21.04.202513:31
အီစတာပွဲတော်အတွက် အပစ်အခတ်ရပ်စဲကြောင်း သမ္မတပူတင်ကြေငြာ
မော်စကို၊ဧပြီ ၁၉
ရုရှားသမ္မတဗလာဒီမာပူတင်သည် အီစတာပွဲတော်အထိမ်းအမှတ်အနေဖြင့် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမည်ဟု သတင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
သို့သော် ယူကရိန်းသမ္မတဇယ်လန်းစကီးကမူ ပူတင်၏အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ်သာဖြစ်ပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်လိုခြင်းဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကဆက်ရှိနေသဖြင့် အပစ်အခတ်ရပ်မည်မဟုတ်ကြောင်းတုန့်ပြန်ပြောကြားခဲ့သည်။
"အပစ်အခတ်ရပ်မယ်သာပြောတာပါ ယူကရိန်းမှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးသံကညံနေပြီး တကယ်တော့ ဒီအပစ်ရပ်မှုက ပူတင်ရဲ့ လူ့အသက်တွေနဲ့ကစားပွဲတစ်ခုပါပဲ၊အပစ်ရပ်မယ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုလုပ်နေတာက အီစတာနဲ့လူတွေအပေါ်ထားတဲ့သူ့ရဲ့သဘောထားအမှန်ပါ" ဟုလည်း ဇယ်လန်းစကီးကဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အီစတာပွဲတော်အတွက်-အပစ်အ/

19.04.202508:34
ငလျင်ဘေးကူညီရန် ကျင်းပပြုလုပ်မည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့
ငလျင်ဘေးကူညီရန် ရည်ရွယ်၍ ဧပြီ (၂၇)ရက်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရက်ပြောင်းရွှေ့ပြုလုပ်မည်ဖြစ်ကြောင်း MFC မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းကျောင်းက ယနေ့တွင် အသိပေးထားသည်။
ယင်းသို့ ရက်ပြောင်းရွှေ့ရခြင်းသည် ငလျင်ဘေးဒဏ်နှင့်စပ်ဆက်၍ ပရိတ်သတ်များ၊ ကစားသမားများ နှင့် အခြားသော အထွေထွေ စီစဉ်ဆောင်ရွက်မှုများ စီစဉ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိသဖြင့် ရက်အနည်းငယ်ရွှေ့ဆိုင်းပြီးကျင်းပပြုလုပ်သွားမည်ဖြစ်ဟု အသိပေးထားပြီး ပြန်လည် ကျင်းပမည့်ရက်ကိုမူ သီးခြားအသိပေးထားခြင်းမရှိပေ။
အဆိုပါ ထိုင်း-မြန်မာ နှစ်နိုင်ငံ လက်ဝှေ့ စိန်ခေါ်ပွဲမှ ရရှိလာမည့် ရုံဝင်ခ၊ ကြော်ငြာ အစရှိသည့် အမြတ်ငွေများအားလုံးကို ငလျင်သင့်ဒေသသို့ တစ်ပြားမကျန်အကုန်လှူဒါန်းသွားမည်ဟု မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကျောင်းက အသိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ဘေးကူညီရန်-ကျင်းပပ/

19.04.202504:42
ငလျင်ကူညီကယ်ဆယ်ရေး နစကဥက္ကဌနှင့် ဆွေးနွေးခဲ့--အန်ဝါ
တိုင်းပြည်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အရေးကြီးကြောင်း၊ မကြာသေးခင်က ငလျင်လှုပ်ခဲ့ခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ပြီး သုံးပတ်အကြာတွင် တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံခေါင်းဆောင်တစ်ဦးက ရှားရှားပါးပါး ဆွေးနွေးပြောဆိုမှုဖြစ်သည်။
“ယာယီဆေးရုံ ဖြန့်ကျက်ချထားရေး အပါအဝင် ပွင့်လင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု အန်ဝါ က X ပေါ်တင်ခဲ့သော ပို့စ်တွင် ပြောဆိုခဲ့ပြီး မြန်မာအစိုးရက အကျဉ်းသားထောင်ပေါင်းများစွာကို မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်းကိုလည်း ရေးသားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ကူညီကယ်ဆယ်ရေး-နစကဥ/

