Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
U Nay Win🇲🇲 avatar
U Nay Win🇲🇲
U Nay Win🇲🇲 avatar
U Nay Win🇲🇲
22.04.202515:50
အားရချက်ဗျာ
အစကထဲက ဒီလို အမှုန့်ချေပြစ်ရမှာပါ
👇👇👇👇👇
စစ်တွေမြို့ကို လက်နက်ကြီးနဲ့ပစ်ပြီး တိုက်ခိုက်ရန်စုဖွဲ့နေတဲ့ စစ်တွေမြို့နယ်၊ မီးလောင်ရွာရှိ အကြမ်းဖက် AA သူပုန်စခန်းအား ချေမှုန်းခြင်း။
-
သူ ၁ ချက်ပစ်ရင် ကိုယ် ၁၀ ချက် ပြန်ပစ်ပိုင်ခွင့် ရှိပါတယ်။
-
# တိုက်ပွဲသတင်းစုံ
https://t.me/drmyat001
19.04.202514:29
ဒီနေ့ည ကော့ဝါလဲအရှေ့ဖက်မှာ ည ထွက်ရှင်းလင်းတဲ့ ညမင်းသား စစ်ကြောင်းနဲ့ ရွာသားအသွင်ယူထားတဲ့ ငဇွဲအဖွဲ့နှင့် နာရီဝက်အကြာ ထိတွေ့မှုဖြစ်နေတယ်
၅၄၆တပ်ထဲက အမတက ပစ်ကူပေးနေ
ယခုရေခဲဖြစ် ဆက်ရှင်းနေပါတယ်။

# ပေတိုးမီဒီယာ
https://t.me/drmyat001
19.04.202512:14
အခုလပိုင်းမှာ သတိထားမိတာတော့ တွေ့မိပါတယ် အဲ့ဒါဘာလဲဆိုရင် tg fri အတော်များများက ဆရာကြီး Dr Nay Zin Latt ရဲ့ postတွေ ပြန်လည်မျှဝေကြတာ လေ့လာမိတော့ ပီတိဖြစ်နေမိပါတယ်ဗျာ
အဓိက ဆရာကြီးရဲ့ postတွေထဲကမှ ကိုယ့်တိုင်းပြည်အကြောင်းသတိပေးးရေးသားခဲ့တဲ့ post တွေထဲကမှ ရခိုင် အကြောင်းတွေကို အများပြည်သူများအပြင် သက်ဆိုရာလူကြီးမင်းနားအထိ ရောက်စေချင်ပြီး အမြန်ဆုံးပြင်ဆင်ဆောင်ရွက် နိုင်ရန်ပါဘဲပေါ့
👇👇👇👇👇

☯️

Bangladesh က AA နဲ့ CNF ကိုကူမဲ့ကိစ္စမှာ ဆောင်းပါးရှင်ရယ် စာစောင်ရယ် အားနည်းတဲ့အတွက် မဖြစ်နိုင်ဘူးလို့ ဆိုတဲ့ရေးသားချက်တချို့တွေ့ရတယ်၊

( ဘမောင်အပါအဝင် မြန်မာကရေးသားသူတွေနဲ့ စာစောင်တွေကိုလဲ ပြည်ပက မသိကြပါဘူး )

* Vowell သွားတာငြင်းမရဘူး
* အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်သွားတာငြင်းမရဘူး
* ဒီနေ ERO ပြည်ပအထောက်အပံ့ယူတာငြင်းမရဘူး
* Aid corridor နဲ့ Safe corridor အသုံးပဲကွာသွားတယ်၊ ( ယူနွတ် Advisor သုံးသွားတာ၊ Safe zone အစားထိုး Term အသစ်တခု )

နိုင်ငံတကာနိုင်ငံရေးက ပြည်တွင်းနိုင်ငံရေးထက် ပိုပြီး " ကြွယ်" တယ်၊

Situation နဲ့ Environment ကို Assessment လုပ်ကြည့်ရင် ဖြစ်နိုင်ခြေရှိနေတယ်၊

တလောကတောင် အိန္ဒိယက ချင်ပြည်နယ်နေရာတခုကို... ဘာဘာညာညာ လွှတ်တော်တင်ဖို့လုပ်ထားတာရှိနေခဲ့သေးဘူးတယ်၊

အရေးအကြီးဆုံးက Greater Bangladesh စီမံကိန်းရှိနေတာပဲ၊

စာရေးတဲ့ အခါမှာ သတင်းအရင်းအမြစ်ခိုင်မာမှုကိုကြည့်ရတဲ့အပြင် Possibility ကိုလဲကြည့်ရပါသေးတယ်၊ အခြေအနေအရပ်ရပ်ရဲ့ Favorableness ဘယ်လောက်ရှိသလဲနဲ့လဲ ဆက်စပ်ရပါသေးတယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
.

☯️

တရုတ်ကလဲ သိပ်လွယ်တာမဟုတ်ဘူး
လေရဟတ်တွေဆီကနေ ဂျာမန်တွေရဲ့ သတင်းအချက်တွေ ခိုးယူနေတယ်လို့ဆိုတယ်၊

တရုတ် EV ကားတွေကနေလဲ သတင်းအချက်တွေ ရယူသွားနိုင်တယ်လို့ တယောက်က ရေးထားတာဖတ်လိုက်ရတော့ သတိထားတာ မမှားဘူးလို့မြင်ပါတယ်၊

#NZL ☯
https://t.me/drmyat001
19.04.202508:22
ရင်နာတယ် ဆိုတာထက် ပိုတဲ့စကားရှိရင် အဲ့ဒီစကားလုံး သုံးနှုံးလိုက်ချင်တယ်ဗျာ

