

Game ဆော့နေကြ ကိုကိုမမတို့နဲ့ မစိမ်းတဲ့ဂိမ်းလေးတစ်ခုကို Netflix ကနေပြီး Animation အဖြစ်ဖန်တီးပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ လူသားမျိုးနွယ်တွေနဲ့ နတ်ဆိုးတွေဟာ ပရလောကစည်းပေါက်ပြီး၊ တစ်ဖက်ကို ကျူးကျော်စစ်တွေ အပြန်အလှန်နွှဲလာကြတယ်ပေါ့လေ။ ဒါတွေက ဘာလို့ဒီလိုဖြစ်တာလဲဆိုတာကိုတော့ ပထမပိုင်းမှာတင်သိလာပါလိမ့်မယ်။ ဖိုက်တင်ခန်းကောင်းကောင်း၊ Animation ကောင်းကောင်းနဲ့ witcher animated စီးရီးကိုတောင်သွားသတိရမိတယ်။ ဒီကားကတော့ ပိုကောင်းတာ​ပေါ့​လေ။ ဒါ​ပေမဲ့ Eng dub နဲ့ပဲလာတာမို့ eng dub နဲ့ပဲကြည့်ရမှာပါ...

Ep 1 to 8 စဆုံး⤵️
https://t.me/+-aQZgP25t4ZiNWU1

===========================
Medaka Kuroiwa Is Impervious to My Charms《MMSUB》

(Kuroiwa Medaka ni Watashi no Kawaii ga Tsuujinai)🇯🇵

Genres: Romance, Comedy 🎭

Tokyo ကို ပြောင်းလာတာ ၁ နှစ်ရှိပြီဖြစ်တဲ့ Kawai Mona ဆိုတဲ့ Osaka သူလေးက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ငယ်ငယ်ကတည်းက ယောက်ျားလေးတိုင်းရဲ့ အသဲကျော်လေးဖြစ်ပါတယ်။ ဆိုပေမယ့် အဲ့ဒီထဲမှာ သူ့ဘေးနားမှာထိုင်တဲ့ Kuroiwa Medaka တော့မပါပါဘူး။ သူနေခဲ့တဲ့ ရွာမှာက မိန်းကလေးဆို အသက်ကြီးပိုင်းတွေပဲရှိတဲ့အတွက် ချောချောလှလှလေး‌တွေကို လက်တွေ့မမြင်ဖူးသလို ရည်းစားလည်း မထားဖူးရှာပါဘူး။ ‌ဒီဟာကို Mona က လက်မခံနိုင်တော့ နည်းမျိုးစုံနဲ့ Medaka ကြွေလာအောင်ကြိုးစားတဲ့အခါမှာ လူဆိုတော့ တဏှာစိတ်မကင်းပဲ စိတ်ထဲတော့ ကလိလိဖြစ်နေရှာပေမယ့် ရုပ်တည်ကြီးနဲ့ အမြဲပြန်ဖြဲခြောက်တော့ Mona ကလည်း နည်းအမျိုးမျိုးနဲ့ သူ့ကို ကြွေအောင်ကြိုးစားပါတာ့တယ်။ ဒီလိုနဲ့ Osaka သူလေးက တောသားလေးကို ဘယ်လိုမျိုး အရည်ပျော်ကျသွားအောင်လုပ်မလဲဆိုတာ...

Ep 1 to 12 END🔗
https://t.me/animemmuser2/2016

===========================
WITCH WATCH《MMSUB》

Genres: Comedy, Supernatural 🎭

Nico Wakatsuki ဆိုတဲ့စုန်းမလေးဟာ ၆ နှစ်တာ စုန်းမကျောင်းကိုတတ်ပြီးနောက်မှာတော့ တရားဝင်စုန်းမ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ စုန်းမ အသစ်တစ်ယောက်ဖြစ်ပြီးနောက်မှာတော့ Nico ဟာ တစ်ခြားစုန်းမတွေလို တိရစ္ဆာန်တစ်ကောင်ကို ပါတနာအဖြစ်မရွေးပဲ သူ့ရဲ့ငယ်သူငယ်ချင်း Morihito "Moi" Otogi ဆိုတဲ့ကောင်လေးကိုရွေးချယ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ မှော်ကမ္ဘာကစွန့်စားခန်းအသစ်တွေစတင်လာပါတော့တယ်...

Episode-1 (ongoing)
https://t.me/+PzPLqruEOqgwNWNl

===========================
10.04.202508:11
The Beginning After The End《MMSUB》

(Saikyou no Ousama, Nidome no Jinsei wa Nani wo Suru?)🇯🇵

လုံးဝလက်မလွှတ်သင့်တဲ့ ရှယ်မိုက်မဲ့ Isekai ကားအသစ်လာပါပြီ...