18.04.202511:32
ယူအက်စ်အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလအခမ်းအနားကျင်းပမည်--တရုတ်
ပေကျင်း၊ဧပြီ ၁၈
ဝါရှင်တန်၏ အနိုင်ကျင့်သည့်သဘောပါသော အခွန်စည်းကြပ်မှုကိုရှုံ့ချမည့်ကုလသမဂ္ဂအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုတရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။
လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပရန်စီစဉ်ထားသည့် အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံလုံးကိုဖိတ်ခေါ်ထားပြီး အခွန်ကိုအဆမတန်စည်းကြပ်မည့် ဝါရှင်တန်ကို ပေကျင်းက ပြင်းပြင်းထန်ထန်ရှုံ့ချမည်ဖြစ်သည်ဟုလည်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံစုံမူဝါဒကိုကာကွယ်နိုင်ရန်အတွက် ကျန်နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရန်ကြိုးပမ်းနေပြီး အမေရိက၏ ကိုယ်ကျိူးစီးပွားကာကွယ်ရေး မူဝါဒကို တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။
“အမေရိကဟာ နိုင်ငံတွေကို အပြင်းအထန်ဖိအားပေးနိုင်ဖို့ အခွန်ကိစ္စကို လက်နက်တစ်ခုလိုအသုံးချနေခြင်းဟာ နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ဘက်စုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေခဲ့ပါတယ်” ဟုလည်း
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူအက်စ်အခွန်စည်းကြပ်မှ/

18.04.202509:04
မကြာမီပြုလုပ်မည့် ဂျပန်၏စစ်ရေးလေ့ကျင့်မှုကို ရုရှားကန့်ကွက်
မော်စကို၊ဧပြီ ၁၇
ရုရှားနယ်စပ်အနီး၌ သင်္ဘောဖျက်ဒုံးကျည်ဖြင့် စစ်ရေးလေ့ကျင့်မည့် ဂျပန်၏အစီအစဉ်ရို ရုရှားဘက်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ကြေငြာခဲ့သည်။
ဇွန်လ၌ ဟိုကိုင်းဒိုးကျွန်းတွင်ပြုလုပ်ရန်လျာထားသည့် ဂျပန်၏စစ်ရေးလေ့ကျင့်မှုကို ရုရှားဘက်ကကန့်ကွက်ကြောင်းကို မော်စကိုရှိ ဂျပန်သံရုံးထံပေးပို့ခဲ့ကြောင်းသိရသည်။ ဂျပန်၏စစ်ရေးလေ့ကျင့်မှုတွင် Type – 88 ဒုံးကျည်များတပ်ဆင်ထားသည့် SSM – 1 သင်္ဘောဖျက်ဒုံးကျည်စနစ်လည်းပါဝင်သည်ဟုသိရသည်။
မော်စကိုဘက်ကမူ ဂျပန်၏ ယခုကဲ့သို့စစ်ရေးလေ့ကျင့်ခြင်းသည် ရုရှားနိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ယူဆထားပြီး အရှေ့မြောက်အာရှနှင့်အာရှ - ပစိဖိတ်ဒေသတင်းမာမှုများကို တိုးမြင့်လာစေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။
ယင်းနောက် ရုရှားအနေဖြင့်လည်း ၎င်း၏အရှေ့ဖျားနယ်စပ်များလုံခြုံရေးအတွက် လိုအပ်သည့်တန်ပြန်အရေးယူမှုများကို လုပ်ဆောင်ပိုင်ခွင့်ရှိသည်ဟုလည်း မော်စကိုနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : ရှင်းဟွာ

