
ကဗျာဂယ်လာရီ ♡︎
ကဗျာဂယ်လာရီ ♡︎
TGlist reytingi
0
0
TuriOmmaviy
Tekshirish
TekshirilmaganIshonchnoma
ShubhaliJoylashuv
TilBoshqa
Kanal yaratilgan sanaЖовт 19, 2024
TGlist-ga qo'shildi
Лист 11, 2024Muxrlangan guruh
"ကဗျာဂယ်လာရီ ♡︎" guruhidagi so'nggi postlar
18.04.202519:19
ရည်းစားလိုချင်ရင် Join
https://t.me/baes_paradise
https://t.me/baes_paradise
26.03.202517:33
အရင်ကတည်းက
မင်းဟောင်သံဟာ မူမမှန်ခဲ့တာပါ
သူခိုးပစ်ပေးတဲ့ ထန်းလျက်ခဲလေးစားပြီး
အသံတိတ်သွားတဲ့ကိစ္စက
ထူးဆန်းတာမှ မဟုတ်တာ။
- အန်နိုလာ
မင်းဟောင်သံဟာ မူမမှန်ခဲ့တာပါ
သူခိုးပစ်ပေးတဲ့ ထန်းလျက်ခဲလေးစားပြီး
အသံတိတ်သွားတဲ့ကိစ္စက
ထူးဆန်းတာမှ မဟုတ်တာ။
- အန်နိုလာ
25.03.202518:37
ကျွန်တော်မပိုင်ဆိုင်တဲ့ဘယ်အရာမှ
မကောင်းဘူးဆိုတဲ့ စိတ်နဲ့နေထိုင်တယ်
မျှော်လင့်ချက်ကဝဋ်ကြွေးဆန်တယ်
မသစ္စာသိမလားတော့မသိဘူး
ဆီးရီးယားစစ်ဘေးသင့်ကလေးငယ်ကပြောတယ်
အဲ့ဒီကိုရောက်ရင်ဘုရားသခင်ကို
ကျွန်တော်အကုန်ပြောပြမယ်တဲ့
မသစ္စာရဲ့ပန်းနုရောင်လက်သည်းခွံတွေကအစ
ကျွန်တော်သဘောကျတဲ့ဆံပင်အရောင်တွေပြောင်းပစ်လိုက်တာကအဆုံး
ဘုရားသခင်ကိုအကုန်တိုင်ပြောမယ်
- ဏေမျိုးဇော်
မကောင်းဘူးဆိုတဲ့ စိတ်နဲ့နေထိုင်တယ်
မျှော်လင့်ချက်ကဝဋ်ကြွေးဆန်တယ်
မသစ္စာသိမလားတော့မသိဘူး
ဆီးရီးယားစစ်ဘေးသင့်ကလေးငယ်ကပြောတယ်
အဲ့ဒီကိုရောက်ရင်ဘုရားသခင်ကို
ကျွန်တော်အကုန်ပြောပြမယ်တဲ့
မသစ္စာရဲ့ပန်းနုရောင်လက်သည်းခွံတွေကအစ
ကျွန်တော်သဘောကျတဲ့ဆံပင်အရောင်တွေပြောင်းပစ်လိုက်တာကအဆုံး
ဘုရားသခင်ကိုအကုန်တိုင်ပြောမယ်
- ဏေမျိုးဇော်
24.03.202518:12
ဝေးကွာခြင်းမှာလည်း
နေပျော်စရာ ရှိတယ် ။
*ဓူဝံကြယ်ကြွေသွားရင်
နှစ်၃၀၀၀အထိ
အဲဒါကို မြင်ခွင့်ရှိသေးသတဲ့ ။
နောက်ဆုံးလောင်ကျွမ်းမယ့်အလင်းဟာ
နှစ်၃၀၀၀ကြာမှ ကမ္ဘာဆီရောက်မတဲ့ ။*
ဓူဝံကြယ်ဟာ ငါနဲ့ဝေးလွန်းတယ် ။
မင်းက ပို၍ ဝေးပါတယ် ။
- မောင်ငြိမ်းချမ်း (ပုဂံ/မြေ)
နေပျော်စရာ ရှိတယ် ။
*ဓူဝံကြယ်ကြွေသွားရင်
နှစ်၃၀၀၀အထိ
အဲဒါကို မြင်ခွင့်ရှိသေးသတဲ့ ။
နောက်ဆုံးလောင်ကျွမ်းမယ့်အလင်းဟာ
နှစ်၃၀၀၀ကြာမှ ကမ္ဘာဆီရောက်မတဲ့ ။*
ဓူဝံကြယ်ဟာ ငါနဲ့ဝေးလွန်းတယ် ။
မင်းက ပို၍ ဝေးပါတယ် ။
- မောင်ငြိမ်းချမ်း (ပုဂံ/မြေ)
23.03.202519:50
တစ်ခုခုဖြစ်သွားတာကို
ဘာမှမဖြစ်သလို နေလိုက်ရတာလည်း ရှော့ခ်ပါပဲ
ဒီဖြစ်စဉ်များဟာ ကြေကွဲခြင်းတွေ မဟုတ်ပဲ
ကျကွဲခြင်းတွေပဲ ဖြစ်လိမ့်မယ် ။
- အေးချမ်း
ဘာမှမဖြစ်သလို နေလိုက်ရတာလည်း ရှော့ခ်ပါပဲ
ဒီဖြစ်စဉ်များဟာ ကြေကွဲခြင်းတွေ မဟုတ်ပဲ
ကျကွဲခြင်းတွေပဲ ဖြစ်လိမ့်မယ် ။
- အေးချမ်း
22.03.202513:25
ကိုယ့်ကိုယ်ကို သစ်ရွက်လေးအဖြစ်
ပြောင်းလဲလိုက်တော့လည်း ကြွေတာပါပဲ...။
ဒီကမ္ဘာမှာ ကိုယ်မပြိုကျဖို့
ငြမ်းဆိုတာလည်း မရှိခဲ့ပါဘူး...။
ဘယ်လိုနေထိုင်ရမလဲ..
