ငလျင်လှုပ်နေချိန် သိထားရမယ့်အချက်တွေ
▪️ငလျင်လှုပ်ပြီဆိုတာနဲ့ မြေကြီး ဒါမှမဟုတ် အဆောက်အဦတုန်ခါတာကြောင့် ပြိုကျလာနိုင်တဲ့ အကျိုးအပဲ့တွေကို စ သတိထားရတော့မှာပါ။
▪️ပြိုကျလာတဲ့အရာတွေကနေ မထိခိုက်အောင် ခိုင်ခံ့တဲ့ စားပွဲခုံအောက်ကို အမြန်ဆုံး ဝင်ပုန်းဖို့ လိုပါတယ်။
▪️ကြမ်းပြင်ပေါ်လဲကျနိုင်တဲ့ လေးလံတဲ့ အရာဝတ္ထုတွေကို သတိထားဖို့လိုပြီး တံခါးပေါက်၊ ပြတင်းပေါက် တွေရဲ့ အဝေးမှာ နေရပါမယ်။
▪️အရေးကြီးတဲ့အချက်တစ်ချက်က ငလျင်လှုပ်နေချိန် အိမ်အပြင်ကို ထွက်မပြေးပါနဲ့။
▪️အထပ်မြင့်တိုက်မှာနေတယ်ဆိုရင်လည်း လှေကားတွေ ဓာတ်လှေကားတွေမှာ တိုးဝှေ့သွားလာတာမျိုး မလုပ်ရပါဘူး။
▪️အိမ်အပြင် လမ်းပေါ်ရောက်နေရင်လည်း အဆောက်အဦတွေ၊ လျှပ်စစ်ကြိုးတွေနဲ့ဝေးတဲ့ ကွင်းပြင်ကို အရောက်သွားဖို့ ကြိုးစားရပါမယ်။
▪️ကားထဲမှာရှိနေတယ်ဆိုရင်တော့ ကားကို စက်သတ်ရပ်ထားပြီးတော့ကားအတွင်းမှာပဲ ဆက်နေသင့် ပါတယ်။ ကားကို တံတားတွေ၊ အဆောက်အဦတွေနဲ့ အဝေးမှာ ရပ်ထားတော့လိုပါတယ်။
▪️ပင်လယ်ကမ်းခြေ၊ နိမ့်တဲ့ မြစ်ကမ်းပါးတွေနဲ့လည်း ဝေးနိုင်သမျှ ခပ်ဝေးဝေးမှာ နေဖို့ လိုပါတယ်။ အဲဒီ နေရာတွေဟာ ငလျင်ကြောင့်ဖြစ်တဲ့ ဆူနာမီရေလှိုင်းကြီးတွေ ဝင်ရောက်လာနိုင်တာကြောင့်ပါ။
အစစအရာရာဂရုစိုက်ကြပါဗျို့။