حامیان پزشکیان

Airdrop Fam
P
دارک پروکسی | Proxy mtproto

tapswap community

Notcoin Community

Whale Chanel

Proxy MTProto

خبرفوری

My Proxy | مای پروکسی

حامیان پزشکیان

Airdrop Fam
P
دارک پروکسی | Proxy mtproto

tapswap community

Notcoin Community

Whale Chanel

Proxy MTProto

خبرفوری

My Proxy | مای پروکسی

حامیان پزشکیان

Airdrop Fam
P
دارک پروکسی | Proxy mtproto

National News
နေ့စဉ်နှင့်အမျှ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းများကို ဒီချန်နယ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
TGlist reytingi
0
0
TuriOmmaviy
Tekshirish
TekshirilmaganIshonchnoma
ShubhaliJoylashuv
TilBoshqa
Kanal yaratilgan sanaJan 10, 2022
TGlist-ga qo'shildi
Feb 20, 2025Muxrlangan guruh
NN
National News Chat
64
28.03.202516:35
ငလျင်သတင်းတွေကို ဖတ်ရူကြတဲ့အခါမှာ တရားဝင်မဟုတ်တဲ့ တစ်ချို့သတင်းဌာနတွေ နဲ့ အွန်လိုင်းဆယ်လီတွေ တင်နေတဲ့ သတင်းတွေကို ဖြစ်နိုင်မဖြစ်နိုင်အရင် စဉ်းစားပြီးမှ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ငလျင်လှိုင်းများဟာ ကမ္ဘာ့မြေအောက်မှာရှိတဲ့ မြေသားကျောက်ဆောင်များ အချင်းချင်းတွန်းတိုက်ကြတာကြောင့်ပေါ်ပေါက်လာတာပါ။ ငလျင်လှုပ်ခြင်းကို မည့်သည့် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် ပညာရှင်မှ အချိန်အတိအကျကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိပါဘူး။
ငလျင်လှိုင်းများဖြစ်ပေါ်မယ့်အချိန်ကိုလည်း ခန့်မှန်းနိုင်ဖို့ခက်ပါတယ်။ ဆူနာမီလှိုင်းများအတွက်သာ သတိပေးချက်များထုတ်နိုင်ပါတယ်။ တစ်ချိူ့သတင်းဌာနတွေမှာတင်နေသလို ငလျင်လှိုင်းများ ပဲခူးရောက်နေပြီ၊ ရန်ကုန်ရောက်နေပြီလို့ ဖော်ပြရေးသားနေတာများဟာ စိတ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စိုးရိမ်စိတ်များပိုဖြစ်အောင် လှုံဆော်ရေးသားနေတာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ follower attention ရှာနေတာကိုလည်း ရပ်တန့်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ငလျင်အကြောင်း ရွေးတင်နေတဲ့ Page တစ်ခုဆိုရင် ယခုလိုငလျင်လှုပ်မယ်ဆိုတာ နေ့တိုင်း နှစ်တိုင်း နှစ်နဲ့ ချီ တင်နေတာ ကြာမြင့်နေပါပြီ။ ယနေ့ လှုပ်တဲ့ ငလျင်နဲ့ အကြောင်းတိုက်ဆိုင် သွားလို့ ကြိုခန့်မှန်းတာ မှန်တယ်ဆိုပြီး ထင်ရတာပါ။ ငလျင်ကို ဗေဒင်ဟော သလိုကြိုခန့်မှန်းလို့လုံး၀မရနိုင်ပါဘူး။