18.04.202502:33
နစက ဥက္ကဌ က မလေးရှားဝန်ကြီးချုပ်နှင့်သက်ဆင်တို့နှင့်တွေ့ဆုံ
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် မြန်မာအစိုးရအဖွဲ့ အကြီးအကဲ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ကြာသပတေးနေ့ညနေပိုင်းတွင် လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသော ဘန်ကောက်ရှိ ဟိုတယ်တစ်ခု၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှား ဝန်ကြီးချုပ်၏ အကြံပေး သက်ဆင်က မလေးဝန်ကြီးချုပ်နှင့်နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို Rosewood Bangkok ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။
ဟိုတယ်သို့နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာပြီး သိပ်မကြာမီ ညနေ ၃ နာရီ၌ အာရှ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ(APRC) ဥက္ကဌ ဆူရာခေတ်ဆာထီရာထနုင်း သည် ဟိုတယ်မှ ထွက်ခွာလာသည်ကို တွေ့ရှိရသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/နစက-ဥက္ကဌ-က-မလေးရှားဝန်က/

19.04.202511:35
စစ်ပွဲအဆုံးသတ်ရေးဓ-ါးစာခံအားလုံးလွှတ်ပေးရန်အသင့်ရှိ--ဟားမတ်စ်
ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအဆုံးသတ်ရေးအတွက် ပိုမိုကြီးမားသော သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအားဖြင့် လက်ကျန် ဓ-ါးစာခံအားလုံးကို အလဲအလှယ်လုပ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုကိုချက်ချင်းလုပ်ဆောင်ရန် ဟားမတ်စ်အဖွဲ့က အသင့်ရှိကြောင်း ဟားမတ်စ် စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခါလစ် အယ်ဟေယာက ဧပြီလ၁၇ ရက် နေ့တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့အနေဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပယ်ချခဲ့ကြောင်း ရုပ်သံမိန့်ခွန်းတွင် အယ်ဟေယာက ပြောကြားခဲ့သည်။
“အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ သူ့အစိုးရအဖွဲ့ဟာ ပျက်သုန်းမှုနဲ့ ငတ်မွတ်ခေါင်းပါးမှု ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲကို အခြေခံတဲ့ သူတို့ရဲ့ နိုင်ငံရေးအစီအစဉ်ကို ဖုံးကွယ်ဖို့ရာ တစ်စိတ်တစ်ပိုင်း သဘောတူညီချက်တွေကို အသုံးချနေပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံပါဘူး” ဟု အယ်ဟေယာက ဆိုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/စစ်ပွဲအဆုံးသတ်ရေးဓ-ါးစာ/

19.04.202507:39
ငလျင်ဘေးသင့် ဒေသများတွင် သန့်ရှင်းသည့် ရေနှင့် သန့်ရှင်းရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ငလျင်ဘေးသင့်အပြီး မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဒဏ်သင့်ဒေသများမှ လူဦးရေ (၄.၃) သန်းကျော်အတွက် သန့်ရှင်းသည့် ရေနှင့် သန့်ရှင်းရေးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း United Nation OCHA Myanmar က ထုတ်ပြန်ထားသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရေပေးရေးစနစ်များ ပျက်စီးကုန်ပြီး ငလျင်ကြောင့် အိမ်သာအလုံးရေ (၄၂,၀၀၀) ကျော် ပြိုကျခဲ့သည့်အပြင် လျှပ်စစ်မီး မမှန်ခြင်းကြောင့် ရေတင်ရာတွင်လည်း အခက်အခဲရှိနေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ငလျင်ဘေးဒဏ်ခံရသည့် ထိခိုက်လွယ်သူ (၁) သန်းကို အခြေအနေများ ပိုဆိုးမလာခင် ဘေးကင်းသည့်ရေ၊ အရေးပေါ်အိမ်သာနှင့် တကိုယ်ရေသန့်ရှင်းရေးအကူအညီများပေးသွားရန် လူသားချင်းစာနာသည့်မိတ်ဖက်အဖွဲ့အစည်းများက ရည်မှန်းထားကြကြောင်း United Nation OCHA Myanmar က ဆိုသည်။

19.04.202502:54
နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်
အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
" နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့စီစဉ်နေပါတယ်။ တွက်ချက်လို့ရတဲ့ ငလျင်ကြောပေါ်မှာရှိနေတဲ့ အဆောက်အဦတွေကို ပြောင်းရွှေ့နေရာချထားဖို့အတွက်ဆောင်ရွက်ရပါမယ်” ဟု နစကဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ငလျင်မကြာခဏလှုပ်ခတ်နေသည့် နိုင် ငံများ၏ အဆောက်အဦများကို နမူနာယူ တည်ဆောက်ရန်၊ အဆောက်အဦများအား မြေစမ်းသပ်မှု(Soil Test)များဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းတို့ကိုဆောင်ရွက်သွားရန် မှာကြားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/နေပြည်တော်၏-မြို့အကွက်ခ/

