Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Sai Aung avatar

Sai Aung

သတင်းအမှန် အရင်းခံ
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaJun 20, 2021
TGlist-ga qo'shildi
Feb 26, 2025
Muxrlangan guruh

"Sai Aung" guruhidagi so'nggi postlar

၃-၄-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီ အချိန်အထိကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦး
Repost qilingan:
Popular Journal avatar
Popular Journal
အကျိုးအမြတ် မယူသောအရောင်းအဝယ်ဖြင့် ငလျင်ဒဏ်ခံစားနေရသူများထံလှူကြပို့ကြမည်

မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MDEA)သည် ငလျင်ဘေးသင့်ဒေသများရှိပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချသူနှင့် လှူဒါန်းလိုသောစေတနာရှင်များအား ချိတ်ဆက်၍ MDEA ၏ စီမံခန့်ခွဲမှုဖြင့် ဒေသအသီးသီးရှိ ဒေသအခြေစိုက် အဖွဲ့အစည်းများထံသို့ Royal Express နှင့် Ninja Van တို့မှ အခမဲ့ပေးပို့လှူဒါန်းပေးမည့် အစီအစဉ်တစ်ခုကို သင့်လျော်သော လုပ်ငန်းရှင်များသို့ ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထိုအစီအစဉ်တွင် လုပ်ငန်းရှင်များက စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအထွေထွေပစ္စည်းထုတ်ကုန်များအား ဧပြီ ၈ ရက်နှင့် ၉ ရက်တွင် FORTUNE PLAZA (မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ သာကေတ)၌ နံနက် (၉း၃၀) မှ ညနေ (၆း၃၀) ထိ လာရောက်ပြသစေ၍ အကျိုးအမြတ်မယူသော ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရန် ဖိတ်ခေါ်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/အကျိုးအမြတ်-မယူသောအရေ/
လမ်းပေါ်ရောက်လာတယ် … ကျနော်က လှမ်းဆွဲခေါ် အကူညီတောင်းတော့ သူတို့လိုက်ကြည့်ပြီး သူ့ထက် ငါ အောက်ထဲ ဆင်းမည်တကဲကဲ…
ကျနော့် နောင်တော် GM ဦးတင်မောင်သန်းရဲ့ စီမံမှုကြောင့် DGM ဦးထွန်းဦးရဲ့မီးစက်ကြီး ရောက်လာပါပြီ… ကဲ့. ဆင်းတော့ဆိုတော့လည်း အလုအယက် ဆင်းကြတော့ပါပဲ….
သိပ်မကြာလိုက်ပါ… ၁၁:၁၅ နာရီမှာ Saved ဖြစ်သွားပြီ… အားလုံး လက်ခုပ်သံ တညံညံ….
အဲ့ဒီနေရာမှာ အလုံးစုံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာ့မီးရထား MD အပါအဝင် ဝန်ထမ်းများ တပ်မတော်မှ စစ်သည်များနဲ့ ရဲတပ်ဖွဲ့များကို ဂုဏ်ပြုလေးစားလျက်ပါ…..
ကျွန်တော် ဘယ်တုန်းကမှ မခံစားခဲ့ရဘူးတဲ့ မိမိကိုယ်မိမိ ဝမ်းသာပီတိ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတာကိုတော့ တစ်သက်တာမမေ့နိုင်လေတော့ပါကြောင်းဗျာ…
#NyiNyiSwe
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်က
ထိခိုက်မှုအများဆုံးဖြစ်တဲ့ဝန်ထမ်းတိုက်နေရာတွေဆီကျွန်တော်တို့အစောဆုံးရောက်ရှိခဲ့ပါတယ်…
ငလျင်လှုပ်တဲ့အချိန် ကျွန်တော်နဲ့ MD က ဝန်ကြီးရုံးမှာအစည်းတက်နေချိန်ပေါ့၊ ဖုန်းတွေခေါ်မရတော့… အဲ့ဘူတာကြီးက ရုံးရှိရာကိုအမြန်ပြန်ခဲ့ကြပါတယ်…လမ်းတလျောက်မှာကွဲအက်တာတွေဖြစ်နေတော့ ပတ်ပြီးမောင်းရတယ်လေ…
ရုံးရောက်တော့ အိမ်ရာတွေပြိုတယ် ဆိုတဲ့သတင်းရပြီး ဝန်ထမ်း အားလုံးဖယ်ရီတွေနဲ့ပြန်ကုန်ပါပြီ…
ရထားသွားနေတာတွေ အန္တရာယ် ကင်း မကင်းသတင်းယူ ပြီးတော့အိမ်ရာမှာကြိုရောက်နေတဲ့
ကျနော့် AGM ဦးဘိုဝင်းထံ လှမ်းမေးတော့ ယောကျ်ားရင့်မာကြီးက ငိုသံနဲ့ ဆရာ… ကျနော့တပည့်တွေ မိသားစုတွေ… အကုန်ပိနေတယ် ထုတ်မရတော့ဘူးဆရာ .. လုပ်ပါဦးလို့ …. ဆိုပါတယ်
ရင်ထဲဆို့နင့်သွားခဲ့ရပါတယ်… ကျနော်အိမ်ယာလိုက်သွားတော့မယ်လို့ MD ထံသတင်းပို့ခဲ့ပါတယ်
ရုံးက နေပြည်တော်ဘူတာကြီးမှာ အိမ်ရာတွေနဲ့က ၁၈ မိုင်ဝေးပါတယ်… ပုံမှန်ဆို ၃၀ မိနစ်ပဲကားမောင်းရ…
ခုလမ်းတွေ ကွဲအက် ကတ္တရာတွေအချပ်လိုက်ထပ်နေတော့ ရှောင်တိမ်းမောင်းရတော့ ၁ နာရီကျော်ကြာမှရောက်သွားခဲ့ပါပြီ…
ပြိုကျတိုက်အတွင်းပိတ်မိနေတဲ့ သေဆုံး ဒဏ်ရာရ
မိသားစုဝင်တွေကို ရနိုင်သမျှအင်အားသုံးပြီး
ဝိုင်းဝန်းကယ်ထုတ်နိုင်အောင်သန်းခေါင်ယံတိုင်အထိ
ကြိုးစားခဲ့ပါတယ်…
