21.02.202513:17
သွေးနဲ့ဆပ်ပါမည်
အပိုင်း (၄၀)
“ရထားဖြစ်တယ် ... ရာမ
ပူးပေါင်းဆောင်ရွက်ဖို့အသင့်
အတူအသေခံဖို့အသင့်ပါပဲ”
တစ်ပတ်စဉ်ထဲ အတူတူတိုက်ပွဲဝင်နေရသည်ဆိုသည့် စိတ်နှင့် ထွဋ်ခေါင် ဘာမဆိုရင်ဆိုင်ဖို့ အားအတော်ဖြစ်သွားသည်။
“မသေစေရဘူး .. သူငယ်ချင်း
ငါ အားလုံးကို တတ်နိုင်သမျှ ဒီခန္ဓာ ဒီအသက်နဲ့
အိမ်ပြန်ရအောင် စွမ်းဆောင်ပေးမယ်
လေသူရဲ ငါတို့ သူငယ်ချင်းကြီးလဲ ဒီလိုပဲ ကတိပေးထားပါတယ်”
ဒုမှူးကြီးကောင်းဇော်ထက် ထံမှ ဒီတစ်ခေါက် ကြားရသည့် စကားများကား တိုက်ပွဲဝင်နေသည့် သူ့အတွက် အားရှိစေသလို တိုက်ပွဲဝင်နေသည့် စစ်သည်တွေ အတွက်လဲ အားဖြစ်စေသည်။
“ရထား ... ရာမ
သားသမီးတွေကြားအောင် တစ်ချက်ပြန်ပေါက်ပေးပါဦး
ရာမ သားသမီးတွေ အနားမှာရှိပါတယ်”
ခုအခြေအနေကား သူတင်မက စစ်သည်တွေ စိတ်ဓာတ်မြင့်မားဖို့လဲ လိုသေး သဖြင့် တပ်ရင်းမှူးကို စကားပြောကြားပေးဖို့ ထပ် သတင်းပို့လိုက်သည်။
“ကောင်းပြီ .. ခုပြန်ပေါက်ပေးမယ်
သူငယ်ချင်း အသံ ၅ ချဲ့ပေးထား”
လမ်းလျှောက်စကားပြောစက်မှ Volume ခလုတ်ကို အဆုံးထိ ဆွဲလှည့်ထား လိုက်ပြီး အသင့်ဖြစ်ကြောင်း သတင်းပို့တော့ ဒုမှူးကြီးကောင်းဇော်ထက် စောစောက ပြောခဲ့သည့် အားပေးစကားကိုပင် ပြန်လည်ပြောကြားသည်။
စစ်သည်တွေအားလုံး ထိုစကားသံကြားတော့ မျက်နှာကြောတွေနီမြန်းပြီး မျက်နှာထားတွေ တင်းမာကုန်သည်။ စစ်သားဆိုတာ သူတို့၏ အထက်အရာရှိ စကား တစ်ခွန်းပင်။ အထက်အရာရှိ ကို အားပြုပြီးနေကြသည့်သူများဖြစ်သည်။ အထက် အရာရှိ လုပ်သူက စိတ်ဓာတ်မာလျှင် သူတို့လဲ စိတ်ဓာတ်မာပြီး အထက်အရာရှိ လုပ်သူက စိတ်ဓာတ်ပျော့ညံ့လျှင် သူတို့စိတ်တွေကလဲ ဂယောက်ဂယက်ဖြစ်သည်က ဓမ္မတာပင်။
“ထွဋ်ခေါင် မှ ရာမ
ရာမ သားသမီးတွေ အကုန် အသင့် ပဲ
တိုက်ပွဲဝင်ဖို့သာ ပစ်ကူကို အတိအကျပစ်ပေးပါ”
ထွဋ်ခေါင် အနေဖြင့် လမ်းလျှောက်စကားပြောစက်မှသည် လေကြောင်းပစ်ကူ အတိအကျပေးဖို့ ထပ်မံ တင်ပြလိုက်သည်။
“ခွေးအ တွေဆီ တိုက်ရိုက်ထိရင်
သားသမီးတွေနဲ့ ထွဋ်ခေါင် ထွက်ရှင်းမယ်
ဒီအထိ ရထားဖြစ်လား”
ထွက်ရှင်းမည်ဆိုသည့် သတင်းပို့မှုကိုတော့ ဒုမှူးကြီးကောင်းဇော်ထက် သိပ် သဘောတွေ့ဟန်မတူ။
“ထွက်တော့မရှင်းနဲ့ .. သူငယ်ချင်း
ခွေးအ တွေက ဘာအစီအစဉ်ရှိမှန်းမသိသေးဘူး
လောလောဆယ် လေယာဉ်က နောက်ထပ် ၅ မိနစ်ဆိုရောက်ပြီ
သားသမီးတွေအကုန်လုံးနဲ့ သူငယ်ချင်း
မြေကြီးနဲ့ ပြားနေအောင် ဝပ်ထားပေး
ပြားနေအောင် ဝပ်ထားပေး”
ဝပ်ထားဖို့ကို ထပ်ခါတလဲလဲပြောနေပုံထောက်ရင်တော့ ဗုံးကျဲဖို့အတွက် ကြိုတင် ကာကွယ်ခြင်းဖြစ်နိုင်သည်။
“Target တွေ အရမ်းကပ်နေတယ်
လင်းယုန် က အနီးကပ် စိုက်ဆင်းပစ်မယ်ပြောတယ်
အစတွေ စင်နိုင်တယ်
အားလုံး ခုလေးလုံးကစပြီး ဝပ်ထားပေးပါ ... သူငယ်ချင်း”
အရမ်းနီးကပ်နေသည့် ပစ်မှတ်တွေကို ဗုံးကျဲလျှင် ထိမှန်တတ်တာမို့ ဗဟိုကင်း ရှိ အဖွဲ့များအားလုံးအတွက် ဒုမှူးကြီးကောင်းဇော်ထက် စိုးရိမ်မှုဒီရေက မြင့်နေသည်မှာ အသေအချာ။
“ဟေ့ .. ဝပ် ဝပ်
မြေကြီးနဲ့ ထိနေအောင်ဝပ်
နောက်ထပ် ၅ မိနစ်နေရင် လေယာဉ်လာမယ်”
ပထမဆုံး အပေါ်ထပ်ရှိ စစ်သည်များကို အမိန့်ပေးသည်။ ပြီးတော့ အောက်ထပ် မှ ရဲမင်း ဦးစီးသည့် အဖွဲ့တွေကို လှမ်း အော်ဟစ် စကားဆိုသည်။ အားလုံး ဝပ်ပြီး သေချာကာမှ ထွဋ်ခေါင် မြေပြင်ကို ထိနေအောင်ဝပ်လိုက်သည်။
ဝေါ ကနဲ လေတိုးသံနှင့်အတူ လေယာဉ်ပျံသန်းသံ ထွက်ပေါ်လာသည်။ သေချာသည် ... ဒီအသံနဲ့ဆိုလျှင် MIG-29 လိုမျိုး Fighter လေယာဉ် အသံဖြစ်နိုင် သည်လို့ အတွေ့အကြုံအရ ခန့်မှန်းမိသည်။
သိပ်မကြာခင်မှာပင် လေယာဉ်စက်သံက ခေါင်းတည့်တည့်ကိုရောက်နေသလို အကျယ်ကြီးမြည်ဟီးသည်လို့ ခံစားလိုက်ရသလို အဆောက်အဦးတစ်ခုလုံးလဲ တုန်ခါ တက်နေသလိုစိတ်ထဲဖြစ်မိသည်။
အကြိမ်ပေါင်းများစွာ လေကြောင်းပစ်ကူယူ တိုက်ခိုက်ခဲ့ဖူးသော်လည်း ခုလောက် ထိ နီးကပ်နေသည်လို့မခံစားခဲ့ရဖူး။ ခုတစ်ခေါက်က အတော်ကို နီးကပ်နေသဖြင့် ထွဋ်ခေါင် လို လူမျိုးတောင် ရုတ်တရက် စိုးရိမ်စိတ်တွေများသွားသည်အထိပင်။
“Eagle One to ထွဋ်ခေါင်
Eagle One ... Fire”
မြေပြင်နှင့် ကိုယ်ထိနေအောင် ဝပ်နေသည့်အချိန်မှာ လမ်းလျှောက်စကားပြော စက်မှ စက်ရှဲသံနှင့်အတူ တိုက်လေသူရဲ အသံထွက်ပေါ်လာသည်။
“ဝှီး .. အုမ်း .. ဂျိမ်း
ဝှီး .. အုမ်း .. ဂျိမ်း
ဒက် ဒက် ဒက် ဒက်”
Fire ဆိုသည့် အသံအဆုံး အချိန် စက္ကန့်ပိုင်းပင်မခြားလိုက်ပဲ လေကြောင်း ပစ်ခတ်သံတွေ ဆက်တိုက်ကြားရသည်။ ပစ်မှတ် တိကျတာတွေ မတိကျတာတွေ တော့မသိ။ လေယာဉ်မှ ဗုံးတွေ ဒုံးတွေ စက်သေနတ်သံတွေကတော့ ဆူညံ ပွက်လော ရိုက်သွားသည်။ လက်နက်ကြီးကျည်ပေါက်ကွဲမှုတွေကား အဆောက်အအုံတစ်ခုလုံး ဆွဲလှုပ်ရမ်းလိုက်သလို ခါထွက်သွားသည်။ တုန်ခါမှုတွေ ပြင်းထန်လွန်းသဖြင့် မသိလျှင် အဆောက်အအုံတစ်ခုလုံး ပြိုကျတော့မလိုပင်။ ဗဟိုကင်း မျက်နှာကျက်မှသည် အမှုန် တွေကျလာသည်ကိုလဲ ခံစားရသဖြင့် ရန်သူ သေ/မသေ တော့မသိ။ မိမိတို့တော့ ဗဟိုကင်း ပြိုကျပြီး မာလကီးယားမလားလို့တောင် ထင်မှတ်မိသည်အထိပင်။

17.02.202503:42
မင်းရဲကျော်စွာ တပင်ရွှေထီး ပုံ ညီ
တစ်ခါတစ်လေ လူဆိုတာလဲ အံ့အားသင့်ဖို့ကောင်းတယ်။ ကိုယ် သောက်ဆံ ရရင်ပြီးရော ဆိုပြီး လုပ်တဲ့လူရှိသလို တစ်စုံတစ်ရာ/တစ်စုံတစ်ယောက်ကို မုန်းတီး တာနဲ့ပဲ အရာအားလုံး ပျက်ဆီးရေးကိုလုပ်တဲ့လူတွေလဲရှိသတဲ့။
ဒီနေ့ ၂၀၂၁ ဖေ ၁ မှာ ဒီလိုလူတွေကို တစ်စုတစ်ဝေးတည်း မြင်တွေ့ရတယ်။ လောကရဲ့ နိယာမ ကို သိလိုက်ရလို့ ပညာလဲရရသလို တိုင်းပြည်အတွက်လဲ ရတတ် မအေးဖြစ်ရပါတယ်။
မကြာခင်က အမေရိကန် မှာ ဒေါ်နယ်ထရမ့် အာဏာရလာတယ်။ ဒါပေသိ မရခင်မှာ ဖြစ်ပျက်သွားတာတွေက ထူးတော့ထူးဆန်းတယ်။ သူ့ ပြိုင်ဘက်တွေ မှန်သမျှ ဘေးကို သိသိသာသာ ဖယ်သွားကြရတာမျိုးနဲ့ သူ ဟာ ပြိုင်ဘက်မရှိ အနိုင်ရလာတာ။
အမေရိကန် အနေနဲ့ သူ့ ပြည်ထောင်စုအတွက် နိုင်ငံတော် လုံခြုံရေးနဲ့ မဟာဗျူဟာအရေးအတွက် ထရမ့် နိုင်မှသာ အဆင်ပြေမှာ။ ဒါကြောင့်များ ပြိုင်ဘက်ပါတီတွေနဲ့ နိုင်ငံရေးသမားတွေအားလုံးဟာ ထရမ့် နန်းတက်နိုင်ရေး အတွက် တစ်ခဲနက် ဝိုင်းဝန်း Support ပေးခဲ့ကြတယ်လို့ယူဆတယ်။
ခု ထရမ့် သမ္မတဖြစ်လာပြီးချိန် USAID ကိစ္စတွေ၊ တရားမဝင်နေထိုင်သူ ကိစ္စတွေ ဆောင်ရွက်တာကို ဘယ်ပါတီကမှလဲ မကန့်ကွက်သလို ဘယ်နိုင်ငံရေး သမားကမှလဲ ထော်လော်ကန့်လန့်ပြောမနေဘူး။ ဆိုတော့ ... သူတို့ဆီမှာ အမေရိကန် ဆိုတဲ့ နိုင်ငံက အဓိကပဲ။ အရင်ကတည့်သည်ဖြစ်စေ မတည့်သည်ဖြစ် စေ ပြိုင်သည်ဖြစ်စေ မပြိုင်သည်ဖြစ်စေ အမေရိကန် ကောင်းစားဖို့အတွက်ပဲ ဦးတည်ကြတယ်။ ကျုပ်တို့ဆီနဲ့တော့ ကွာပါ့ဗျာ။
ထားပါ ... စကားလမ်းကြောင်းကရှည်သွားမှာမို့ ခပ်တိုတိုပြန်ချုပ်ရရင် ကျုပ်တို့ မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေကတော့ ဒီလိုမဟုတ်ဘူး။ သူတို့ အာဏာမရလို့ အလုံးစုံပျက်သုဉ်းရေးကိုရွေးခြယ်ခဲ့တယ်။ ပုဂ္ဂိုလ်ရေး အားကိုးမှု များပြီး သူရဲကောင်းဆန်လိုတဲ့ လူငယ်တွေကို သူတို့ရဲ့ အတ္တထဲကိုဆွဲထည့်ကာ နိုင်ငံတော်ကို ဆန့်ကျင်သူပုန်ထခဲ့ကြတယ်။
ဟိုတစ်ရက်က ဆန့်ကျင်ဘက် Telegram Channel တစ်ခုက တင်တဲ့ မူဗီ ဆို Title ဖတ်လိုက်တာနဲ့ ရွံဖို့ကောင်းတယ်။ ဘာတဲ့ “ရှမ်းမန်းစစ်ဆင်ရေးကူတိုက်ပေး ခဲ့တဲ့ PDF တွေရဲ့ အိမ်အပြန်” ဆိုဘဲ။
တကယ်တော့ PDF တွေ တောခိုခဲ့တာက သူတို့ ယုံကြည်မှုအတွက် တောခို ခဲ့တာ။ ဟိုနေရာမှာ စစ်သွားတိုက်လိုက် ဒီနေရာမှာစစ်သွားတိုက်လိုက် အိမ်ပြန် လာလိုက်လုပ်ရတဲ့ ကြေးစားတွေဖြစ်ချင်လို့ တောခိုခဲ့ကြတာမှမဟုတ်တာ။
၁၀၂၇ ကျူးကျော်စစ် မှာ PDF တွေ ဝင်တိုက်ပေးခဲ့ကြတယ်။ ဟိုင်ဂင် ဆွေးနွေးပွဲတွေရဲ့ အလွတ်သဘော ပြောဆိုမှုတွေမှာဆိုရင် တာဘုန်းကျော် ဆိုတဲ့ ငတိက “ခုသေနေတာ ဗမာ PDF တွေသေနေတာ၊ ငါတို့ ပလောင်တွေမသေဘူး” ဆိုပြီး ထုတ်ပြောရတဲ့အထိ စတေးခံခဲ့ကြရတယ်။