18.04.202511:01
ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်
ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခအတွက် အဖြေရှာရာတွင် ကူညီနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပါရီမြို့တွင် ပြင်သစ်နှင့် ဗြိတိန်အရာရှိများနှင့် ဆွေးနွေးပြီးနောက် ပြောကြားလိုက်သည်။
သူ၏အဆိုအရ ဆွေးနွေးပွဲများသည် ထိရောက်သောရလဒ်ရှိခဲ့ကြောင်း သိရသည်။ "ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် ကျွန်ုပ်တို့အား ပဋိပက္ခ အဖြေရှာရန် ပိုမိုနီးစပ်လာစေရာတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်" ဟု ရူဘီယိုက ပါရီမြို့ လီဘူဂျေလေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့အပြင် အိမ်ဖြူတော်သည် ယူကရိန်းအရေးကိစ္စကို ဖြေရှင်းရာတွင် လန်ဒန်နှင့် ပါရီတို့နှင့် မပြတ်ဆက်သွယ်လျက်ရှိကြောင်းကိုလည်း သူက ထောက်ပြခဲ့သည်။ "ကျွန်ုပ်တို့သည် ၎င်းတို့၏ ပါဝင်မှုကို ကြိုဆိုပါသည်၊ ၎င်းသည် အရေးကြီးသည်ဟု ယူဆပါသည်" ဟု သူက နိဂုံးချုပ်ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ပြင်သစ်၊-ဗြိတိန်နှင့်-ဂျ/

18.04.202508:32
မြန်မာငလျင် ကူညီရေးအတွက် မလေးရှား စစ်ဆေးအဖွဲ့ စေလွှတ်
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ခဲ့သဖြင့် Operation Starlight III အစီအစဉ်အရ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ရေးအဖြစ် မလေးရှားအစိုးရက မလေးရှားလက်နက်ကိုင်တပ်ဖွဲ့(ATM) မှ ဆေးဖက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြောင်း သိရသည်။
အဖွဲ့ဝင် ၆၉ ဦးပါ စစ်ဆေးအဖွဲ့တွင် အရာရှိ ၁၆ ဦးနှင့် အမျိုးမျိုးသော နယ်ပယ်အလိုက် ကျွမ်းကျင်သူ ၅၃ ဦး ပါဝင်သည်ဟု ATM ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Datuk Dr Zulkeffeli Mat Jusoh က ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီး ဒေါက်တာ အာမက် ဖာဟန်အာမက် ဖာယွတ် ဦးဆောင်သော အဆိုပါ အဖွဲ့သည် အဆင့် ၂ ယာယီဆေးရုံ၊ ဆေးဝါးများ၊ ဆက်သွယ်ရေးကိရိယာများနှင့် နည်းပညာပစ္စည်းများ၊ လေးဘီးယာဉ်တစ်စီး၊ ၁၈ တန်ဆန့်ထရပ်ကားနှစ်စီး အပါအဝင် မရှိမဖြစ်လိုအပ်သော ပစ္စည်းကိရိယာများကိုလည်း ယူဆောင်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မြန်မာငလျင်-ကူညီရေးအတွက/

18.04.202502:10
အမေရိကအခွန်အရေး အာဆီယံညီညွတ်မှုကိုထိုင်းဝန်ကြီးချုပ် ထောက်ခံ
ဧပြီ ၁၇
ဒေသတွင်းနိုင်ငံများမှ သွင်းကုန်များအပေါ် အပြန်အလှန်အကောက်ခွန်ကောက်ခံမှုနှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရာတွင် အာဆီယံ၏ စုပေါင်းချဉ်းကပ်မှု နည်းလမ်းကို ထိုင်းနိုင်ငံက ထောက်ခံရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ကြာသပတေးနေ့က အစိုးရအိမ်တော်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မစ္စတာ အန်ဝါသည် မစ္စ ပေထုန်တန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ အလုပ်သဘော ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။
မစ္စ ပေထုန်တန် သည် ဒီဇင်ဘာလ ၁၆ ရက်ေန့က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ခေါင်းဆောင်နှစ်ဦး ပထမဆုံး အဆက်အသွယ်ရပြီးတဖန် ဧပြီလ ၅ ရက်ေန့တွင် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အမေရိကအခွန်အရေး-အာဆီယံည/