ပိတ်မိဝန်းထမ်း/မိသားစုဝင် ၁၉ ဦးအနက် ၁၄ ဦးကို နေမဝင်ခင်ဆယ်တင်နိုင်ခဲ့ပါတယ်၊ သို့သော် ၈ဦးကအသက်ရှင်လျက်မကယ်နိုင်ခဲ့ပါဘူး။ ပိတ်မိ ၅ ဦးကျန်နေပြီး ဒီအထဲက ၄ ဦးက အသံဆက်သွယ်မှု လုံးဝမရတော့ပဲ ၁ ဦးကတော့ အသက်ရှင်လျက်ပိတ်မိကျန်နေတာပါ…
ပိတ်မိအများဆုံးဖြစ်တာက တိုက်အမှတ် ၂၃၆၉ ပါ
၆ ဦး ပိတ်မိနေခဲ့တာပါ
အဲ့ရှေ့ကားရပ်လိုက်တယ်ဆိုရင်ပဲ…
ဆရာကြီး Dr Than Min Htut (Than Minn Htut) မီးအိမ်ရှင်) DGM (Medical) က
ဆရာ ကျွန်တော်နှင့်လိုက်ခဲ့ဆိုပြီး အဲ့ပြိုကျနေတဲ့တိုက်အောက်ခေါ်သွားပြီး အကျိုးအကြောင်းလိုရင်းပြောပါတယ်…၃ ယောက်အောက်မှာကျန်နေပါတယ်
ဒါတောင်သူတို့တွေက ၃ယောက်ကို ရှင်လျက်ကယ်တင်ပြီးနေပါပြီ… DGM ဦီးဆွေရင်နှင့်အတူ
ကျွန်တော် အားကိုးရတဲ့ မောင်မျိုးသန့်(ကြီးကြပ် ရေးမှူး) နဲ့ ၃/၄ ယောက်က အဲ့တိုက်အောက်မှာ ကျန်နေတဲ့ ၃ ယောက်ကို ထပ်မံပြိုကျနိုင်တဲ့အန္တရယ်ကြားက နည်းမျိုးစုံသုံးပြီး ဆွဲထုတ်ဖို့ကြိုးစားနေကြပါတယ်…
ရှင်လျက်ရှိနေတဲ့သူကို ပိုဦးစားပေးဆွဲထုတ်ဖို့ ပြောတော့ ညှာသံတွေပေးပြီး အကြိမ်ကြိမ်ဝင်နှိုက်ဆွဲကြတော့တာပါပဲ…နောက်
သူတို့လည်း ထုံးတွေ ဖုန်မှုန့်တွေနဲ့ တစ်ကိုယ်လုံးဖုံးနေလေရဲ့… သားငယ်လေးတစ်ယောက်နဲ့ ဝန်ထမ်းရဲ့မိခင်တစ်ယောက်ပါ ( သားလေးကတော့ဆေးရုံအရောက်မှာပဲ ဆုံးပါးသွားရပြီး မိခင်ကြီးကိုတော့ ရှင်လျက်ကယ်တင်နိုင်ခဲ့ကြပါတယ်)
တစ်ချိန်တည်းမှာပဲ အဲ့တိုက်ဘေးက တိုက်အမှတ် ၂၃၇၀ ရဲ့အရှေ့ ညနေ ၅ နာရီ ကျနော် ရောက်သွားတဲ့အချိန်မှာတော့ ကျနော့်ရဲ့ စီမံကိန်းဌာနစိတ်က ဒုရုံးအုပ်ဒေါ်….(ကျနော်အလုပ်သွင်းပေးခဲ့သူ)ကထွက်ပြေးလာတွေ့ပြီး….
ဆရာ … သမီးရဲ့အဖေတိုက်အောက်မှာပိတ်မိနေပြီ… ကယ်ပေးပါဆရာဟု… ငိုကြွေးကာဆိုလာပါတယ်….
သမီးရေ ဆရာရအောင်ကယ်ပေးပါမယ်လို့… ကတိပြုလိုက်ပါတယ်…
အဲ့နေရာကျနော်ချက်ခြင်းသွားကြည့်တယ် …
ပြိုကျထားတဲ့ တိုက်အောက်ဆုံးထပ်အထဲ တပည့်မရဲ့ ဖခင်ကြီးအသံသဲ့သဲ့ကြားနေရတယ် …
အပေါ်မော့ကြည့်တော့လည်း တိုက်ကကိုယ်တွေအပေါ်ပြိုကျလေတောမည့်ဟန်.. ရင်ဝကတစ်ဒိန်းဒိန်းဖြစ်ပြီလေ….
ဆွဲထုတ်နေကြတဲ့သူတွေ ၂/၃ ယောက်လည်း လက်မှိုင်ချနေပြီ… အုတ်နံရံကြီး နှစ်ချပ်အကြား၊
အပါ်အောက်ကလည်းလုံးလုံးပိတ်မိနေပြီ… သူ့ကို ရေသန်းဘူးပါထည့်ပေးလို့မရ…
ဒီအတိုင်းဆိုမဖြစ်ချေပြီ သူတို့အားနဲ့မရလေတော့…
ငါ မီးသတ် ကယ်ဆယ်ရေးအဖွဲ့သွားခေါ်မယ် ဒီကြားထဲ မင်းတို့ သူ့ကိုအားပေးထား ရေတိုက်လို့ရနိုင်မယ့်နည်းလမ်းရှာလုပ်ထားလို့ မှာခဲ့တယ်…
ကားအမြန်မောင်းထွက် ဓါတုဇယစေတီအနီးက မီးသတ်ကိုရောက် အကူညီတောင်းတော့ သူတိ့မှာ ကယ်ဆယ်ရေးပစ္စည်းအစုံပါတဲ့ကားများမရှိတော့ကြောင်း နေရာအစုံကို ထွက်ကယ်နေရတယ်လို့သိရ.. ဒါနဲ့အကျိုးအကြောင်းပြောပြီး အတွေ့အကြုံရှိမီးသတ်တပ်ကြပ်ကြီး ၂ ဦးကို ကားနဲ့တင်ပြီးအမြန်မောင်းထွက်လာခဲ့တယ..
တိုက်ရောက်ပြီးသူတို့လှည့်ပတ်စစ်ဆေးပြီးတော့….
ဆရာတို့ရေ တိုက်ကအခြေအနေမကောင်းတော့ဘူး
ပြိုနိုင်တယ် ဘာကိရိယာမှမပါတော့ လုပ်မရဘူး သူ့ဆရာတွေပြန်တင်ပြပါရစေ ဆိုလာတယ်…
သူတို့ကိုပြနိပို့ပြီး သူ့ဆရာဆိုတဲ့သူနဲ့တွေ့တယ် … တိုက် ၂၃၅၂ မှာပိတ်နေတဲ့ကလေးတွေကို သွားကယ်နေတဲ့ ယာဉ်မှာ ပစ္စည်းအစုံပါတယ် အဲ့ကိုလိုက်သွားပြီး ဆွဲခေါ်သွားပါပြောတယ်… သွားရှာတော့မတွေ့… စုံစမ်းကြည့်တော့ ကျနော်သတင်းပေးထားတဲ့တိုက်ကိုသွားပြီတဲ့ …ဆက်လိုက်တော့ လမ်းမှာတွေ့ပြီးဖြစ်တဲ့နေရာကိုခေါ်ပြတယ်…. သူတို့နဲ့လည်းမရပြန်သေးဘူးတဲ့… မီးစက်ရှာထားပါ… ရရင်ပြန်လာခဲ့မယ်ပြောပြီးထွက်သွားပြန်ပါလေရောဗျာ…
ကျနော်ကမကျေနပ်လေတော့… ဒီရှင်နေတဲ့သူကို
ငါရအောင်ကယ်ရမယ်လို့ အားတင်းရတာပေါ့…
မကြာပါဘူး စစ်ရေးပြလာလျှောက်တဲ့ စစ်သည်တွေ ရဲတပ်ဖွဲ့ဝင်တွေ အများကြီး တပ်ကားတွေနဲ့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်
Repost qilingan:
Myanmar National Post avatar
Myanmar National Post
“မူလမစိုးရိမ် ပင်မကျောင်းဆောင်ကြီး” အား ရှေးမူမပျက် ဇွဲထက် စိန်ရွှေရတနာဆိုင်မှ သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော်ဖြင့် ပြန်လည်တည်ဆောက်လှူဒါန်းမည်

ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော မူလမစိုးရိမ် ပင်မအလယ်ကျောင်းတိုက်ကြီးကို အသစ်ပြန်လည် တည်ဆောက်ရန်နှင့် construction / decoraction / furniture များအပါအဝင် သိန်းပေါင်း နှစ်သောင်းငါးထောင်ကျော်အား ဇွဲထက်စိန်ရွှေရတနာဆိုင် မိသားစုမှ ဆောက်လုပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။
အခုလို ဘုရားဒကာ၊ ကျောင်းဒကာကြီးအဖြစ်ခံယူပြီး ကျောင်းဆောက်လုပ်လှူဒါန်းနိုင်တာဟာလည်း ချစ်မိတ်ဆွေ Customer များရဲ့ တစ်ခဲနက်အားပေးမှုတွေကြောင့်သာ ဖြစ်ပါကြောင်း၊ ဒါကြောင့် ခုနစ်ရက်သားသမီး ချစ်မိတ်ဆွေများအားလုံး မုဒိတာပွားကာ ထပ်တူကုသိုလ်ယူနိုင်စေဖိုအတွက် ပြန်လည်မျှဝေပေးလိုက်ရပါကြောင်း ဇွဲထက်မိသားစုက ထုတ်ပြန်ပြောဆိုထားပါတယ်။