ဟော ... ခု ကိုးကန့်၊ ပလောင် တွေဟာ သူတို့လိုချင်တဲ့နေရာလဲရရော PDF တွေကိုနေရာပေးသလား။ နိုးပါ ... ဘယ်မှာလဲမသိဘူး တွေ့လိုက်တဲ့ မူဗီ တစ်ခုမှာ ဆိုရင် ဗမာလူငယ် PDF တစ်ယောက်နဲ့ TNLA တွေနဲ့ စကားတွေများနေကြတာ။ TNLA က အထက်စီးကပဲနော်။ လုံးဝ မလျော့ဘူး။ ဆိုတော့ ... ကိုးကန့် နဲ့ ပလောင် တွေရဲ့ စိတ်ထဲမှာ ဗမာ PDF ဆိုတာ အသုံးချခံပဲ။ ရိုင်းရိုင်းပြောရရင် သူတို့ရဲ့ ခိုင်းဖတ်သာသာ။
ခု AA ဆိုတဲ့ လက်နက်ကိုင်တွေလဲ ဒီသောက်ချိုးချိုးလာပြန်တယ်။ မကွေး၊ ဧရာဝတီမှာ ဒေသခံ PDF တွေကို မြှောက်ပေးတယ်။ PDF တွေအဖို့ မင်း တို့ ကိုမြှောက်ပေးခဲ့တဲ့ ရှမ်းမန်း ဆိုတဲ့ စစ်ဆင်ရေးကို နမူနာယူသင့်နေပြီလို့ ပြောချင် ပါတယ်။ AA တွေ သိမ်းပိုက်ရရှိသွားတဲ့ နယ်မြေတွေမှာလဲ မင်းတို့ကို နေရာ ပေးမှာမဟုတ်ဘူးဆိုတာ ဗေဒင်မေးစရာကိုမလိုပါဘူး။
တကယ်တော့ မြန်မာ ဆိုတာ မြန်လဲမြန်တယ်။ မာလဲမာတယ်။ စစ်တိုက် ချင်စိတ်ပြင်းထန်ပြီး စစ်ရေးစစ်ရာမှာလဲ ကျွမ်းကျင်တယ်ဆိုတာ ဘိုးဘွားဘီဘင် တွေကစပြီး ယနေ့ခေတ်အထိ တပ်မတော်မှာရော ဗမာ PDF မှာရော မြင်တွေ့ နိုင်တယ်။
၁၀၂၇ မှာ ဗမာ PDF တွေ ကူမတိုက်ပေးရင် မြောက်သုံးကောင် အနေနဲ့ ဒီလောက်ထိ ခရီးမပေါက်ဘူးဆိုတာ လောင်းကြေးတောင်ထပ်ရဲတယ်။ ဆိုတော့ ... ဗမာ PDF တွေကို NUG က ဘာနဲ့ သွေးဆောင်ထားလဲဆိုရင် တိုင်းရင်းသားတွေ က ဖိနိုပ်ခံရတယ်။ ဘာညာဆိုပြီး သူတို့ လိုဘ ကို ဖုံးဖို့ သမိုင်းမှားဖြန့်ထားတယ်။
တကယ်တော့ ဗမာ တွေဟာ သမိုင်းစဉ်တစ်လျှောက် ဘယ်တိုင်းရင်းသား ကိုမှ မဖိနိုပ်ခဲ့သလို ဘယ်ဒေသကိုမှလဲ အသားလွတ်မဖျက်ဆီးခဲ့ဘူး။

16.02.202512:56
06.02.202511:09
ယာယီတပ်ရင်းမှူး ဘဝမှ အချုပ်သားဘ၀ သို့ ချက်ချင်းပြောင်းလဲသွားသည့် လောကဓံကို ထွဋ်ခေါင် အလူးအလဲ ခံစားရသည်။ သာမာန်လောကီလူသားပေမို့ ထွဋ်ခေါင် အတွက် ဖြေမဆည်နိုင်အောင်ဖြစ်ရသည်။ မျက်ဝန်းအိမ်မှာ စုစည်းလာသည့် မျက်ရည်စတွေကို ထိန်းသိမ်းရင်း ထွဋ်ခေါင် မငိုမိအောင် ထိန်းသိမ်းထားရသည်။
“ညီလေး .. အဆင်ပြေလား
ဘာလိုသေးလဲ”
ဒကစ မှ ဦးစီး(ပ) ကိုယ်တိုင် အချုပ်ခန်းထဲထိ လိုက်လံပို့ဆောင်ကာ ဝင်ရောက် ကြည့်ရှုပြီး မေးလာသည်ကပင် ကျေးဇူးတင်ဖို့ကောင်းလှသည်။
“ဟုတ် ... ရတယ် G1 ကြီးခင်ဗျ
ပြည့်စုံပါတယ်
ကျေးဇူးတင်ပါတယ်
ကျွန်တော် ဖုန်းလေး ၁ ကောလ် လောက်ဆက်ချင်လို့
ကေ့ ဆီ”
ဘာတွေကြောင့် ဘယ်လိုကြောင့် ဆိုသည့် အဖြေကို သိချင်သဖြင့် ထွဋ်ခေါင် သူမ ထံ ဖုန်းဆက်ချင်ကြောင်း ခွင့်တောင်းလိုက်သည်။ ဒကစ မှူးနှင့်မတွေ့ခင် လက်နက်/ခဲယမ်းများသာ သိမ်းဆည်းလိုက်ပြီး ဖုန်းကတော့ မသိမ်းဆည်းပဲ ကျန်ရစ် သည်။ ထို့ကြောင့် ခွင့်မတောင်းပဲ ဆက်လျှင်တော့ရသည်။ သို့သော် ကိုယ့်အခြေအနေ ကို ကိုယ် သဘောပေါက်ရမည်ဖြစ်သည်။
“ဟေ ... အေး
ဆက်ပေါ့
မင်း Personal ကိစ္စပဲ
ဒါပေမဲ့ .. ပြသနာတွေတော့ ထပ်မတက်စေနဲ့တော့ ညီ
မဟုတ်ရင် မင်း ပိုဆိုးမယ်
ဒေါသကိုထိန်းပြီး ဆောင်ရွက်ပေါ့”
ဖုန်းဆက်ခြင်းကို လုံးလုံးကြီးတားမြစ်ခြင်းမဟုတ်သော်လည်း စိတ်ကို ထိန်းဖို့ အတွက် ကြိုတင်မှာကြားသည်။
“ဟုတ် .. G1 ကြီး
စိတ်ချပါ
ကျွန်တော်ထိန်းပြီးဆက်ပါ့မယ်”
အာမခံ ကတိပေးသံ အဆုံး ဦးစီး(ပ) မှ ထွဋ်ခေါင် ကို တစ်ဆက်တည်း စကားဆို သည်။
“ငါ့ညီ ... မင်း တစ်ခါတည်း
ဆက်စရာရှိတာဆက်
ကိုယ်တို့ပြီးရင်တော့ ဖုန်းသိမ်းမယ်
သိမ်းတာလဲ အဝေးကြီးမဟုတ်ပါဘူး
ဒီ ဗဟိုကင်းမှာပဲသိမ်းထားမှာ
မင်းဆီဖုန်းလာတာတို့ ဘာတို့ကျ ဖြေပါ .. ရပါတယ်
ငါတို့ အဲ့လောက်တော့ မတင်းကျပ်ပါဘူး”
စစ်စည်းကမ်းအရ အကျဉ်းသားမှာ ဖုန်းပြောဆိုခွင့်မရှိသော်လည်း ဦးစီး(ပ) ကတော့ တပ်ရင်းမှူး ဆိုသည့် ရာထူးအဆင့်အတန်းကလာသည့် လူမို့ အနည်းငယ် ဖြေလျော့ပေးထားသည်။
“ဟုတ် .. ရပါတယ်ခင်ဗျ
ကျွန်တော်ပြီးတာနဲ့ စက်ပိတ်ပါ့မယ်
ကျွန်တော်လဲ ယူမဆက်ပါဘူး
စိတ်ချပါခင်ဗျ”
ထွဋ်ခေါင် ဆိုတာ အခန့်မသင့်လို ခုလို အမှုမျိုးဖြစ်ခဲ့ရပေမဲ့ စစ်စည်းကမ်း ကို လိုက်နာသည့် စစ်သားတစ်ယောက်ဖြစ်သည်မို့ အထက်အရာရှိတွေ ဖြေလျော့ပေး သည်ကို အခွင့်အရေးမယူခဲ့။ ဘာလို့လဲဆိုတော့ သူတို့ ဗဟိုကင်းမှာ အချုပ်သားက သူတင်မက အခြားသူတွေပါရှိသည်မို့ သူ အခွင့်အရေးယူမိပါက အခြားသူများ စိတ်ဓာတ် တွေပျက်ပြားသွားနိုင်သည်။ မလိုလားအပ်သည့် သွေးကွဲမှုမျိုးတွေ ဖြစ်နိုင် သည်။
“အေးကွာ .. ကျေးဇူး
ကဲ .. ဒါဆို ဆက်ဆက်
ငါတို့ ထွက်ပေးမယ်
အေးဆေးပြီးမှ .. ပြန်ပေး”
ပုဂ္ဂလိက စကားတွေပြောဆိုတော့မည်ဖြစ်သဖြင့် အရာရှိကြီး မှ သူ၏ ကင်းမှူး၊ ကင်းသားများကို ခေါ်ဆောင်ကာ အခန်းအပြင်ကိုထွက်ခြင်းဖြင့် လွတ်လပ်စွာ စကားပြောဆိုစေသည်။
သူတို့ လူစုအပြင်ထွက်သွားသည်နှင့် ထွဋ်ခေါင် ချစ်ရသော ကေ့ ထံ ဖုန်းခေါ် သည်။
“ဟယ်လို .. ဘာရှိလဲ
ငါအလုပ်ရှုပ်နေတယ်”
ဖုန်း Ring သံ မဆုံးခင် တစ်ဖက်မှ ဖုန်းကိုင်လိုက်ပေမဲ့ ဖြေကြားသည့် အသံ ကတော့ လုံးလုံးကြီး သူစိမ်းဆန်စွာပင်။
“ကေ ... မင်း ဘယ်လိုလုပ်လိုက်တာလဲ
ကိုယ် မင်းအပေါ် ဘာများ ပြုမူမိလိုက်လို့လဲ
ကိုယ် မယူဘူးပြောခဲ့လို့လား”
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)

06.02.202506:14
ဒီနေရာတွင် Leadership Role တွင်ရောက်ရှိနေသူများ သတိထားရသည်မှာ ပြောင်းလဲလာသည့်ခေတ်နှင့် လူ့သဘောသဘာဝဆိုသည်မှာ အမြဲပြောင်းလဲနေ သည်။ နိုင်ငံရေး/စီးပွားရေး/လူမှုရေးတို့သည် ခေတ်ရေစီးကြောင်း၊ လူ့သဘော သဘာဝ စသည်တို့ကို လိုက်လျောညီထွေစွာ ဆောင်ရွက်မှသာ အဆင်ပြေမည် ဖြစ်သည်။ “ငါသည်သာလျှင် အကောင်းဆုံး၊ ကျန်သည့်လူတွေငါ့လောက်မစဉ်းစား တတ်” လို့တွေးလျှင်တော့ဖြင့် သိပ်မကြာခင်မှာပင် တစ်ယောက်ထဲ အောင်မြင် မှု တွေ ဆုံးရှုံးမှုတွေကို ခါးစည်းခံရမည်ဖြစ်ပြီး အကြံဉာဏ်ပေးခြင်း၊ တင်ပြခြင်း စတာတွေကို ရရှိတော့မှာမဟုတ်။ အမြဲတမ်းမှန်ပြီး အမြဲတမ်းအောင်မြင်နေမည့် သူဆိုတာမရှိ။ တစ်ယောက်ထဲစဉ်းစားတာထပ် အများဝိုင်းစဉ်းစားပြီး အလွှာလိုက် ဆောင်ရွက်သည်က အောင်မြင်မှုနှင့် အလှမ်းနီးနိုင်မည်ဖြစ်သည်။
တကယ်လို့ Management Role ထိ ဆင်းပါချင်သပါ့ဆိုပါနိုင်ပါသည်။ သို့သော် Management Role မှ လူများ၏ တင်ပြချက်များကိုနားထောင်ကာ သူတို့ အစီရင်ခံသည့်အချက်အချို့ကို လိုက်ပါဆောင်ရွက်ပေးသင့်သည်။
နိချုံးခုတ်ရမည်ဆိုလျှင် Leadership Role ပဲနေနေ Management Role ပဲနေနေ Supervisor Role ပဲနေနေ အားလုံးသည် လူများဖြစ်သည်ဆိုတာကို သတိချပ်ရမည်ဖြစ်သည်။ လူဆိုသည်မှာ အမှားနှင့်မကင်း။ ဆုံးဖြတ်ချက်များ တစ်ခါတစ်လေ ဝေဝါးထွေပြားတတ်သည်။ အဆင့်လိုက် မစီမံပဲ အောက်ခြေထိ ဆင်းစီမံပါက မလိုလားအပ်သည့် ခေါင်းရှောင်မှုတွေနှင့်အတူ တာဝန်တွေပိစေ မည်ဖြစ်ပြီး ရည်မှန်းချက်ကိုအောင်မြင်ဖို့ ခဲယဉ်းမည်ဖြစ်သဖြင့် Leadership နှင့် Management ကွဲပြားခြားနားစွာမြင်တတ်ဖို့လိုအပ်ကြောင်း ဆောင်းပါးလေးဖြင့် တင်ပြလိုက်ပါသည်။
လွန်တာရှိ ဝန်တာမိပါခင်ဗျာ။
မင်းထက်ကျော်ဇော
Facebook Link : https://www.facebook.com/share/1Ay8LnwNp2/?mibextid=wwXIfr

18.01.202514:10
“ဟေ့ကောင် ... မင်း သောက်ချိုးပြင်ထား
မင်း ယုံကြည်တာတွေ မယုံကြည်တာတွေ ငါ ဘာမှမပြောလိုဘူး
ဒါပေမဲ့ ငါတို့ စစ်သားတွေကို နောက်တစ်ခေါက် ပြောကြည့်
တစ်ခါတည်းသတ်ပစ်ပြီး နောက်ထပ် ထောင်ကျခံလိုက်မယ်
ကြားလား ..”
စိတ်လျော့ရန် ရဲမင်း မှ နောက်မှ လာပြောလိုက်ကာမှ ထွဋ်ခေါင် ဒေါသ အဟုန် ကို ဒုံးဒုံးချလိုက်ရသည်။
“အခန်းထဲက မောင် တွေ အားလုံးနားထောင်
အေး .. မင်းတို့ ဘာသာ မင်းတို့
ယုံကြည်တာ ယုံကြည်လို့ရတယ်
ဒါပေမဲ့ .. ငါတို့ စစ်သားကိုတော့ လာမစော်ကားနဲ့
အကုန်သတ်ပစ်မယ်”
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
မင်း ယုံကြည်တာတွေ မယုံကြည်တာတွေ ငါ ဘာမှမပြောလိုဘူး
ဒါပေမဲ့ ငါတို့ စစ်သားတွေကို နောက်တစ်ခေါက် ပြောကြည့်
တစ်ခါတည်းသတ်ပစ်ပြီး နောက်ထပ် ထောင်ကျခံလိုက်မယ်
ကြားလား ..”