19.04.202510:53
တိုးတက်မှုမမြန်လျှင်ရုရှား-ယူကရိန်းအရေးကြားမဝင်တော့--မာကိုရူဘီယို
ပါရီ၊ဧပြီ ၁၈
ပါရီ၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းအရေးဆွေးနွေးပွဲအပြီးရက်ပိုင်းအတွင်း တိုးတက်မှု မရှိလျှင်အမေရိကအနေဖြင့် ရုရှား-ယူကရိန်းအရေးတွင် ကြားဝင်တော့မည်မဟုတ်ကြာင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကပြာကြားခဲ့သည်။
"ရုရှား-ယူကရိန်းကိစ္စကို လကနေနှစ်ချီတဲ့အထိ အာရုံစိုက်လုပ်သွားမှာမဟုတ်ပါဘူး၊ဆွေးနွေးပြီးရက်ပိုင်းအတွင်း သိသိသာသာပြာင်းလဲမှုဖြစ်ရင်ဖြစ် မဟုတ်ရင်ကျွန်တော်တို့မှာ တခြားဦးစားပေးလုပ်ဆာင်ရမဲ့အရာတွေရှိသေးလို့ပါ" ဟုလည်းဆိုခဲ့သည်။
အမေရိက၊ယူကရိန်းနှင့်ဥရောပတို့သည် ဇန်နဝါရီလက သမ္မတဒေါ်နယ်ထရမ့်ပ်ရာထူးရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့ရက်ပိုင်းက ပြင်သစ်၌ တွေ့ဆုံညှိနှိုင်းကြခြင်းလည်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/တိုးတက်မှုမမြန်လျှင်ရု/

19.04.202506:48
မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဒဏ်သင့်ဒေသများသို့ ကူညီထောက်ပံ့ရေးခရီးစဥ်စတင်
မန္တလေးငလျင်ကြီးဒဏ်သင့် နေပြည်တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတို့၌ ကူညီထောက်ပံ့လှူဒါန်းမှုများပြုလုပ်ရန် မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များ ယနေ့ ဧပြီ ၁၉ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ မိုင်းဖုန်းမှထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များသည် ကားအစီး(၄၀)ခန့်ဖြင့် တာချီလိတ်-မိုင်းဆတ်သွားကားလမ်းအတိုင်းကြွရောက်၍ မိုင်းပန်မြို့၊ တောင်ကြီးမြို့၊ မန္တလေးမြို့တို့တွင် ညအိပ်တော်မူကြမည်ဖြစ်ကာ မန္တလေးမြို့၌ ငလျင်ကူညီထောက်ပံ့ရေးပစ္စည်းများကိုလှူဒါန်းပြီးနောက် ပြင်ဦးလွင်မြို့တွင် ညအိပ်တော်မူမည်ဖြစ်သည်။
ထို့ပြင် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ပြန်လည်ကြွရောက်ပြီး နေပြည်တော်သို့ဆက်လက်ကြွရောက်ကာ ငလျင်ထောက်ပံ့ရေးပစ္စည်းများလှူဒါန်းပြီးနောက် နေပြည်တော်တွင် ညအိပ်တော်မူပြီး ရန်ကုန်မြို့သို့ထပ်မံကြွရောက်ကာ ရန်ကုန်မြို့တွင် ၃ ရက်ခန့် အပူဇော်ခံပြီးညအိပ်တော်မူမည်ဖြစ်ကာ ထိုမှတစ်ဆင့်
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မိုင်းဖုန်းဆရာတော်ကြီ-20/