1027 Operation ဆိုတာက ရှမ်းမြောက်တစ်ခွင်လုံးနီးပါး စုတ်ပြတ်သတ်သွားအောင် စိန လို့ခေါ်တဲ့ ပေါက်ဖေါ်ကြီးရဲ့ ယုတ်မာချက်တွေပေါ့

စနစ်တကျကို ပြင်ဆင်ပြီးမှ Proxy War ကို လုပ်ခဲ့တာပါ
ယူနန်ပြည်နယ်ဆိုတာ မြန်မာနိုင်ငံလောက်နီးပါး ကြီးမားတဲ့ ပေါက်ဖေါ်ကြီးရဲ့ ပြည်နယ်အဆင့်ပါဗျာ

ယူနန်အစိုးရရဲ့ ဖျံကျတာကို ခံလိုက်ရတာပါ ပေါက်ဖေါ်ကြီးရဲ့ ထလရတပ်ဖွဲ့ MSS တွေ မြန်မာနယ်စပ်နဲ့ မန်းလေး အနီးအထိ ခြေရှုတ်လာနေခဲ့တာကို စရတ စရဖ တွေ သိပ်သိတာပေါ့ ဒါပေမဲ့ Intellgence Net ခေါ် ထလရ ကွန်ယက် ခိုင်မာမှုမှာ ကွာခြားသွားတာပါဘဲ

စိန နဲ့ ရှမ်းမြောက်နယ်စပ်က ဝမ်တိန်ဆိုတဲ့ နယ်စပ်မြို့ကလေးက 1027 Operation စစ်ဆင်ရေးရဲ့ ကိစ္စအဝဝကို ထိန်းချုပ်နေတဲ့ Command Post တစ်ခုပါဘဲ

ခု နောက်ဆုံး မနေ့က ရှမ်းမြောက် လားရိှုးမြို့ကို နစက မှ စတင်ထိန်းချုပ်ရန်အတွက် နေ့လည် ၁၂ နာရီမှာ တပ် / ရဲ /ဌာနဆိုင်ရာ အဖွဲ့အချို့ စတင်ရောက်ရှိလာခဲ့ပါတယ် လဝ အဆင့်သတ်မှတ်ထားလို့ ခုမှ တင်ပြရတာပါ

ငပွကြီးဘက်ကတော့ CIA ရဲ့ ထလရကွန်ယက် တန်ခိုးဟာ ဂျိုးဘိုင်ဒင် လက်ထက်တုန်းက အင်မတန်တန်ခိုးထွါးခဲ့ပေမဲ့ ခု ငပွကြီးရဲ့ သမ္မတ လက်သစ် ဒေါ်နွယ်ထွန်း လက်ထက်မှာတော့ ဖြုတ် ထုတ် သတ် လုပ်နေခဲ့တာပါ

အတော် မာယာများတဲ့ CIA ဟာ သူ့ရဲ့ ကွန်ယက်တွေနဲ့ Future Plan များကို စာတမ်းတင်ပြလိုက်တော့ ဘကုန်းနယ်စပ် ဘူးသီးတောင် မောင်တောဘက်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီသူပုန်တွေကို လက်နက် စစ်ဝတ် ရိက္ခါ ခဲယမ်း နည်းပညာ ငွေကြေး ဆေးဝါးများထောက်ပံ့ပြီး Proxywar လုပ်ဖို့ စီမံချက်ရေးဆွဲခဲ့ပါတော့တယ်

ဘကုန်းဘက်မှာ
CIA ဟာ ကွန်ယက်အကြီးကြီးဖွဲ့ပြီးတော့ အရှိန်အဟုန်နဲ့ စစ်ရေးကိစ္စများကို လုပ်ဆောင်လာနေပါပြီ

AA နဲ့ CDF သူပုန် ၂ ဖွဲ့ရဲ့ လက်ချက်ကြောင့် ရခိုင်နဲ့ ချင်းလူမျိုးတွေ အမျိုးပြုတ်ကုန်ရင်တော့ သမိုင်းတရားခံဟာ AA နဲ့ CDF တွေပါဘဲ

မြန်မာနိုင်ငံရဲ့ ကံကြမ္မာကတော့ ယူကရိန်းလို ဖြစ်သွား နိုင်မလား ဆိုတာကတော့ ခင်ဗျားတို့ ကျုပ်တို့ အားလုံးရဲ့ စဥ္းစား လုပ်ဆောင်မှု အပေါ်မှာ အများကြီး မူတည်သွားနိုင်ပါတယ်

၁၇ ရက်နေ့က ဒါကာမြို့ကို အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပါသေးတယ် DIVISION အဆင့် ၃ ခုလောက် တာဝန်ယူကြလိမ့်မယ်လို့လည်း သိရှိထားတော့ အနောက်တံခါးပေါက်က တံခါးခေါက်သံဟာ ကျယ်လောင်စွာဖြင့် အချက်ပေးခေါင်းလောင်းသံစုံမြည်တော့မည် ဖြစ်လေသည်

ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ အလွန်ကောင်းနေပါပြီ စစ်တွေဘက်ကိုလည်း မုန်တိုင်းကြီးတစ်ခု သေချာပေါက် ဝင်မွှေဦး်မယ်ဆိုတော့ ပွဲကတော့ ကြမ်းဦးမှာပေါ့ဗျာ

နောက်ဆက်တွဲ စစ်သတင်းများ ဆက်စောင့်ကြည့်ကြတာပေါ့
ရဲသုံးဖေါ် ရဲ့ စစ်သတင်းအမှန်တွေက မူကြမ်းတင်ပြလိုက်ရင်ကို အနှောင့် အသွားမလွတ်တာမို့ ခဏခဏ အဖြုတ်ချခံရပါတယ် လုပ်တုန်းကိုင်တုန်း စစ်သတင်းများမိူ့ ရန်သူကို သတင်းပေးသလို ဖြစ်မှာစိုးလို့ Break လုပ်ထားရကြောင်းပါခင်ဗျာ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်

