Secure Link Co., Ltd.မှ Online ကွန်ပျူတာစနစ်ဖြင့် ရေးဆွဲ ဆောင်ရွက်ခဲ့သည့် DOLARS စနစ်ကို အသုံးပြု၍ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခြင်း သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ပြောင်းလဲခြင်းများအား သက်ဆိုင်ရာ လိုင်စင်အမျိုးအစားအလိုက် Online စနစ်အသုံးပြု၍ လျှောက်ထားဆောင်ရွက်ခြင်း၊ သက်မှတ်ထား သည့် အခကြေးငွေများအား CB Bank မှတဆင့် Online Payment ဖြင့် ပေးသွင်းခြင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် စာရွက် စာတမ်းအထောက်အထားများအား MGL Co., Ltd. ၏ Delivery Service အသုံးပြု၍ ရုံးသို့ ပေးပို့တင်ပြခြင်းနှင့် လျှောက်ထားသူထံသို့ အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ မျက်မြင်စိစစ်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များအတွက် ကြိုတင်ရက်ချိန်းရယူခြင်း (Online Booking System) များကို လုပ်ငန်းရှင်များအနေဖြင့် လူကိုယ်တိုင်ရုံးသို့ လာရောက်စရာမလိုတော့ဘဲ အချိန်ကုန်သက်သာစွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
#AutomobileIndustryGuide