19.04.202502:11
ယူကရိန်းပဋိပက္ခ မကြာမီငြိမ်းချမ်းရေးရနိုင်သည်ဟု ထရမ့်ယုံကြည်
ယူကရိန်းတွင် စစ်ပြေငြိမ်းရေးနှင့် ပဋိပက္ခ အဖြေရှာရေး သဘောတူညီမှုများ ရရှိရန် ဖြစ်စဉ်တွင် အဖြေတစ်ခုနီးကပ်နေပြီဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
"ဒါကိုဖြေရှင်းနိုင်မလား ကြည့်ရမယ်" ဟု သူကဆိုသည်။ အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားရာတွင် စစ်ပြေငြိမ်းရေးနှင့် အဖြေရှာမှုကို ရည်ညွှန်းကာ၊ "ဒါကိုဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ရှိတယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အရေးပါတဲ့အဆင့်ကို ရောက်နေပြီ" ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူကရိန်းပဋိပက္ခ-မကြာမီင/

18.04.202510:02
တရုတ်နှင့်ကမ္ဘောဒီးယားသည် သာတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့်နှစ်ဦးနှစ်ဘက်အကျိုးရှိစွာ ပူးပေါင်းမှုတို့၏နမူနာကောင်းများဖြစ်ခဲ့--ရှီ
ဖနောင်ပင်၊ဧပြီ ၁၇
တရုတ်နှင့်ကမ္ဘောဒီးယားတို့သည် အရွယ်အစားမတူသည့်နိုင်ငံများအကြား တန်းတူညီမျှမှု၊အပြန်အလှန်ယုံကြည်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် စံနမူနာကောင်းများဖြစ်ခဲ့သည်ဟုတရုတ်သမ္မတရှီကပြောကြားခဲ့သည်။
သမ္မတရှီသည် ကမ္ဘောဒီးယားသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်သွားရောက်စဉ် ကမ္ဘောဒီးယားဘုရင်မင်းမြတ် နိုရိုဒွန်ဆီဟာမိုနီနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သမ္မတရှီက ကမ္ဘောဒီးယားဘုရင်မင်းမြတ်၏ နန်းတက်ခြင်းအခမ်းအနား နှစ် ၂၀ ပြည့်နှင့် ခမာနှစ်သစ်ကူးအချိန်အခါသမယတွင် နိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်းကို ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပြီး ပြည်သူများအတွက်လည်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းပေးခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/တရုတ်နှင့်ကမ္ဘောဒီးယား-2/

18.04.202505:32
ယနေ့ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ဟု မိုး/ဇလ အသိပေး
ယနေ့ ဧပြီ(၁၈)ရက် ညနေပိုင်းအချိန်အထိ နိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီဌာနက အသိပေးထားသည်။
ယနေ့ ညနေအထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ဆိုသည်။
နောက် (၂)ရက်အတွက် ခန့်မှန်းချက်တွင်လည်း ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဟု အသိပေးထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယနေ့-နိုင်ငံအနှံ့အပြားတ/

18.04.202501:39
မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင် မောင်မောင်လွင်အား အာဆီယံ ဘောလုံးအဖွဲ့ချုပ် ရွေးချယ်ခေါ်ယူ
အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)သည်
ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်းအသင်း (ASEAN- All Stars) တို့ ခြေစမ်းပွဲကစားမည်ဖြစ်ရာ၊ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမားမောင်မောင်လွင်အား ရွေးချယ်ခေါ်ယူခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
ခြေစမ်းပွဲကို လာမည့် မေလ (၂၈) ရက်၌
မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ကျင်းပသွားမည်ဖြစ်ကာ၊ မောင်မောင်လွင်အား ခေါ်ယူမှုအတွက် မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ AFF က တရားဝင် ဆက်သွယ် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/မန်ယူနှင့်-ခြေစမ်းမည့်-asean-all/