စိတ်လျော့ရန် ရဲမင်း မှ နောက်မှ လာပြောလိုက်ကာမှ ထွဋ်ခေါင် ဒေါသ အဟုန် ကို ဒုံးဒုံးချလိုက်ရသည်။
“အခန်းထဲက မောင် တွေ အားလုံးနားထောင်
အေး .. မင်းတို့ ဘာသာ မင်းတို့
ယုံကြည်တာ ယုံကြည်လို့ရတယ်
ဒါပေမဲ့ .. ငါတို့ စစ်သားကိုတော့ လာမစော်ကားနဲ့
အကုန်သတ်ပစ်မယ်”
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
21.02.202513:17
“ဝှီး ... အုမ်း .. ဂျိမ်း
အုမ်း .. အုမ်း .. အုမ်း
ဒက် ဒက် ဒက် ဒက်”
လေယာဉ် သည် သူ့မှာပါလာသည့် ဗုံး၊ ဒုံး၊ စက်သေနတ်တွေ ကုန်အောင် ပစ်ခတ်သည်နှင့်တူသည်။ ပထမ တစ်ခေါက် အနိုမ့်ပျံဝင်ပစ်ပြီး ဒုတိယတစ်ခေါက် ထပ်မံ ပစ်ခတ်မှုက တစ်ခေါက် နှင့် တစ်ခေါက် ကြားမှာ သိပ်အချိန်မကြာလိုက်သလို ဆက်တိုက်ထွက်ပေါ်လာသည်။
“ဟ .. ဆော်တယ်ဟ
Non Stop ကို တွယ်တာ”
စစ်သည် တစ်ဦး ဝပ်နေရင်းနဲ့ ရေရွတ်သံကိုကြားတော့ ထွဋ်ခေါင် ရယ်ချင် သလိုလို ဘာလိုလိုနှင့်။ ဪ ... စစ်သားတွေဆိုတာလဲ လူသားတွေပဲမို့ လူတွေလို ပင် ခံစားတတ်ကြသည်ပါတကား။
“ဒက် ဒက် ဒက် ဒက်
ဒက် ဒက် ဒက် ဒက်”
မိမိ တိုက်လေသူရဲ သည် အငြိုးတကြီးနှင့် တိုက်ခိုက်နေသလားတောင် မှတ်ရ သည်။ ဗုံးတွေ ဒုံးတွေ ကုန်တာတောင် စက်သေနတ်ကို တရစပ် ဝင်ဝင်ပစ်သည်။
“Eagle One မှ ထွဋ်ခေါင်
ခဲယမ်းကုန်ပြီ
Eagle One ... Back Gear
Good Luck My Camarade”
စိတ်ထင် ၅ ကြိမ်မျှ ပစ်ခတ်တိုက်ခိုက်ပြီးသကာလမှာတော့ လေသူရဲ ထံမှ ပြန် လည်ထွက်ခွာတော့မည့်အကြောင်း စက်မှတဆင့် ပြောဆိုနှုတ်ဆက်ရှာသည်။
“ကမာဇင်ယော် .. သူငယ်ချင်း
Good Luck”
၂ ဦး အပြန်အလှန်နှုတ်ဆက်ပြီးနောက် စက် ဆက်သွယ်မှု ရပ်ဆိုင်းသွားသည်။ လေယာဉ်စက်သံ ဝေါကနဲ ကြားလိုက်ရပြီးနောက် တဖြည်းဖြည်းနှင့် ဝေးကွာသွား သည်။
ပတ်ဝန်းကျင်တစ်ခုလုံး လေယာဉ် ပျံသန်းသွားသည်နှင့် တိတ်ဆိတ်သွားသည်။ ခြေတိုးသံတောင်မကြားရလောက်အောင်ပင် ငြိမ်သက်သွားသည့် ပတ်ဝန်းကျင် မှာ သစ်ရွက်ကြွေလျှင်တောင် ကြားရလောက်သည်။
အချိန်တစ်ခုအကြာတွင် ထွဋ်ခေါင် ဝပ်နေရာမှ ကုန်းရုန်းထလာပြီး နံဘေးရှိ စစ်သည် တွေကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ အားလုံးကိုကြည့်ရတာကတော့ ဒဏ်ရာရသူ မရှိသလောက်။
“ဟေ့ .. အဖွဲ့တွေ
ထထ
ဘာဖြစ်သွားသေးလဲ
အချင်းချင်းစစ်ဦး”
အပေါ်ထပ်ရှိ အဖွဲ့တွေကို အော်ဟစ်ညွှန်ကြားပြီးသကာလ အောက်ထပ် မှ အဖွဲ့တွေထံသို့ အပေါက်မှသည် ဆက်လက် ကြည့်ရှုပြီး လှမ်းခေါ်သည်။
“ရဲမင်း .. သူငယ်ချင်း အခြေအနေကောင်းလား
ဘယ်လိုလဲ .. သူငယ်ချင်းရေ”
ဗုံးကျဲမှုကြောင့် ပထမထပ်ရှိသူတို့တောင် အတော် ဝပ်နေရတာမို့ မြေညီထပ်ရှိ ရဲမင်း တို့မှာ တော်တော်နှင့် ထမလာပဲ ငြိမ်နေကြရသည်။ နှစ်ကြိမ် သုံးကြိမ် အော်ဟစ် ခေါ်ဆိုကာမှ ရဲမင်း လူးလဲထလာပြီး လက်မထောင်ရင်း ပြန်အော်သည်။
“သူငယ်ချင်း .. အဆင်ပြေတယ်
ငါတု့ိဆီက တစ်ယောက်စ နှစ်ယောက်စပဲ
အစ စင်တယ်
မစိုးရိမ်ရ ဒဏ်ရာ ....”
အစ ထိမှန်ဒဏ်ရာရသူတောင် မစိုးရိမ်ရ ဒဏ်ရာရသည်ဆိုတော့ အခြေအနေ ကောင်းသည်လို့ပြောရမည်ဖြစ်သည်။
“အိုကေ .. သူငယ်ချင်း”
မိမိ ဘက်ခြမ်းမှ အဖွဲ့တွေ အကုန်လုံး အခြေအနေကောင်းပြီဖြစ်သဖြင့် ထွဋ်ခေါင် ပြတင်းတံခါးမှသည် ရန်သူ့ဆီသို့ လှမ်းကြည့်လိုက်သည်။ ထောင်ညွှန်မှူး အိမ် တစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားတာကိုမြင်ရပြီး ရန်သူ တွေ အတုံးအရုန်းသေဆုံးနေ တာကိုလဲ တိတိကျကျမြင်နေရသည်။
“ဟာ ... လစ်ပြီဟ
ဒီကောင်တွေတော့ ဒီတစ်ခေါက်တော့ တကယ်လစ်ပြီ”
ကြည့်နေရင်းနဲ့ ပါးစပ်မှ လွှတ်ကနဲ ပြောထွက်သွားသည်အထိ ရန်သူ့ ရဲ့ ထိခိုက်မှုက ကြီးမားလှသည်။ နံဘေးရှိ စစ်သည်တွေ ထွဋ်ခေါင် ပြောသံအဆုံး လူးလဲ ထကြည့်ကြသည်။

17.02.202503:41
07.02.202512:57
“ဟုတ် ... ညီလေး
ရော့ ... ကင်းမှူး မင်းသေချာ စာရင်းထည့်ထား
ဖုန်းလာရင် ပေးလိုက် .... တပ်ရင်းမှူးကို”
တာဝန်နှင့်ဝတ္တရားအရ ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ပေးပြီး သကာလမှာတော့ ဦးစီး(ပ) တစ်ယောက် ထွဋ်ခေါင်ကိုနှုတ်ဆက်ကာ ထွက်ခွာသွား သည်။
ထိုနေ့ကတော့ သူ့အတွက် စိတ်ဓာတ်တွေဟိုးအောက်ဆုံးကိုထိုးကျစေသည့် နေ့ တစ်နေ့ဖြစ်သည်လို့ မှတ်ယူရမည်ဖြစ်သည်။ ဦးစီး(ပ) ပြန်လည်ထွက်ခွာအပြီး ကင်းမှူး ကင်းသားများအားလုံး မိမိနေရာသို့ ကိုယ်စီ တာဝန်ထမ်းဆောင်ရန် အခန်းနားမှ ရုတ်သိမ်းသွားရာမှာတော့ တစ်ယောက်ထဲ ကြမ်းပြင်ပေါ်ကို ထိုင်ချလိုက်သည်။
အချုပ်ခန်းဖြစ်သဖြင့် အားလုံးမှာ တစ်သားတည်း။ ကြမ်းပြင်ပေါ်တွင် ကွပ်ပျစ် ထိုးထားသည်။ ကွပ်ပျစ်ပေါ်တွင် သင်ဖြူးဖျာတစ်ချပ်ခင်းထားပြီး ခေါင်းအုံးတစ်လုံး နှင့် ဆောင်တစ်ထည်၊ ခြင်ထောင်တစ်လုံး ထားထားသည်။ ဒါတောင် တပ်ရင်းမှူးအဆင့် နှင့် အချုပ်ခံရတာမို့။ မဟုတ်လျှင် ဒီလိုမျိုးတောင် ရမှာမဟုတ်။
သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ရင်း ထွဋ်ခေါင် ခပ်ဝေးဝေး တစ်နေရာ ဆီသို့ ငေးကြည့်နေမိသည်။ သံတိုင်ကြားက မိမိ ဘဝက ဘယ်လိုပင် သက်သက်သာ စိတ်လဲ တစက်မှ မချမ်းသာရသလို မွန်းကျပ်မှုတွေနှင့် အတိပင်။
ဒီလိုနှင့် ထွဋ်ခေါင် တစ်ယောက် တပ်မတော် ဥပဒေအတိုင်း စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ စစ်ဆေးခြင်းကိုခံခဲ့ရသည်။
“ဗိုလ်မှူးထွဋ်ခေါင် .. ဒေါ်ကေသီ ကို မယူဘူးဆိုတာ
ဟုတ်ပါသလား”
စုံ/ခုံ ဟု တပ်မတော်သားတွေ အတိုကောက် ခေါ်ဝေါ်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးဆိုသည်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် မေးမြန်းရသည်မို့ သူ့ကို မညှာမတာပင် မေးခွန်းတွေ တသီချည်းထုတ်တော့သည်။
“မဟုတ်ပါဘူး .. ကျွန်တော် ယူမှာပါ
ကျွန်တော်က ယာယီ ကာလ မို့ မယူသေးဘူးပြောတာပါ
နောက်တစ်ခုက သူ့ကိုယူဖို့ ကျွန်တော် စုထားတာတွေရှိပါတယ်
တပ်က ကျွန်တော့်အခန်းထဲမှာ ကျန်ခဲ့ပါတယ်
ငွေစုစာအုပ်ပါ
အဲ့မှာ သွားကြည့်နိုင်ပါတယ်”
တကယ်ကို အမှန်အတိုင်း တင်ပြခြင်းဖြစ်သဖြင့် ထွဋ်ခေါင် ရဲ့ ပြောကြားချက် တွေကား အနည်းငယ်မာသည်လို့ထင်ရသည်။ မာမယ်ဆိုလဲ မာချင်စရာ။ ထွဋ်ခေါင် အတွက် မဟုတ်တာလုပ်ထားတာမှမဟုတ်တာ။
“ဗိုလ်မှူး က အမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြားတယ်ဆို
အဲ့ဒါ ဟုတ်လား”
အမှုဖြစ်စဉ်အသေးစိတ်ကို ပြန်လည်တည်ဆောက်ရင်း လိုအပ်သည့် သက်သေ များကိုလဲ အဝေးရောက်မေးမြန်းပြီး သူတို့ဖြေကြားသည်နှင့် ထွဋ်ခေါင် ဖြေကြားသည် များကို ပြန်လည် တိုက်ဆိုင်စစ်ဆေးသည်။
“မဟုတ်ပါဘူး
ကျွန်တော်တို့က ရိုးရိုးသားသားခင်တာပါ
မဖောက်ပြားပါဘူး”
ဒေါ်ကေသီ သာမက သူမ စွပ်စွဲသည့် ဒေါ်ထက်ထက် ကိုပါ စစ်ဆေးသည်နှင့်တူ သည်။
“ဗိုလ်မှူး နဲ့ ဒေါ်ထက်ထက်
အပြင်မှာ ချိန်းတွေ့တာတယ်ရှိတယ်ဆို
အဲ့ဒါ ဘာအတွက်လဲ”
မည်သို့ပင်ဆိုစေကာမူ အမှန်တရားဆိုတာ အမှန်တရားဖြစ်သည်မို့ နောက်ဆုံးမှာ တော့ အမှု ရုပ်လုံးကြွလာချေပြီ။ တဖြည်းဖြည်းနှင့် ထွဋ်ခေါင် ထွက်ဆိုသည်များကား အမှန် အတိုင်းထွက်ဆိုနေသည်ဆိုတာကိုလဲ ပေါ်လွင်လာပြီ။ သို့သော် .. သို့သော် စစ်စည်းကမ်းဆိုသည်မှာ ဓားစက်နှင့်တူသည်။ ဓားစက်အောက်ကိုဝင်လာသည့် လက်မှန်သမျှကို တိုတို/ရှည်ရှည် ဖြတ်ထုတ်ပစ်သည်။
“ဟူး ... ဗိုလ်မှူး
ဗိုလ်မှူး အမှုက အမှန်အတိုင်းပြောရရင်တော့
မဖြစ်သင့်ဘူးဗျာ
ဒါပေမဲ့ ဗိုလ်မှူး သိတဲ့အတိုင်း
စစ်စည်းကမ်းဆိုတာက စစ်စည်းကမ်းလေ”
စုံခုံ ဥက္ကဌ ဖြစ်သူမှာ သူ၏ ထင်မြင်ယူဆချက်ကို မပို့ခင်မှာ ထွဋ်ခေါင် ကို နှစ်ဦး ချင်း တွေ့ဆုံပြီး အားနာကြောင်း ပြောဆိုသွားသည်။

အပိုင်း (၂၅)
“အေး ... အဲ့တော့
မင်း လောလောဆယ်တော့ တပ်ထုံးစံအတိုင်း
အချုပ်ထဲမှာ နေရမယ်ကွာ
ငါ စိတ်မကောင်းပါဘူး
မင်းတို့လိုလူမျိုးတွေက ဒီအချိန် ရှေ့တန်းမှာရှိနေရမှာကွ”
တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ် စေ၊ ဖြစ်သင့်သည်ဖြစ်စေ၊ မဖြစ်သင့်သည်ဖြစ်စေ ထွဋ်ခေါင် ကတော့ အချုပ်ထဲမှာ နေရတော့မည်ဖြစ်သည်။ စစ်သည်တော်ကောင်းတစ်ဦးသည် ဘာမှ မဟုတ်တာလေး နှင့် အကျဉ်းချခံရဖို့ ဖန်လာတော့လဲ ငြင်းဆန်မရတော့။
“ဟုတ် .. ဗိုလ်ချုပ်
လိုက်နာဆောင်ရွက်ပါ့မယ်”
စစ်သားကောင်းဟူသည် အမိန့်ကိုလိုက်နာလှုပ်ရှားသည့် သူများဖြစ်သည်မို့ ထွဋ် ခေါင် ငြင်းဆန်ခြင်း စိုးစဉ်းမျှမရှိ။
“အိုကေ ... လိုတာရှိပြောကွာ
ငါ ဒကစမှူး နဲ့ တိုင်ပင်ပြီး အတတ်နိုင်ဆုံး
စောင့်ရှောက်ပေးပါ့မယ်
မင်းလဲ ဘုရားတရားလုပ်ပေါ့ကွာ
ဒီအချိန်မှာ မင်းကိုကယ်နိုင်တာ ဘုရားတရားလဲပါတယ်”
အထက်လူကြီးတစ်ဦးအနေဖြင့် စည်းမျဉ်းတွေ ဘောင်တွေထဲမှ အားပေးစကား ဆိုရင်း သူနှင့် စကားစကိုဖြတ်လိုက်သည်။
“ဟုတ် .. ဗိုလ်ချုပ်
ဆောင်ရွက်ပါ့မယ်”
လက်ရှိအခြေအနေတွင် ထွဋ်ခေါင် စိတ်ဓာတ်များကား ဟိုးအောက်ဆုံးကို ထိုးဆိုက်ကျနေပြီဖြစ်သဖြင့် ဘယ်သူ့ကိုမှ ဘာမှ အများကြီး မပြောချင်။ တိုတို တုတ်တုတ် နှင့် လိုရင်းပြောကာ ငြိမ်သက်နေချင်သဖြင့် အကျဉ်းချုပ်သာ ပြန်လည် ပြောကြားပြီး စကားစဖြတ်လိုက်သည်။
“ရပြီ .. ငါ့ ဒကစ မှူး ဖုန်းပေး”
ဖုန်းပြောစရာ ကုန်ဆုံးသွားပြီဖြစ်သဖြင့် ထွဋ်ခေါင် ကို သူ့ တပ်မမှူး အနေဖြင့် ဒကစမှူး ကိုသာ ဖုန်းပြန်ပေးဖို့ ညွှန်ကြားသည်။ ညွှန်ကြားချက်အဆုံး ထွဋ်ခေါင် ခပ် မြန်မြန် ဖုန်းကို ဒကစမှူးထံ ပြန်ပေးလိုက်သည်။
“ဟယ်လို ... ဟုတ်
အင်း ... ဟူး
တတ်နိုင်သလောက် စောင့်ရှောက်ပေးပါ့မယ်”
အထက် အရာရှိကြီး ၂ ဦး ဘာတွေပြောနေသည်ဆိုတာကို ထွဋ်ခေါင် မသိတော့။ သိလဲမသိချင်တော့သဖြင့် လိုက်လံနားထောင်မနေဘဲ သူ့ဘာသာသူ လွင့်ပျံလာသည့် စကားသံတွေကိုသာ အာရုံထဲပို့လွှတ်လိုက်သည်။
“G1 ကြီး .. ဒကစ အချုပ်ထဲ သူ့ထည့်လိုက်
သူ့ဆီက သိမ်းထားတဲ့ လက်နက်/ခဲယမ်း တွေကို
ရှေ့တန်းတပ်မ ကို Fax ထိုးပေးလိုက်”
တရားခံတစ်ဦး၏ နေထိုင်ရာဖြစ်သည့် အချုပ်ခန်းတည်ရှိရာ ဒကစ ဗဟိုကင်း ကို သွားရန်အတွက် ဒကစ မှူး ညွှန်ကြားလေပြီ။ ဒကစ မှ ဦးစီး(ပ) မှလဲ သူ့ ဆရာသမား ညွှန်ကြားချက်အဆုံး ထွဋ်ခေါင် ကို ခေါ်ဆောင်ရင်း ရုံးခန်းဆီမှ ဗဟိုကင်း ဆီသို့ ခြေဦး တည်လိုက်သည်။
တပ်မတော်သားဘဝမှာ ဘာရာထူး ဘာအဆင့်အတန်းပဲရှိခဲ့ ရှိခဲ့ လက်ရှိမှာ သူ အမှုရင်ဆိုင်ထားရသဖြင့် အချုပ်ခန်းစောင့်တွေမှ လာရောက်ခေါ်ဆောင်ဖို့ ဝတ္တရား ရှိသည့် အတိုင်း ဒကစမှူး ရုံးခန်းထဲမှ ထွက်သည်နှင့် အပေါက်ဝမှာ ဗဟိုကင်း ကင်းမှူး နှင့် တာဝန်ကျ ကင်းသားများကို သေနတ်ကိုင်လျက် တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကား ထွဋ်ခေါင် ရဲ့ ရင်၀ ကို ဆောင့်ကန်လိုက်သလို ခံစားရသည်။ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဘဏ္ဍာငွေစီမံရေးအာဏာ စသည့် အာဏာကြီး ၃ ရပ် ကို စီမံခန့်ခွဲသည့် တပ်ရင်းမှူး တာဝန်ကိုထမ်းဆောင်ခဲ့သူဖြစ်သဖြင့် သူ တာဝန်ထမ်းဆောင်သည့် ၁ နှစ်အတွင်း တရားခံများကို အတော်မြင်ဖူးသည်။
