Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Myo Chit Thu 😎😎😎 avatar
Myo Chit Thu 😎😎😎
Myo Chit Thu 😎😎😎 avatar
Myo Chit Thu 😎😎😎
အရှေ့တောင်အာရှ ကျားဖြန့်လုပ်ငန်းတွေ တကမ္ဘာလုံး ပျံ့နေပြီလို့ ကုလသမဂ္ဂ သတိပေး

နယူးယောက်၊ ဧပြီ-၂၅-၂၀၂၅
မျိုးဆက်(VOM)

အရှေ့တောင်ရှက အွန်လိုင်းလိမ်လည်ကွန်ရက်(ကျားဖြန့်)တွေဟာ တောင်အမေရိကနဲ့ အာဖရိကတို့အပါအဝင် တကမ္ဘာလုံးကို ပျံ့နှံ့နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေက ကျားဖြန့်လို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အရှိန်မြှင့်နှိမ်နင်းနေချိန်မှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ရုံးရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဖိလစ်ပိုင်တို့မှာ မကြာသေးမီက နှိမ်နင်းမှုတွေကြောင့် ဒီလုပ်ငန်းတွေဟာ ဒေသတွင်းကနေ ကျော်လွန်ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ဖတ်ရန် - https://www.facebook.com/share/p/16Fi56111K/

Ref:NHK
Photo:Africa News
25.04.202513:58
25.04.202513:51
👇👇👇


🇮🇳အိန္ဒိယ - 🇵🇰ပါကစ္စတန် update

ဧပြီ ၂၃ ရက် - 🇮🇳အိန္ဒိယ၏ လေယာဉ်တင်သင်္ဘော INS Vikrant သည် ပါကစ္စတန်နိုင်ငံဘက်ကို ရွေ့လျား။

ဧပြီ ၂၃ ရက် - 🇮🇳အိန္ဒိယနိုင်ငံမှ ပါကစ္စတန်နယ်စပ်အနီး လေယာဉ်မပျံသန်းဇုန် နှစ်ခုသတ်မှတ်။

ဧပြီ ၂၄ ရက် - 🇵🇰ပါကစ္စတန်မှ အိန္ဒိယနိုင်ငံပိုင် အစိုးရ၊ ပုဂ္ဂိုလ်က လေယာဉ်အားလုံးကို ၎င်းတို့လေပိုင်နက်အတွင်း ၀င်ရောက်ခွင့်အားပိတ်ပင်။

ဧပြီ ၂၄ ရက် - 🇵🇰ပါကစ္စတန်လေတပ်အား တပ်လှန်ထား။

ဧပြီလ ၂၅ ရက် မနက် ၇ နာရီ - အမေရိကန်လေတပ်မှ B-52 လေယာဉ် အိန္ဒိယနိုင်ငံ Jaipur လေဆိပ်သို့ဆင်းသက်၊ နာရီအနည်းငယ်အကြာ အစ္စရေး လေယာဉ်အချို့ ထပ်မံဆင်းသက်။

ဧပြီ ၂၅ ရက် ‌- 🇵🇰ပါကစ္စတန်၏ stock exchange ထိုးဆင်း။

ဧပြီ ၂၅ ရက် နေ့လည် ၁၁ နာရီ - 🇮🇳အိန္ဒိယလေတပ်မှ လေယာဉ်တစ်ချို့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်အနီးပျံသန်း။

ဧပြီ ၂၅ ရက် နေ့လည် ၁ နာရီ - 🇮🇳အိန္ဒိယအာကာသအေဂျင်စီမှ အိန္ဒိယပိုင် ဂြိုလ်တု အများအပြားအား နယ်စပ်အနီး ၂၄ နာရီစောင့်ကြည့်ရန် စေလွှတ်ထားကြောင်းထုတ်ပြန်။

ဧပြီ ၂၅ ရက် နေ့လည် ၂ နာရီ - 🇮🇳အိန္ဒိယနိုင်ငံ အချို့နေရာများ၌ ပါကစ္စတန်နိုင်ငံအား ချေမှုန်းပေးရန် ဆန္ဒပြပွဲများဖြစ်ပေါ်။ ( သတင်းမှား)