၂၀၂၅ အေ ၁၉ ၁၂၂၂
#Bosaw
https://t.me/drmyat001
အလွဲတကာ အလွဲတွေထဲကမှ ဒီအလွဲဟာ ရုပ်ဆိုးဆုံးဘဲ ဖြစ်မယ်ဗျ
👇👇👇👇👇
၁၀ တန်းစားမေးပွဲဆိုတာ
ကျောင်းသူ/သားတင်မက မိဘတွေပါ လူမောစိတ်မာခဲ့ရတဲ့အရာ

ငလျင်​လှုပ်လို့ မီးလောင်တယ်
အဖြေလွှာတွေဆုံးရှုံးသွားတယ်တဲ့

အဖြေလွှာထိမ်းသိမ်းသူမှာရော တာဝန်မရှိဘူးလား?

ထားပါ ဒါက သဘာဝဘေး ဖြစ်ခဲ့တာဆိုရင်

အဖြေလွှာချည်း မီးလောင်ကုန်တာလို့ ထင်နေကြတာလား

တစ်ဖက်သက်တည်းမကြည့်ကြနဲ့လေ
ကျောင်းသားတွေရဲ့ မှတ်စုတွေ၊ စာအုပ်တွေကရော

မီးမလောင်တော့ဘူးလား?
တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား?

အဖြေရှာနည်းလွဲနေသလားလို့...

နိုင်ငံရေးအဖြစ်ပျက်ကြားထဲမှာ
အစိုးရကျောင်းကို ခိုးတက်ခဲ့ရတဲ့ ကျောင်းသားတွေ များစွာရှိပါတယ်

ဆိုတော့ဗျာ

ထပ်ရေးရင် ရှည်ကုန်တော့
သူတို့မှာလည်း ပေးဆပ်ခဲ့ရတာတွေ အများကြီးပဲ

#Bn
https://t.me/drmyat001
.

☯️


အခွန်မူဝါဒနဲ့ပါတ်သက်ပြီး ကာလီဖိုးနီးယားပြည်နယ်က ထရမ့်ကိုတရားပြန်စွဲတဲ့ ပထမဦးဆုံးပြည်နယ်ဖြစ်လာပါပြီ၊

#NZL ☯
https://t.me/drmyat001
19.04.202511:16
အခုလက်ရှိ အခြေအနေအရ ဒီလိုအဖြစ်အပျက်မျိုးတွေ တွေ့လာရတာ အနည်းငယ်သိရပါတယ်
စမထ ဥပဒေနဲ့အညီဘဲ ဆောင်ရွက်သင့်ပါတယ် အရက်မူးနေရင် မူးတဲ့ပုဒ်မ
ဆိုင်ကယ်နဲ့လူ လိုင်စင်မပါရင် အပါတဲ့အမှုနဲ့ပေါ့
အခုလိုတော့ ရောချ ငွေညှစ်နေကြတာတွေ ကြားသိနေရတော့ တပ်မတော်အပေါ် မလိုအပ်တဲ့ မုန်းတီးခြင်းတွေ ဖြစ်ပေါ်နေရတာပါဘဲ
👇👇👇👇👇
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက်(၄၂)အရွယ် သားဖြစ်သူကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားသဖြင့် မိခင်ဖြစ်သူက ပြန်လွှတ်ပေးစေလိုကြောင်း ပြော

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ဦးမောင်မောင်စိုး (အသက် ၄၂)နှစ် ထောက်ကြန့်တွင် ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် နေပြည်တော်သို့ ပို့လိုက်ကြောင်း၊ မိသားစုဝင်များ လိုက်လာရာတွင် တွေ့ခွင့်မရခဲ့ကြောင်း၊ စစ်မှုထမ်းဆောင်ရန် အကျုံးမဝင်သည့် အသက်အရွယ် ဖြစ်သဖြင့် ပြန်လွှတ်ပေးရန် မိခင် ဒေါ်အေးအေးမြင့် က ဆက်သွယ် ပြောဆိုလာခြင်း ဖြစ်သည်။

#MyanmarNationalPost
https://t.me/drmyat001
-
Breaking

▪️စပယ်ဦး ( ခ )သောင်းသောင်း  KNU. တောတွင်း  သင်တန်းဆင်း  ၂၁.  ကြည့်မြင်တိုင် တစ်ဘက်ကမ်း အေးရွာနေအိမ်တွင်   ဖမ်းဆီးရမိသည်။

▪️crd
https://t.me/drmyat001
.

☯️


ထရမ့်က သူ့ Tariff ကြောင့် နေ့စဉ် $ 2 bil ဝင်နေတယ်လို့ ပြောပေမဲ့ အကောက်ခွန်ဌာနက ထရမ့်ပြောတဲ့ ပမာဏထက်အလွန်နည်းပါးစွာသာဝင်နေလို့ မှားနေကြောင်း ပြောလာပါတယ်၊

အရင်ကလဲရေးပြခဲ့ဘူးပါတယ်၊ ဆောင်းပါးမှာတော့ အကျယ်ရေးထားတယ်၊ High tariff ဖြစ်တာနဲ့ Trade volumn လျော့မယ်၊ ကုန်သွယ်ပမာဏ ဘယ်လောက်လျော့သလဲ ဆိုတာ ချက်ချင်းကြည့်လို့မရသေးဘူး၊ (၃-၄) လလောက်မှပြောလို့ရမယ်၊ အဲ့ဒီအခါကျမှ အမှန်ဝင်ငွေကိုတွက်ထုတ်လို့ရပါလိမ့်မယ်၊