တရားခံဟု စတင်ယူဆသည့် အချိန်မှစ တပ်မတော်မှ အပ်နှင်းထားသည့် တာဝန် ပြန်လည်အပ်နှံရပြီး အဆင့်တံဆိပ်တွေဖြုတ်ကာ ဗဟိုကင်း အချုပ်ထဲတွင် နေထိုင် ရသည်။ အချုပ်ခန်း အသွင်း/အထုတ် ကိုလဲ ကင်းမှူး နှင့် ကင်းသားများကား တာဝန်ယူ ဆောင်ရွက်ရသည်။
ယခုတော့ ကိုယ်တိုင် ကင်းမှူး၊ ကင်းသားများခြံရံကာ သွားတာ လာတာ လုပ်ဆောင်နေရချေပြီ။ ရင်ထဲအတော်မကောင်းလှ။ ဒါတောင် ဆရာသမား ကင်းမှူး က လက်ထိပ်ခတ်ဖို့လား ဘာလားမသိ အနားကိုကပ်ကာ လက်ကိုင်မည်ပြုနေသဖြင့် လေသံခပ်မာမာနှင့် စကားဆိုလိုက်ရသေးသည်။
“ရတယ် .... ဆရာ
မချုပ်နဲ့ ... လက်ထိပ်လဲမခတ်နဲ့
ကျုပ် ဘယ်မှမသွားဘူး”
တပ်ရင်းမှူး တာဝန်ထမ်းဆောင်ထားသည်ဆိုသည့် အရှိန်နှင့် ဟောက် လိုက်တော့ ကင်းမှူး နှင့် ကင်းသားများ နောက်တွန့်သွားသလို ဦးစီး(ပ)မှလဲ သူ့ လူတွေ ကို နောက်ဆုတ်ဖို့ လက်ဟန်ခြေဟန်ပြကာ ဟန့်လိုက်သည်။
“ဆောရီး .. ညီလေးရာ
သူတို့လဲ တာဝန်အရလုပ်တာပါ”
ဒီအချိန်မှာ ဘယ်လိုခံစားနေရသည်ဆိုတာကို ကိုယ်ချင်းစာသဖြင့် ဦးစီး(ပ) သူ့ စစ်သည်တွေ ကိုယ်စား တောင်းပန်စကားဆိုသည်။
“ဟုတ် .. ရပါတယ် G1 ကြီး
ကျွန်တော်လဲ စိတ်ထဲ နည်းနည်း ရှုပ်နေလို့ပါ
သူတို့မှန်ပါတယ်
သူတို့တာဝန်သူတို့ထမ်းဆောင်တာဆိုတော့
ကျွန်တော်ပဲ တောင်းပန်ပါတယ်”
အပြန်အလှန် လေးစားသမှုအနေဖြင့် ထွဋ်ခေါင် ပြန်လည်တောင်းပန်လိုက်သည်။ ပြောရင်းဆိုရင်းနဲ့ ဗဟိုကင်း ကို ရောက်သွားပြီး ထွဋ်ခေါင် နေထိုင်ရာ အချုပ်ခန်းကို ချင်းနင်းဝင်ရောက်ခဲ့သည်။
ဗဟိုကင်းမှ မိမိ နေထိုင်ရမည့် အချုပ်ခန်းမှာ ရှင်းလင်းပြီးဖြစ်သလို ကြိုတင် တံခါးဖွင့်ပေးသည့်သူကလဲ အဆင်သင့်ပင်။
“ဟုတ် ... ကျေးဇူး”

Kirishning iloji bo'lmadi
media kontentga
media kontentga
05.01.202513:31
တောင်ခမ်း က စမ်းသလားဟေ့
ပလောင်တွေခမ်းတဲ့ တောင်ခမ်းမှာ
ရန်သူဟာ အမြောက်တပ်ဖွဲ့ရဲ့ “ဌာနာဌာနိက ဝေရီ ဗေဒက သေန” ကို ကောင်းကောင်းခံစားနေရသတဲ့
ဘက်ပေါင်းစုံက ဝိုင်းပတ်ပိတ်ဆို့ပြီး အပိုင်ဆိုတွက်တိုက်တဲ့ ရန်သူ ဟာ တောင်ခမ်း ကိုတော့ ပလောင်လွမ်းပြီး ကျန်တော့မယ်ဆိုတာ အသေအချာပဲ
စမ်းသလားဟေ့ … ရန်သူရေ
၃ သိန်းကျော်အင်အားပဲရှိတဲ့ တပ်မတော်ကို
ဘက်ပေါင်းစုံကရတဲ့ အင်အားစုတွေနဲ့တိုက်တာ
ဒီတစ်ခေါက်မှမနိုင်ရင်တော့ ဖင်လန်ပြေးဖို့သာပြင်ထားပါလေ
နိုင်ငံတော်အလံနေရာမှာ ဘာအလံမှစိုက်ဖို့ မစဉ်းစားနဲ့လေ
နိုင်ငံတော်လူကြမ်းတွေရှိနေသေးသရွေ့လေ
မင်းထက်ကျော်ဇော
Telegram Link : https://t.me/minhtetkyawzaw
TikTok Link : https://www.tiktok.com/@minhtetkyawzaw706?_t=8n1RPNprXTU&_r=1

ရန်သူသည်လည်း လူသားပေမို့ သူဘာလုပ်မည်ဆိုတာကို ကြိုတင် မှန်းဆ ထားပြီး အပေါ်ထပ်ကိုလဲ Sniper တစ်လက်နှင့် ထောက်ထားသည်။ နည်းနည်းလေး လှုပ်ရှားမှုကိုမြင်ရသည်နှင့် လှမ်းပစ်ခတ်သဖြင့် ထွဋ်ခေါင် ခုခံပေးဖို့ အစီအစဉ် ဖြတ် လိုက်ရသည်။
“တောက် .... မအေဘေးတွေ
Sniper က ဘယ်နှစ်လက်တောင်ပါလာလဲမသိဘူးဟ
ငါ့လဲ တစ်လက်ထောက်ထားတယ်”
လက်နက်ငယ်ချင်းအားပြိုင်သည့်ပွဲမှာ လက်နက်ငယ်ဖြင့်ပင် အနိုင်ယူဖို့ ကြိုးစား လာသည့် ရန်သူ ကို တစ်ခုခုတုံ့ပြန်မှရတော့မည်ဖြစ်သည်။ မဟုတ်လျှင် သူတို့ ဗဟိုကင်း မှာ ရန်သူ့ လက်တွင်းကျဆင်းဖို့ ၇၀% လောက်တော့ သေချာနေပြီဖြစ်သည်။
“ဝှီး .. အုမ်း .. ဂျိမ်း
ဖောင်း ... ဂျိမ်း .. ဂျိမ်း
ဒက် ဒက် ဒက် ဒက်
ရွှီး .. ရွှီး”
ကိုယ်တွေ စဉ်းစားခန်းဝင်နေတုန်းမှာပင် ရန်သူ့ ထံမှ လက်နက်ကြီး ပစ်ခတ် မှုတွေ ထပ်မံ လုပ်ဆောင်လာသည်။ တချိန်တည်းမှာပင် ခရာတွတ်သံတွေ ထွက်ပေါ် လာသည်။ သေချာပြီ .. ရန်သူသည် ပေါက်နေသော နံရံမှသည် အတွင်းကိုဝင်စီးဖို့ ပြင်နေပြီဆိုတာ။
“အင်း .. ပစ်ကြည့်မှရတော့မယ်”
လက်ဖြောင့်ထောက်ထားသည့် ကြားမှ ထွဋ်ခေါင် M-16 သေနတ်ကို ပြတင်းမှ ထုတ်ပစ်ခတ်ဖို့ ကြိုးစားသည်။
“ဖောက် ... အား”
လက်ဖြောင့်သေနတ်သမားသည် ထွဋ်ခေါင် နေရာကို လုံး၀ စိုးမိုးသွားပြီဖြစ် သည်။ လူလဲမထွက်၊ ခေါင်းလဲမထောင်ပဲ လက်တစ်ခုတည်းလှုပ်ရှားမှုကို ကြည့်ကာ M-16 ကိုင်ထားသည့် လက်နေရာကို လှမ်းပစ်ခတ်သည်။
ကံကောင်းသည်မို့ ကျည်ဆံက ဒဲ့မထိပဲ ရှပ်ထိပြီး M-16 သေနတ် ပြတင်းမှသည် မြေပြင်ကို လွတ်ကျသွားသည်။
“ထွဋ်ခေါင် .. အဆင်ပြေလား”
အောက်ထပ်ရှေ့ကို သေနတ်ပြုတ်ကျသံနှင့် ထွဋ်ခေါင် ရဲ့ အား ဆိုပြီး အော်ဟစ် သံကြောင့် ရဲမင်း အပေါ်ထပ်ကို အော်ဟစ်မေးခွန်းထုတ်သည်။
“အေး .. ပြေတယ် သားကြီး
ငါလက်ရှပ်ထိသွားလို့
ဒီကောင်တွေ .. ငါ့ အပေါ်ထပ်ကိုတော့
ပစ်ကွင်းလုပ်လိုက်ပြီ
မင်းဆီကရော .. လှုပ်လို့ရလား”
စစ်တို့၏ သဘောအရ ထွဋ်ခေါင် တောင် လှုပ်မရဘူးဆိုတော့ ရဲမင်း ဆီလဲ အကန့်အသတ်တွေများသွားမှာ သေချာချေပြီ။
“ငါ့ဆီလဲမရဘူး
လှုပ်တာနဲ့ Sniper တန်းပစ်တာ
တော်သေးတယ် ... ချက်ကောင်းမထိသေးလို့”
ရန်သူ့ ပစ်ခတ်မှုကို ပြန်လည်တွန်းလှန်ဖို့ တစ်ခုမျှ မလုပ်နိုင်တော့သည့် ထွဋ်ခေါင် တို့ ဗဟိုကင်း အဖို့ ကျားတက်ထိုးချိန်မှာ သူသေ ကိုယ်သေ ပစ်ခတ်ဖို့သာ ကျန်တော့သည်။
“အေး ... ဒါဆိုလဲ
လက်ပစ်ဗုံး ပင်ဖြုတ်စောင့်ကြတာပေါ့ကွာ
မင်းဆီ လက်ပစ်ဗုံးရှိလား
ငါ့မှာ ကျသွားတဲ့ တပ်ကြပ်ဇေယျာမင်းဆီက လက်ပစ်ဗုံးရှိတယ်”
အသက်နှင့် သိက္ခာ ဘယ်ဟာကိုရွေးမလဲဆိုလျှင် ထွဋ်ခေါင် ကတော့ သိက္ခာ ကို ရွေးမည်ဖြစ်သည်။ ရှင်လျက်နှင့် သေသလို ဖြစ်နေတာထပ်စာလျှင် ရန်သူနှင့် သူသေ ကိုယ်သေ တိုက်ခိုက်ပြီး သေဆုံးသွားခြင်းကား ကိုယ့်လိပ်ပြာ ကိုယ်သန့်ပါသည်။
“အေး .. ရှိတယ်
လက်ပစ်ဗုံး”
ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား အနှီ လက်ပစ်ဗုံးတွေကို သွားယူလိုက်ကြ သည်။ တပ်ကြပ်ဇေယျာမင်း ထံမှ လက်ပစ်ဗုံး ၂ လုံး လက်ထဲရသည်နှင့် ထွဋ်ခေါင် ပင်ဖြုတ်ဖို့ အသင့်စောင့်ဆိုင်းလိုက်သည်။
ရန်သူတွေဝင်လာလျှင်တော့ ထွဋ်ခေါင် အနှီ လက်ပစ်ဗုံး ၂ လုံးဖြင့် ရသလောက် တော့ ဆွဲခေါ်သွားမည်ဖြစ်သည်။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
“တောက် .... မအေဘေးတွေ
Sniper က ဘယ်နှစ်လက်တောင်ပါလာလဲမသိဘူးဟ
ငါ့လဲ တစ်လက်ထောက်ထားတယ်”
လက်နက်ငယ်ချင်းအားပြိုင်သည့်ပွဲမှာ လက်နက်ငယ်ဖြင့်ပင် အနိုင်ယူဖို့ ကြိုးစား လာသည့် ရန်သူ ကို တစ်ခုခုတုံ့ပြန်မှရတော့မည်ဖြစ်သည်။ မဟုတ်လျှင် သူတို့ ဗဟိုကင်း မှာ ရန်သူ့ လက်တွင်းကျဆင်းဖို့ ၇၀% လောက်တော့ သေချာနေပြီဖြစ်သည်။
“ဝှီး .. အုမ်း .. ဂျိမ်း
ဖောင်း ... ဂျိမ်း .. ဂျိမ်း
ဒက် ဒက် ဒက် ဒက်
ရွှီး .. ရွှီး”
ကိုယ်တွေ စဉ်းစားခန်းဝင်နေတုန်းမှာပင် ရန်သူ့ ထံမှ လက်နက်ကြီး ပစ်ခတ် မှုတွေ ထပ်မံ လုပ်ဆောင်လာသည်။ တချိန်တည်းမှာပင် ခရာတွတ်သံတွေ ထွက်ပေါ် လာသည်။ သေချာပြီ .. ရန်သူသည် ပေါက်နေသော နံရံမှသည် အတွင်းကိုဝင်စီးဖို့ ပြင်နေပြီဆိုတာ။
“အင်း .. ပစ်ကြည့်မှရတော့မယ်”
လက်ဖြောင့်ထောက်ထားသည့် ကြားမှ ထွဋ်ခေါင် M-16 သေနတ်ကို ပြတင်းမှ ထုတ်ပစ်ခတ်ဖို့ ကြိုးစားသည်။
“ဖောက် ... အား”
လက်ဖြောင့်သေနတ်သမားသည် ထွဋ်ခေါင် နေရာကို လုံး၀ စိုးမိုးသွားပြီဖြစ် သည်။ လူလဲမထွက်၊ ခေါင်းလဲမထောင်ပဲ လက်တစ်ခုတည်းလှုပ်ရှားမှုကို ကြည့်ကာ M-16 ကိုင်ထားသည့် လက်နေရာကို လှမ်းပစ်ခတ်သည်။
ကံကောင်းသည်မို့ ကျည်ဆံက ဒဲ့မထိပဲ ရှပ်ထိပြီး M-16 သေနတ် ပြတင်းမှသည် မြေပြင်ကို လွတ်ကျသွားသည်။
“ထွဋ်ခေါင် .. အဆင်ပြေလား”
အောက်ထပ်ရှေ့ကို သေနတ်ပြုတ်ကျသံနှင့် ထွဋ်ခေါင် ရဲ့ အား ဆိုပြီး အော်ဟစ် သံကြောင့် ရဲမင်း အပေါ်ထပ်ကို အော်ဟစ်မေးခွန်းထုတ်သည်။
“အေး .. ပြေတယ် သားကြီး
ငါလက်ရှပ်ထိသွားလို့
ဒီကောင်တွေ .. ငါ့ အပေါ်ထပ်ကိုတော့
ပစ်ကွင်းလုပ်လိုက်ပြီ
မင်းဆီကရော .. လှုပ်လို့ရလား”
စစ်တို့၏ သဘောအရ ထွဋ်ခေါင် တောင် လှုပ်မရဘူးဆိုတော့ ရဲမင်း ဆီလဲ အကန့်အသတ်တွေများသွားမှာ သေချာချေပြီ။
“ငါ့ဆီလဲမရဘူး
လှုပ်တာနဲ့ Sniper တန်းပစ်တာ
တော်သေးတယ် ... ချက်ကောင်းမထိသေးလို့”
ရန်သူ့ ပစ်ခတ်မှုကို ပြန်လည်တွန်းလှန်ဖို့ တစ်ခုမျှ မလုပ်နိုင်တော့သည့် ထွဋ်ခေါင် တို့ ဗဟိုကင်း အဖို့ ကျားတက်ထိုးချိန်မှာ သူသေ ကိုယ်သေ ပစ်ခတ်ဖို့သာ ကျန်တော့သည်။
“အေး ... ဒါဆိုလဲ
လက်ပစ်ဗုံး ပင်ဖြုတ်စောင့်ကြတာပေါ့ကွာ
မင်းဆီ လက်ပစ်ဗုံးရှိလား
ငါ့မှာ ကျသွားတဲ့ တပ်ကြပ်ဇေယျာမင်းဆီက လက်ပစ်ဗုံးရှိတယ်”
အသက်နှင့် သိက္ခာ ဘယ်ဟာကိုရွေးမလဲဆိုလျှင် ထွဋ်ခေါင် ကတော့ သိက္ခာ ကို ရွေးမည်ဖြစ်သည်။ ရှင်လျက်နှင့် သေသလို ဖြစ်နေတာထပ်စာလျှင် ရန်သူနှင့် သူသေ ကိုယ်သေ တိုက်ခိုက်ပြီး သေဆုံးသွားခြင်းကား ကိုယ့်လိပ်ပြာ ကိုယ်သန့်ပါသည်။
“အေး .. ရှိတယ်
လက်ပစ်ဗုံး”
ပြောပြောဆိုဆိုနှင့် နှစ်ယောက်သား အနှီ လက်ပစ်ဗုံးတွေကို သွားယူလိုက်ကြ သည်။ တပ်ကြပ်ဇေယျာမင်း ထံမှ လက်ပစ်ဗုံး ၂ လုံး လက်ထဲရသည်နှင့် ထွဋ်ခေါင် ပင်ဖြုတ်ဖို့ အသင့်စောင့်ဆိုင်းလိုက်သည်။
ရန်သူတွေဝင်လာလျှင်တော့ ထွဋ်ခေါင် အနှီ လက်ပစ်ဗုံး ၂ လုံးဖြင့် ရသလောက် တော့ ဆွဲခေါ်သွားမည်ဖြစ်သည်။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
07.02.202512:57
သွေးနဲ့ဆပ်ပါမည်
အပိုင်း (၂၆)
ကိုယ့်ဘက်မှ သိချင်သည့် မေးခွန်းတွေကို တရစပ် မေးထုတ်လိုက်တော့ တစ်ဖက်မှ ရယ်သံသဲ့သဲ့ထွက်လာသည်။
“ဘာ ... ထွဋ်ခေါင်
နင် ဘာပြောတယ်
နင် ဘာလုပ်လို့လဲ .. ဟုတ်လား
ဟားဟား .. ရယ်ချင်လိုက်တာဟာ
ခုမှ ကြောက်နေတာလား”
တုံ့ပြန်သည့် စကားတွေကို ကြားရတော့ ထွဋ်ခေါင် ဒေါသ အတော်ထွက် သွားသည်။
“မဟုတ်ဘူးလေ ... ငါ မကြောက်ပါဘူး
ဒါပေမဲ့ မင်း ငါ့ ဘာလို့တိုင်တာလဲ
သိချင်တာ”
သူ့ဖက်က မေတ္တာမရှိတော့လဲ ကိုယ့်ဘက် မေတ္တာ မထားနိုင်တော့။ ခပ်ပြတ်ပြတ် ပင် လိုရင်းတိုရှင်း ပြောလိုက်သည်။
“ဘာလို့တိုင်ရမှာလဲ
နင် ငါ့ကို နှမချင်းမစာနာ လုပ်တာလေ
မယူပဲနဲ့ နောက်ထပ် ဆော်ရှုပ်ဖို့လုပ်တာလေ
အဲ့ဒါကြောင့် ငါတိုင်တာ”
သိက္ခာကိုစော်ကားတာတွေက အတိုင်းအတာလွန်နေပြီဖြစ်သည်။
“ဟ ... မင်း ကလဲ ေ-ာက်ရေးမပါ
ငါ မင်းကို မယူဘူးလို့ပြောလို့လား
ငါ့ ယာယီ ကာလ ပြီးအောင်စောင့်ပါ
ပိုက်ဆံစုတာလေး ခဏစောင့်ပါလို့ပြောတာလေ
မင်း နားမပါဘူးလား
နောက်ပြီး ငါက ဘယ် စော်ရှုပ်လို့လဲ
နင် ေ-ာက်ရေးမပါ Facebook Comment ကြည့်ပြီး
လာမစွပ်စွဲနဲ့ ....”