ဧပြီ ၂၅ ရက် နေ့လည် ၃ နာရီ - 🇵🇰ပါကစ္စတန်လေတပ်မှ ဝေဟင်ဆီဖြည့်လေယာဉ်တစ်စီး ကင်းလှည့်ပျံသန်း၊ ၎င်းနှင့်အတူ တိုက်လေယာဉ်တစ်ချို့ပါ ပါ၀င်။

ဧပြီ ၂၅ ရက် ညနေ ၄ နာရီ - 🇮🇳အိန္ဒိယအစိုးရမှ ပါကစ္စတန်နိုင်ငံသား ၁၂ ဦးအား နိုင်ငံတွင်းမှ ၄၈ နာရီအတွင်းထွက်ခွါရန် နောက်ဆုံးအကြိမ်သတိပေး။

#TatmadawObservation
25.04.202513:35
👇👇👇


စိမ့်ဝင်နေတဲ့ PDF
================

                မြင်းခြံမြို့ မီးသတ်စခန်း နဲ့ တောင်စျေးကြား လမ်းအနောက်ဘက် လမ်းဒေါင့်မှာ မြင့်မြင့်ဝေ ဆိုတဲ့ ဖိနပ်ဆိုင်ကြီး ရှိပါတယ် ။ အဲဒီဆိုင်ကို 23 - 4 - 2025 နေ့မှာ ဒါးမြ တိုက်ကြတယ် ။ လူ ၆ ယောက်ပါသတဲ့ ။

          ဘာပစ္စည်းမှ မရကြပဲ ထွက်ပြေးခဲ့ကြရတယ် ။ ဆိုင်ရဲ့ မြောက်ဘက်ကို ထွက်ပြေးကြတဲ့ ဒါးပြတွေကို ဖမ်းမိကြပါတယ် ။ ၃ ယောက်မိပြီး ၃ ယောက် လွတ်သွားပါတယ် ။

          အဲဒီ ည မှာပဲ ဖိနပ်ဆိုင်ပိုင်ရှင်ရဲ့ အိမ်ကို PDF အချို့ရောက်လာပြီး ဆိုင်ရှင်ကို CCTV ဖျက်ပေးဖို့ ခြိမ်းခြောက်လို့ ဖျက်ပေးလိုက်ရတယ်လို့ ကြားပါတယ် ။ မြင့်မြင့်ဝေ ဖိနပ်ဆိုင်ကလည်း ရဲရဲတောက်လို့ သတင်းကြားပါတယ် ။

              ဒီဖြစ်စဥ်အရ မြင်းခြံမြို့တွင်းမှာ စိမ့်ဝင် PDF တွေ ရှိနေတာ သိသာနေပါပြီ ။ ယခု အချုပ်ထဲရောက်နေတဲ့ ဒါးမြတွေကို စနစ်တကျ စစ်ဆေးနိုင်ဖို့ အရေးကြီးပါတယ် ။ CCTV ဖျက်ပစ်ထားသလား အတိအကျ စစ်ဆေးသင့်ပါတယ် ။

           ဒါမှသာ မြို့တွင်း စိမ့်ဝင်နေတဲ့ PDF တွေကို ဖော်ထုတ်နိုင်မှာပါ ။ ဘူတာရုံ အနီး ဒါးမြတိုက်မှု ၊ မကြာခင်က ဖြစ်ခဲ့တဲ့ အမှတ် ၁၈ ရပ်ကွက် ဒါးမြတိုက်မှု ၊ စွန်းလွန်းပြန်ပြေးမှု ဒါတွေ ပြန်ချိတ်ကြည့်ရင် အံ့သြစရာ တူနေတာက ခံကြရသူတွေက နီတုံးတွေချည်းပဲ ။

            ကဲ ကိုလှရွှေတို့ ဘာလုပ်သင့်လည်း စဥ်းစားကြပါဗျာ ။ သာမန် ဒါးမြမှုထက် ပိုနေတာလို့ သိစေချင်ပါတယ် ။