Genres: Action, Drama, Fantasy 🎭

သောက်ရမ်းကြမ်းတဲ့ ဘုရင်ကြီးတစ်ပါးရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Grey ဆိုတဲ့ ဘုရင်ကြီးဟာ အရမ်းကြမ်းပြီးတော့ အစွမ်းဆုံးဘုရင်ကြီးတစ်ဦးဖြစ်ပြီး အနားမှာရှိတဲ့သူတွေဟာ အားနည်းပြီးတော့ နောက်ကျောကို ဓားထိုးခံရမှာဆိုးလို့ ဘယ်သူ့ကိုမှလဲ အယုံအကြည်မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီးကျရှုံးခန်းကို ရောက်ရှိပြီးတော့ သေဆုံးကာ နောက်ဘဝမှာ Arthur ဆိုတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ မှော်ကမ္ဘာကြီးတစ်ခုမှာပြန်လည်မွေးဖွားလာခဲ့တယ်ပေါ့ဗျာ။ ချစ်စရာကောင်းတဲ့မိသားစုလေးမှာ ‌အေးအေးချမ်းချမ်းနေထိုင်ပြီးတော့ မှော်ပညာအသစ်တွေကိုလေ့လာနေရင်း Arthur ရဲ့ မိသားစုကို တိုက်ခိုက်မှုတစ်ခုကနေ အစပြုလာတဲ့အခါမှာတော့...

Episode-2 (ongoing) ✔️
https://t.me/+vvGktbtFRedhM2Vl

===========================
Fire Force S3《MMSUB》

Genres: Action, Drama, Sci-Fi,
Supernatural
🎭

Anime ဖန်တိုင်း မကြည့်ဖူးရင်​တောင် သိပြီးသားဖြစ်​လောက်မှာပါ။ ​ရှေ့ကထွက်ခဲ့တဲ့ season နှစ်ခုမှာလဲ အရမ်းမိုက်ခဲ့တဲ့အတွက် review​တော့ ​ထွေ​ထွေထူးထူးလိုမယ်မထင်​တော့ပါဘူး။ အခု S3 မှာ​တော့ ညီအကို နှစ်ယောက်ရဲ့ အားပြိုင်မှုတွေကိုပိုမိုမြင်​တွေ့ရမှာပဲဖြစ်ပါတယ်။ ရှယ်ကြမ်းရှယ်မိုက်တဲ့ကား​ကောင်း​လေးမို့ အားလုံးပဲ လက်မလွှတ်သင့်ပါ​ကြောင်း...

S1, S2 ပြန်ကြည့်ရန်နှိပ်ပါ⬅️

S03E01 (ongoing)
https://t.me/+wF3JKw8BWPdmYzQ9

===========================
The Beginning After The End《MMSUB》

(Saikyou no Ousama, Nidome no Jinsei wa Nani wo Suru?)🇯🇵

လုံးဝလက်မလွှတ်သင့်တဲ့ ရှယ်မိုက်မဲ့ Isekai ကားအသစ်လာပါပြီ...


Genres: Action, Drama, Fantasy 🎭

သောက်ရမ်းကြမ်းတဲ့ ဘုရင်ကြီးတစ်ပါးရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Grey ဆိုတဲ့ ဘုရင်ကြီးဟာ အရမ်းကြမ်းပြီးတော့ အစွမ်းဆုံးဘုရင်ကြီးတစ်ဦးဖြစ်ပြီး အနားမှာရှိတဲ့သူတွေဟာ အားနည်းပြီးတော့ နောက်ကျောကို ဓားထိုးခံရမှာဆိုးလို့ ဘယ်သူ့ကိုမှလဲ အယုံအကြည်မရှိပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဘုရင်ကြီးကျရှုံးခန်းကို ရောက်ရှိပြီးတော့ သေဆုံးကာ နောက်ဘဝမှာ Arthur ဆိုတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ မှော်ကမ္ဘာကြီးတစ်ခုမှာပြန်လည်မွေးဖွားလာခဲ့တယ်ပေါ့ဗျာ။ ချစ်စရာကောင်းတဲ့မိသားစုလေးမှာ ‌အေးအေးချမ်းချမ်းနေထိုင်ပြီးတော့ မှော်ပညာအသစ်တွေကိုလေ့လာနေရင်း Arthur ရဲ့ မိသားစုကို တိုက်ခိုက်မှုတစ်ခုကနေ အစပြုလာတဲ့အခါမှာတော့...