ငလျင်လှုပ်ခတ်ရခြင်းများဟာ ကမ္ဘာ့အပေါ်ယံမြေလွှာအောက်မှာရှိနေတဲ့ tectonic plates များ အချင်းချင်းပွတ်တိုက်ရွေ့လျားမှုကြောင့် အချိန်ကာလတစ်ခုကြာတဲ့အခါ ရုတ်ခြည်းဖြစ်ပေါ်လာတဲ့ စွမ်းအင်ထုတ်လွှင့်မှုဖြစ်ပါတယ်။ ရေအောက် မီးတောင်ပေါက်တဲ့အခါမှာလည်း ငလျင်လှုပ်ခတ်နိုင်ပါတယ်။ကမ္ဘာ့မြေလွှာအောက်မှာ ရုတ်ချည်းဖြစ်တာကြောင့် ကြိုတင်ခန့်မှန်းလို့လည်းမရသလိုနေရာအတိအကျလည်း မှန်းလို့မရပါဘူး။
ကျောက်သားလွှာနှစ်ခု ချိတ်ပြုတ်သလိုဖြစ်ပေါ်မှုကို ကြိုတင်သိရှိနိုင်တယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် တွေးကြည့်နိုင်ပါတယ်။
ယနေ့ဖြစ်ပေါ်သွားတဲ့ ရစ်ချက်စတာစကေး ၇.၇ ရှိတဲ့ မြေငလျင်ကြီးဟာ မြန်မာနိုင်ငံ အလယ်ပိုင်းတောက်လျှောက်မှာတည်ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးလှုပ်ခတ်မှုကြောင့်ဖြစ်ပေါ်ရတာဖြစ်ပါတယ်။ အရင်၁၉၃၀ ကလည်း အခုလိုမျိုးပြင်းအားနဲ့လှုပ်ခတ်ဖူးပါတယ်။
နေကြတ်ခြင်းကြောင့်လည်း ငလျင်လှုပ်ခတ်ရခြင်းဆိုတာလည်း မဟုတ်ရပါဘူး။ နေကြတ်ခြင်းများဟာ ပျှမ်းမျှ ၁၈လ ကို တစ်ခါ ဖြစ်ပေါ်ပါတယ်။ နေကြတ်တာက ကမ္ဘာ့ပေါ်ကို လအရိပ်ကျတာမလို့ မြေသားထုထည်တွေပေါ်သက်ရောက်မှု လုံးဝ လုံးဝ မရှိပါဘူး။ကောင်းကင်မှာဖြစ်ပေါ်နေတဲ့ သဘာဝဖြစ်ရပ်များသာ ဖြစ်ပါတယ်။နေကြတ်ခြင်းကြောင့် ငလျင်ဖြစ်ပေါ်မှာကို ကြောက်လန့်စိုးရိမ်နေဖို့ မလိုပါဘူး။မနက်ဖြန်ဖြစ်ပေါ်မယ့် နေကြတ်မှုနဲ့ငလျင်နဲ့ သက်ဆိုင်မှု လုံးဝမရှိပါဘူး။
ငလျင်ကြီးလှုပ်ခတ်ပြီးရင် ငလျင်ငယ်လေးများလှုပ်ခတ်မှုတော့ ဖြစ်ပေါ်နိုင်ပါတယ် အထူးသဖြင့် ကြွင်းကျန်နေတဲ့ pressure များကြောင့်ဖြစ်ပါတယ်။ ဒါမယ့် ဒီအချက်ကိုလည်း ငလျင်လှုပ်ခတ်မှုပဲဖြစ်တာကြောင့်ကြိုတင်မသိရနိုင်ပါဘူး။
ဆူနာမီလှိုင်းများဟာလည်း ပင်လယ်ရေအောက် ငလျင်လှုပ်ခတ်မှုဖြစ်ပြီးမှသာ ကြိုတင်တွက်ချက်လို့ရနိုင်ပါတယ်။ ဒီနေ့ ဖြစ်ပေါ်တဲ့ မြေငလျင်ကြီးဟာ ကုန်းတွင်းပိုင်းကိုဗဟိုပြုသွားတာကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းနည်းပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင် အပါအဝင် အခြား ငလျင်ပညာရှင်တွေ ၊ အလားတူတရားဝင်အဖွဲ့အစည်းများမှ ထုတ်ပြန်မယ့် သတင်းအချက်အလက်များကိုသာ အတည်ယူကြဖို့ တိုက်တွန်းလိုပါတယ်။
အခုကာလဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် ဝမ်းနည်းစရာ ထိခိုက်ကြေကွဲရတဲ့သဘာဝဘေးအန္တရာယ်ကျရောက်သွားခဲ့တဲ့နေ့ရက်ဖြစ်တာကြောင့် MASES အဖွဲ့သားများကလည်း ထိခိုက်ဆုံးရူံးရတဲ့ မိဘပြည်သူများနဲ့ ထပ်တူဝမ်းနည်းရပါတယ်။လိုအပ်နေတဲ့သူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။သတင်းမှန်တွေကိုဖတ်ရှုလေ့လာခြင်းနဲ့ ကူညီဆောင်မကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။
~ MASES