#MyanmarEartquake
https://t.me/MyanmarNationalPost
အိန္ဒိယက စားနပ်ရိက္ခာ ၄၄၂ မက်ထရစ်တန် ထပ်မံကူညီမည်

မြန်မာ့ငလျင်‌ဘေးအတွက် ကူညီရန် အိန္ဒိယမှ ထပ်မံပေးအပ်သည့် စားနပ်ရိက္ခာ ၄၄၂ မက်ထရစ်တန် တင်ဆောင်လာသည့် သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ ယမန်နေ့က ထွက်ခွာလာပြီဖြစ်ကြောင်း သံရုံးကသတင်းထုတ်ပြန်ထားသည်။
-
အဆိုပါ အိန္ဒိယရေတပ်သင်္ဘော Ghariai သည် အိန္ဒိယ၏ ဗြဟ္မာစီမံချက်အရ လာရောက်ခြင်းဖြစ်ပြီး ဆန် ၄၀၅ မက်ထရစ်တန်၊ ဟင်းချက်ဆီ ၃၀ မက်ထရစ်တန်၊ဘီစကွတ် ၅ မက်ထရစ်တန်နှင့် အသင့်စားခေါက်ဆွဲ ၂ မက်ထရစ်တန်အပါအဝင် စားနပ်ရိက္ခာအကူအညီ ၄၄၂ မက်ထရစ်တန်ကို တင်ဆောင်လာခြင်းဖြစ်။