ကုန်သွယ်မှုပမာဏဟာ Tariff ပေါ်မူတည်ပြီး အလိုလို ကိန်းရှင်ဖြစ်သွားပါတယ်၊ သေခြာတာကတော့ Tariff မြင့်တာနဲ့ ကုန်သွယ်ပမာဏလျော့ကျသွားမယ်၊ စက်ရုံတွေပိတ်လိုက်ကြရမယ်၊ စီးပွားရေးနှေးကွေးမယ်၊ အလုပ်လက်မဲ့တွေ ပိုထွက်လာမယ် ဆိုတာပါပဲ၊


#BaMg(NZL) ☯️
https://t.me/drmyat001
မနေ့ညက အေလာလေဆိပ်ကို အကြမ်းဖက် NUG PDF အဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်တယ်
-
နိုင်ငံတကာက ကယ်ဆယ်ရေးလေယာဉ်တွေ ဆိုက်တဲ့အချိန်ကို ရွေးပစ်တာ .. တော်တော်ယုတ်မာတဲ့အဖွဲ့ပဲ
-
ကံကောင်းချင်တော့ ဒုံးသီးက လေဆိပ်ကို မရောက်သလို ကွဲလည်း မကွဲပါ.. ကမ္ဘာပေါ်မှာတောင် မရှိတဲ့ အင်မတန်ယုတ်မာတဲ့ အကြမ်းဖက် NUG PDF တွေပဲ .. မိလို့ကတော့ ဟွင်း .. ဟွင်း 😡
-
#KT
https://t.me/drmyat001
19.04.202514:34
သပိတ်ကျင်းပဒက်သိုက်

#KKM
https://t.me/drmyat001
19.04.202512:25
ဒရုန်းteam (ဗန်းမော်)ရဲ့
ပစ်ချချက်တွေက ရမ်းကို
ချိုမြိန်ပါ၏

ဘုရားသခင်
အလောင်းကြီးပေးပါစေ
KIA တို့ရေ

#BN
https://t.me/drmyat001
BWM PDF အဖွဲ့က ငလျင်ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်သည့် နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ရာ အေလာ လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့

၁၉.၄.၂၀၂၅
Written By Zun

Brave Warirror Myanmar PDF အဖွဲ့က ငလျင်ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်သည့် နိုင်ငံတကာလေယာဉ်များ ဆိုက်ရောက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အေလာလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခဲ့ကြောင်း ကျူးလွန်သည့် PDF အဖွဲ့၏ ဝန်ခံချက်အရ သိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက် ည ၉ နာရီကျော်ခန့်က BWM PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာ ယင်းမှာ လေဆိပ်သို့မရောက်ဘဲ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရေလယ်ကွေ့ရွာရှိ နေအိမ်ခြံဝန်းတစ်ခု သို့ ကျရောက်....


#BWMPDF #အေလာ #လေဆိပ် #ကယ်ဆယ်ရေး #NUG #PDF #MT #MyanmarTransparency
https://t.me/drmyat001
19.04.202510:33
နေပြည်တော် - မကွေးလမ်းပိုင်း တစ်နေရာတွင် PLA လက်နက်ကိုင်အဖွဲ့ က လမ်းပေါ်တက်ကာ အစိုးရ ဝန်ထမ်း များ ပါ၊ မပါ စစ်ဆေးခဲ့ဟုဆို

(NP News) – ဧပြီ ၁၉

နေပြည်တော် - မကွေးလမ်းပိုင်း တစ်နေရာတွင် PLA လက်နက်ကိုင်အဖွဲ့ က လမ်းပေါ်တက်ကာ အစိုးရဝန်ထမ်းများ ပါ၊ မပါ စစ်ဆေးခဲ့ကြောင်း
အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ယနေ့ (ဧပြီလ ၁၉ ရက်) နံနက်ပိုင်းက လမ်းပေါ်တက်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ ဖမ်းဆီးခံရသည်ဟု မကြားမိကြောင်းလည်း ၎င်းက ဆိုသည်။

“တောင်ညိုနဲ့ မကွေးနဲ့ ဆက်တဲ့လမ်း တောင်ညို - ကံပြားလမ်း မိုင်တိုင် ၂၅ မှာပြောတယ်။ လမ်းပေါ်တက်စစ်တာပေါ့ဗျာ ထုံးစံအတိုင်း။ (အင်အားက) တပ်စိတ်တစ်စိတ်လောက်ဆိုတော့ အစိတ်လောက်ရှိတယ်ပြောတယ်။ မနက်စောစောထဲကရောက်နေတာနေမှာ” ဟု အထက်ပါ အထက်ဒေသခံက ဆိုသည်။

အဆိုပါ စစ်ဆေးခဲ့သောနေရာသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြည်သူ့စစ်ခေါင်းဆောင် အမျိုးသားရေးသမား ကိုမင်းမင်း လုပ်ကြံသတ်ဖြတ်ခံရသောနေရာနှင့် နီးကြောင်းလည်း ၎င်းက ဆိုသည်။

