Heavenly Ever After (2025)
ဒီတစ်ခေါက် ပရိသတ်ကြီးအတွက် ကောင်းကင်ဘုံကိုရောက်လာတဲ့ လူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့ Heavenly Ever After အကြောင်းတင်ဆက်ပေးချင်ပါတယ်။
Lee Hae-Sook ဆိုတဲ့ အမျိုးသမီးဟာ အမျိုးသားဖြစ်သူ Ko Nak-Joon မတော်တဆမှုနဲ့ဆုံးပါးသွားတည်းက အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပြီး အသက် ၈၀ အရွယ်မှာဆုံးပါးခဲ့ပါတယ်။
အဲဒီနောက် ကောင်းကင်ဘုံအကြံပေးရေးရုံးမှာ အသက် ၈၀ အရွယ်ပုံစံနဲ့ပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ခင်ပွန်း Ko Nak-Joon ကတော့ အသက် ၃၀ အရွယ်ပုံစံနဲ့ စာပို့သမားလေးဖြစ်နေပါတယ်။
ဒီလိုမျိုး လူ့ဘဝကနေ ကောင်းကင်ဘုံကိုရောက်လာကြတဲ့ ချစ်သူနှစ်ယောက် နောက်ဆုံးမှာပြန်လည်ပေါင်းစည်းပြီး ဘဝသစ်တစ်ခုကို စတင်မလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးနော်။