Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Eurobet football news️ avatar

Eurobet football news️

Sport news
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaFeb 09, 2025
TGlist-ga qo'shildi
Aug 08, 2024
Muxrlangan guruh

Eurobet football news️ mashhur postlari

လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အလွန်နီးစပ်လာခဲ့ပေမယ့် ဒတ်ခ်ျလူမျိုးနည်းပြအာနီဆလော့က ပရီးမီးယားလိဂ်ကိုမေ့ပြီး PSG အသင်းနဲ့ ချန်ပီယံလိဂ် Round of 16 ပထမအကျော့ပွဲစဉ်ကို အာရုံစိုက်မယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဖောရက်စ်အသင်းနဲ့ (၀-၀)ဂိုးစီသရေကျခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ (တစ်ပွဲပိုကစားထားပြီး) ရမှတ်(၁၃)မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့တာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
မန်ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့လို့ ဖိအားတွေအောက်မှာ ရုန်းကန်ခဲ့ရတဲ့ ဘရာဇီးလ်တောင်ပံကစားသမားအန်တိုနီတစ်ယောက် အငှားသွားရောက်ကစားရာ ရီးရဲလ်ဘက်တစ်အသင်းမှာ နတ်ရေကန်ထဲပစ်ချလိုက်သလို စွမ်းဆောင်ရည်ကောင်းတွေပြသနေတာ မန်ယူနိုက်တက်ပရိသတ်တွေအတွက်တော့ အံအားသင့်စရာပါပဲ။

အန်တိုနီဟာ အသင်းသစ်မှာ ပထမဆုံးကစားခဲ့တဲ့လာလီဂါပွဲစဉ်(၂)ပွဲမှာပဲ (၂)ပွဲစလုံး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (Man of the Match ဆု)တွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
27.02.202508:41
မနေ့က မန်ယူနိုက်တက်(၃-၂)အစ်ဝစ်ချ် ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးမှာ လူစားလဲခံရချိန် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုနဲ့ သူသီးသန့်စကားပြောသွားမယ်လို့ မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပထမပိုင်းပြီးခါနီးမှာ ဘယ်နောက်ခံလူ ဒေါဂူတိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ဦးလျော့နဲ့ကစားရမှာဖြစ်လို့ ဂါနာချိုကို နောက်ခံလူ မက်ဇ်ရာအူရီနဲ့ လူစားလဲခဲ့တာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
ကိုပါအီတာလီယာ ကွာတားဖိုင်နယ်ပွဲတွေပြီးဆုံးသွားချိန်မှာ လက်ရှိချန်ပီယံဂျူဗင်တပ်စ်၊ ရောမမြို့ခံ ရိုးမားနဲ့လာဇီယို၊ ယူရိုပါလိဂ်ချန်ပီယံအတ္တလန်တာတို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ကို မီလန်မြို့ခံ(၂)သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်၊ ဘိုလော့နာနဲ့ အမ်ပိုလီတို့ တက်ရောက်လာပြီး အတွဲအဖက်တွေအရ မီလန်မြို့ခံ(၂)သင်းက ဆီမီးဖိုင်နယ်မှာ ဆုံတွေ့မှာဖြစ်ပါတယ်။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
ဒတ်ချ်ကလပ် ဖီယင်နုအသင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြဟောင်း အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆန္ဒရှိနေပါတယ်။

ဖီယင်နုအသင်းဟာ နည်းပြဖြစ်သူ ဘရီယန်ပရီစကီကို တနင်္လာနေ့က နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးတဲ့ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေတာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞  @eurobetmyanmar
18.02.202503:37
စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိကစားနေတဲ့ လာလီဂါပြိုင်ပွဲကို စွန့်ခွာပြီး စီးရီးအေ၊ ဘွန်ဒစ်လီဂါ၊ ပြင်သစ်လိဂ်လို အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုခုမှာ ပြောင်းရွှေ့ကစားဖို့ စဉ်းစားနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