Repost qilingan:
MWD News

13.04.202512:29
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့ရိုးရာ သင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန် (အေးသင်္ကြန်) တက်ရောက်သည်။ ရန်ကုန် ၊ ဧပြီ -၁၃ ရက်

23.04.202515:13
ရုရှားနိုင်ငံတွင် ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့ ထွက်ခွာ
ရုရှားနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့တွင် ရုရှားနိုင်ငံသို ထွက်ခွာသွားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲမှ အသိပေးထုတ်ပြန်ထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲသည် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို လေကြောင်းခရီးဖြင့် ထွက်ခွာပါတယ်။

03.04.202506:28
မတ်လ(၂၈)ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်များအနေဖြင့် ဧပြီလ(၃)ရက်နေ့ နံနက်(၇)နာရီ (၅၅)မိနစ်အချိန်ထိ (၆၄)ကြိမ် လှုပ်ခတ်
04.04.202515:59
မြေငလျင်သတင်းအမှတ်စဉ် ၇၆
=====================
နေ့စွဲ ၄-၄-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၂၁:၅၅:၂၅
အင်အားပမာဏ - ၄.၇ ရစ်(ခ်)တာစကေး
အနက် - ၂၆ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - စဉ့်ကိုင်မြို့၏ အနောက်တောင်ဘက် (၄) မိုင်ခန့်

03.04.202509:33
မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် ယာယီတည်းခိုစခန်းများအား ဆောက်လုပ်ထားရှိမှုများ
03.04.202513:27
မြေငလျင်သတင်းအမှတ်စဉ် ၆၉
===========
နေ့စွဲ - ၃-၄-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၉း၀၇း၁၄
အင်အားပမာဏ - ၄.၃ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - ကျောက်ဆည်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင်ခန့်

03.04.202514:03
ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသိုရောက်ရှိနေသော နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့် နီပေါနိုင်ငံ ၀န်ကြီးချုပ် H.E Mr.KP Sharma Oli တို နှစ်နိုင်ငံကိစ္စရပ်များကိုတွေ့ဆုံဆွေးနွေး
03.04.202506:53
၃-၄-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီ အချိန်အထိကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦး
Repost qilingan:
Popular Journal

03.04.202513:01
BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် နီပေါနိုင်ငံ ၀န်ကြီးချုပ်တို့ နှစ်နိုင်ငံကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

03.04.202512:59
မြန်မာငလျင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဘင်းမ်စတက်အစည်းအဝေးခန်းမ၌ ၁ မိနစ် ငြိမ်သက်
#AungMoeKyaw
#AungMoeKyaw
24.04.202502:22
ရှမ်းမြောက် လားရှိးခရိုင် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာအုပ်စု မန်ကြူရွာက သာသနာ့ပိုင်မြေထဲမှာ KIA ကချင်သောင်းကျန်းသူအဖွဲကနေ တပ်စခန်း ချထားမှုအပေါ် ဒေသခံရွာသားတွေက ကန့်ကွက်
Repost qilingan:
CINCDS Myanmar

24.04.202502:17
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၂၃
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင် ကြီးမားစွာလှုပ်ခတ်မည်ဟုTiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များမှမုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင်လမ်းရှိနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာတရားခံ John (Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။
Read More>> https://www.cincds.gov.mm/node/28907

24.04.202501:48
ယနေ့စက်သုံးဆီဈေးနှုန်းများ
#news
#nationalnews
#news
#nationalnews

03.04.202515:07
ငလျင်ဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း
Kanaldagi o'zgarishlar tarixi
Ko'proq funksiyalarni ochish uchun tizimga kiring.