ဧပြီ ၂၅ ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က တိုင်းအတွင်း စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ နိုင်ငံဝန်ထမ်း၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်း ၃၂၇၂ ဦးကို ငွေကျပ်သိန်းပေါင်း ၂၈၀၀ ကျော် တန်ဖိုးရှိတဲ့ စားသောက်ကုန်တွေကို ဂုဏ်ပြုချီးမြှင့်နေတာ တွေ့ရပါတယ်။ ဖြစ်သင့် ဖြစ်ထိုက်တဲ့ကိစ္စမို့ မုဒိတာပွားပြီး ဝမ်းသာမိပါတယ်။
-
လက်ရှိ နိုင်ငံရေးအကြပ်အတည်းကာလမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော၊ နိုင်ငံ့ဝန်ထမ်းတွေရောက အခက်အခဲတွေကြားမှာ ရုန်းကန်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရား မယိုင်သွားအောင် ကြိုးစားဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။
-
အပင်ပန်းဆုံးနဲ့ ပေးဆပ်မှုအကြီးဆုံး လုပ်နေတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲမှာ တော့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်.. စတဲ့ အရံအင်အားတွေက ပါဝင်ပါတယ်။ ပြည်ဖျက်တွေက သွေးခွဲထိုးနှက်မှုတွေ မျိုးစုံလုပ်ခြင်းကို အဓိကခံရတာက တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါပဲ။
-
လက်ရှိအခြေအနေမှာ တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ကျောချင်းကပ်ထားပြီး အကြမ်းဖက်တွေကို ရှေ့တန်းကျကျ ရဲဝံ့စွာ ချေမှုန်းလျက်ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အသက်ပေးပြီး ကာကွယ်စောင့်ရှောက်နေကြတာကို ရှေ့တန်း စစ်မြေပြင်တွေမှာ လက်တွေ့မြင်နေရမှာပဲဖြစ်ပါတယ်။ ဉပမာအနေနဲ့ပြောရရင် - ကံထူးမရွာတိုက်ပွဲ၊ ချောင်းကြီးတိုက်ပွဲ၊ ချောင်းနှစ်ခွ စတဲ့ တိုက်ပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်မတော်သားတွေနဲ့အတူ လှေခွက်ချည်းကျန် မလံမလှဲ တဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်သွားခဲ့ကြတယ်။ ဒီလိုဖြစ်စဉ်တွေကတော့ အများကြီးပါ။
-
တစ်ဖက်ပိတ်တွေနဲ့ ပြည်ဖျက်တွေက ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ကျဆင်းအောင် အမျိုးမျိုးဖန်တီးပြီး တပ်နဲ့ ရဲတပ်ဖွဲ့ကို သွေးခွဲတယ်၊ တပ်နဲ့ သံဃာကို သွေးခွဲတယ်၊ တပ်,ရဲနဲ့ ပြည်သူကို သွေးခွဲကြပါတယ်။ သို့သော် သူတို့ဖြစ်စေချင်သလို တပ်နဲ့ ရဲဟာ သွေးမကွဲတဲ့အပြင် ရှေ့တန်းမှာ အတူတူတိုက်ပွဲဝင်နေကြရတာမို့ ပိုပြီးတောင် စည်းလုံးသွားကြတာကို တွေ့ရပါတယ် (စုန်းပြူးတွေ မပါပေါ့)။ နေ့ထူးနေ့မြတ်တွေမှာဆိုရင်လည်း ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်တံဆိပ်တွေလည်း အများကြီး မြင်တွေ့ရပါတယ်။
-
နိုင်ငံကို ဖျက်ဆီးချင်တဲ့သူတွေကတော့ တပ်နဲ့ ရဲ သွေးကွဲအောင် အမျိုးမျိုးလုပ်နေဦးမှာပဲ။ လခရတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ ဆင်တဲ့ အကွက်ထဲ မဝင်မိစေဖို့၊ သူတို့ပြောတာကို နားမယောင်မိစေဖို့ကို ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ စဉ်းစားဆုံးဖြတ် ကျော်လွှားရမှာ ဖြစ်ပါတယ်။
-
ဆိုချင်တာကတော့ အခုလို ရဲရဲဝံ့ဝံ့ ဆောင်ရွက်နေကြတဲ့သူတွေကို အစိုး
ရအနေနဲ့ ထောက်ပံ့ပေးတာ မင်္ဂလာတစ်ပါးဖြစ်ပြီး နောင်လည်း ဒီလို
မကြာမကြာ ထောက်ပံ့ပေးနိုင်ပါ
စေလို့ ဂုဏ်ပြုဖော်ပြအပ်ပါတယ်။
crd***KT
#JBT