Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
အောင်နိုင်သူ(ဇွဲကပင်) avatar

အောင်နိုင်သူ(ဇွဲကပင်)

စာရေးဆရာ
TGlist reytingi
0
0
TuriOmmaviy
Tekshirish
Tekshirilmagan
Ishonchnoma
Shubhali
Joylashuv
TilBoshqa
Kanal yaratilgan sanaЛип 05, 2024
TGlist-ga qo'shildi
Вер 20, 2024
Muxrlangan guruh

Rekordlar

20.04.202523:59
7.1KObunachilar
29.03.202523:59
500Iqtiboslar indeksi
18.11.202423:59
28.7KBitta post qamrovi
21.03.202511:35
22.5KReklama posti qamrovi
30.12.202423:59
34.13%ER
27.03.202523:59
367.58%ERR

Rivojlanish

Obunachilar
Iqtibos indeksi
1 ta post qamrovi
Reklama posti qamrovi
ER
ERR
ЖОВТ '24СІЧ '25КВІТ '25

အောင်နိုင်သူ(ဇွဲကပင်) mashhur postlari

Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
လူရာဝင်ချင်သလား

နစက ဥက္ကဌ ကြီး ကို အာစီယံက
ထိတွေ့ ဆက်ဆံနေတာနဲ့ ပတ်သက်ပြီး
KNU က စောတောနီ တို့ တစ်သိုက်
သီကောင် ဆားထိသလို ထွန့်ထွန့်လူး
ဖြစ်နေကြတာတွေ့ရတော့ ပြုံးမိတယ် ။

ကိုယ့်အဆင့်ကိုယ် သိပါ လို့ ပြောရ
လောက်အောင်လည်း မချိုးနှိမ်ချင်
ပါဘူး ။

ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေး
ကိုတော့ နားလည်အောင် လုပ်ထား
ကြလို့ ပြောချင်တယ် ။

နိုင်ငံတကာ ဆက်ဆံရေးမှာ အကျိုး
စီးပွားကို ကြည့်ပြီးတော့ ပဲ ဆက်ဆံ
ကြတာမို့ အကျိုးမရှိတဲ့ သောင်းကျန်းသူ
အစုတ်အပဲ့ ၊သူပုန်အရွတ်အတွ၊
အလေအလွင့် တွေနဲ့ မဆက်ဆံတာ
နိုင်ငံတကာ အပြစ်တော့ မဟုတ်ဘူး ။

ဒါဟာ နိုင်ငံတကာ ရဲ့ သံတမန် မူဝါဒပဲ ။

KNU လို နှစ်ပေါင်း၇၀ ကျော်လောက်
သူပုန်လုပ်လာပြီး ကိုယ်တိုင်ရေး ကိုယ်တိုင်
လက်မှတ်ထိုးခဲ့တဲ့ NCA လို ငြိမ်းချမ်းရေး
စာချုပ်မျိုးတောင် သစ္စာဖောက်ထားတဲ့
KNU ကို ခေါင်းထဲမရှိတာ ဆန်းသလား ။

သိပ်ပြီး လူရာ ဝင်ချင်သပ ဆိုရင်လည်း
လက်နက်ကိုင်လမ်းစ ဥ် ကို စွန့်ပြီး နိုင်ငံရေး
အရ ဖြေရှင်းဖို့ ကြိုးပမ်းကြည့်ပါလား ။

မင်းသုန္ဒရ

https://t.me/truthwaves4arm/4750
Repost qilingan:
Nay Zin Latt avatar
Nay Zin Latt
18.04.202515:31
.