ရောင်းသူ/ဝယ်သူ အသံတူတူပင် ထွဋ်ခေါင် ကေသီ့ ကို ပြောဆိုသည်။ ဟုတ်သည်လေ .. ဘာမှ သည်းခံစရာအကြောင်းမရှိတော့ဟု စိတ်ထဲ ပိုင်းဖြတ်မိ တာ ကိုး။
“အံမယ် ... သူခိုးကများလူပြန်ဟစ်လို့
ဟဲ့ .. ဘယ်သူခိုးက ခိုးတယ်ပြောမလဲ
နင် အေးအေးဆေးဆေး ထောင်ထဲဝင်မသွားချင်ရင်
ငါ့ ကို အပြောအဆို ဆင်ခြင်နော် ... မသာကောင်”
ပြောတော့ ချစ်သည်ချစ်သည် ဆိုပြီး ပါးစပ်မှ တဖွဖွပြောဆိုခဲ့သည့် သူမ နှုတ်မှ ခုတော့ အယုတ္တ အနတ္တ များပြောဆိုပြီး ထောင်ထဲထည့်မည်ဆိုပါတကား။ အံ့သြဖို့ ကောင်းလှသည်ဖြစ်ခြင်း။ ထွဋ်ခေါင် သိသည့် ချစ်ခြင်းဆိုတာ ကိုယ်ချစ်သည့် သူကို စိတ်ချမ်းသာအောင်ထားခြင်းဖြစ်သည်။ ထောင်ထဲထည့်ဖို့မဆိုထားနှင့် စိတ်ဆင်းရဲ တာကိုတောင် မကြည့်ရက်ကြ။ ဒါဆို သူမ ချစ်ခဲ့တာ သူ့ကို ဆိုတာ ဟုတ်ရော ဟုတ်ပါလေစ။
“ဒီမယ် ... ဒေါ်ကေသီ
ကျုပ် ဘာ အပြောအဆိုမှ ဆင်ခြင်စရာမရှိဘူး
ဒီနေ့ ကျုပ်စရိုင်းတာမဟုတ်ဘူး
ခင်ဗျား စ ရိုင်းတာ
ကျုပ် က ခင်ဗျား ကို မယူဘူးပြောနေတာမဟုတ်ဘူး
ခဏစောင့်ဖို့ပြောနေတာ
ဒါကို ခင်ဗျား လင်တရူးပြီး ထင်ချင်ရာတွေထင်နေတာတော့
မတတ်နိုင်ဘူး
အဲ့တော့ .. ပြောစရာစကားတော့မရှိတော့ဘူးပေါ့ဗျာ
ဒါပေမဲ့ ကျုပ် ခု ရှင်းပြတာက ကျုပ် အချိန်ဆွဲနေတာဟာ
မယူချင်လို့မဟုတ်ဘူး .... ယာယီကာလနဲ့ ပိုက်ဆံစုနေတာ
နောက် ကျုပ် မဖောက်ပြန်ဘူး .. ဒါပဲ”
ပြောစရာရှိတာ အဆုံးစွန်ပြောကြားပြီးသွားပြီမို့ ထွဋ်ခေါင် ဘာတစ်ခွန်းမှ ထပ်မ ဟတော့ပဲ ငြိမ်သက်လိုက်သည်။
“အေး .. ဟဲ့အကောင်
နင် နဲ့ ငါ ခုံရုံးကျမှ ဆက်ရှင်းကြတာပေါ့
တွေ့မယ် ... နင်”
ဟိုဘက်ရော ဒီဘက်ရော ဘယ်သူဘက်မှ အလျော့ပေးသည့်ပုံမပေါ်ပဲ ဖုန်း ဆက်သွယ်မှု ရပ်တန့်သွားသည်။ ထွဋ်ခေါင် ဖုန်းကို လက်မှ ကိုင်ပြီး ငူငူကြီး ၂ မိနစ်ခန့် ရပ်နေမိသည်။
ဘာဆက်လုပ်လို့လုပ်ရမှန်းမသိပဲ ရပ်နေမိသည့် ၂ မိနစ်ခန့်မျှကား ထွဋ်ခေါင် အတွက် ၂ ကုဋေ ကြာသလိုခံစားနေရသည်။ နှစ်ယောက်ရဲ့ ဆက်ဆံမှုတွေကတော့ နိဗ္ဗာန်န ပစ္စယော ဟောတု ဖြစ်သွားလေပြီလို့ ယူဆရသည်။ ထို့ကြောင့် မှေးမောနေရုံ နှင့် ပြီးမသွားတော့။
စိတ်နှင့် ကိုယ်ပြန်ကပ်ကာ သတိဝင်ပြီးသကာလ ထွဋ်ခေါင် အိမ်ကို ဖုန်းဆက် ဖို့ စဉ်းစားလိုက်သေးသည်။ တောသား မိဘနှစ်ပါးကဖွားမြင်ပြီး ကျောထောက်နောက်ခံ မရှိသည့် သူမို့ သူခုလိုဖြစ်နေတာကို ပြောနေလျှင်လဲ မထူး။ မိဘတွေအတွက် စိတ်ပူပြီး စိတ်ဆင်းရဲနေရုံမှတစ်ပါး အခြားမရှိ။
ထို့ကြောင့် မဆက်တော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ လက်ရှိ ဒုက္ခ ရောက်နေကြောင်းကို သိဖို့အတွက် လိုအပ်သော မိတ်ဆွေများကို ဖုန်းဆက်ဖို့ တွေးရင်း အရပ်ဘက်မိတ်ဆွေတစ်ဦးနှင့် စစ်ဖက်မိတ်ဆွေတစ်ဦးကို ရွေးခြယ်လိုက်သည်။ သူတို့ သည် မိမိကို တကယ်ရင်းနှီးပြီး ကူညီနိုင်မည့်သူများဖြစ်သည်မို့ အကုန်လုံး ပြောပြ အကူအညီတောင်းခံလိုက်သည်။
“ဟာ .. ဟုတ်လား
အဲ့မှာ ငါတို့ အပတ်စဉ်ရှိတယ်
လွိုင်ကော် ထောက်ပို့မှာထင်တယ်
ငါလိုက်ချိတ်ကြည့်လိုက်ဦးမယ်
ကေသီ က ဒီလိုတော့ လုပ်ဖို့မကောင်းဘူးကွာ”
တပ်မတော်သား တစ်ပတ်စဉ်ထဲ သူငယ်ချင်းကရော အရပ်ဘက်မှ မိတ်ဆွေ ကရော ထွဋ်ခေါင် ကို အားပေးကြသဖြင့် စိတ်အနည်းငယ် သက်သာမိသည်။
“ဟုတ် ... ကိုထွဋ် ကြီး
ကျွန်တော် ဘာလုပ်ပေးရမလဲ
လိုတာရှိလဲပြောဗျာ”
စိတ်ချယုံကြည်ရမည့် အားပေးကူညီနိုင်သည့် မိတ်ဆွေ ၂ ဦးထံ ဆက်အပြီး မှာတော့ ထွဋ်ခေါင် တယ်လီဖုန်းဆက်သွယ်မှုကို ရပ်နားလိုက်ပြီး ဖုန်းကို တာဝန်ရှိသူ များထံ အပ်နှံဖို့ ဆောင်ရွက်သည်။
“G1 ကြီး .. ပြီးပြီခင်ဗျ
ကျွန်တော် ဆက်လု့ိ
ဖုန်းသိမ်းလို့ရပါပြီ”
ကိုယ်ရေးကိုယ်တာတွေပြောနေကြတာကြားသဖြင့် ဦးစီး(ပ) မှာ အခန်းနှင့် ခပ်လှမ်းလှမ်းမှာသွားထိုင်နေသောကြောင့် ခပ်ကျယ်ကျယ်နှင့် လှမ်းခေါ်ရသေးသည်။

05.02.202509:59
သူနဲ့အတူ လက်တွဲ တာဝန်ထမ်းဆောင်ခဲ့သည့် အရာရှိကြီးမဟုတ်သဖြင့် သူ ထင်တာကိုလဲ အပြစ်မမြင်ရက်။
“ထားပါ .. ဒါ မင်းကိစ္စ
မင်း စစ်ခုံရုံးကျမှ ဆက်ရှင်း
လောလောဆယ် မင်း ဆရာက မင်းနဲ့ ဖုန်းပြောချင်တယ်ဆိုလို့
ဆက်ကြည့်လိုက်ဦးမယ်”
တပ်မမှူး ကို ဖုန်းခေါ်မည်ဟုပြောဆိုပြီး ဒကစမှူး သူ၏ တပ်မတော် ဆက်သွယ်မှု ကွန်ရက်သုံးဖုန်းကိုထုတ်လိုက်ကာ ခေါ်ဆိုမှုပြုသည်။ ထွဋ်ခေါင် ကတော့ သက်ပြင်းကို ပင့်သက်ရှိုက်ချရင်း စိတ်ကိုလုံးလုံးလျှော့ချလိုက်တော့သည်။
မဖြစ်နိုင်ဘူးဟု ထင်မှတ်ထားတာတွေ ဖြစ်လာပြီး မလုပ်လောက်ဘူးလို့ထင်ထား သည့် သူတွေကလဲ သူ့ကို တကယ်လုပ်လေပြီ။ အတိတ်ဘဝက ဝဋ်ကြွေး ပါလာတာ များလား။
“ဟယ်လို .. ညီလေး
ကိုယ်ပါ
မင်း တပည့်တော့ ငါ့အိပ်ကပ်ထဲပြန်ရောက်ပြီ
ခု ငါ့အခန်းထဲမှာ
မင်းပြောဦးမလား”
တစ်ဖက်မှ တပ်မမှူး က ဖုန်းပြောမည်ဟုပြောသည်နှင့်ထင်သည်။ ဒကစမှူး ထွဋ်ခေါင် ထဲကို ဖုန်းကမ်းပေးသည်။
“ဟေ့ ... ဒီမယ်
မင်းဆရာ ဖုန်းပြောမယ်တဲ့”
ကောင်းသည့် သတင်းစကားပြောမှာမဟုတ်သဖြင့် ထွဋ်ခေါင် ဖုန်းကိုမယူချင်။ သို့သော် ဆရာသမား ကိုတော့ ရှင်းပြလိုသဖြင့် ဖုန်းကို လက်ခံယူလိုက်သည်။
“ဟုတ် ... ဗိုလ်ချုပ်
အမိန့်ရှိပါခင်ဗျ”
ယာယီတပ်ရင်းမှူး ဘဝမှာ ဆုံတွေ့ခဲ့ရသည့် သူပေမဲ့ ထွဋ်ခေါင် ရဲ့ လုပ်ရည် ကိုင်ရည်ကို သိထားသည့် သူမို့ ခုလိုမျိုးအဖြစ်ဖြစ်သည်ဆိုတော့ ရှင်းပြဖို့ တာဝန်ရှိ သည်။
“အေး .. ငါ့ကောင်
လူပျိုကြီး ဘယ်လိုဖြစ်တာလဲ”
တပ်မမှူးကိုတော့ ထွဋ်ခေါင် အစအဆုံး ဇာတ်ရေလည်အောင်တော့ ရှင်းပြလိုက် သည်။
“အေး ... အဲ့ကောင်မ ကြောင့်
ငါတို့ တပ်မက အရာရှိ သောက်မှုတက်တာများနေပြီ
အရင်ကတော့ သူမသိသူမသိ ကြိတ်ရှင်းလို့ရတယ်
ခုတော့ တိုင်စာပါတက်ပြီ .. ဟူး”
တပ်မမှူးမှာ ထွဋ်ခေါင် ထပ် အရင် တပ်မမှာ တာဝန်ထမ်းဆောင်သည်မို့ တွေ့ကြုံရတာတွေများပြီနှင့်တူသည်။
“ဟုတ် .. ဗိုလ်ချုပ်
ကျွန်တော်နဲ့ သူက ဘာမှမဟုတ်ဘူး
သူလဲ သိတယ်
အဲ့ဒါကို ကျွန်တော့် ကောင်မလေး က အထင်လွဲတာ”
သူ့ ကိစ္စ က အခြားသူတွေရဲ့ ကိစ္စနှင့် ခြားနားသည်ဆိုတာကိုတော့ တပ်မမှူး လက်သင့်ခံသည်နှင့်တူသည်။
“အင်း .... ငါလဲ နောက်တန်းက အဖွဲ့တွေမေးပြီးပါပြီ
အဲ့လိုပဲပြောပါတယ်
ဟိုကောင်မ က အတင်းလိုက်ကပ်နေတာပဲရှိတယ်ဆိုတာ
သိပြီးပါပြီ”
မင်းနားတစ်ထောင်ဆိုတာ အလကားပေါ်လာသည့် စကားပုံမဟုတ်လို့တော့ ထွဋ်ခေါင် လက်သင့်ခံသွားသည်။ တပ်မမှူး မှာ သူ့ဆီ ဖုန်းမဆက်ခင် နောက်တန်း ဌာနချုပ်ကိုတောင် လှမ်း ဆက်သွယ်ပြီးပြီ ဆိုပါတကား။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
“ထားပါ .. ဒါ မင်းကိစ္စ
မင်း စစ်ခုံရုံးကျမှ ဆက်ရှင်း
လောလောဆယ် မင်း ဆရာက မင်းနဲ့ ဖုန်းပြောချင်တယ်ဆိုလို့
ဆက်ကြည့်လိုက်ဦးမယ်”
တပ်မမှူး ကို ဖုန်းခေါ်မည်ဟုပြောဆိုပြီး ဒကစမှူး သူ၏ တပ်မတော် ဆက်သွယ်မှု ကွန်ရက်သုံးဖုန်းကိုထုတ်လိုက်ကာ ခေါ်ဆိုမှုပြုသည်။ ထွဋ်ခေါင် ကတော့ သက်ပြင်းကို ပင့်သက်ရှိုက်ချရင်း စိတ်ကိုလုံးလုံးလျှော့ချလိုက်တော့သည်။