          ကိုရွှေမျိုးဝင်း
ဒီရက်ပိုင်း ကိုယ့်နိုင်ငံရဲ့ အထင်ကရနေရာ/ အဆောက်အဦတွေ ပျက်စီးနေတာမြင်ရတော့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ စကားကိုပဲ ပြန်ကြားယောင်နေမိတယ်။

ခုနကပိုစ်မှာ တင်ထားတဲ့ Utter Devastation (အလုံးစုံပျက်သုန်းရေး) ဆိုတဲ့စကားစုက ၁၉၉၅ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တာပါ။

"ဆွေးနွေးရင်ဆွေးနွေး၊ မဆွေးနွေးရင် အလုံးစုံပျက်သုန်းသွားမယ်" ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ အတူနိုင်ငံရေးလောကထဲပြန်ဝင်လာတဲ့ နောက်ကွယ်မှာ အဲ့ဒီအချိန်ကတည်းက ဘယ်အထောက်အကူ ဘယ်အားကိုးတွေရှိနေလဲဆိုတာ ခန့်မှန်းကြဖူးပါသလား။

ရထားတဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့  အလုံးစုံပျက်သုန်းရေးဆိုတဲ့စကားဟာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကနေ အနိုင်ရပြီး လွှတ်တော်ထဲရောက်တော့လည်း စစ်တပ်ကို လက်စားချေဖို့ပဲ တစိုက်မတ်မတ် လုပ်လာခဲ့တာတွေ့ရတယ်။

ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ က ခန့်မှန်းခဲ့တာ မှန်တယ်ဆိုပြီး သတင်းစာတစ်ခုမှာတွေ့လို့၊ ခန့်မှန်းတာမဟုတ်ဘူး မိတ်ဆွေရေ၊ မဖြစ်ဖြစ်အောင်လုပ်သွားတာဗျ။ ဒေါ်လာ တစ်ဘီလီယံကို နိုင်ငံခြားဘဏ်မှာကြိုအပ်ထားတာမျိုး၊ အရေးအခင်းမစခင်ကတည်းက ရန်ကုန်ထဲ လက်နက်တွေစိမ့်ဝင်နေတာမျိုးက တိုက်ဆိုင်သွားတာမဟုတ်ဘူး။

(ပိုင်စိုး)
25.04.202513:56
လုပ်ဆောင်မှုအပေါ် ထောက်ခံသူတွေ နဲ့ ကန့်ကွက်သူတွေကြားမှာ ခြားနားမှု တခုပဲ ရှိတယ် ။

            အဲဒီ ခြားနားမှုက လူပီသတဲ့ လူသားတွေမှာပဲ ရှိတတ်တဲ့ '' စာနာမှု '' ပဲ ။

   
         လူပိန်းကြိုက်ပါလို့ စွတ်စွဲနေရင် ကိုယ့်ဘာသာ ပြန်ကြည့် ငါ တကယ့်ကို လူသားအကျိုးပြု ပညာတတ်ကြီးလား ( စာတတ်ရုံအဆင့်မဟုတ်) ၊ ငါကျောင်းသားဘဝ တုန်းက ရှားပါးတဲ့ထူးချွန်သူလား ( သူတို့က စာနာစိတ်နည်းတယ်) ၊ သို့တည်းမဟုတ် ငါက အစိုးရလော်ဘီ မို့ အစိုးရဘာလုပ်လုပ် ကောင်းပါတယ် အော်နေရတဲ့ ဘဝ လားဆိုတာကိုပေါ့ ။

      ကဲ ခင်ဗျား ဘယ်အုပ်စုမှာ ပါနေပြီလဲ... ?