☯️

ဦးဏှောက်လေး ဘာလေးလဲသုံးကြဦး

အမေရိကန်က ဘင်္ဂလားဒေ့ချ်ကို လူမိုက်ငှား၊ပံ့ပိုးခိုင်းပြီး ရခိုင်လူမျိုးကုန်အောင်လုပ်နေတာလောက်တော့ သိဖို့ကောင်းတယ်၊

နဂိုရ်ကမှ လူဦးရေနည်းနေရတဲ့အထဲ စစ်ကြောင့် ရခိုင်တွေသေကြရရင်... ဘင်္ဂလားဒေ့က ရခိုင်ကိုသာသာလေး ဝင်သိမ်းသွားလိမ့်မယ်၊

ကျန်တာ လူဦးရေပေါက်ဖွားနှုံးနဲ့ မြောက်ပိုင်းကတဆင့်တောင်ပိုင်းကိုသိမ်းလိမ့်မယ်၊

ဆီရီးယားလိုကိုယ်တိုင်မဝင်ပဲ ဘင်္ဂလားဒေ့ချ်က ယူကရိမ်းစစ် NATO model ကိုသုံးနေတာ၊

ရခိုင်ဟာ ငါတို့တိုင်းရင်းသားပါ
မင်းတို့ လူပျောက် နယ်မြေပျောက်မှာ ဘယ်မြန်မာကမှကြည့်ရက်မှာ မဟုတ်ပါဘူး၊

ငါ့သားလိုမွေးထားတဲ့ မန်နေဂျာက ရခိုင်စစ်စစ်
ခြံထဲက ခလေးကလဲ ရခိုင်စစ်စစ်ပဲ

ငါ့အခင်ဆုံး သူငယ်ချင်းကလဲ ရခိုင်စစ်စစ်
ငါ့တပည့် တွေထဲမှာလဲ ချင်းလူမျိုးတွေ အများကြီး၊

မင်းတို့ရဲ့ အဆုံးအဖြတ်က ဖျက်မရတဲ့ သမိုင်းတခုအဖြစ်ကျန်ရစ်နေလိမ့်မယ်ဆိုတာကို သတိထားကြစေချင်တယ်၊

နိုင်ငံတော်အနေနဲ့လဲ ရခိုင်ဒေသကို ရှမ်းမြောက်ပိုင်းထက် ပိုအရေးကြီးတာကိုသိထားပြီးသားပါ၊

ကြားညပ်ပြီး လူကုန်သွားမှာစိုး လို့


BaMg ( 18.4.25 ) ☯️


.
Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
13.04.202502:28
နောင်လင်တို့မဲပုတ်တို့ဆိုတာ တောင်ခမ်းဒေသဖြစ်စဉ်တွေမှာ မိမိကိုကောင်းကောင်း ပြဿနာပေးခဲ့တဲ့ အခိုင်အမာရွာကြီးတွေပါ။

ရ-/ဟာ ကျောက်မဲဘက်ကနေဆင်းလာပြီး ဒုဌဝတီကိုကူးပြီး နောင်လင်နဲ့မဲပုတ်ဘက်မှာ အခိုင်အမာလုပ်ပြီး အမတ-၃၅၄ နဲ့ မကျီးရေကိုဖိအားပေးပြီး ၁၆ထပ်ကွေ့ကိုရယူဖို့လုပ်ခဲ့ပါတယ်။

ဒါမှလည်း တောင်ကြီးရပခဘက်ကလာတဲ့ မိမိရဲ့ ထောက်ပံ့နဲ့ပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ပြီး တောင်ခမ်းကိုသူတို့အိတ်ကပ်ထဲ ထည့်နိုင်ပြီး မန္တလေးနဲ့ပြင်ဦးလွင်ကို စိုးမိုးနိုင်မှာပါ။

ဒါပေမဲ့ အဲဒီအချိန်မှာ ကာနယ်ဝင်းမောင်မောင်နဲ့ ကာယ်မောင်မောင်ဝင်းတို့နှစ်ယောက်ဟာ ရ-/သရဲ့ ရည်မှန်းချက်တွေကိုရိုက်ချိုးပြီး အမတ၃၅၄ ကနေ မစခ၉၀၂အထိ လမ်းကြောင်းတွေပေါက်အောင် ထို-/း-စ-စ်ဆင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ Next Target ကတော့ မဲပုတ်ဘက်ကို ဝင်ပြီးရှင်းလင်းရေးလှုပ်ပါတယ်။