လေတွေ တိုက်ပုံကလည်း လွှင့်လိုက်တာကွာ...။
- ဘုန်းပြည့်စုံမင်း
ပြောင်းလဲလိုက်တော့လည်း ကြွေတာပါပဲ...။
ဒီကမ္ဘာမှာ ကိုယ်မပြိုကျဖို့
ငြမ်းဆိုတာလည်း မရှိခဲ့ပါဘူး...။
ဘယ်လိုနေထိုင်ရမလဲ..
လေတွေ တိုက်ပုံကလည်း လွှင့်လိုက်တာကွာ...။
- ဘုန်းပြည့်စုံမင်း
20.03.202518:00
ငါကဇာတ်ကောင်ကိုဂရုစိုက်တယ်။
မင်းကဇာတ်လမ်းကိုဂရုစိုက်တယ်။
ငိုခြင်းနဲ့ပဲဆုံးဆုံး
ပေါင်းခြင်းနဲ့ပဲသိမ်းသိမ်း
ဇာတ်လမ်းရဲ့အစမှာတော့
ချစ်မိခဲ့လေသတည်းနဲ့စခဲ့ကြတာချည်းပါပဲ။
ဒါကြောင့်ပဲ
ငါကဇာတ်ကောင်ကို
မသေအောင်ဂရုစိုက်နေရတာပေါ့။
- ချောသွင်
မင်းကဇာတ်လမ်းကိုဂရုစိုက်တယ်။
ငိုခြင်းနဲ့ပဲဆုံးဆုံး
ပေါင်းခြင်းနဲ့ပဲသိမ်းသိမ်း
ဇာတ်လမ်းရဲ့အစမှာတော့
ချစ်မိခဲ့လေသတည်းနဲ့စခဲ့ကြတာချည်းပါပဲ။
ဒါကြောင့်ပဲ
ငါကဇာတ်ကောင်ကို
မသေအောင်ဂရုစိုက်နေရတာပေါ့။
- ချောသွင်
07.03.202517:20
မဖဲဝါနဲ့ တာတေကြိုက်ရင် Join
https://t.me/atymovie
https://t.me/atymovie
09.11.202417:27
ပျော်ရွှင်မှုဟာဘာလဲလို့ မေးတဲ့အခါ...
ငါပြောပြမယ်...
ဘာသာစကားမတူတဲ့ လူ့ပတ်၀န်းကျင်တစ်ခုမှာ
မင်းတစ်ယောက်ထဲ ခြောက်ခြားဖွယ်ရာ
အထီးကျန်နေတုန်းမှာ မထင်မှတ်ပဲ
မင်းပြောသမျှ ဘာသာစကားကို အလုံးစုံနားလည်တဲ့ လူတစ်ယောက် ဗြုန်းကနဲ မိုးပေါ်က ကျလာတာမျိုးလည်း ဖြစ်နိုင်တယ် .....
ဘီယာတွေ တစ်လုံးပြီး တစ်လုံးသောက်ရင်း
တောလမ်းခရီးကို မိတ်ဆွေ တစ်ယောက်နဲ့
ဆိုင်ကယ်မောင်းရတာလည်း ဖြစ်နိုင်တယ်....
မင်းသေတဲ့အထိ အိမ်မက်တွေ ခဏခဏ ပြန်မက်တတ်တဲ့ အဲ့ဒီလို အဖြစ်အပျက်တွေဟာ ပျော်ရွှင်မှုပါပဲ....
- ပါပီယွန်
ငါပြောပြမယ်...
ဘာသာစကားမတူတဲ့ လူ့ပတ်၀န်းကျင်တစ်ခုမှာ
မင်းတစ်ယောက်ထဲ ခြောက်ခြားဖွယ်ရာ
အထီးကျန်နေတုန်းမှာ မထင်မှတ်ပဲ
မင်းပြောသမျှ ဘာသာစကားကို အလုံးစုံနားလည်တဲ့ လူတစ်ယောက် ဗြုန်းကနဲ မိုးပေါ်က ကျလာတာမျိုးလည်း ဖြစ်နိုင်တယ် .....
ဘီယာတွေ တစ်လုံးပြီး တစ်လုံးသောက်ရင်း
တောလမ်းခရီးကို မိတ်ဆွေ တစ်ယောက်နဲ့
ဆိုင်ကယ်မောင်းရတာလည်း ဖြစ်နိုင်တယ်....
မင်းသေတဲ့အထိ အိမ်မက်တွေ ခဏခဏ ပြန်မက်တတ်တဲ့ အဲ့ဒီလို အဖြစ်အပျက်တွေဟာ ပျော်ရွှင်မှုပါပဲ....
- ပါပီယွန်
Rekordlar
18.04.202523:59
11.1KObunachilar17.04.202523:31
800Iqtiboslar indeksi18.03.202523:32
398Bitta post qamrovi27.02.202513:54
163Reklama posti qamrovi18.03.202523:32
2.01%ER18.03.202523:32
4.07%ERRKanaldagi o'zgarishlar tarixi
Ko'proq funksiyalarni ochish uchun tizimga kiring.