YMG
-
တိုက်ပွဲသတင်းစုံ
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်
အင်းဝတံတား( စစ်ကိုင်း ) ရေလမ်းယာယီပြောင်းလဲသတ်မှတ်ထား
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအတွက် အသိပေးကြေညာချက်
🙏🙏🙏
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်
------------------------------


၁။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

၂။ လက်ရှိအချိန်တွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။

ထိုကဲ့သိုသော ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။


၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန် လိုက်သည်။

၄။ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲများနှင့် အခြားလက်နက်ကိုင်အဖွဲများအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဟူ၍ဖြစ်သည်။
တရုတ် ကြက်ခြေနီယာဥ်တန်း ပစ်ခတ်ခဲရမှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက်
#MHT News
"သစ္စာမျိုးဆက်" ဇာတ်ဝင်တေးသီချင်း

Rekordlar

03.04.202523:59
9.6KObunachilar
31.03.202523:59
800Iqtiboslar indeksi
24.03.202523:59
5.8KBitta post qamrovi
24.03.202523:59
5.8KReklama posti qamrovi
01.03.202505:28
35.29%ER
24.03.202523:59
63.17%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
JAN '25FEB '25MAR '25APR '25

Sai Aung mashhur postlari

24.03.202513:22
သစ္စာမျိုးဆက် - အပိုင်း(၅) နှစ်(၈၀)ပြည့်တပ်မတော်နေ့ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်း ( အကြည်ဗားရှင်း)

အပိုင်း(၁) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29155
အပိုင်း(၂) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29173
အပိုင်း(၃) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29209
အပိုင်း(၄) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29221
အပိုင်း(၅) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29307
24.03.202502:03
မတ်လ ၂၄ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

ပြည်တွင်းသတင်းများ
--------------------------
၁။ ထိုင်းဝန်ကြီးချုပ်ဦးဆောင်ပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးသို နစက ဥက္ကဋ္ဌ တက်ရောက်မည်

၂။ Polytechnic University များကို တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည်ဟု နစကဥက္ကဋ္ဌ ပြော

၃။ တောင်ခမ်းမှ ဆုတ်နေရသော TNLA က ဗမာ PDF များကို နောင်ချိုသို ပို၍ ခံစစ်ပြင်နေ

၄။ ရှမ်းမြောက်မှ အထင်ကရဖြစ်သော လားရှိးကို MNDAA က ချင်းရွှေဟော်ဇာတ်သွင်းနေ

၅။ ကလေးမြိုသိုပိုဆောင်မည့် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားကို မန္တလေး၌ ဖမ်းဆီးရမိ

၆။ ရန်ကုန်မြိုလယ်ခေါင် ပန်းဘဲတန်း တိတ်ရှိန်ရွှေဆိုင်ကို လူလေးဦး ဝင်ရောက်ကာ သေနတ်ပြ ဓားပြတိုက်ပြီး ရွှေထည် ၂၀ ကျပ်သားလုယက်မှု ယနေ့ဖြစ်ပွား

၇။ နှမ်းခါးရွာရှိ PDF တို လက်နက်သိုလှောင်ထားရာနှင့် ဆေးပေးခန်းတိုက်ခိုက်ခံရမှု CDM ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦး သေဆုံးဟုဆို

၈။ မတ်လ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၅၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 - ၂၉၉၀ ကျပ်၊ Octane 95 - ၃၀၄၅ ကျပ်၊ Diesel - ၂၆၀၀ ကျပ်၊ Premium Diesel - ၃၂၁၅ ကျပ်

နိုင်ငံတကာသတင်းများ
------------------------
၁။ ရုရှားသမ္မတပူတင်သည် လူဆိုးတစ်ဦးမဟုတ်ဘဲ ကြီးမြတ်သည့်ခေါင်းဆောင်ဖြစ်ကြောင်း အမေရိကန်သမ္မတထရန့်၏ သံတမန်က ပြောကြား

၂။ တောင်ကိုရီးယားတွင် သမ္မတယွန်းဆော့ယိုကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများ၏ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာ

၃။ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လုပ်ဆောင်ချက်အားလုံးကို ဒေါ်နယ်ထရမ့်က အပြည့်အဝထောက်ခံ ဟုဆို

