မြန်မာစာတန်းထိုး
BOLLYWOOD ပရိတ်သတ်တွေအတွက် ပညာပေးကားကောင်း၁ကားတင်ဆက်ပေးလိုက်ပါတယ်
တခြားအိန္ဒိယကားတွေလို အကခန်းတွေမပါသလို ဖိုက်တင်အခန်းတွေမှာလဲ အိုဗာတွေမပါပါဘူး ဖခင်တယောက်ရဲ့မေတ္တာတရားကိုလဲ ဒီကားမှာတွေ့ရမှာပါ
ကြည့်ရှု့သူကို အကြိုက်တွေစေမဲ့ကားလေးဖြစ်လို့ မကြည့်ရသေးရင်တော့ လက်မလွှတ်သင့်တဲ့ကားလေးပါ
အညွှန်းးးးးး
Bhoomi ဆိုတာ့့့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။
ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက်
ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ
Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး
အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ်
ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်
ဗီရှဲလ်ဆိုတဲ့ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက်
ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့် ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ့်
မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။
အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူး
သတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူ့း့့့့
မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ့့့့့်
ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ့့့့့်
ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့်
သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ်
သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကို
အကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။
၁၅၀၀မေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။
မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံး
ပါဝင်သရုပ်ဆောင်ထားပါတယ်။