“အစစ်ခံရတဲ့လူတွေပြောတာတော့ ဖုန်းစစ်တယ်တဲ့။ ဝန်ထမ်းပါလားမေးတယ်တဲ့။ အဲနှစ်ခု ပြောတယ် ပြောတယ်။မရှိဘူး ပြောတယ်။ တစ်ချို့ဝန်ထမ်းတွေလဲ မြင်လို့ ပြန်လှည့်ကြတယ်ပြောတယ်။ PLA တံဆိပ်တပ်ထားတယ်။ အခုတော့ လိုက်ရှင်းနေတယ်ပြောတယ်။ မရှိတော့ဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ၎င်းတို့ တက်ရောက်ခဲ့သောနေရာတွင် ခိုအောင်းရန် နေရာပေါများပြီး ဝန်ထမ်းများကို ယခုကဲ့သို့ စစ်ဆေးခြင်းမှာ မလုပ်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဝန်ထမ်းတွေက ပိတ်ရက်ရှည်က ပြန်ကြမယ်ဆိုတော့ ဝန်ထမ်းပါ၊ မပါကြီးပဲ စစ်ချင်ပုံရပါတယ်။ ကျွန်တော်ထင်တာကတော့လေ။ လွယ်တော့မလွယ်ဘူးပေါ့နော်။မှန်ပါတယ်။သူတို့ဘယ်နားက ဘယ်အချိန်တက်လာမှန်း သိမှမသိတာ။ ဒါပေမဲ့ အရေးကြီးတဲ့နေရာတွေ၊ အရေးကြီးတဲ့အချိန်တွေပေါ့။ ဥပမာအခုလိုအချိန်တွေဆို ဝန်ထမ်းပြန်တတ်တဲ့အချိန်ပေါ့ လုံလုံခြုံခြုံလုပ်ပေးသင့်တယ်။ ဟိုဘက်ကလည်း ဝန်ထမ်းတွေက ဘာမှမဆိုင်ဘူး၊ လုပ်ချင်ရင် လက်နက်ကိုင်အချင်းချင်း တိုက်ကြ၊ခိုက်ကြလေပြည်သူတွေ သွားတဲ့လမ်းကြောင်းနဲ့ မနှောင့်ယှက်သင့်ဘူးထင်တာပဲ” ဟု ၎င်းက ဆိုသည်။
Cred
https://t.me/drmyat001
.

☯️

အီရန်က -

" ရုရှားနဲ့အီရန်တို့ဟာ မကြုံဘူးအောင်အလွန်တရာ ရင်းနှီးနေကြတယ်"

.... လို့ပြောတာပါ၊

စစ်ကိုကာတဲ့ သဘောပါ ပါလိမ့်မယ်။

#NZL ☯
https://t.me/drmyat001
19.04.202508:22
ရ ခိုင် ကို မ ပူ ပါ နဲ့ လို့ အ မြဲ ပြော နေ ကြ တာ ဘူး သီး တောင် မောင် တော ကို ဘ င်္ဂါ လီ တွေ ကို ပေး ပြီး နိုင် ငံ တည် ဆောက် ချင် နေ ကြ တာ ကိုး လို့ ပဲ တွေး မိ တော့ တယ် ။

ဘာ ဆက် ဖြစ် မ လဲ ဘဲ ထိုင် ကြည့် နေ တော့ မယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၉ ၊ ၄ ၊ ၂၀၂၅

# မိုး တင့် ဆွေ
၁၉ ၊ ၄ ၊ ၂၀၂၅
စ နေ ။
https://t.me/drmyat001
19.04.202514:31
❗️❗️❗️❗️❗️❗️❗️

ယနေ့ (19.4.2025) ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ​စစ်ကိုင်းတိုင်း၊ မြင်မူမြို့၊ အလ္လကပ္ပရွာမြောက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နောင်တော်ကြီးစစ်ကြောင်းအား အကြမ်းဖက် PDF (၃၀)ခန့်မှ လာရောက်ချောင်းမြောင်းတိုက်ခိုက်ရာ မိမိဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ပဲ အကြမ်းဖက် PDF ၁လောင်း၊ M-16 ၁လက်၊ ၎င်းကျည်အိမ် ၂ခု၊ ကျည် ၁၈ တောင့် တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

#🇲🇲သဇင်ဦး
https://t.me/drmyat001
.

☯️

တရုတ်က အမေရိကန်စီးပွားရေးပေါ်မှာ မမှီခိုဘူး... လို့ပြောတဲ့အချက်ကတော့ လက်ခံလို့မရဘူး၊

အမေရိကန်ပေါ်မှီပြီးတက်လာခဲ့တာ၊ အခုလဲ တပိုင်းတစ မှီခိုနေရတုန်းပါပဲ၊ " မှီခိုမှုလျော့ချနေတဲ့ ကာလ" ... လို့ဆိုရင်တော့လက်ခံပါတယ်၊

တရုတ်ရဲ့ Trade partners ကအမေရိကန်ထက်ပိုများသွားတာမှန်ပေမဲ့ US trade ရဲ့ 23% ကတရုတ်နဲ့လဲဖြစ် ကုန်သွယ်ပိုငွေလဲ $ 200+ bil ရနေတာဆိုတော့... စွန့်ရမှာလဲ အဆီတဝင်းဝင်း၊ စားရမှာလဲ သဲတရှပ်ရှပ်ဆိုရင် ပိုမှန်ပါလိမ့်မယ်၊


#BaMg(NZL) ☯️
https://t.me/drmyat001
19.04.202510:39
ရခိုင်ကိုချန်ခဲ့မှာလား ..........