Episode-3 (ongoing) ✔️
https://t.me/+vvGktbtFRedhM2Vl

===========================
Wind Breaker S2《MMSUB》

(Uindo Bureikā) 🇯🇵

Genres: Action, School 🎭

ကျောင်းသားလူမိုက်တွေကို အခြေခံထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ S1 တုန်းကလဲ အ​တော်​လေးနာမည်ကြီးလူကြိုက်များခဲ့ပြီး ရှယ်လန်းခဲ့တာမို့ အခု S2 မှာလဲ ဘယ်လိုပက်ရန်ဖြစ်ကြဦးမလဲ? ဘယ်လို​တွေပွဲကြမ်းကြဦးမလဲဆိုတာ တိုက်တာခိုက်တာ​တွေကို ကြိုက်ရင်​တော့ ဒီကား​လေးကို လက်မလွှတ်သင့်ပါ...

Season-1 ပြန်ကြည့်ရန်နှိပ်ပါ⬅️

S02E01 (ongoing)✔️
https://t.me/+2Kt3f6yCZVw2ZTY1

===========================
08.04.202508:02
Ishura S2《MMSUB》

Genres: Action, Adventure,
Dark Fantasy
🎭

ကမ္ဘာကြီးကို အ​ကြောက်တရားနဲ့အုပ်ချုပ်တဲ့ နတ်ဆိုးဘုရင်​သေသွားပြီးတဲ့​နောက်မှာ နတ်ဘုရားတစ်ပိုင်းတွေဟာ ကမ္ဘာကြီးကိုဆက်ခံဖို့ကြိုးပမ်းလာကြပါတယ်။ ရန်သူကိုတစ်ချက်တည်းနှိမ်နင်းတဲ့ ဆရာကျတဲ့ ဓားချွန်သမား၊ အသံကိုတောင် ဖြိုခွင်းနိုင်တဲ့လှတံရှည်သမား၊ ဒဏ္ဍာရီလာလက်နက် ၃ ခုကိုတစ်ခါတည်း အသုံးပြုနိုင်တဲ့နဂါးသတ်သမား၊ စိတ်ချင်းထိဆက်သွယ်ပြောဆိုနိုင်တဲ့ အရမ်းစွမ်းတဲ့မှော်ဆရာ၊ အရမ်းကိုကြမ်းလွန်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား၊ "True Hero," ဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိဖို့ ဒီလူစွမ်းကောင်းတွေဟာတစ်ဦးနဲ့တစ်ဦး ယှဉ်ပြိုင်ဖို့ဖြစ်လာပြီး အကြမ်းတကာ့အကြမ်းဆုံးတွေရဲ့ တိုက်ပွဲဟာစတင်လာပါ​တော့တယ်...

➡️Season-1 ပြန်ကြည့်ရန်နှိပ်ပါ

S2 ep 1 to 12 စဆုံး⤵️
https://t.me/+BiF4_p_4sXBkZmZl

===========================
ပိုက်ဆံ၅သောင်း Gw

Sub 500ပြည့်ရင်တန်းဖောက်ပေးမယ်

တန်းဖိုး - 50000ks
👾

Joinရန်လုပ်နည်း
🤠

ပြထားတဲ့Channelလေးjoinရမယ်

Channel link
⬇️

@waihinooCaindo086


ပီးရင် 5 Dm or 5gp share Screenshortနဲ့ 1 to 400ကြိုက်တာမန့်ခဲ့

မှတ်ချက် -
Ruleမညီလျှင်မပေးပါ Channelမjoinထားရင်မပေးပါ
နံပါတ်ထပ်လျှင်အရင်မန့်သူရမည်
#CAINDO.
Aharen-san wa Hakarenai S2《MMSUB》

ပေါ့​ပေါ့ပါးပါး​လေးနဲ့ ချစ်စရာ​ကောင်းတဲ့ကား​လေး season2 ထွက်ရှိလာပါပြီ...


Genres: Romance, Comedy, School 🎭

လူမှုဆက်ဆံရေးညံ့တဲ့ကောင်မလေး Aharen-san ၊ သူ့ရဲ့အတန်းဖော် Raido က သူပြုတ်ကျတဲ့ ခဲဖျက်ကို ကောက်ပေးတာကြောင့် သူနဲ့ Raido က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားပြီလို့ ဆုံးဖြတ်ခဲ့သူပေါ့။ စာလုပ်တာပဲဖြစ်ဖြစ် Arcade မှာကစားတာပဲဖြစ်ဖြစ် နေ့လည်စာစားချိန်မှာပဲ ဖြစ်ဖြစ် ဘာလာလာဒေါင်းပြီး Raido နဲ့ အချိန်ဖြုန်းရဖို့ အမြဲကပ်နေတဲ့ကောင်မလေးပါ။ ဒီကားလေးကတော့ လူမှုဆက်ဆံရေးညံ့တဲ့ကောင်မလေးတစ်ယောက်က သူငယ်ချင်းရပြီးနောက် ဘယ်လိုအရာတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်...