သိရသလောက် မနေ့ကအထိ လုံးဝအငြိမ်ပါ။ ဒါပေမဲ့ သကြ်န်အကြိုနေ့ မဲပုတ်ကိုလက်ဆောင်ပေးမယ် ဘာညာဆိုပြီး ကစထမှုးကိုသတင်းပို့နေတယ်လို့လဲ သိနေရပါတယ်။

ညက ဘယ်လိုတွေ ဘာတွေလုပ်လိုက်သည်တော့မသိ
ဒီမနက်တော့ မဲပုတ်ကိုသူတို့ရသွားခဲ့ပါပြီ။

ကာနယ်မောင်မောင်ဝင်း+ကာနယ်ဝင်းမောင်မောင်+အမတ-၃၅၄ ရဲ့ ပူးပေါင်းညီညွတ်မှုဟာ အတော့်ကိုချီးကျူးပြီး တပ်မတော်သမိုင်းမှာ မှတ်ကျောက်တင်ရမဲ့အနေအထားပါ။

သူတို့ဘက်ကတော့  တောင်ခမ်းမှာ တပ်မတော်ရဲ့သမိုင်း ဘယ်တော့မှမရိုင်းစေရပါဘူးဆိုတဲ့စကားကို သက်ြန်အကြိုလက်ဆောင်ပါးလိုက်ပါပြီ။

ကိုခိုင်ဇော်

ဧပရယ်(၁၃) ၂၀၂၅
ထုတ်တန်းပိနေတဲ့ ဒီခလေးကိုခဲရာခက်စစ်အသက်ကယ်သွားနိုင်ခဲ့ပြီလို့ သိရတယ်။ကယ်ပေးကြသူတွေ ကုသိုလ်ထူးရရှိကြပါစေ။

https://t.me/AungNaingThu60945/1350
04.04.202505:34
၄-၄-၂၀၂၅ ကယ်ဆယ်ကူညီရေးအဖွဲ့အားလုံးကို လေးစားပါတယ် 🫡🫡🫡
05.04.202504:16
ဗီယက်နမ်အဖွဲ့တွေကိုတော့ လေးစားတယ်ဗျာ🫡🫡🫡။ သူတို့က အမှန်တကယ်လည်း လုပ်ပေးကြသလို ပေါ်လွင်အောင်လည်း လုပ်ပြတယ် ။ Social Mediaကို တန်ဖိုးထားသလို၊ ကောင်းကောင်းအသုံးချတတ်တယ်ဗျာ။ အတုယူစရာတွေပါပဲ 🥰🥰🥰
Repost qilingan:
ချစ်သဲ Vlog avatar
ချစ်သဲ Vlog
23.03.202513:37
သစ္စာမျိုးဆက် အပိုင်း(၄) (Full HD Version 🤩🤩) ⏩ နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်း ⏪
Repost qilingan:
ချစ်သဲ Vlog avatar
ချစ်သဲ Vlog
22.03.202513:44
သစ္စာမျိုးဆက် အပိုင်း(၃)၊ (Full HD Version 🤩🤩) ⏩ နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဂုဏ်ပြုရုပ်မြင်သံကြားဇာတ်လမ်း ⏪
03.04.202510:14
၃-၄-၂၀၂၅ ပျော်ဘွယ် ကယ်ဆယ်ရေးအဖွဲ့က အဆောက်အဦးအတွင်း ပိတ်မူနေသူအား ကယ်နိုင်ခဲ့တယ်။
18.04.202501:49
Bullet Voice

ဧပြီ ၁၈ ရက် သောကြာနေ့ မနက်ခင်း
Bullet bulletin morning news ;