မဖြစ်နိုင်ဘူးဟု ထင်မှတ်ထားတာတွေ ဖြစ်လာပြီး မလုပ်လောက်ဘူးလို့ထင်ထား သည့် သူတွေကလဲ သူ့ကို တကယ်လုပ်လေပြီ။ အတိတ်ဘဝက ဝဋ်ကြွေး ပါလာတာ များလား။
“ဟယ်လို .. ညီလေး
ကိုယ်ပါ
မင်း တပည့်တော့ ငါ့အိပ်ကပ်ထဲပြန်ရောက်ပြီ
ခု ငါ့အခန်းထဲမှာ
မင်းပြောဦးမလား”
တစ်ဖက်မှ တပ်မမှူး က ဖုန်းပြောမည်ဟုပြောသည်နှင့်ထင်သည်။ ဒကစမှူး ထွဋ်ခေါင် ထဲကို ဖုန်းကမ်းပေးသည်။
“ဟေ့ ... ဒီမယ်
မင်းဆရာ ဖုန်းပြောမယ်တဲ့”
ကောင်းသည့် သတင်းစကားပြောမှာမဟုတ်သဖြင့် ထွဋ်ခေါင် ဖုန်းကိုမယူချင်။ သို့သော် ဆရာသမား ကိုတော့ ရှင်းပြလိုသဖြင့် ဖုန်းကို လက်ခံယူလိုက်သည်။
“ဟုတ် ... ဗိုလ်ချုပ်
အမိန့်ရှိပါခင်ဗျ”
ယာယီတပ်ရင်းမှူး ဘဝမှာ ဆုံတွေ့ခဲ့ရသည့် သူပေမဲ့ ထွဋ်ခေါင် ရဲ့ လုပ်ရည် ကိုင်ရည်ကို သိထားသည့် သူမို့ ခုလိုမျိုးအဖြစ်ဖြစ်သည်ဆိုတော့ ရှင်းပြဖို့ တာဝန်ရှိ သည်။
“အေး .. ငါ့ကောင်
လူပျိုကြီး ဘယ်လိုဖြစ်တာလဲ”
တပ်မမှူးကိုတော့ ထွဋ်ခေါင် အစအဆုံး ဇာတ်ရေလည်အောင်တော့ ရှင်းပြလိုက် သည်။
“အေး ... အဲ့ကောင်မ ကြောင့်
ငါတို့ တပ်မက အရာရှိ သောက်မှုတက်တာများနေပြီ
အရင်ကတော့ သူမသိသူမသိ ကြိတ်ရှင်းလို့ရတယ်
ခုတော့ တိုင်စာပါတက်ပြီ .. ဟူး”
တပ်မမှူးမှာ ထွဋ်ခေါင် ထပ် အရင် တပ်မမှာ တာဝန်ထမ်းဆောင်သည်မို့ တွေ့ကြုံရတာတွေများပြီနှင့်တူသည်။
“ဟုတ် .. ဗိုလ်ချုပ်
ကျွန်တော်နဲ့ သူက ဘာမှမဟုတ်ဘူး
သူလဲ သိတယ်
အဲ့ဒါကို ကျွန်တော့် ကောင်မလေး က အထင်လွဲတာ”
သူ့ ကိစ္စ က အခြားသူတွေရဲ့ ကိစ္စနှင့် ခြားနားသည်ဆိုတာကိုတော့ တပ်မမှူး လက်သင့်ခံသည်နှင့်တူသည်။
“အင်း .... ငါလဲ နောက်တန်းက အဖွဲ့တွေမေးပြီးပါပြီ
အဲ့လိုပဲပြောပါတယ်
ဟိုကောင်မ က အတင်းလိုက်ကပ်နေတာပဲရှိတယ်ဆိုတာ
သိပြီးပါပြီ”
မင်းနားတစ်ထောင်ဆိုတာ အလကားပေါ်လာသည့် စကားပုံမဟုတ်လို့တော့ ထွဋ်ခေါင် လက်သင့်ခံသွားသည်။ တပ်မမှူး မှာ သူ့ဆီ ဖုန်းမဆက်ခင် နောက်တန်း ဌာနချုပ်ကိုတောင် လှမ်း ဆက်သွယ်ပြီးပြီ ဆိုပါတကား။
ဓာတ်ပုံ - အွန်လိုင်းမှကူးယူဖော်ပြထားပါသည်။
ဆက်ရန်မျှော်
မင်းထက်ကျော်ဇော
(စိတ်ကူးနှင့် လက်တွေ့ ပေါင်းစပ်ပြီး ဖတ်ကောင်းအောင် ရေးသားထားခြင်းဖြစ်သဖြင့် အရာအားလုံးမှာ တကယ့်အဖြစ်အပျက်များမဟုတ်ကြောင်း ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ တချို အကြောင်းအရာများသည် လက်တွေ့နှင့်ကွဲလွဲမှုရှိနေနိုင်သဖြင့် လွန်တာရှိ ဝန်တာမိ ပါလိုပြောပါရစေ စာချစ်သူခင်ဗျာ။ ဤဝတ္တုပါအကြောင်းအရာများသည် မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အဖွဲအစည်းကိုမျှ ထိခိုက်ပုတ်ခတ်ခြင်း၊ စော်ကားလိုခြင်းအလျဉ်းမရှိကြောင်း တင်ပြအပ်ပါသည်။)
03.01.202510:13
ငွေဆောင်ဆွေးနွေးပွဲ (သို့) နေရာဝင်ယူကြသူများ
၂၈-၉-၂၀၂၄ ရက်စွဲနဲ့ ငွေဆောင်ဆွေးနွေးပွဲဆိုတဲ့ စာတစ်စောင် မနေ့ တစ်နေ့က Online မှာ ပျံ့နှံ့လာတယ်။ တချို့ကလဲ ဦးမြအေး တို့ ဦးဆောင်ပြီး လုပ်တာလို့ ရေးနေတာတွေ့ရတယ်။
ပုံပါစာကိုဖတ်ပြီးပြီးချင်း စာရေးသူ နည်းနည်းတော့ စွံ့အသွားတယ်။ အံမယ် ... သူက မသိရင် ရာဇသံလိုလို လိုက်လုပ်ရမဲ့ အမိန့်လိုလိုနဲ့ ခပ်တည်တည်ပဲရေး ထားတာ။
ဆိုတော့ .. မြန်မာ့နိုင်ငံရေးသမား အချို့ရဲ့ အတ္တကို ကွက်ကွက်ကွင်းကွင်းမြင် လိုက်ရတယ်လို့ပဲပြောရမှာပဲ။ တိုင်းပြည်က ဒီလောက် ဘေးဒုက္ခတွေ တွေ့နေတာ၊ ကွဲပြဲထွက်ဖို့မြင်နေတာ တောင်မှ မပြိုကွဲဖို့အတွက် မလုပ်ပဲ လိုချင်တာလေးကို ဦးစားပေး (၁) အနေနဲ့တောင် တောင်းလိုက်သေးတယ်။
ဒါလား .. တိုင်းပြည်ချစ်တာ။ ပြည်ထောင်စုကို ချစ်တာ။ ဒေါ်အောင်ဆန်း စုကြည် နဲ့ နိုင်ငံရေးသမားတွေလွတ်မြောက်ရေးက ပြည်ထောင်စု မြေပုံထပ်ကို အရေးကြီးနေတာလား။
၁၉၄၈ က နိုင်ငံရေးသမားတွေက ခုလူတွေထပ်ပိုပြီး တော်သေးတယ်လို့ပဲ ပြောရမယ်။ အဲ့အချိန်က နိုင်ငံတော်ဟာ မိုးထဲရေထဲတင်မက မုန်တိုင်းတွေမိုးကြိုး တေွ ပစ္စလက်ခတ်ပစ်နေတဲ့အချိန်။ ဦးဘဆွေ၊ ဦးကျော်ငြိမ်း တို့ နိုင်ငံတကာ ပတ် အလှူခံသလို ဦးနု ဟာလဲ နိုင်ငံရေးချိန်ခွင်လျှာကနေ တိုင်းပြည်ကို တပ်မတော်နဲ့ အတူ ဝိုင်းကယ်တင်ဖို့ ကြိုးစားခဲ့တယ်။
တစ်ခုတော့ရှိတာပေါ့ ... ၁၉၄၈ ပြဿနာ နဲ့ ခု ၂၀၂၁ ပြဿနာ နဲ့က တခြားစီ။ ဟိုတုန်းက KNDO က သူပုန်ထတာ။ ခုက ကိုယ်အာဏာမရလို့ နိုင်ငံရေးသမား အချို့က တိုင်းပြည် ကို ချောက်ထဲထိုးချတာ။ ဆိုတော့ .. သူတို့ ခုလိုမျိုး စိတ်အမှန်တွေလုပ်တာ မလွန်တော့မလွန်ဘူးဘဲပြောရမှာပဲ။
မြန်မာနိုင်ငံမြေပုံဟာ တစ်ဦးတစ်ယောက်က ရေးဆွဲခဲ့တာမဟုတ်ဘူး။ သန်းပေါင်းများစွာသော ဘိုးဘေးတွေရဲ့ သွေးစက်တွေနဲ့ ရေးဆွဲခဲ့တာ။ ပြည်ထောင် တွေစုဖို့အတွက် အသက်တွေ စတေးခဲ့တာ။ ပုံစံမျိုးစုံ ခေတ်အလိုက် ပြောင်းလဲခဲ့တဲ့ နိုင်ငံတော်အလံတည်မြဲဖို့ ဘဝ ပေါင်းများစွာ ကျားကန်ခဲ့ရတာ။ ဒါကို အစိတ်စိတ် အမြွှာမြွှာကွဲမထွက်ဖို့ ဝိုင်းပြီး မထိန်းကျောင်းပဲ တပ်မတော် ကျရှုံးရင်ပြီးရော ဆိုတဲ့ စိတ်နဲ့ သူပုန်ကို ကြက်ဉတောင်တိုက်ပြီး ခွဲခိုင်းလိုက်တယ်လို့ပဲမြင်တယ်။
ဖယ်ဒရယ်ဆိုတဲ့ စကားကို တပ်မတော်က စခဲ့တာ။ ၂၀၀၈ ခြေဉမှာ တပ်မတော် အနေနဲ့လဲ ဖယ်ဒရယ် ကို လက်ခံထားပြီးသား။ သို့သော် တချို့ တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေပြောနေတဲ့ ဖယ်ဒရယ်ဆိုတာ ခွဲ မထွက်ရုံ ဖယ်ဒရယ်။ ဒါကို တပ်မတော်ကသိလို့ ၂၀၁၀-၂၀၂၀ ကာလတွေမှာ အတတ်နိုင်ဆုံး ထိန်းကျောင်းပေးခဲ့ရတာ။
မယုံရင် ခု ရှမ်းမြောက်နဲ့ ရခိုင် ကို သိမ်းထားတဲ့ သူပုန်တွေရဲ့ သောက်ချိုး ကို ကြည့်။ သီးခြားနိုင်ငံတော်ထူထောင်ဖို့အတွက်လုပ်နေတယ်ဆိုတာ ဗေဒင်မေးစရာ မလိုဘူး။ MNDAA က ခွဲထွက်ဖို့ အစီအစဉ်မရှိဘူးဆိုပြီး လူကြားကောင်းအောင် ကြေညာပေမဲ့ ဘယ်မှာလဲ ဗဟိုအစိုးရရဲ့ တပ်၊ ဗဟိုအစိုးရရဲ့ အာဏာစက်။
ထားပါ .... လက်ရှိဖြစ်နေတဲ့ အကျပ်အတည်း ဟာ တပ်မတော် တစ်ခုတည်း ရဲ့ ပြဿနာမဟုတ်ဘူး။ တပ်မတော်ဆိုတာ ခေတ်အဆက်ဆက်မှာ ရှိကိုရှိနေရမဲ့ အဖွဲ့အစည်း။ ပြည်ထောင်စုပြိုကွဲသွားရင် လက်ရှိ မျိုးဆက်တွေအားလုံးဟာ ရှက်ဖို့ အကောင်းဆုံး လူသားတွေအဖြစ်နဲ့ကျန်ခဲ့မှာ။
တချိန်က “မမုန်းလေနဲ့ငပလီ” တို့ “တိမ်လွှာမို့မို့လွင်” တို့ ရိုက်ခဲ့တဲ့ နေရာ တွေကို နှောင်းလူတွေက ဒါ ကျုပ်တို့ပိုင်ခဲ့တာပေါ့၊ ဘာလို့များ ခုမပိုင်တော့တာလဲ ဆိုတဲ့မေးခွန်းကို အဖြေရခက်မဲ့ မေးခွန်းတွေအဖြစ်ပိုင်ဆိုင်ကြရမှာ။
အဲ့ကျ ... သမိုင်းတရားခံဟာ ကျုပ်တို့အားလုံးဖြစ်ကြရမှာ။ ဖြေလေ ... NUG က ဇင်မာအောင်၊ ဖြေလေ ... ငွေဆောင်ဆွေးနွေးပွဲက ဦးမြအေး။ ခင်ဗျားတို့ ဖြေကြ .. ငါတို့ နိုင်ငံရေးသမားတွေ အဲ့အချိန်က တပ်ပြုတ်ကျရေးဝိုင်းလုပ်ရင်း ခုလိုဖြစ်ခဲ့ တာပါလို့ ဖြေကြ။ ဒီမြေပုံကြီး ပြိုကွဲအောင် ငါတို့ ဝိုင်းလုပ်ခဲ့ကြတာပါလို့ ဖြေကြ ....