၄။ (၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးဖို အဖွဲတစ်ဖွဲကို အစ္စရေး စစ်တပ်ခန့်အပ်

၅။ ယူကရိန်းမှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို အမေရိကန်အထူးသံတမန်ပြော

၆။ ဆော်ဒီအာရေဗီးယားမှာ ဘုရားဖူး ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် အင်ဒိုနီးရှားဘုရားဖူး ခြောက်ဦး သေဆုံး

အားကစားသတင်းများ
------------------------
၁။ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် အသင်းကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီး လာရောက်ကြည့်ရှုအားပေး

၂။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအ တွက် မြန်မာဘောက်ဆင်ကစားသမားများ စတင်လေ့ကျင့်ပြင်နေ

၃။ လာမည့် ဘောလုံးရာသီသစ်တွင် ဧရာဝတီအက်ဖ်စီ၏ ဂိုးနည်းပြအဖြစ် ဦးဖြိုးကိုကိုလှိင်က တာဝန်ယူကိုင်တွယ်သွားမည်

၄။ မြန်မာယူ-၂၂အသင်းနဲ့ တရုတ်ဟောင်ကောင်ယူ-၂၂အသင်းတိုရဲ့ ဒုတိယခြေစမ်းပွဲမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့

၅။ ကမ္ဘ့ာတပ်မတော်များဆောင်းရာသီအားကစားပြိုင်ပွဲတရုတ်တပ်ဝင်ပြိုင်မည်

အနုပညာသတင်းများ
------------------------
၁။ “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆင်းရဲနွမ်းပါးတဲ့ ကာရိုက်တာပီပြင်ဖို ဘေထုပ်တန်းက ပယ်ထည်တွေကို ဝတ်ဆင်ပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်ဆိုတဲ့ စည်သူဝင်း

၂။ အနုပညာကြေးနဲ့ပတ်သက်ပြီး ကောလာဟလထွက်လာတဲ့အပေါ် ကျွန်တော်နဲ့တွဲအလုပ်လုပ်သူတွေ သိနေတာမို ဘာမှမရှင်းပြချင်တော့ဘူး ဆိုတဲ့ အေးချမ်းမောင်

၃။ သူများနိုင်ငံမှာ အောက်ကျခံပြီး ကျွန်လုပ်ရရင် လုပ်ရပါစေ၊ ကိုယ့်နိုင်ငံမှာ သူဋ္ဌေးမကြီးပဲ ဆိုတဲ့ ဒေါ်သီသီဝင်း

၄။ တောင်ကိုရီးယားမင်းသား ပက်ခ်ဘိုဂမ် သမိုင်းဝင် ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို ဆွေးနွေးနေ


#News
#mmdbn
25.03.202513:37
သစ္စာမျိုးဆက် - အပိုင်း(၆) နှစ်(၈၀)ပြည့်တပ်မတော်နေ့ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်း ( SD)

အပိုင်း(၁) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29155
အပိုင်း(၂) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29173
အပိုင်း(၃) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29209
အပိုင်း(၄) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29221
အပိုင်း(၅) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29307
24.03.202502:16
ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်တွင် နှစ်စဥ်ကြုံတွေ့လေ့ရှိသည့် တောမီးလောင်ကျွမ်းနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အထင်ကရဖြစ်သည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ကြုံတွေ့နေကြဖြစ်သော တောမီးလောင်ကျွမ်းမှု ယနေ့ မတ် ၂၃ ရက်ညနေပိုင်းမှစတင်ကာ လောင်ကျွမ်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

" ဇွဲကပင်တောင်မှာ ဒီလိုရက်တွေရောက်လာပြီဆိုရင် တောမီးလောင်တာက နှစ်စဥ်ဖြစ်နေကြပါ။ လတ်တလောကတော့ တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကိုဆက်သွယ်ပြီး အခြေအနေတွေမေးကြည့်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးဘူးဖြစ်နေတယ်။ စိတ်တော့ပူရတာပေါ့။ နောက်ထပ်ကြားရသလောက်ဆိုရင် တောင်တက်ခရီးသွားတစ်ချို့ရှိတယ်လို့သိရတယ်"ဟု ဒေသခံတစ်ဦးက ပြော သည်။