         ကိုရွှေမျိုးဝင်း
25.04.202513:54
“ တ ရုတ် ပါ လား “

အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် က ဂ န္ဓီ လွတ် လပ် ရေး ယူ တော့ ဗြိ တိ သျှ တို့ ရဲ့ သွေး ခွဲ လိုက် တာ ကြောင့် ဖြစ် ခဲ့ ရ တဲ့ ကွဲ ထွက် သွား တဲ့ နိုင် ငံ နှစ် ခု ဖြစ် တယ် ။

ဟိ န္ဒူ နဲ့ မူ စ လင် ကို သီး ခြား ခွဲ ထုတ် ပြီး လွတ် လပ် ရေး ပေး ခဲ့ လို့ အိ န္ဒိ ယ နိုင် ငံ နှစ် ခြမ်း ကွဲ ပြီး ပါ က စ္စ တန် နိုင် ငံ ပေါ် ထွက် လာ တာ ။ အဲ့ ဒီ က နေ အ ရှေ့ ပါ က စ္စ တန် နိုင် ငံ က အိ န္ဒိ ယ သွေး ထိုး ပေး လို့ ထပ် ခွဲ ထွက် ပြီး ဘ င်္ဂ လား ဒေ့ရှ် ဖြစ် လာ တာ ။

အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် က နျူ လက် နက် ပိုင် တဲ့ နီုင် ငံ တွေ ။ ပါ က စ္စ တန် နိုင် ငံ က က မ္ဘာ ပေါ် မှာ နျူ လက် နက် ပိုင် တဲ့ တစ် ခု တည်း သော မူ စ လင် နိုင် ငံ ဖြစ် တယ် ။

ကက်ရှ် မိး ယား ပြည် နယ် က အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် သူ ပိုင် တယ် ငါ ပိုင် တယ် လို့ ဖြစ် ပြီး မ ငြိမ် မ သက် ဖြစ် နေ တဲ့ နေ ရာ ။ အိ န္ဒိ ယ ဖက် အ ခြမ်း ကို ပါ က စ္စ တန် ဖက်က အ ကြမ်း ဖက် တွေ မ ကြာ ခ ဏ လာ ပြီး အ ကြမ်း ဖက် နေ ကြ နေ ရာ ။

ပါ က စ္စ တန် က က မ္ဘာ ပေါ် မှာ အ ကြမ်း ဖက် အ များ ဆုံး ထွက် တဲ့ နိုင် ငံ ဖြစ် ပြီး အ ကြမ်း ဖက် သင် တန်း ကျောင်း တွေ ပါ ရှိ တယ် ။

ပြီး ခဲ့ တဲ့ ဧ ပြီ လ ၂၃ ရက် နေ့ က တော အုပ် တစ် ခု ထဲ က ထွက် လာ တဲ့ အ ကြမ်း ဖက် သ မား တွေ ကြောင့် ခ ရီး သွား တွေ အ ပါ အ ဝင် လူ ၂၆ ယောက် အ သ-.က် ေ-.သ ဆုံး ခဲ့ ရ ပြီး အ များ အ ပြား ဒဏ် ရာ ရ ခဲ့ တယ် ။

ဒီ ကိ စ္စ နဲ့ ပတ် သက် ပြီး အိ န္ဒိ ယ က ပါ က စ္စ တန် နဲ့ ဆွေး နွေး တာ မ အောင် မြင် ဘူး လို့ ယူ ဆ ရ တယ် ။ အ ခု ပါ က စ္စ တန် နဲ့ အိ န္ဒိ ယ စစ် ပြင် ဆင် လာ ကြ ပြီ ။

ပါ က စ္စ တန် ဖက် က အိ န္ဒိ ယ လေ ကြောင်း လိုင်း တွေ ကို ပိတ် ပစ် လိုက် ပြီး အိ န္ဒိ ယ လူ မျိုး အား လုံး ၄၈ နာ ရီ အ တွင်း နိုင် ငံ ထဲ က ထွက် သွား ဖို့ မောင်း ထုတ် တယ် ။ ကုန် သွယ် ရေး တွေ နယ် စပ် တွေ အ ကုန် ပိတ် လိုက် တယ် ။

အိ န္ဒိ ယ ဖက် က လည်း ပါ က စ္စ တန် ဖက် ကို ပေး နေ တဲ့ အင် ဒု မြစ် ရေ ပို့ တဲ့ စ နစ် ( Indus water treaty ) တွေ အ ကုန် ပိတ် ပစ် တယ် ။ ဆည် တွေ အ ကုန် ပိတ် ပစ် တယ် ။