ဉပမာ တစ်ခုအနေနဲ့ AA သောင်းကျန်းသူတွေ ခဏခဏပြောနေတဲ့ ကိစ္စ။ ရခိုင်လူမျိုးတွေဟာ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှာန်းနဲ့နေတာကို ဗမာ တွေက ကျူးကျော်စော်ကားခဲ့တယ်ဘာညာပေါ့။ ဖြစ်ရပ်မှန်က ဒီလို။ တပင်ရွှေထီး လက်ထတ်မှာ ၏ ရခိုင်တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြသနာတက်တယ်။ ဘာပြသနာလဲဆိုတော့ မြောက်ပိုင်း မှာ သားဖြစ်သူက ဘုရင်ဖြစ်၊ တောင်ပိုင်းက ဦးလေးဖြစ်သူကဘုရင်ဖြစ်။ စစ်ဖြစ်တဲ့အချိန်မှာ တောင်ပိုင်း က ရှုံးပြီး ဟံသာဝတီ ကို စစ်ကူလာတောင်းတယ်။ သံတွဲသားက အကူအညီတောင်းလာတာမို့ တပင် ရွှေထီးက စစ်ကူလိုက်တယ်။ စစ်ကူလိုက်ရင်းနဲ့ မြောက်ဦးကိုဝိုင်းပြီး လုပ်ကြံဖို့ လုပ်တယ်။ အဲ့အချိန်မှာ မြောက်ပိုင်းက စစ်ပြေငြိမ်းလိုက်ရတယ်။ ဗမာဘုရင် တပင်ရွှေထီး က တိုင်းရင်းသားချင်းစစ်မတိုက်ချင်တဲ့အတွက် ဟံသာဝတီ ထီးနန်း အရေးပေါ်လာရင် ခြေတော်ရင်းကိုလာခစားပြီး စစ်ကူတိုက်ပေးဖို့ကတိခံပြီး ပြန်ခဲ့တယ်။ ဆိုတော့ ... ဘာ ထီးနန်း ကြငှာန်းမှလဲ မသိမ်းခဲ့သလို ဘာမှလဲ ဖျက်ဆီးမှုမလုပ်ခဲ့ဘူး။ သွသူ စစ်တိုက်ရင်မနိုင်မှန်းသိလို့ သစ္စာခံတာ။
တပင်ရွှေထီး တို့ ဘုရင့်နောင်တို့အလွန် နန္ဒဘုရင်ခေတ်ကျ ရခိုင်ဘုရင် က ဟံသာဝတီနန်းတော်ထိတက်သိမ်းပြီး မီးရှို့ပစ်တာ။ တကယ်တမ်း စိတ်နာကြ ကြေးဆို ဗမာတွေကတောင်နာရဦးမယ်။ ဒါကို “လိပ်ကိုကြမ်းပိုး” ဖြစ်အောင် ပြော ပြီး စည်းရုံးသိမ်းသွင်းတာတော့ အတော်ကို ရင်နာစရာပဲ။
ဒါက ခေတ်ဟောင်းက။ ခေတ်သစ်မှာကို ဉပမာပြစရာတစ်ခုရှိတယ်။ ဘာလဲ ဆိုတော့ ... ဗကပ ပြိုကွဲတဲ့အချိန်မှာ UWSA တို့ ဘာတို့ဆိုတာ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ပြီး အင်အားချိနဲ့သွားတယ်။ အချင်းချင်း ပြဿနာတွေလှည့်ဖြစ် နေချိန်မှာ တပ်မတော်အနေနဲ့ တိုက်မယ်ဆို တကယ့်ကို ကြက်ကလေး ငှက်ကလေး လို လိုက်တိုက်လို့ရတယ်။ သို့သော် ... တိုင်ရင်းသား စည်းလုံးညီညွတ်ရေးကို ဦးစားပေးပြီး UWSA တို့ ကိုးကန့် တို့ဆိုတာတွေကို အထူးဒေသတွေတောင် ပေးခဲ့ သေးတယ်။
တချိန်က ဒီလိုတွေ ညှာတာပေးခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တွေဟာ ဒီနေ့မှာ ပြည်ထောင်စုကိုပြိုကွဲအောင် ချိနဲ့အောင် ဝိုင်းလုပ်ကြတယ်။ လုပ်တာမှ ရိုးရိုးမလုပ်ဘူး ... ဗမာ PDF တွေရဲ့ အားတောင်ယူလိုက်သေးတယ်။
ဆိုတော့ကာ ... ဗမာ PDF တွေ အနေနဲ့ နားလည်သင့်နေပါပြီ။ ဗမာ တွေရဲ့ စစ်သွေး၊ စစ်မာန်နဲ့ စစ်ဇာတိတွေဟာ တကယ်ကို ပြိုင်စံရှားပါပဲ။ ဒါကိုသိလို့ ယနေ့ခေတ် မြို့ရွာကျူးကျော်စစ်တွေမှာ ဗမာ PDF တွေကို ခေါ်သုံးတာပေါ့။ ဒါပေသိ ဝမ်းနည်းစရာကောင်းတာဟာ မြို့တွေနယ်တွေသိမ်းပြီးရင် ဗမာ PDF တွေ အတွက် နယ်မြေယောင်လို့တောင်မပေးဘဲ အခိုင်းသာသာနဲ့ထားတယ်။ ဝိုင်းဖိနိုပ် တယ်။ အဆိုးဆုံးကတော့ ရှမ်းမန်း စစ်ဆင်ရေးဆိုတဲ့ ကျူးကျော်စစ်မှာ ဝင်တိုက် ပေးခဲ့တဲ့ ဗမာ PDF တွေကို အားလုံးလဲပြီးရော ဘုရားပြီးငြမ်းဖျက်တဲ့အနေနဲ့ ပြန်လွှတ်လိုက်တာသာကြည့်။ ၁၀၂၇ မှာ သေဆုံးခဲ့တဲ့ PDF တွေအတွက် ဘာလုပ် ပေးမလဲဆိုတာ တွေးဖို့တောင်မလိုတော့ဘူး။
ဒီ ပြည်ထောင်စုကြီး ဟာ ဗမာ ဘိုးဘေး တပင်ရွှေထီး တို့ ဘုရင့်နောင် တို့ စုစည်းခဲ့ရတဲ့ ပြည်ထောင်စုကြီးပါ။ ကျွန်တော်တို့ မျိုးဆက်မှာ သူတို့က အမွေပေး ခဲ့တဲ့ မြေပုံကိုလက်ဆင့်ကမ်းရယူခဲ့တာပါ။ မြေပုံကြီး ပိုမကြီးထွားရင်နေပါ ရှိနေ ပြီးသား မြေပုံကို ပဲ့မထွက်သွားဖို့ကတော့ ကျွန်တော်တို့ မျိုးဆက်ရဲ့ တာဝန်ပါ။ ခုများ ပဲ့ထွက်သွားလိုက်တာ အရှေ့မြောက်၊ အနောက်ပိုင်း၊ မြောက်ပိုင်း စတာတွေ မှာ တစ်တိတိနဲ့ပဲ။ နောက်မျိုးဆက်တွေကို ဒီအတိုင်းလွှဲကြမလား စဉ်းစားကြပါဗျာ။
“မင်းရဲကျော်စွာ တပင်ရွှေထီး ပုံညီ ... ဘုရင့်နောင် နဲ့အလောင်းဘုရားတို့ သည် ဗမာရဲသွေးပြခဲ့သည်” တဲ့
သူတို့ရဲ့ မျိုးဆက် ကျွန်တော်တို့တစ်တွေလဲ ဗမာရဲသွေးကိုပြပြီး တိုင်းပြည် ကို ပြန်လည်စုစည်းကြပါစို့။ ဘိုးဘွားတွေပေးခဲ့တဲ့ မြေပုံကို ခေါင်း၊ ခါး၊ ခြေ၊ လက် တွေ အစုံနဲ့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းကြပါစို့။ ရန်ဖြစ်နေတာတွေ ခဏရပ်ပြီး ညီညွတ်ကြပါစို့။
“ဗမာသွေး စမ်းရဲစမ်းကြစမ်းလေ
သင်းသူပုန်များ သံမှုန့်စားမှ
ဒို့ဓားတုံးမည် မှတ်လော့ တည်လော့”

အပိုင်း (၃၅)
ဗဟိုကင်း တိုက်ပွဲအခြေအနေကား ၁၀ မိနစ်ကြာငြိမ်သက်နေခဲ့သဖြင့် စိတ်ထဲ မှာ ထွဋ်ခေါင် နည်းနည်းတော့ စိုးရွံ့မိသည်။ ငြိမ်သက်နေသည့် အခြေအနေမှာ အတော်ကို ဆူညံနေသည့် အခြေအနေထက် ကြောက်ဖို့ လန့်ဖို့ကောင်းလှသည်။ သေချာသည် .. ရန်သူသည် နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ရှေ့ကို ဆက်တိုက်တိုးဖို့ အတွက် အားယူနေတာဆိုတာ မြေကြီးလက်ခပ်မလွဲ။
“ဝှီး .. အုမ်း .. ဂျိမ်း
ဖောင်း .. ဂျိမ်း .. ဂျိမ်း
ရွှီး ... အုမ်း
ရွှီး .. အုမ်း”
ထင်မှတ်ထားသည့်အတိုင်းပင် ရန်သူသည် ဗူး၀ နံရံကို RPG ၃ ချက် ဆက်ပစ် ခတ်ကာ နောက်ထပ် တိုက်ပွဲတစ်ပွဲကို စတင်လိုက်သည်။ ဗူး၀ နံရံများသည် မြင့်မား တောင့်တင်းသော်လည်း RPG ကျည်ဆံပေါက်ကွဲမှုကြောင့် နံရံပေါက်ထွက်သွားသည်။ မပေါက်ထွက်ပဲ ခံနိုင်ရိုးလား ... သကောင့်သားများကား ၃ ချက် ဆင့်ပစ်တာကိုး။
“ဟာ .. သေပြီ
နံရံပြိုကျသွားပြီ”
ဗူး၀ တံခါးနှင့်ကပ်လျက်ရှိသည့် နေရာမှ နံရံပြိုကျပြီး ပေါက်ထွက်သွားသဖြင့် ထွဋ်ခေါင် ထိတ်သွားသည်။ ရန်သူသည် တံခါးကိုဖွင့်မရမည့် အတူတူ နံရံကို ဖောက်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်နှင့်တူသည်။
“ပစ် .. ပစ်
ပတောက် ပတောက် ပတောက်
ဒက် ဒက် ဒက် ဒက်
ဒိုင်း ဒိုင်း ဒိုင်း”
ဗဟိုကင်းကိုသိမ်းပိုက်နိုင်ရန်အတွက် ပထမဆုံးခြေလှမ်းဖြစ်သလို ခံစားလိုက် ရသဖြင့် ထွဋ်ခေါင် ငယ်သံပါအောင် အော်ဟစ်ရင်း အပေါ်ထပ်မှသည် ထို နေရာထံသို့ လက်နက်ငယ်တွေဖြင့် စုပြုံပစ်ခတ်သည်။
ထင်ထားသည့်အတိုင်း ရန်သူသည် ပြိုကျနေသော နံရံမှ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာသည်။ သူတို့တွင်ရှိသည့် အင်အားထုနှင့် အထဲကို ဝင်ရောက် ဖို့ လုပ်နေစဉ် ထွဋ်ခေါင် လက်ဦးမှုရယူပြီး ပစ်ခတ်သဖြင့် ရှေ့ဆုံး ၂ ယောက်လောက် လဲကျသွားပြီးနောက်မှ တန့်သွားသည်။
“ပတောက် ပတောက် ပတောက်
တောက် ဖုန်း တောက် ဖုန်း
ဒက် ဒက် ဒက် ဒက် ဒက်”
ထွဋ်ခေါင် လှိမ့်ပိန့်ပစ်ခတ်သောနေရာကို ရဲမင်း တို့ အောက်ထပ်မှလဲ ဝိုင်းဝန်းပစ် ခတ်သဖြင့် ရန်သူ၏ အကြံဉာဏ်များ ချက်ချင်း အထမမြောက်။ ပစ်အားဖြင့် ခုနိုမ် ခံနေရသည်မို့ အထဲဝင်ဖို့ဆိုတာ လောလောဆယ်မှာ ပျက်ပြယ်သွားသည်။
“ဝှီး ... အုမ်း .. ဂျမ်း
ရွှီး .. အုမ်း ... ဂျိမ်း
ဖောင်း .. ဂျိမ်း ... ဂျိမ်း”
နံရံအပေါက်ဆီမှလဲ အနားကိုကပ်ဖို့ကြိုးစားရာတွင်လဲ အကန့်အသတ်ဖြစ်နေ သည်ကား ဗဟိုကင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗဟိုကင်း ကို ရန်သူသည် လက်နက်ကြီး များဖြင့် သဲကြီးမဲကြီး ပစ်ခတ်တော့သည်။
RPG ထိမှန်ထားသည့် ထွဋ်ခေါင် တို့ အပေါ်ထပ်ကိုလဲ နောက်ထပ် RPG ကျည် ၁ တောင့် ထပ်မံပစ်ခတ်သည်။ သို့သော် ... သေနေ့မစေ့သေးတာလား ပြေးရင်းလွှား ရင်း ပစ်ခတ်ရလို့လားမသိ။ အနှီ RPG ကျည်တောင့်ကား အပေါ်ထပ်ကို ကပ်ပြီး လွဲထွက်သွားသည်။
“ဖောက် ဖောက် ဖောက်”
လူလူချင်း .. အသက်တွေထပ်ကာ စစ်ကစားနေသော စစ်မြေပြင်မို့ ဒီနည်းမရရင် ဟိုနည်း၊ ဟိုနည်းမရရင် ဒီနည်း ကြိုးစားကြတာ ဓမ္မာတာဖြစ်သည်။ ရန်သူသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးသကာလမှာ လက်ဖြောင့် သေနတ်သမား ၂ ယောက် ခန့်ဖြင့် ထွဋ်ခေါင် ကို ဇီဝိန်ချွေဖို့ ကြိုးစားပြန်သည်။
လက်ဖြောင့် ဆိုပေမဲ့ ထွဋ်ခေါင် ကား ဟိုပြေး ဒီပြေး ပစ်ခတ်နေတာမို့ အနှီ ကျည် များထိမှန်မှုမှ လွဲချော်ပြန်သည်။ သို့သော် တစ်တောင့်သော ကျည်မှာတော့ သူ ဆောင်းထားသည့် ကျည်ကာဦးထုပ်ထောင့်စွန်းမှ ကပ်လျက် ဖြတ်သွားသည် ကိုတော့ ခံစားလိုက်ရသဖြင့် အတော်ကို ထိတ်လှန့်သွားသည်။
“ဝှစ် .....
ဟာ ... ငိုးမ
ငါ တော်တော်ကံကောင်းတာပဲဟ”
ကိုယ့်ဘာသာကိုယ် ရေရွတ်ရင်း အသက်ရှင်နေမှုအတွက် ဆုလာဒ်ဟု သဘော ထားလိုက်သည်။
“ပတောက် ပတောက် ပတောက်
တောက် ဖုန်း တောက် ဖုန်း
ဒက် ဒက် ဒက် ဒက်
ဖောက် ဖောက် ဖောက်”
ရန်သူသည် သူ့ကိုမမြင်ရတော့ အောက်ထပ်ကိုလဲ Sniper ကျည်တွေဖြင့် ပစ်ခတ်ပြန်သည်နှင့်တူသည်။ တစ်ချက်ချင်းဆီ အသံ တွေကို တောက်လျှောက် ကြားနေရသဖြင့် စိတ်ထဲတော့ ပူမိပြန်သည်။
“ဟေ့ .. ရဲမင်း
အခြေအနေကောင်းလား”
အပေါ်ထပ်နှင့် အောက်ထပ် ဒိုးလျှိုပေါက်မြင်နေရသည့် လက်နက်ကြီး ကျည်ထိမှန်ထားသော အပေါက်မှသည် အောက်ထပ်ကို ဆက်သွယ်တော့ ရဲမင်း ဆီမှ အသံပြန်ထွက်လာသည်။
“အေး ... မကောင်းဘူး သူငယ်ချင်း
Sniper တွေနဲ့ထောက်ထားတယ်
ငါတို့ လှုပ်မရဘူး”
ရင်ဆိုင်မှုဗျူဟာပြောင်းလဲသွားသည့် ရန်သူ့ကို ထွဋ်ခေါင် တို့ ဘယ်လို ပြန်ရင် ဆိုင်ရမလဲဆိုတာ ခုထိ အဖြေမထုတ်နိုင်သေး။ ဒီပုံအတိုင်း ဆက်သွားမည်ဆိုလျှင် အန္တရာယ်တော့ များလာချေပြီဖြစ်သည်။
“နေဦးကွာ .. ငါ အပေါ်ထပ်က ပစ်ကြည့်ဦးမယ်”
အောက်ထပ်ကို ဖိခံနေရသည့်အချိန်တွင် ရဲမင်း အပေါ်ထပ်မှသည် အာရုံပြောင်း ကြည့်မလားဆိုသည့် အသိနှင့် ပစ်ခတ်ဖို့ အတွက် ဟန်ပြင်လိုက်သည်။ လတ်တလော ကိုင်တွယ်ထားသည့် AK-47 ကို ခဏ ထားကာ M-16 သေနတ်ကို ကောက်ကိုင်ရင်း ကျည်ထိုးမောင်းတင်ကာ တစ်ခုသောနေရာမှသည် ထပစ်ဖို့ အလုပ် ....