ဇွဲကပင်တော်ပေါ်၌ နေ့လည် ၃ နာရီခွဲအချိန်ခန့်မှစတင်ကာ ဝိဇ္ဇာညီနောင်နှင့် နွားလဘို့လျှိုအတွင်းတို့မှ တောမီးစလောင်ခဲ့ခြင်းဖြစ်သည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Photo-CJ
#PopularJournal
Repost qilingan:
NP News Talk Show avatar
NP News Talk Show
24.03.202501:59
NP News - 23.3.2025
28.03.202503:37
"သစ္စာမျိုးဆက်" ဇာတ်ဝင်တေးသီချင်း
25.03.202508:08
ရခိုင်ဒေသဟာတရုတ်နိူင်ငံတစ်ခုတည်းအတွက်မဟုတ်ဘဲ ဒေသတွင်းအင်အားကြီးနိူင်ငံတွေရဲ့ဆုံချက်ဖြစ်တယ်၊
ကုလအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်(စ်)ရဲ့ပြောစကားကို ကန့်ကွက်တယ်၊
(AA)အဖွဲ့ဟာ သူတို့သိမ်းပိုက်ထားတဲ့ဒေသတွေကိုရေရှည်မှာမထိမ်းချုပ်နိူင်တာကြောင့် စာပွဲဝိုင်းဆွေးနွေးပွဲကိုမကြာခင်ရောက်လာမှာပါ၊
လို့ ရခိုင့်ဦးဆောင်ပါတီ(AFP)ရဲ့ဥက္ကဌ ဒေါက်တာအေးမောင်ကMICC(2)မှာ(NSPNC)ကဦးဆောင်ပြီးကျင်းပလျှက်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပြောဆိုလိုက်ပါတယ်။
#mhtnews
"အကြောင်းအမျိူးမျိူးကြောင့် နေရာရာဒေသအသီးသီးသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားအား ပြန်လည်ဖိတ်ခေါ်"
02.04.202513:50
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်ထုတ်ပြန်
------------------------------


၁။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

၂။ လက်ရှိအချိန်တွင် မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန် သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များလှုပ်ရှားမှုကြောင့် ငလျင်ဒဏ်သင့် ဒေသများ၌ လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက် သေဆုံးခဲ့ရမှုများနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပေါ်ခဲ့ရသည်။

ထိုကဲ့သိုသော ထိခိုက် ပျက်စီးခဲ့ရမှုများနှင့် ပျက်စီးဆုံးရှုးခဲ့ရမှုများကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။


၃။ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထားနားလည်သောအားဖြင့်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်း ကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန် လိုက်သည်။

၄။ ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲများနှင့် အခြားလက်နက်ကိုင်အဖွဲများအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက် ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအားကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဟူ၍ဖြစ်သည်။
25.03.202513:34
သစ္စာမျိုးဆက် - အပိုင်း(၆) နှစ်(၈၀)ပြည့်တပ်မတော်နေ့ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်း ( အကြည်ဗားရှင်း)

အပိုင်း(၁) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29155
အပိုင်း(၂) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29173
အပိုင်း(၃) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29209
အပိုင်း(၄) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29221
အပိုင်း(၅) ကြည့်ရှုရန်လင့်ခ် - https://t.me/saiaungtvchannel/29307
ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်အသီးသီးရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၅ မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အသီးသီးမှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခရေ ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Read More>> https://www.cincds.gov.mm/node/28582
နှစ် ( ၈၀ )ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု(LIVE)

Telegram Live Link - https://t.me/saiaungtvchannel?livestream=40455d6b16c54aea86

Youtube Live Link - https://youtu.be/kFd1L74WRQ4
25.03.202504:59
စစ်တွေမြိုနယ်၊ ခမောင်းတောရွာအနီးရှိ အကြမ်းဖက် AA သူပုန်များအား လက်စတုန်းချေမှုန်းခြင်း (24-3-2025) 👏👏👏
-
တိုက်ပွဲသတင်းစုံ
ဝမ်းသာပျော်ရွှင်ဖွယ်ရာ သတင်းကောင်းပါ
တပ်မတော်နေ့အထိမ်းအမှတ်အဖြစ်တိမ်ပင်လယ်ရှိ အကြမ်းဖက်သမားတွေရဲ့ စခန်းကို တပ်မတော်မှချေမှုန်းပြီးသိမ်းပိုက်လိုက်ပါပြီ။

ဂုဏ်ယူလျက်ပါ နေ၀န်းနီများ။


မှိုင်းဝေ
Ko'proq funksiyalarni ochish uchun tizimga kiring.