အဲ့ ဒီ ဆည် ရေ သောက် စီ မံ ကိန်း က ပါ က စ္စ တန် နိုင် ငံ အ ထက် ပိုင်း အိ န္ဒိ ယ နိုင် ငံ ထဲ က မြစ် ကို ဆည် တည် ဆောက် ပြီး ပါ က စ္စ တန် နိုင် ငံ တွင်း ရေ အ ခက် အ ခဲ မ ရှိ အောင် ပြန် ပေး ထား တာ ။

အင် ဒု မြစ် က ပါ က စ္စ တန် တစ် နိုင် ငံ လုံး ကို ဖြတ် သန်း စီး ဆင်း နေ တဲ့ မြစ် ဖြစ် တယ် ။ ပါ က စ္စ တန် က အဲ့ ဒီ ဆည် ရေ သောက် စီ မံ ကိန်း က နေ ပြည် သူ တွေ မှီ ခို နေ ရ တာ ။

၁၉၆၀ က တည်း က ဆည် ရေ သောက် ပေး ထား တဲ့ အဲ့ ဒီ ရေ လိုင်း ကို ပိတ် ပစ် ရင် စစ် ကြေ ညာ တာ လို့ သတ် မှတ် မယ် လို့ ပါ က စ္စ တန် က ကြေ ညာ ထား တယ် ။ အ ခု အိ န္ဒိ ယ က ပိတ် လိုက် ပြီ ။

အိ န္ဒိ ယ နဲ့ ပါ က စ္စ တန် က ၁၉၄၇ က တစ် ခါ ၊ ၁၉၆၅ က တစ် ခါ ၊ ၁၉၇၁ က တစ် ခါ ၊ ၁၉၉၉ က တစ် ခါ စု စု ပေါင်း စစ် ၄ ခါ ဖြစ် ခဲ့ တယ် ။ ဖြစ် ရ တဲံ အ ကြောင်း က လည်း အ ခု
ကက်ရှ် မီး ယား ကို အ ကြောင်း ပြု ပြီး ပဲ ဖြစ် ရ တာ ။

ဒီ တစ် ခေါက် ဖြစ် တာ က တော့ နည်း နည်း ထူး တယ် ။ တ ရုတ် နဲ့ အ မေ ရိ ကန် ပြ ဿ နာ ဖြစ် နေ တဲ့ အ ချိန် အိ န္ဒိ ယ နိုင် ငံ ကို အ မေ ရိ ကန် ဒု သ မ္မ တ ရောက် နေ တဲ့ အ ချိန် ဖြစ် တာ ။

တ ရုတ် က အ မေ ရိ ကန် ရဲ့ အ ခွန် တိုး ကောက် တဲ့ ကိ စ္စ မှာ အ မေ ရိ ကန် နဲ့ ပူး ပေါင်း တဲ့ နိုင် ငံ တွေ ကို လက် တုံ့ ပြန် မယ် လို့ ပြော ထား တဲ့ အ ချိန် မှာ အိ န္ဒိ ယ က အ မေ ရိ ကန် ဒု သ မ္မ တ အ လာ တ ရုတ် ကို အ ခွန် တိုး ကောက် ဖို့ ကိ စ္စ သ ဘော တူ လိုက် တဲ့ အ ချိန် ဖြစ် နေ တယ် ။

ပါ က စ္စ တန် က တ ရုတ် ဆီ က ချေး ငွေ တွေ ကြောင့် တ ရုတ် ရဲ့ တ ပည့် လို ဖြစ် တာ ကြာ ပြီ ။

တ ရုတ် က တ ခြား နိုင် ငံ ရဲ့ ပြည် တွင်း ရေး ကို ဝင် မ စွက် ဖက် ဘူး လို့ ပြော နေ ခဲ့ ပေ မဲ့ မြန် မာ နိုင် ငံ မှာ ဖြစ် ခဲ့ တာ တွေ ကိုယ် တွေ့ ကြုံ ခဲ့ လို့ အဲ့ ဒီ စ ကား ကို အ ပြည့် အ ဝ မ ယုံ ကြည် တော့ ပါ ဘူး ။