တရုတ်မြန်မာ စီးပွါးရေးစင်္ကြန်ပွင့်တာနဲ့ အခြေအနေတွေဟာ ပိတ်ဆို့ထားတဲ့ရေပိုက်ခေါင်းကိုဖွင့်ချလိုက်သလို ဝေါကနဲ အဆင်ပြေသွားမှာပါပဲ ။ အဲ့ဒီလိုဖြစ်လောက်ပါရဲ့လို့လည်း ကိုယ်ယုံကြည်ချင်ပါတယ် ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် ။ ကုန်သွယ်စစ်ကြောင့် တရုတ်အနေနဲ့ CMEC ကိုဖွင့်ဖို့အရေးတကြီးဖြစ်လာလို့ အခုလိုတွေကြိုးပမ်းနေတာလို့ယူဆရပါတယ် ။

တရုတ်မြန်မာကုန်သွယ်လမ်းကြောင်းပွင့်တာနဲ့ မြန်မာပြည်ညာဖက်အခြမ်းတစ်ခြမ်းလုံး ရှမ်းပြည်နယ်အပါအဝင် အဆင်ပြေသွားမှာပါ ။ ကုန်ဈေးနှုန်းတွေကျမယ် ၊ ဆေးဝါး နှင့်အခြားအသုံးအဆောင်ပစ္စည်းတွေ တင်သွင်းခွင့်ရလို့ ဈေးနှုန်းကျပြီးပေါလာမယ် ။ စီးပွါးရေးတွေကောင်းမယ် ။ ညာဖက်တစ်ခြမ်းလုံးမှမဟုတ်ပါဘူး ၊ တစ်နိုင်ငံလုံးအသက်ရှူချောင်ပါလိမ့်မယ် ။

တစ်ခုပဲ ..... အဲ့ဒိအထဲ ရခိုင်ပါမှာလားဆိုတဲ့မေးခွန်း ။ ရခိုင်ကို အစိုးရက ဖြတ်လေးဖြတ်လုပ်ထားပါတယ် ။ အစိုးရအာဏာစက်လည်း ရခိုင်မယ်အရမ်းနည်းပါတယ် ။ AA ရဲ့ဩဇာဟာ ရခိုင်မှာကြီးနေပါတယ် ။ အခုက AA သည်စစ်ကို ဆက်တိုက်နေဆဲဖြစ်သလို ၊ ဆက်ပြီးလည်းတိုက်နေဦးမှာပါပဲ ။

အကိုကြီးဌေးအောင်ပြောတာတစ်ခု သဘောကျတယ် ။ AA ကစစ်ကိုတိုက်နေတာမဟုတ်ဘူး ၊ စစ်က AA ကိုတိုက်ခိုင်းနေတာ ။ AA ကစစ်ကိုမတိုက်ပဲကိုမနေရတော့တဲ့အထိဖြစ်သွားတာ ။ စစ်ကိုရပ်လို့မရတော့ဘူး ။

အခုက ဘင်္ဂလားစစ်တပ်ကနေ CIA အကူအညီနဲ့ AA , CNF တို့ကိုထောက်ပံ့မယ်ဖြစ်နေတယ် ။ AA လည်ပင်းညှစ်ခံရတယ် ၊ ဒီအထောက်အပံ့ကိုမယူလို့လည်းမရဘူး ။ ယူလိုက်လျင်လည်း စစ်ဆက်တိုက်ရမယ် ။

အခုက တရုတ်ကလည်း CMEC စချင်လွန်းလို့သည်းမခံနိုင်ဖြစ်ပြီဆိုတော့ ၊ AA ဘာလုပ်မလည်း ။ အကြီးကြီး ကြားညပ်ခံရပြီ ။ KIA , AA , CNF , PDF တို့ဘာဆက်လုပ်မတုန်းဆိုတော့ စစ်ဆက်တိုက်ဖို့ပဲရှိတယ် ။ မတိုက်လို့လည်းမရဘူး ။

အဓိကက စစ်ဆက်တိုက်လျင် ရခိုင်ပြည်နယ်က နောက်ပိုင်းအေးချမ်းလာတော့မယ့် မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည်ထက်ဝေးပြီး ကျန်ခဲ့လိမ့်မယ် ။ စစ်ဆက်တိုက်နေလျင် ဒေသခံတွေ ရခိုင်ပြည်နယ်ထဲမှာနည်းသည်ထက်နည်းလာလိမ့်မယ် ။

တရုတ်သာ CMEC ကိုဖွင့်နိုင်ခဲ့လျင် ထိုင်းမြန်မာကုန်သွယ်ရေး အာရှလမ်းကြီးလည်းပြန်ဖွင့်ရလိမ့်မယ် ။ ဒီနှစ်လမ်းပွင့်သွားလျင်မြန်မာပြည်အသက်ရှူချောင်ပြီ ။ ကျန်တာတွေကအေးဆေးဖြေရှင်းရုံပဲ ။

ဒါပေမယ့် အဲ့ဒီအထဲမှာ ရခိုင်မပါပဲကျန်ခဲ့လိမ့်မယ် ။

စစ်တွေမြို့ရှိတဲ့ ရခိုင်ပြည်နယ်ကို စစ်တြွေဖစ်နေတဲ့ကြားမှာထားခဲ့ရတော့မယ်ထင်တယ် ။

ရခိုင်ပြည်နယ်က တော်တော်နှင့်လည်းငြိမ်းချမ်းဦးမယ့်ပုံမပေါ်ဘူး ။ ပြီးတော့ ပိုပြီးရှုပ်ထွေးလာလိမ့်ဦးမယ် ။ CMEC ရဲ့ အဆုံးသတ်ဖြစ်တဲ့ရခိုင်ဟာ အင်အားကြီးတွေကြားမှာ စိစိညက်ညက်အချေခံရလိမ့်ဦးမယ်ထင်ပါရဲ့ ။

အဲ့ဒါကြောင့်မေးခွန်းမေးကြည့်တာပါ ။

ရခိုင်ကိုထားခဲ့မှာလား လို့ပေါ့ ။

ထားခဲ့တယ်မဟုတ်တောင် မလိုက်နေသေးလျင် ခဏနေဦးပေါ့ ။

နောက်မှ တွဲခေါ်ကြတာပေါ့ ။

ဒီလိုပဲပြောရတော့မှာပေါ့ ။

နော့် ..........