နိုင်ငံတကာ ထူးခြားသတင်းများ -

ထရန့်၏ ဖက်ဒရယ်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက မတရားအခွန်တိုးကောက်မှု့ဖြင့် တရားစွဲလိုက်သည် ၊ လူဦးရေ သန်း ၄၀ နေထိုင်သော ထိုပြည်နယ်သည် အခွန်ကြောင့် အခက်အခဲဖြစ်ခဲ့သည်ဟု ပြည်နယ်ဂါဗာနာ ယူဆွန် က ပြောသည်။

ဂျပန် ၌ မျှော်လင့်ထားသည်ထက် လူဦးရေကျဆင်းမှု ပိုတိုးလာနေကြောင်း အစိုးရအတွင်းဝန်ချုပ် ယူရှီမာရှာဟိရာရှိ က ပြောသည် ၊ ဂျပန်၌ အသက်၆၅ နှစ်အထက်လူဦးရေသိသာစွာတိုးလာသော်လည်း ကလေးမွေးဖွားမှု့ လျှော့ကျခဲ့ကာ စစ်တမ်းများအရ ၂၀၂၀ ခုနှစ် တွင် လူဦးရေ ၁၂၆ သန်း ၊ ၂၀၂၁ တွင် ၁၂၅ သန်း ၊ ၂၀၂၂ တွင် ၁၂၄ သန်း သို့ ဆက်တိုက်ကျဆင်းခဲ့သည် ။

မြန်မာအကြီးအကဲနှင့် မလေးရှားဝန်ကြီးချုပ် ၊ အကြံပေး သက်ဆင် တို့ ၃ ဦးသည် ထိုင်းနိုင်ငံ Rose Wood ဟိုတယ်၌ တွေ့ဆုံဆွေးနွှေးခဲ့သည် ။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုပ်သည် အမေရိကန်ရေတပ် သေင်္ဘာများကို မိနစ် ၂၀ အတွင်းနှစ်မြှုပ်နိုင်သည့်လက်နက်စနစ်ရှိနေကြောင်း ပင်တဂွန် ကို သတိပေးခဲ့သည် ။

ပြည်တွင်း ထူးခြားသတင်းများ -

အင်းစိန် ၊ အိုးဘို ၊ ပြည် ၊ ပေါင်းတည် ၊ ထားဝယ် ၊ ညောင်ဦး ၊ ပခုက္ကူ ၊ အကျဥ်းထောင်များမှ အကျဥ်းသား ၄၈၉၃ ယောက်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဂတိ ၊ လူသတ် ၊ မုဒိမ်း မပါ ကျန်အကျဥ်းသားများပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးခဲ့သည် ။

AA သည် ၎င်းတို့ဖမ်းဆီးထားသော ဘင်္ဂလားဒက် ငါးဖမ်းသမား ၆၆ ယောက်နှင့် စစ်သုံ့ပန်းမိသားစု ၁၇၀ ကို ပြန်လွှတ်ပေးလိုက်ကြောင်း ကြေငြာခဲ့သော်လည်း မည်သူမည်ဝါကို ဘယ်နေရာ၌လွတ်ပေးကြောင်းမပါဝင်ပေ ။

မနေ့ကမန္တလေးမြို့ကိုဗဟိုပြု၍ ပြင်းအား ၄.၅ ငလျင်လှုပ်သောကြောင့် ပြိုလက်စ မစိုးရိမ်တိုက်သစ် ဆက်ပြိုခဲ့သည် ။