“ဖောက် ... ဖောက်”

07.02.202512:56
06.02.202506:14
ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု ဆိုတာ
အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုတာ အနှီ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ မောင်းနှင်နေတဲ့ လည်ပတ်နေတဲ့ အဆင့်တိုင်း အဆင့်တိုင်းရဲ့ စွမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်နဲ့ဆိုင်ပါတယ်။ အထက်၊ အောက်၊ အလယ် ဆိုသည့် ပင်နီယံ တွေအားလုံး ဆောင်ရွက်မှုကောင်းမှသာ အနှှီ အဖွဲ့အစည်း ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တွေအောင်မြင်မည်ဖြစ်သည်။
ဆိုတော့ .... အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ ရုံးတစ်ရုံးတွင် အရေးကြီး ဆုံးသော အရင်းအမြစ်မှာ လူ့စွမ်းအားပင်ဖြစ်သည်။ ယခု ဆောင်းပါးသည် အဆိုပါ လူသားများစွမ်းဆောင်ရည်ကို အထောက်အပံ့ပေးသည့် ခေါင်းဆောင်မှုနှင့် စီမံ ခန့်ခွဲမှုဆိုတာကို စာရေးသူ သိသမျှ တတ်သမျှ ရေးသားသွားမည်ဖြစ်သည်။
အဖွဲ့အစည်းတွင် နောက်လိုက်ငယ်သား ဆိုတာလဲရှိရမည်။ အလယ်အလတ် စီမံခန့်ခွဲသူလဲရှိရမည်ဖြစ်ပြီး အဆင့်မြင့်ခေါင်းဆောင်ဆိုတာလဲ ရှိရမည်။ ထိုသို့ အလွှာများမရှိလျှင် အဖွဲ့အစည်းဆိုတာလဲရှိလာမည်မဟုတ်။ ဒီနေရာတွင် တပ်မတော် လို လက်နက်ကိုင်အဖွဲ့အစည်းမှအစ အစိုးရဝန်ကြီးဌာနလို အရပ်ဖက် အစိုးရအဖွဲ့အစည်းအလည် ပရဟိတလို INGO အဖွဲ့အစည်းမှအစ အားလုံးတွင် ခေါင်းဆောင်၊ စီမံခန့်ခွဲသူ၊ နောက်လိုက် ဆိုသည့် အလွှာများခြားနားထားသလို လုပ်ပိုင်ခွင့်နှင့် လုပ်နိုင်ခွင့်တွေလဲ ကွဲပြားခြားနားကြသည်။
ဒီနေရာတွင် တချို့ကား တပ်မတော် ကို သွေးထိုးလိုသဖြင့် တပ်မတော် တွင် အထက်/အောက် အရမ်းအဆင့်အတန်းခွဲခြားသည်တို့ လုပ်ပိုင်ခွင့်တွေ ကွာသည်တို့ ဆိုပြီး ဘေးစကားတွေပြောကြသည်။ အားလုံးက တန်းတူညီမျှခွင့်ရှိသည်ဆိုပြီး ဘယ်မှာမှမရှိသည့် ဖွဲ့စည်းမှုတွေပြောလာသည်။ ထိုသို့ သွေးထိုးနေသည့် DVB, BBC, RFA မှာတောင် အထက်/အောက် မမျှတလို့ StarStone လိုကောင်တွေ အလုပ်ထွက်သွားတာမျိုးကျ မပြောတော့။ ရယ်တော့ ရယ်ရသည်။
ထားပါ .. ဒါက စကားချပ်ဖြစ်သည်။ လိုရင်းကို ဆက်သွားရမည်ဆိုလျှင် ယနေ့ အဖွဲ့အစည်းတိုင်းတွင် Vision/Mission ချမှတ်ပေးသည့် Leadership Style နှင့် Visson/Mission ကို အောင်မြင်အောင် ဆောင်ရွက်ရမည့် Managment Skill မှာ အလွန်အင်မတန်မှအရေးကြီးလှသည်။
သို့သော် ယနေ့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် Generation Grap အရ လား (ဒါမှမဟုတ်) အခြားအကြောင်းအရလားမသိပေမဲ့ Leadership နှင့် Management ကိုမကွဲပြားကြ။
Leadership Role ဆိုသည်မှာ အဖွဲ့အစည်း၏ Vission နှင့် Mission ကိုသာ ချမှတ်ရမည်ဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် မဟာဗျူဟာနှင့် ပေါ်လစီ ကို ကိုင်တွယ်ချမှတ်ရသောသူ။ Management Role ဆိုသည်မှာ မဟာဗျူဟာနှင့် ပေါ်လစီကိုင်တွယ်သည့် ခေါင်းဆောင်မှချမှတ်လိုက်သည်များကို အကောင်အထည် ပေါ်စေရန်အတွယ် ဘယ်လိုလုပ်မည်၊ ညာလိုလုပ်မည် ဆိုသည့် နည်းဗျူဟာနှင့် အတူ အကောင်အထည်ဖော်ရမည့်သူများဖြစ်သည်။
ဉပမာအားဖြင့်ဆိုရမည်ဆိုလျှင် .... ခေါင်းဆောင်မှ ဒီလတွင် ကုမ္ပဏီအနေ ဖြင့် လျာထားဘတ်ဂျတ်ထပ်နည်းအောင် အသုံးစရိတ်ချွေတာရမည်ဆိုတာကို ချမှတ်ပေးရုံသာဖြစ်သည်။ ထိုကုမ္ပဏီရှိ Management Level မှ ဝန်ထမ်းများမှ ဘယ်ဌာနမှာတော့ အသုံးစရိတ်ကမလို၊ ဘယ်ဌာနမှာတော့ အသုံးစရိတ်က လို စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး အကောင်အထည်ဖော်ရမည်ဖြစ်သည်။
ခုတော့ Leadership Role မှ တာဝန်ရှိသူများသည် Management Role သာမက Supervisor Level ထိဆင်းလုပ်ကြသည်။ အသုံးစရိတ်ချွေတာနော်၊ မင်းတို့ ဟိုဌာနက ဟိုတစ်ခေါက်က စာရွက်ဝယ်တာများတယ်၊ ဟိုဌာနက ဖယ်ရီ ဆီအသုံးစရိတ်များတယ် မှစကာ ဒီလောက်ပဲသုံးလေ၊ ဆီက မင်းဟိုကနေ ဒီထိ ဒီလောက်ကုန်မလား စဉ်းစားဆိုပြီး ကားဆီထည့်သည့် Mile ကအစ ဝင်ပါကြသည်။ ဒါက ကုမ္ပဏီကို ဉပမာပေး ပြောပြခြင်းဖြစ်သည်။ အခြား INGO တို့ဘာတို့တွင်လဲ ဒီလိုပဲဖြစ်ပျက်နေကြသည်။ ဘာကြောင့်ဆိုတာ စဉ်းစားလို့ကိုမရ။ တစ်ခုရှိသည် ကား Leadership Role တွင်ရောက်ရှိနေသည့် Generation များသည် Management Role တွင်ရောက်ရှိနေသည့် Generation များကိုမယုံတာများလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အင်မတန်လွန်ကဲနေကြတာလား ဆိုတာ မသဲကွဲတော့။
ထိုသို့ ဝင်ပါတော့ ဘာဖြစ်တုန်းဟ။ ဟုတ်ကဲ့ ... အလွှာအလိုက် Performance ကျစေပါသည်။ Leadership Role မှ Management Role အလယ် Supervisor Role အဆုံးဆင်းလုပ်တော့ ကြားထဲမှ လူတွေမှာ မသိချင်ယောင် ဆောင်ကုန်ကြသည်။ သောက်ပြသနာတက်လာလျှင် ခင်ဗျားလုပ်တာပဲ ၊ ကျုပ်တို့ မသိဘူးဆိုပြီး ခေါင်းရှောင်ကုန်ကြသည်။ တဖြည်းဖြည်းနှင့် သာမာန် ကိစ္စတောင် ဆုံးဖြတ်ချက်မပေးပဲ အထက်အဆင့်ထိ “တင်ပြအပ်ပါသည်” ဆိုသည့် စကားနှင့် တင်ပြကုန်ကြသည်။

အပိုင်း (၂၄)
ရုံးခန်းထဲမယ် နှစ်ကိုယ်ကြား ပြောစရာရှိသည်နှင့်တူသည်။ လိုက်ပို့သည့် G2 (သို့) ဦးစီး ဒု ကို အခန်းထဲမှ ထွက်ခွာစေသည်။
ဦးစီး(ဒု) အခန်းတံခါးကိုပြန်ပိတ်ပြီး အတန်ကြာမှာတော့ ဒကစ မှူး မှ ထွဋ်ခေါင် ကို မေးငေါ့ရင်း စကားစဆိုသည်။
“ကိုယ့်လူ .... ဘယ်လိုဖြစ်တာလဲ
လူပျိုကြီး”
အစမရှိ အဆုံးမရှိ ဖြစ်နေသဖြင့် ကြောင်တောင်တောင်ဖြစ်သွားသည်။ ဘာကို ဦးတည်လို့ဦးတည်မှန်းမသိသည်မို့ ဘာပြန်ဖြေလို့ဖြေရမှန်းမသိဖြစ်လျက်။
“ဗျာ .. ဘာကိုပြောတာလဲ ဗိုလ်ချုပ်
ကျွန်တော် နားမလည်ဘူးခင်ဗျ”
နားမလည်လို့ နားမလည်သည့်အကြောင်း ပြန်သတင်းပို့ပေမဲ့ တစ်ဖက်မှ ဒကစ မှူးကတော့ သူ့ကို တွေတွေကြီးကြည့်နေသောကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ သူ့ကိုကြည့်သည့် အကြည့်တွေထဲမှာ မသင်္ကာတာလိုလို ဘာလိုလို အကြည့်စိမ်းတွေ ပါဝင်သဖြင့် ထွဋ်ခေါင် အတော်ကို စိတ်လှုပ်ရှားသွားသည်။
“မင်း ဘာတွေရှုပ်ထားလဲ”
ထပ်မံထွက်ကျလာသည့် မေးခွန်းကြောင့် ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။ ရှုပ်ထားလားဆိုသည့် မေးခွန်းမှာ သာမာန်မဟုတ်။ Character ပါနေသဖြင့် တော်တော် စိတ်လဲလှုပ်ရှားသွားသည်။
“မရှုပ်ပါဘူး ... ဗိုလ်ချုပ်
ကျွန်တော် ဘာမှ မရှုပ်ပါဘူး”
ဒကစမှူး ကိုလဲ ပြန်ဖြေရင်း ခေါင်းထဲမှာ တဆက်တည်း ဖြစ်နိုင်သည်များကို ဆက်စပ်တွေးခေါ်လိုက်သည်။ ဖြစ်နိုင်တာကတော့ အမျိုးသမီး ကိစ္စဖြစ်နိုင်သည်။ သို့သော် ထွဋ်ခေါင် ကို တိုင်ရလောက်သည့် အမျိုးသမီး ကလဲ မရှိနိုင်ချေ။
“အေး ... မင်း မဖြေတော့လဲ
ငါ ဖြေပေးရတာပေါ့ကွာ
မင်း ကို တိုင်စာရောက်တယ်
ကာမ လိမ်လည်ရယူမှုနဲ့
ဒေါ်ကေသီ က တိုင်တာ ... ကဲ”
ကေသီ တိုင်တာတဲ့။ လောကကြီးချာချာကိုလည်ထွက်သွားသည်။ မထင်မှတ် ထားသော သူမ က တိုင်တာတဲ့လေ။ ဒီလိုအမှုမျိုးတွေ တပ်မတော်မှာ တာဝန်ထမ်း ဆောင်ခဲ့ချိန်မှာ တောက်လျှောက် မြင်ဖူးကြားဖူးသည်။ ကေသီ မှာ ထိုသို့သော အမျိုးသမီး မဟုတ်ဟု ယုံကြည်ခဲ့တာ။ ခု တိုင်တာက သူမ ကိုယ်တိုင်ဆိုတော့ ထွဋ်ခေါင် ဘာပြောလို့ပြောရမှန်းမသိ။ ပါးစပ်အဟောင်းသားနှင့်။
“ကိုယ့်လူ .. ဘာပြောစရာရှိလဲ”
ဒကစမှူး ရဲ့ ထပ်မံဆိုလာသည့် စကားကြောင့် ထွဋ်ခေါင် သတိပြန်ဝင်ပြီး ကယောင် ကတမ်းနှင့် ခေါင်းငြိမ့်လိုက်သည်။
“ဗျာ ... ဟုတ်
ဘာပြောစရာမှမရှိပါဘူး
သူက ဘာလို့တိုင်တာလဲခင်ဗျ
ကျွန်တော် သိရမလား”
ကြုံတွေ့လာရပြီဆိုတော့ ထွဋ်ခေါင် မှာ အခြေအနေအမှန်ကိုသိဖို့ လိုလာပြီဖြစ် သည်။ ဒါကြောင့် ဒကစမှူး ကို ပွင့်ပွင့်လင်းလင်း သတင်းပို့တော့ ဆရာသမား ကား ခေါင်းငြိမ့်ပြီး သူ့ကို တိုင်စာ ကမ်းပေးသည်။
“ရော့ ... ဒီမယ် တိုင်စာ
ကိုယ့်ဘာသာကို ဖတ်ကြည့်”
သိချင်ဇောတွေများနေသဖြင့် ထွဋ်ခေါင် ဒကစမှူး ကမ်းလာသည့် တိုင်စာ ကို အမြန်လှမ်းယူပြီး စာကို တရစပ် အမြန်ဖတ်လိုက်သည်။ စာသားတွေကို ဖတ်နေရင်းနဲ့ ထွဋ်ခေါင် မျက်လုံးတွေပြူးလာသည်။ ဟုတ်မှဟုတ်ရဲ့လားဆိုသည့် အတွေးတွေနှင့် ဒေါင်ချာစိုင်းပြီး ရင်ထဲ ဝမ်းနည်းမိသည်။
သူမ ရေးထားသည့် အကြောင်းအရာတွေကတော့ သာမာန် ရေးရိုး ရေးစဉ် တွေဖြစ်ပေမဲ့ ခုလိုမျိုး ရေးသားချက်တွေနှင့် တိုင်ကြားစာရေးမည်လို့ မထင်ခဲ့ရိုး အမှန်ပါ။
ခုတော့ မထင်မှတ်တာတွေက တကယ်ဖြစ်လာလို့နေပြီ။ ရင်ဆိုင်ဖို့သာရှိတော့ သည်။
“ဟုတ် .. ရပါပြီ”
တိုင်စာအားလုံး အနှစ်ချုပ်ကတော့ သူတို့ အချစ်နယ်ကျွံပြီး လက်ထပ်ခိုင်းသည့် အခါမှာ ထွဋ်ခေါင် က လက်မထပ်ဟု ငြင်းဆန်သဖြင့် တိုင်ကြားခြင်းဖြစ်သည်။
“ကဲ .. ဆိုတော့
သူပြောတာ ဟုတ်လား
မင်းကို ငါ မေးတာ အလွတ်သဘောမျိုးမေးတာနော်
မင်းတို့ တပ်မမှူး ကလဲ မင်း ဖုန်းဆက်မယ်ပြောတယ်”
တပ်မတော်မှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ တိုင်စာရောက်ပြီ ဆိုကတည်းက တရားခံတစ်ယောက်လို ဆက်ဆံကြသည်။ တိုင်စာ ဟုတ်သလား မဟုတ်သလား ဆိုတာကို စီစစ်တာကနောက်မှ။ “ဟုတ်လို့ကျော် .. ပုတ်လို့ပေါ်” ဆိုသည့် ဆိုရိုး ကိုသာ ကျင့်သုံးကြသဖြင့် ထွဋ်ခေါင် ကို အားလုံး တစ်မျိုးမြင်သွားပြီဆိုတာတော့ မြေကြီး လက်ခပ်မလွဲ။
သူ့ တပ်မမှူး ကိုယ်တိုင်ကလဲ သူ့ကိုဖုန်းဆက်မည်ဆိုတော့ ခေါင်းငိုက်စိုက် ကျသွားသည်။
“ဟုတ် .. ဒီထဲမှာ ရေးထားတာတွေက
တချို့ဟုတ်ပါတယ်
ကျွန်တော် သူ့ကို ယူမယ်လို့ပြောထားပါတယ်
ဒါပေမဲ့ .. လောလောဆယ် xxxxxxxxxxxxxx”
အစ/အဆုံး မဟုတ်သော်လည်း ဘာကြောင့် လက်မထပ်သလဲဆိုသည့် အကြောင်းအရင်းကို ထွဋ်ခေါင် ဒကစမှူး ကို အကျဉ်းချုပ်ရှင်းပြသည်။
“အင်း ... ဒါပေမဲ့ ဒီထဲမှာတော့
မင်းက တပ်နားက ထက်ထက် ဆိုတဲ့ အမျိုးသမီးနဲ့
ခြေရှုပ်လို့ဆို”
Facebook မှ စတင်ခဲ့သည့် ဇာတ်လမ်းက ဘာမှမဟုတ်ပဲ ခုတော့ တိုင်ခံရချေပြီ။
“မဟုတ်ပါဘူး .. ဗိုလ်ချုပ်
သူ အထင်လွဲနေတာပါ”
ချစ်သူချင်းအထင်လွဲတာတွေ ဘာတွေ ပြောပြသော်လည်း ထွဋ်ခေါင် စကား ကို ဒကစမှူး မှာ နားထဲသိပ်ဝင်ပုံမပေါ်။
“အေး ... မင်းကလဲ အထင်လွဲအောင်
ဘာတွေသွားလုပ်ထားလဲမှမသိတာ”

03.01.202510:12
Ko'rsatilgan 1 - 24 dan 80
Ko'proq funksiyalarni ochish uchun tizimga kiring.