မေတ္တာဖြင့်ယှဉ်လျက်

#XENON
https://t.me/drmyat001
ယူကရိန်း Kramatosk မြို့အနီး နေတိုး HIMARS အတွဲလိုက်ဒုံးယာဥ်အဖွဲ့ကို ရုရှား Iskander ဒုံးပျံထိမှန်ခဲ့သော မှတ်တမ်း။

နေတိုးဒုံးပစ်ယာဥ်၊ အကူယာဥ်နှင့်တကွ အဖွဲ့သား ၈ ဦးကို ချေမှုန်းခဲ့ကြောင်းသိရ။

#R&U
https://t.me/drmyat001
19.04.202508:22
“ ဒီ့ ထက် တော့ ပို မ မှောင် ပါ ဘူး “

အ မေ ရိ ကန် ရေ တပ် ဒု ဗိုလ် ချုပ် ကြီး ဂျိုး ဗာ ဝယ်လ် နဲ့ အ ဖွဲ့ ဧ ပြီ လ ပ ထ မ အ ပတ် က ဘ င်္ဂ လား ဒေ့ရှ် မှာ AA နဲ့ ချင်း သူ ပုန် အ ဖွဲ့ တွေ ကို အ ထောက် အ ပံ့ ပေး ဖို့ ဆွေး နွေး ခဲ့ တယ် လို့ အိ န္ဒိ ယ သ တင်း စာ က ရေး ခဲ့ တယ် ။

ဧ ပြီ ၁၆ ရက် နေ့ နဲ့ ၁၇ ရက် နေ့ မှာ လည်း အာ ရှ ပိ စိ ဖိတ် ဆိုင် ရာ အ ကြီး အ ကဲ တွေ ဘ င်္ဂ လား ဒေ့ရှ် မှာ မြန် မာ အ ရေး ထပ် ဆွေး နွေး ကြ တယ် လို့ ဆို တယ် ။

မြန် မာ နိုင် ငံ က စစ် တပ် ကို ပုန် ကန် တဲ့ သူ တွေ ကို ဘ င်္ဂ လား ဒေ့ရှ် က စစ် တိုင်း သုံး ခု က ကူ ညီ မယ် လို့ ဆို တယ် ။ ဒ ရုန်း အ ပါ အ ဝင် ဖျက် အား မ ပျင်း တဲ့ လက် နက် မျိုး တွေ ထောက် ပံ့ ပေး မယ် လို့ လည်း ဆို တယ် ။

ထွက် ပြေး သွား တဲ့ ဘ င်္ဂါ လီ တွေ ကို ပြန် လက် ခံ ရေး ဆို တာ လည်း ပါ တယ် ။

ဒီ သ တင်း ကို မြန် မာ အ စိုး ရ ဖက် က ဘာ မှ မ ထုတ် ပြန် တော့ တိ တိ ပ ပ ပြော ဖို့ တော့ ခက် တယ် ။ သို့ ပေ မဲ့ အ စီ အ စဉ် အ တိုင်း ဖြစ် လာ ကြ တာ ပါ ပဲ ။

တ ရုတ် ရဲ့ ၁၀၂၇ နဲ့ ရှမ်း မြောက် ကို သိမ်း လိုက် တော့ အ မေ ရိ ကန် က လည်း AA ကို အ သုံး ချ ပြီး တ ရုတ် ရဲ့ ကျောက် ဖြူ ဆိပ် ကမ်း ကို ပိတ် ဖို့ ရ ခိုင် ကို သိမ်း မယ့် သ ဘော ပါ ။

ဒီ ကိ စ္စ ဖြစ် ပြီး ထူး ခြား ချက် က ARSA ခေါင်း ဆောင် ကို ဖမ်း လိုက် ပြီး မြန် မာ နိုင် ငံ က ကာ ချုပ် ကို မ လေး ရှား ဝန် ကြီး ချုပ် ထိုင်း နိုင် ငံ မှာ ခေါ် တွေ့ တာ ရယ် ၊ nug ကို online က တွေ့ တာ ရယ် ဖြစ် ခဲ့ တယ် ။

အ မေ ရိ ကန် ကူ ညီ မယ် ဆို တာ AA တစ် ဖွဲ့ တည်း မ ဟုတ် ဘဲ ချင်း အ ဖွဲ့ CNF ပါ ဆို တော့ တ ရုတ် ရဲ့ ကျောက် ဖြူ ဆိပ် ကမ်း တင် မ ဟုတ် ဘဲ ပိုက် လိုင်း တ လျှောက် နဲ့ ထပ် လုပ် မယ့် ရ ထား လမ်း ကား လမ်း တွေ ကို ပါ ထိမ်း ချုပ် မယ် ဆို တဲ့ သ ဘော ပါ တယ် ။

မြင် ရ တဲ့ အ ခင်း အ ကျင်း က စစ် ကိုင်း ဖက် ကို pdf တွေ လွှမ်း မိုး ထား ပြီး ဖြစ် လို့ စစ် ကိုင်း မှာ nug လာ နေ ပြီး တ ရုတ် ပိုက် လိုင်း ရဲ့ မြောက် ဖက် ကို nug က တာ ဝန် ယူ ပြီး ပိုက် လိုင်း ရဲ့ တောင် ဖက် ကို မြန် မာ အ စိုး ရ က တာ ဝန် ယူ ဆို တဲ့ ပုံ မြင် ရ တယ် ။