NUG ယာယီသမ္မတ ဆိုသူ လရှီးလ က တောင်ယာတဲငယ် တစ်လုံး အတွင်းမှ နေ၍ နှစ်သစ်ကူး မိန့်ခွန်းပြောရာတွင် နိုင်ငံတဝှမ်း ၄ ပုံ ၃ ပုံ ထိမ်းချုပ်နိုင်ပြီဖြစ်ကြောင်း ၊ ငလျင်ဒဏ်သင့် မန္တလေးမှ မြို့နယ် ၂၀ ၊ စစ်ကိုင်းမှ ၈ မြို့နယ် ၊ ရှမ်းတောင်မှ ၂ မြို့နယ် ၊ နေပြည်တော်မှ ၆ မြို့နယ် ရှိ မိသားစု ၉၀၂၆ စုတို့အား ငွေကျပ်သန်းပေါင်း၂၃၀၀ ကျော်ထောက်ပံ့ပေးခဲ့ကြောင်း ကြေငြာခဲ့သော်လည်း မည်သူမှလက္ခံရရှိခြင်းမရှိကြောင်းသိရသည် ။

ပြည်ထောင်စုနယ်မြေ နေပြည်တော် -

နေပြည်တော် PDF ခေါင်းဆောင် ဗိုလ်လင်္ကျာ ဆိုသူ နှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် နေပြည်တော် ၈၀၁ တပ်ရင်းမှုးဆိုသူ နှင့် တပ်ရေး ဆိုသူ တို့အား ဖမ်းဆီးခဲ့သည်ကိုမကြေနပ်၍ PDF တပ်သား ၆၄ ဦး နုတ်ထွက်စာတင် ၊ စခန်းစွန့်ခွာသွားကြောင်း သိရသည် ။

ပါတီနိုင်ငံရေးသတင်းလှုပ်ရှားမှုသတင်း

USDP ပါတီသည်မြို့နယ်အသီးသီးတွင် အန္တရာယ်ကင်း ပရိတ်တရားရွတ်ခြင်း ၊ ဥပုတ်သီလစောင့်သူတို့ကို စတုဒီတာကျွေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

https://youtube.com/@kyawswarkyawswar-jw8ru?si=7fpsXWzZdBqH6kZa

https://t.me/kyawswar49111
Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
စည်းလုံးညီညာ နိုးထပါ

သဘာဝဘေး ၊ ငလျင်ဘေး​က
သွေးချင်းဌာနေ ၊ တို့မြန်ပြည်ကို
ထိုးမွှေ ရိုက်ခတ် ၊ ခတ်နှိပ်ဆိုးသွမ်း
မည်သို့ကြမ်းစေ ၊
မောပန်းမဟူ ၊ တို့ပြည်သူများ
ကူညီဖေးမ ၊ စောင့်ရှောက်ကြမည်
မြန်မာ့စိတ်ထား ၊ ရိုင်ပင်းအား​ကို
ထင်ရှားသိမည် ကမ္ဘာသို့ဆီ ။

ဘေးသဘာဝ ၊ ကြုံလာရ ၍
ဒုက္ခ ထွေထွေ ၊ သောကပွေလည်း
ပြေစေပပျောက် ၊ ကူမထောက် ၍
ရှေ့လျှောက်အနာဂတ် ၊ ရွှေရောင်ထပ်ဖို့
မပြတ်မြဲကူ ၊ ဖေးမထူ ၍
အပူဟူသမျှ ၊ မြူတစ်စပင်
မကျစေရေး ၊ ကာကွယ်ပေး၍
တို့သွေးတို့သား ၊ တို့စိတ်ထားကို
ထင်ရှားသိမည် ကမ္ဘာသို့ဆီ ။