စပိန်နာမည်ကြီးအားကစားသတင်းစာ Sport က ဖော်ပြခဲ့တဲ့သတင်းကို အခြားစပိန်သတင်းဌာနတွေက ကိုးကားပြီး အကျယ်တဝင့်ဖော်ပြနေကြတာပါ။ ဒီသတင်းက ဖြစ်နိုင်ခြေနည်းပါးတယ်ဆိုပေမယ့် သတင်းထူးတစ်ပုဒ်တော့ ဖြစ်ခဲ့တာအမှန်ပါပဲ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
27.02.202503:21
ပရီးမီးယားလိဂ်ပြိုင်ပွဲက နောက်ဆုံး(၃)ပုံ(၁)ပုံထဲကို ရောက်လာတဲ့အနေအထားမှာပဲ လီဗာပူးလ်အသင်းရဲ့ချန်ပီယံဖြစ်ခွင့်က ပိုမိုသေချာသည်ထက်သေချာလာပြီလို့ ဆိုရမှာပါပဲ။

မနေ့ညက ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဦးဆောင်သူလီဗာပူးလ်အသင်းက နိုင်ပွဲရခဲ့ပေမယ့် အနီးဆုံးပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ဖောရက်စ်အသင်းတို့က သရေကျခဲ့တာကြောင့် လီဗာပူးလ်နဲ့ ရမှတ်ကွာခြားချက်အတော်ကိုများသွားခဲ့ပြီဖြစ်ပါတယ်။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
24.02.202503:32
ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့ ဦးဆောင်သူလီဗာပူးလ်အသင်းတို့ရဲ့ပွဲက စိန်ခေါ်သူရဲ့အလဲထိုးမှုနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။

လီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို ပထမအကျော့အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့ရလဒ်အတိုင်း အဝေးကွင်းမှာလည်း (၂-၀)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
18.02.202508:05
လီဗာပူးလ်မြို့ခံအဲဗာတန်အသင်းဟာ ပရိသတ်ဦးရေ (၃၉၀၀၀)ကျော်သာဆံ့တဲ့ အသင်းရဲ့ဂူဒီဆင်ပတ်ခ်ကွင်းကို ဒီရာသီကုန်မှာ စွန့်လွှတ်ပြီး ဘရမ်လေမိုးဆိပ်ကမ်းမှာ တည်ဆောက်ထားတဲ့ Bramley-Moore Dock ကွင်းသစ်ကို ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။

ပေါင်သန်း(၅၅၀)ကျော်အကုန်အကျခံပြီး မာဆေးမြစ်ကမ်းနားမှာ တည်ဆောက်ထားတဲ့ Bramley-Moore Dock ကွင်းဟာ ပရိသတ်(၅၃၀၀၀)လောက်ဆံ့ပြီး အဲဗာတန်ပရိသတ်တွေအတွက် အသင်းကြီးတွေနဲ့ ခြေရာချင်းယှဉ်ဖို့ ဂုဏ်ယူစရာကွင်းတစ်ကွင်းလည်း ဖြစ်လာမှာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ရဲ့တံကောက်ကြောဒဏ်ရာဟာ ထင်ထားတာထက်ပိုပြီးဆိုးရွားနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးစစ်စစ်တစ်ဦးမှမရှိတော့တဲ့ အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။

နီကိုလက်စ်ဂျက်ဆန်နဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မာခ့်ဂီအူတို့ဟာ ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာ ဒဏ်ရာကိုယ်စီရရှိခဲ့ကြတာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
မနေ့က အတ္တလန်တာ(၁-၃)ကလပ်ဘရုဂျက် ချန်ပီယံလိဂ် play-offs ဒုတိယအကျော့ပွဲစဉ်မှာ အတ္တလန်တာအသင်းရရှိတဲ့ ပယ်နယ်တီကိုကန်သွင်းရာမှာ လွဲချော်ခဲ့တဲ့ တိုက်စစ်ကစားသမား လွတ်ခ်မန်းကို နည်းပြ ဂတ်စ်ပါရီနီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