မြန် မာ နိုင် ငံ ကို အ နောက် မြောက်
အ ရပ် ခွဲ ထုတ် လိုက် တဲ့ သ ဘော ပါ ။

ARSA ခေါင်း ဆောင် ကို ဖမ်း လိုက် တာ ကို မြန် မာ စစ် တပ် ကို ပြန် တိုက် ရင် ပြန် လွှတ် ပေး မယ် ဆို တဲ့ ကော လ ဟာ လ လို စ ကား တွေ ထွက် လာ တယ် ။ သိပ် တော့ မ ဖြစ် နိုင် ဘူး ။ ဖမ်း မိ ထား တာ ကို အ ကြောင်း ပြ ပြီး ပြန် လွှတ် ပေး ဖို့ မ လွယ် ဘူး ။

ပြန် ဝင် လာ မယ့် ဘ င်္ဂါ လီ တွေ က အ ကြမ်း ဖက် တွေ မ ပါ ဘူး ဆို တဲ့ သ ဘော ပြ တာ မျိုး ဖြစ် နိုင် တယ် ။

ရ ခိုင် မြောက် ပိုင်း ဘူး သီး တောင် နဲ့ မောင် တော ကို ပြန် ဝင် လာ မယ် လူ တွေ အ တွက် နေ ရာ သတ် မှတ် ပေး လိမ့် မယ် ။ အဲ့ လို သူ တို့ အ တွက် ကိုယ် ပိုင် နေ ရာ ပေး လိုက် တာ ကို AA တို့ သ ဘော တူ ပြီး ဖြစ် လိမ့် မယ် ။

က မ္ဘာ ကြီး မှာ နေ ရာ စုံ လုပ် ချင် တာ လုပ် လို့ ရ တဲ့ အ ခြေ အ နေ မှာ ကိုယ့် တစ် နိုင် ငံ ပဲ ရှိ တယ် ထင် နေ ရင် အ များ ကြီး ပေး ဆပ် ရ လိမ့် မယ် ။ တ ရုတ် အဲ့ ဒါ ကို သေ ချာ နား လည် ထား ဖို့ လို တယ် ။

မြန် မာ နိုင် ငံ က နေ ရာ စုံ မှာ လက် နက် ကိုင် တွေ ရှိ လို့ အ ချိန် မ ရွေး လုပ် ချင် တာ လုပ် လို့ ရ တယ် ဆို တာ မ မေ့ ဖို့ လို တယ် ။ တ ရုတ် ရဲ့ BRI မြန် မာ နိုင် ငံ ထဲ မှာ အ ချိန် မီ မ ပြီး နိုင် တော့ ဘူး ။ ကံ မ ကောင်း ရင် လုံး ဝ တောင် ပျက် သွား နိုင် တယ် ။

အ ပေါ် က သ တင်း အ မှန် ဖြစ် တယ် ဆို ရင် မြန် မာ နိုင် ငံ တော် တော် နောက် ကျ သွား ပြီ ဘယ် နည်း နဲ့ တုံ့ ပြန် ရ မ လဲ ဆို တာ ကို ခေါင်း ခြောက် အောင် စဉ်း စား ကြ တော့ ပဲ ။

ခု ထိ မြန် မာ နိုင် ငံ က ဘ င်္ဂ လား ဒေ့ရှ် ကူ ညီ မယ် ဆို တဲ့ ကိ စ္စ ကို တ ရား ဝင် ကန့် ကွက် တာ မ တွေ့ သေး လို့ ဘာ တွေ ဆက် လုပ် မ လဲ သေ ချာ မ ပြော နိုင် ဘူး ။

မ လေး ရှား ဝန် ကြီး ချုပ် ဆို တာ နိုင် ငံ ရေး သိ က္ခာ မ ရှိ လောက် အောင် စည်း လွတ် ဝါး လွတ် ပြော တဲ့ သူ ။ မြန် မာ နိုင် ငံ ကို အာ ဆီ ယံ က ထုတ် ပစ် ဖို့ ကြော တဲ့ သူ ။ အဲ့ လို လူ က မြန် မာ ကို တ ရား ဝင် ခေါ် တွေ့ တာ ကောင်း တာ ပြော ဖို့ မ ရှိ ဘူး ။ သူ့ လူ မျိုး တွေ အ ကျိုး ရှိ စေ မှာ ဖြစ် လို့ တွေ့ ဆုံ တာ ။

ဖြစ် လာ မယ့် အ ခင်း အ ကျင်း ကို မြင် နေ ပေ မယ့် ဆက် မ ပြော လို တော့ ဘူး ကိုယ့် ဖာ သာ ကိုယ် တွေး ယူ ကြ ပေါ့ ။

ကိုယ့် အ ချင်း ချင်း ဖြစ် နေ လို့ ကြည့် နေ တာ ပြည် ပ ပါ လာ ရင် တော့ ဝင် ချ မယ် လို့ ပြော တဲ့ သူ တွေ ဘယ် လို သ ဘော ရှိ မ လဲ စောင့် ကြည့် မယ် ။ အ ခု ဗြောင် ပါ လာ ကြ ပြီ ။

စိတ် ဓာတ် တွေ ပျက် ပြား နေ တဲ့ လူ တွေ ရှိ တဲ့ မြန် မာ နိုင် ငံ ၊ လုပ် ရပ် တွေ အ စွန်း ထွက် နေ တဲ့ သူ တွေ ခေါင်း ထောင် နေ တဲ့ မြန် မာ နိုင် ငံ သန်း ခေါင် ထက် ညဉ့် မ နက် တော့ ပါ ဘူး ။
Ko'rsatilgan 1 - 24 dan 1535
Ko'proq funksiyalarni ochish uchun tizimga kiring.