(18+)Y T_u Ma_má Tam_bién🔞(2001)
IMDb - 7.7/10, Rotten Tomatoes - 92%
(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကား များပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့် သင့်ပါ)
သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာ ရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက် သွားနိုင်သလဲ။
Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်း ဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ သူတို့ တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်း ပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းကြောင်းတစ်ခု… ဆေးခြောက်လေး သောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ် ယောက်နဲ့ တွေ့မိတဲ့အခါ...