19.04.202509:27
ငလျင်ဒဏ်သင့်ခဲ့သည့် တရုတ်နိုင်ငံသားများ နေရပ်ပြန်လိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောင်ရွက်ပေးနေ
မြန်မာနိုင်ငံအတွင်း နေထိုင်ရင်း ငလျင်ဒဏ်သင့်ခဲ့သည့် တရုတ်နိုင်ငံသားများ အနေဖြင့် နေရပ်ပြန်လိုပါက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဆောင်ရွက်ပေးနေသည်။
မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီး၏ သက်ရောက်မှုကြောင့် လတ်တလောတွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများ ပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးနေကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်သင့်ခဲ့ရသည့် တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ်လျှောက်လွှာများအတွက်
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ငလျင်ဒဏ်သင့်ခဲ့သည့်-တရု/

19.04.202505:30
ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်
ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင် ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း အသင်းက အသိပေးထားသည်။
နည်းပြချုပ် ဦးချစ်ခိုင်သည် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အသင်းများအား ၁၉၉၉ - ၂၀၀၀ ပြည့်နှစ်များမှ စတင်ကာ နည်းပြချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အားကာသိပ္ပံ (မန္တလေး)မှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများအား မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ ၁၉၊ ယူ ၂၁ အသင်းများ၏ နည်းပြချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ အာဆီယံ အမျိုးသမီးချန်ပီယံဆုကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နည်းပြချုပ် ပိုပေါ့ကိုင်တွယ်သော မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းနှင့်အတူ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် တတိယ ကြေးတံ ဆိပ်ဆုကိုလည်းကောင်း
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ဧရာဝတီယူနိုက်တက်အသင်း-န/

19.04.202500:16

18.04.202509:34
ယူကရိန်း၊ယူအက်စ်နှင့်အီးယူတို့ ပြင်သစ်၌တွေ့ဆုံဆွေးနွေးခဲ့
ပါရီ၊ဧပြီ ၁၇
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် သမ္မတတာဝန်ယူပြီးနောက်ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရေးဆွေးနွေးရန်အတွက် အမေရိက၊ ယူကရိန်းနှင့်အီးယူတို့ တစ်စားပွဲတည်းထိုင်ပြီး သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“ဒါဟာ အမေရိက၊ယူကရိန်းနဲ့ဥရောပတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်” ဟုလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယောန်နိုဝယ်ဘားရော့တ်ကပြောကြားခဲ့သည်။
ယူကရိန်းမှာငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိစေဖို့အတွက် ယခုကဲ့သို့သောအစည်းအဝေးများသည် မဖြစ်မနေလိုအပ်သည်ဟုလည်း၎င်းက ပြောကြားခဲ့သည်။သို့သော် ထာဝရငြိမ်းချမ်းရေးရရှိရန်မှာမူကား ဥရောပနိုင်ငံများ၏ သဘောတူညီချက်နှင့်ပံ့ပိုးကူညီမှုဖြင့်သာ ရရှိနိုင်သည်ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူကရိန်း၊ယူအက်စ်နှင့်အ/

18.04.202504:30
ယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း ရရှိမည်ဟု ထရမ့်မျှော်လင့်
ယူကရိန်းပဋိပက္ခတွင် ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ရုရှား၏တုံ့ပြန်မှုကို ယခုပတ်အတွင်း အစောဆုံးရရှိမည်ဟု အိမ်ဖြူတော်ရှိ သတင်းထောက်များအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့သည်။
"ကျွန်တော်တို့ကို ဒီအပတ်အတွင်း သူတို့ဆီကအကြောင်းပြန်မယ်၊ တကယ်တော့ အရမ်းမြန်မြန်ပါပဲ။ ကျွန်တော်တို့နီးစပ်နေပြီလို့ထင်တယ်၊ ဒါကို အမြန်ပဲသိရှိရမှာပါ" ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
မတ်လ ၁၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများအနေဖြင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ၃၀ ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုမပြုရန် အဆိုပြုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူညီပြီး ရုရှားစစ်တပ်အား သင့်လျော်သောအမိန့်ကို ချက်ချင်းပေးခဲ့သည်။ ဗလာဒီမာဇယ်လင်စကီးကလည်း နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံအနေဖြင့် အဆိုပြုချက်ကို ထောက်ခံမည်ဟု ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/ယူကရိန်းအပစ်အခတ်ရပ်စဲရ/

17.04.202523:32
Ko'rsatilgan 1 - 24 dan 466
Ko'proq funksiyalarni ochish uchun tizimga kiring.