⚓🇲🇲 ၁၇ - ၄ - ၂၀၂၅ ၊
၂၀၂၁မှာ စစ်တပ်က
အေးချမ်းစွာ ဆန္ဒပြပြည်သူ
ကို ပစ်သတ်တယ်ဆိုလို့၊
ဟိုတလောက စစ်ကိုင်းမှာ
တဖက်က စစ်သားတွေ ကယ်ဆယ်ရေး
လုပ်နေတယ်။ ကျန်တဖက်မှာ။
အလှူရှင်တွေ လှူနေတယ်။
ဒီအချိန်၊ ၀င်လုရင်း အထိကရုံး
ဖြစ်ကြတော့ ကယ်ဆယ်ရေး
စစ်သားတွေ လူအုပ်ကို လက်နက်
မပါ၊ လူအင်အားနဲ့ဘဲ ဖြိုခွင်းနေတာ။
ဒါကိုကြည့်ရုံဖြင့် ဆိုင်းဘုတ်ကိုင်
ဆန္ဒပြရုံနဲ့ ဘယ်သူမှ ပစ်မသတ်ဘူး။
ဒါ ၈၈ မဟုတ်ဘူး၊ ခွေးကိုက်
တာက အစလိုင်းပေါ်ရောက်
နေတဲ့ ခေတ်ကြီးထဲမှာ။
အေးချမ်းစွာ ဆန္ဒပြတယ်လုပ်ချင်သေးတယ်။
အရေးခင်း ကာလမှာ
ကိုလည်း ရန်ကုန်ခဏရောက်
နေခိုက်၊ အမေရိကန်သံရုံးဘက်
ရောက်ဖြစ်တော့ ကျောင်းသားတွေ
ဆရာ၀န်လေးတွေ လမ်းဘေးတွေမှာ
ထိုင်ရင်း ဆိုင်းဘုတ်ကိုင်
အေးချမ်းစွာ ဆန္ဒပြကြတာ၊
နေ့တိုင်းပါဘဲ။
လှည်းတန်းတံတားအောက်
ကျတော့ မတူပြန်ဘူး၊ လူပေါင်းစုံ
စရိုက်ပေါင်းစုံ အမူးသမား
ဆေးသမား၊ ပေါင်းစုံ ပြည့်လို့
ကားတွေ ဖြတ်မရ၊
ဒီကြားထဲ တလမ်းလုံး ကားဟွန်းသံတွေ
ဆူညံချက် အဲ့ဒါ နေ့တိုင်းပါဘဲ။
လမ်းတွေမှာ ဆိုရင်ဖြင့်။
သဲအိပ်တွေ ၊ တာယာဘီးတွေနဲ့
လမ်းတွေပိတ်ထားတာ၊ ပေပါတွေ
လည်း ပါတယ်၊ ကားတွေ လည်းဖြတ်မရဘူး။
ဒါလား အေးချမ်းစွာ ဆန္ဒပြတာ။
အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ
ထမီတွေမှာ နိူင်ငံ့အကြီးကဲပုံကို ကပ်
နေရာအနှံ့မှာ အလားတူ ပုံစံမျိုးစုံ
စစ်အာဏာရှင် အလိုမရှိ ဒီမိုရရေး
ဒေါ်စုပြန်လွှတ်ပေး စသည်
ကြွေးကျော်သံ စုံလင်နဲ့ ချီတက်
လူတန်းကြီး ကိုယ်တွေတပ်ရှေ့က
နေတောင် ဖြတ်လျှောက်သွားခဲ့သေးတာ။
နေ့တိုင်း ဘယ်သူမှ ဘာမှ
မလုပ်ခဲ့ပါဘူး၊ နောက်ဆုံး
အေးချမ်းစွာကနေ ဆူပူသောင်းကြမ်း
Non CdMတွေ လိုက်သတ်တော့ကာမှ။
ဆန္ဒပြပွဲ ဖြိုခွင်းခဲ့ရတာ။
မင်းတို့တွေကတော့။
အကြမ်းဖက် မီဒီယာတွေရဲ့ လမ်းဘေးမှာ
ဆိုင်းဘုတ်ကိုင်ရပ်နေတဲ့
ပုံတွေလောက်ကြည့် အေးချမ်းစွာ
ဆန္ဒပြတယ်လို့ ပြောနေပေမယ့် ၊ တကယ့်မြေပြင်မှာ။ ဘယ်လိုတွေ
သောင်းကြမ်းလဲ လုံခြုံရေး တွေကို
ဘယ်လို တိုက်ခိုက်လဲ။
ယာဥ်ထိန်းရဲကို
ရန်ကုန်မှာ မီးရှို့သတ်မယ်လုပ်တယ်။
ဘယ်လောက်ဆိုးရွားလဲဆိုရင်
ကိုယ်တွေတပ်ကို တောင်မှ
မီးရှို့မယ် လုပ်လို့တညလုံး
ကင်းစောင့်လိုက်ရတာ မိန်းမတွေကော
အဲ့ဒီတော့ ပြန်စဥ်းစားလေ
စစ်တပ်ကို ဆန္ဒပြသလို မင်းတို့
အားကိုးတဲ့ PDFအုပ်ချုပ်မှုအောက်
မှာ ဆန္ဒပြကြည့်ပါလား၊
စစ်တပ်က လူသတ်တယ် ဆိုရင်တောင် နိူင်ငံတော် နှင့် နိူင်ငံ့ အချုပ်အခြာအာဏာ နယ်မြေ ကို ကာကွယ် တာ။
ဒီမိုကရေစီ အော်နေ ပြီး လူလိုက်သတ်တဲ့
မင်းတို့ကမှ ဆန်းကျယ်နေတာ။
#SittNwayOo