Season-1 ပြန်ကြည့်ရန်နှိပ်ပါ⬅️

S02E01 (ongoing)✔️
https://t.me/+BazdEyPsOCIyMmZl

===========================
From Bureaucrat To Villainess: Dad's Been Reincarnated!《MMSUB》

(Akuyaku Reijou Tensei Ojisan)🇯🇵

ဗီလိန်မလေးအဖြစ်ဝင်စားတဲ့ ဦးလေးကြီး


Genres: Comedy, Fantasy 🎭

ကားတိုက်ခံလိုက်ရတဲ့ အသက် ၅၂ နှစ်အရွယ် အစိုးရဝန်ထမ်း Kenzaburou Tondabayashi ဟာ သူ့သမီးရဲ့အကြိုက်ဆုံး Game ထဲက ဗီလိန်မလေးအဖြစ် ဝင်စားခဲ့ပါတယ်။ သူဝင်စားလိုက်တဲ့ ဗီလိန်မလေးကတော့ မာနကြီးပြီးအထက်စီးဆန်တဲ့ Grace Auvergne ဆိုသူ ကောင်မလေးပါ။ Kenzaburou ဟာ Game ရဲ့ ဇာတ်ကြောင်းနဲ့ကိုက်အောင် Grace ရဲ့မူလအကျင့်အတိုင်း သရုပ်ဆောင်နေပေမဲ့ သူရဲ့ကြင်နာတတ်တဲ့စရိုက်နဲ့ ယဥ်ကျေးတဲ့ အပြုအမူတွေကြောင့် လူမုန်းများသင့်တဲ့ ဗီလိန်မလေးဟာ လေးစားခြင်းခံနေရတဲ့အခါ ဘာဆက်ဖြစ်လဲဆိုတာ...

Ep 1 to 12 END🔗
https://t.me/animemmuser2/2049

===========================
Toilet Bound Hanako-Kun《MMSUB》S2

(Jibaku shounen Hanako-kun)🇯🇵

Genres: Horror, Comedy, Supernatural 🎭

ကျွန်တော်တို့ အထက်တန်းကျောင်းတွေမှာလည်း 'ကောလဟာလတွေ' ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့သဘာဝလွန်အရာတွေက 'ကောလဟာလ' ကနေ အမှန်ဖြစ် တည်လာကြတယ်လို့ဆိုပါတယ်။ ယုံကြည်တဲ့လူများလေလေ အဲ့ဒီသဘာဝလွန်အရာက စွမ်းအားကြီးလေပါပဲ။

ကျောင်းကြီးထဲ အံ့ဖွယ်၇ခုနဲ့ ထူးဆန်းတဲ့ သဘာဝလွန်အရာတွေရှိပါတယ်။ မိန်းကလေးသုံးအိမ်သာထဲက Hanako သရဲက အံ့ဖွယ် ၇ခုထဲက ၇ခုမြောက်ပေါ့။ အဲ့သရဲအကြောင်း ကောလဟာလတွေအရ ဒီသရဲဟာ အိမ်သာတံခါးကိုခေါက်ပြီး သူ့ကိုခေါ်တဲ့ ကျောင်းသားတိုင်းကို ဆန္ဒတစ်ခုဖြည့်စည်းပေးပါတယ်တဲ့။ အလကားတော့မရဘူးပေါ့၊ အဲ့ဆန္ဒကို ဖြည့်စည်းနိုင်ဖို့ အလဲအလှည်အနေနဲ့ ကျောင်းသားတွေရဲ့တန်ဖိုးထားတဲ့ အရာတစ်ခုနဲ့လဲလှယ်ရမှာပါ။ တစ်နေ့ရောက်တော့ Nene Yashiro ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့ အချစ်ရေးအတွက်ဆုတောင်းဖို့ အိမ်သာတံခါးကို ခေါက်လိုက်တဲ့အချိန်မှာတော့...

➡️Season-1 ပြန်ကြည့်ရန်နှိပ်ပါ

S2 ep 1 to 12 စဆုံးရပါပြီ✔️
https://t.me/+EKvsn-mI9DkwZmU1

===========================
Ko'proq funksiyalarni ochish uchun tizimga kiring.