ဒီပွဲရဲ့ဒုတိယပိုင်းမှ လူစားလဲဝင်ရောက်လာခဲ့တဲ့ လွတ်ခ်မန်းဟာ (၃)မိနစ်အကြာမှာ အတ္တလန်တာအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး နောက်ထပ်ချေပဂိုးရရှိနိုင်မယ့် ပယ်နယ်တီကိုကန်သွင်းရာမှာတော့ ကလပ်ဘရုဂျက်ဂိုးသမားက ကာကွယ်နိုင်ခဲ့တာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱 Channel link - https://t.me/eurobetsportnews

@eurobetmyanmar
19.02.202509:48
မနေ့က ဘိုင်ယန်မြူးနစ်(၁-၁)ဆဲလ်တစ် ချန်ပီယံလိဂ် play-offs ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီဟာ ဘောလုံးကိုရယူဖို့ကြိုးစားရင်း ကွင်းထဲချော်လဲသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆဲလ်တစ်အသင်းဂိုးသမား ကတ်စပါရှမိုက်ကယ်ရဲ့လက်စွမ်းပြသမှုကြောင့် မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပို(၄)မိနစ်မှသာ ချေပဂိုးသွင်းယူနိုင်ခဲ့ကာ Round of 16 ကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
15.02.202507:10
ဘရိုက်တန်အသင်းက ချယ်လ်ဆီးအသင်းကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တဲ့ ဂျပန်တောင်ပံကစားသမား မီတိုမာရဲ့first touch က ဘာစီလိုနာအသင်းကစားသမားဟောင်း မက်ဆီရဲ့ဘောလုံးထိန်းယူပုံနဲ့ တူတယ်လို့ Sky Sports မှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါကချီးကျူးခဲ့ပါတယ်။

မီတိုမာဟာ ဒီပွဲမှာဘရိုက်တန်အသင်းဂိုးသမား ကန်တင်ပေးခဲ့တဲ့ ဘောလုံးကို first touch နဲ့ ထိန်းပြီး ချယ်လ်ဆီးအသင်းနောက်ခံလူ ချာလိုဘာကို လှည့်ထွက်ကာ လှပတဲ့ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းကို တစ်ပတ်အတွင်း(၂)ကြိမ်မြောက်အဖြစ် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုမျှော်ဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်တောင် စိုးရိမ်ပူပန်နေတဲ့အနေအထားကိုရောက်လာပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၉)ရက်နေ့ကမှ ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းကို FA ဖလားစတုတ္ထအဆင့်မှာ (၁-၂)ဂိုးနဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
ချန်ပီယံလိဂ် Round of 16 ကို တက်ရောက်ခွင့် Play-offs ဒုတိယနေ့ပွဲစဉ်တွေမှာ ကလပ်ဘရုဂျက်၊ ဘင်ဖီကာ၊ ဖီယင်နု၊ ဘိုင်ယန်မြူးနစ်တို့ အနိုင်ရခဲ့ကြပြီး အတ္တလန်တာ၊ မိုနာကို၊ အေစီမီလန်၊ ဆဲလ်တစ်အစရှိတဲ့အသင်းတွေက ရှုံးပွဲတွေ့ခဲ့ကြပါတယ်။

ဒါပေမယ့် အနိုင်ရတဲ့အသင်းတွေက အနိုင်မပြတ်သားဘဲ (၁)ဂိုးအသာရလဒ်တွေနဲ့ပဲ နိုင်တာဖြစ်လို့ ဒုတိယအကျော့မှာ ဘာမဆိုဖြစ်လာနိုင်သေးတယ်လို့ ဆိုရမှာပါ။

Comment မှာ ဆက်လက်ဖတ်ရှုပေးပါရန် ➡️➡️➡️

⚽️ဘော့လုံးသတင်းတွေကို အချိန်နဲ့တပြေးညီ သိရှိချင်သူများအတွက်⬇️⬇️

📱Channel link - https://t.me/eurobetsportnews

📞 @eurobetmyanmar
Ko'proq funksiyalarni ochish uchun tizimga kiring.