ထင်ရှားသိမည် ၊ မြန်မာပြည်ဟေ့
တည်ကြည်ဖြောင့်မတ် ၊ ရိုးဂုဏ်ဒြပ်ကြောင့်
မပြတ်ထူရန် ၊ တို့ပြည်ထံသို့
နိုင်ငံတကာ ၊ ဂရုဏာဖြစ်
မေတ္တာစစ်နှင့် ၊ ချစ်ခင်မယွင်း
ရိုင်းပင်းညီညာ ၊ ဖေးကူရှာ ၍
မြန်မာပြည်သား ၊ မြန်မာများလည်း
လုပ်အားပေးကြ ၊ နွေးထွေးကြလျှင်
မြန်မာ့စိတ်ရင်း ၊ တို့သတင်းက
ကောင်းခြင်းဂုဏ်မြောက် ၊ ရွှေခတ်ရောက်မည်
တောက်ပအနာဂတ် ၊ ဂုဏ်လင်းထပ် ၍
မြင့်မြတ်ရွှေပြည် ၊ ရောက်လာမည်မို့
ပြည်သူ ပြည်သား ၊စည်းလုံးအားနှင့်
ကြိုးစားကြလော့ နိုးထလော့ ။

အောင်နိုင်သူ(ဇွဲကပင်)
Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
🟠တပ်မတော်မှ နောင်ချိုမြို
ထဲမှာပိတ်မိနေတဲ့TNLA/PDFများကို ၃ရက်အတွင်းလက်နက်ချရန် ဆော်သြထား


၂၆၊ ၃၊ ၂၀၂၅၊ နောင်ချို။

နောင်ချိုမြိုကို တကြော့ပြန်ထိုးစစ်ဆင်နေတဲ့ တပ်မတော်စစ်ကြောင်းများဟာ၊ နောင်ချိုပတ်ပတ်လည်က TNLAခံစစ်စခန်း ၃၀ကျော်ကို တိုက်ခိုက်သိမ်းပိုက်ကာ။

နောက်ဆုံးလက်ကျန်
နောင်ချိုမြိုကို၊
ထိုးစစ်စတင်ရန် နောင်ချိုပတ်လည်ကို ပိတ်ဆိုထားလျက်ရှိပြီး၊ TNLA/PDFများ လက်နက်ချမလား၊ အသေထွက်မလား၊ ထွက်ပြေးရင် အသက်ရှင်ရန် မသေချာကြောင်း၊

၃ရက်အချိန်ပေးထားပါကြောင်း၊ သိရှိရပါတယ်။ #shwe Po Oo
Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
*ကလေးငယ်ပါမကျန်ပြန်ပေးဆွဲတဲ့
ကမ္ဘာ့အရက်စက်ဆုံးအကြမ်းဖက်အဖွဲ့ ***

KNU PDF ကကျိုက်ထီးရိုးဘုရားသွားဖူးတဲ့
အပြစ်မဲ့ပြည်သူတွေကို ပြန်ပေးဆွဲတယ် ။
ဓာတ်ပုံကို ကြည့်ပါအုံး ။ ကလေးငယ်တွေ
ရော မိန်းမငယ် တွေ ပါ တွေ့ရမှာ ဖြစ်လို့
အန်မတန် စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတဲ့
လုပ်ရပ်ပါ ။ကမ္ဘာမှာ မရှိဖူးသေးတဲ့ အသက်
ငယ်ဆုံး ကလေးတွေ ကို ပြန်ပေးဆွဲတဲ့ အဖွဲ့
အစည်းအဖြစ် KNU PDF က ဂရင်းနစ်စံချိန်
တင်သွားပြီ ဖြစ်ပါတယ် ။

ဒါ့ကြောင့် KNU PDF ရဲ့ပထမ အပြစ်
က ဘုရားဖူးသူတွေ နှောင့်ယှက်တာ ဒုက္ခ
ပေးတာ ၊ ဒုတိယ အပြစ် က မိန်းမသား
တွေနဲ့ ကလေးငယ်တွေပါ မချန် လူစိတ်
မရှိတဲ့ လုပ်ရပ်ပါ ။

တတိယ အပြစ်က ဂျီနီဗာ ကွန်ဗေးရှင်း ရဲ့
ဥပဒေ လေးမျိုးထဲ မှာ အပြစ်မဲ့ပြည်သူ
တွေနဲ့ ကလေးတွေ ကို စစ်ပွဲအတွင်း ဆွဲ
မသွင်းရဘူး ။အသုံးမချဘူး ဆိုတာ ပါပါ
တယ် ။

စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်လို့
ဒီ အကျိုးဆက်ကို ခင်များတို့ ကောင်း
ကောင်းခံစားရလိမ့်မယ်လို့ ပြောချင်
တယ် ။

လူမဆန်တဲ့ လူ့တိရစ္ဆာန် စရိုက်တွေနဲ့
ခင်များတို့ တော်လှန်ရေး လည်း တစ်
သက်လုံး မအောင်မြင်ဘူး သာမှတ်ပေ
တော့ ။

မင်းသုန္ဒရ
13.04.202506:49
၁၃.၄.၂၀၂၅ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်မှာ ၅.၅ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်တဲ့အတွက် မန္တလေး မြောက်ပြင်ဘက်မှာနေအိမ်အချို့ ထပ်မံပြိုကျတယ်လိုသိရ...
#မှိုင်းဝေ
Repost qilingan:
Truth Waves Media (TW) avatar
Truth Waves Media (TW)
ကလီကမာများတဲ့ အဆိုးမြင်မီဒီယာများ

ထုံးစံအတိုင်းပဲ ၊ မီဒီယာတွေကတော့
ကလီကမာ ရေးကြပြန်ပါပြီ ။ဘာတဲ့လဲ ၊
နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြ
အခမ်းအနားမှာ အမျိုးသမီး စစ်မှုထမ်း
တွေ အများဆုံးပါတယ် ဆိုပဲ ။

စစ်ရေးပြ လျှောက်တဲ့ အရေအတွက်
ကိန်းဂဏန်း အချက်အလက်တွေ ကို
သေချာ တွက်တတ်ပုံမရဘူး ။ တွက်တတ်
ရင်လည်း အဆိုးမြင် ဝါဒီသမားတွေ မို့
အဖျက်သဘောပဲ ရေးတတ်ပုံရပါတယ် ။

တကယ်တော့ စစ်မှုထမ်းအများနဲ့ လုပ်ခဲ့တဲ့
တပ်မတော် နေ့ စစ်ရေးပြ ချီတတ်ပွဲမှာ
အမျိုးသမီး စစ်မှုထမ်း က ၁၅% ပဲ ပါပါ
တယ် ။ကျန်တဲ့ ၈၅% က အမျိုးသား
စစ်မှုထမ်းတွေပါ ။

လိုအပ်ချက် အရ အမျိုးသမီးစစ်မှု
ထမ်း အနည်းငယ် ထုတ်သုံးထားတာ
မှန်ပေမယ့် နိုင်ငံသား ကာကွယ်ရေး
တာဝန်ဆိုတာ ကျား မ မရွေး နိုင်ငံသား
တိုင်း ရဲ့ ထမ်းဆောင်ရမယ်တာဝန်
ဖြစ်လို့ အမျိုးသမီး တွေ လည်း အမိ
မြေကာကွယ်ရေး မှာ တက်တက်ကြွကြွ
ထမ်းဆောင် နေ တာကို ချပြလိုက်တာ
ပဲ ဖြစ်ပါတယ် ။

ထပ်ပြောရရင် တော့ အဆိုးမြင်ဝါဒီ
တွေနဲ့ အဆိုးမြင်မီဒီယာတွေ ကတော့
အဖျက်အမှောင့် ပြောနေ ရေးနေ မှ
ထမင်းစားရတယ် ဆိုရင် လည်း အကုသိုလ်
များလှတဲ့ ဒီအလုပ်ကို စွန့်လွှတ်သင့်ပြီ
လို့ အကြံပေးလိုက်ချင်ပါတယ် ။

မင်းသုန္ဒရ ( Truth Waves )
Ko'proq funksiyalarni ochish uchun tizimga kiring.