သ တိ ထား မိ တာ တ ရုတ် နိုင် ငံ တစ် ခု ကို မ ကျေ နပ် တဲ့ အ ချိန် အဲ့ ဒီ နိုင် ငံ တွင်း စစ် လို မျိုး ပြ ဿ နာ ထ ဖြစ် တာ နှစ် နိုင် ငံ ရှိ ပြီ ဆို ရ မယ် ။ မြန် မာ နဲ့ အိ န္ဒိယ ပေါ့ ။

အ ရင် ကာ လ က ဆို စစ် ဖြစ် ဖို့ ကို အ တတ် နိုင် ဆုံး ရှောင် ကြ တယ် ။ အ ခု ကာ လ က တော့ ထစ် က နဲ့ ဆို စစ် ထ ဖြစ် တယ် ။ ဒါ ကြောင့် အိ န္ဒိ ယ ပါ က စ္စ တန် စစ် မ ဖြစ် ဘူး လို့ ပြော မ ရ ဘူး ။

နျူ လက် နက် ပိုင် နှစ် နိုင် ငံ စစ် ဖြစ် တာ အ န္တ ရယ် ကြီး တယ် ။ ကက်ရှ် မီး ယား မှာ ဖြစ် တဲ့ အ ကြမ်း ဖက် မှု က ပါ က စ္စ တန် က နေ တ ရုတ် အ ထိ ဆက် စပ် နေ မယ် ဆို ရင် ကြောက် စ ရာ ကောင်း တယ် ။
25.04.202513:43
              တပ်မတော်အတွက် သူတို့ အကျွမ်းကျင်ဆုံးနယ်ပယ်ဖြစ်တဲ့ Ministary 's Cyber War Center ကို ဖွင့်လှစ်ပေးခဲ့ပါတယ် ။ ဒီတော့ သောင်းကျန်းသူတွေ ရဲ့ အချင်းချင်း ဆက်သွယ်မှုတွေကို ထောက်လှမ်းသိရှိနိုင်ခဲ့ပါတယ် ။ဒီလိုနဲ့ ခေတ်မမှီတော့တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စနစ်ဟောင်းများကို ပြောင်းပြန်လှန်ပြီး စနစ်သစ်နဲ့ လဲလှယ်ပေးလိုက်တဲ့ စင်္ကာပူရဲ့ ကူညီမှုကြောင့် ကာကွယ်ရေးဝန်ကြီး ဌာနဟာ ကီးပတ်ဖုန်း ကနေ နောက်ဆုံးပေါ် I phone ပြောင်းကိုင်ရသလို ပြောင်းလဲ တိုးတက်သွားပါတယ် ။

              ဦးသန်းရွှေက ဦးနေဝင်းရဲ့ မိတ်ဆွေကောင်း Fritz Wsrner နေရာမှာ စင်္ကာပူကိုရွေးချယ်နိုင်ခဲ့ကြတာဟာ အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ကြောင်း ချီးကျူးကြရမှာဖြစ်ပါတယ် ။

               1997 မှာ စင်္ကာပူဟာ မြန်မာအတွက် အင်မတန် အဖိုးတန်တဲ့ လက်ဆောင်မွန်တခု ပေးပ်ဖို့ စီစဉ်ခဲ့ပါတယ် ။ စင်္ကာပူနိုင်ငံပိုင် Chartered Industries Of Singapore ကုမ္ပဏီက အစ္စရေးပညာရှင်များ အကူအညီနဲ့ ထုတ်လုပ်ရန် အသင့်ဖြစ်နေတဲ့ လက်နက်စက်ရုံ အသစ်တခုကို တည်ဆောက်ခဲ့ပါတယ် ။ စင်္ကာပူမှာ လက်နက်စက်ရုံ သစ်ကို စမ်းသပ်လည်ပတ်ပြီး 37mm Calibre လက်နက်နဲ့ ခဲယမ်းတွေကို ထုတ်လုပ်ပါတယ် ။ အားလုံးအဆင်ပြေပြီ ဆိုတာ နဲ့ စက်ရုံကို အလုံးလိုက် မြန်မာပြည်ကို ရွှေ့ပြောင်းပြီး လွှဲအပ်လိုက်ပါတော့တယ် ။

                   မြန်မာ့တပ်မတော်တွက်တော့ Modular စက်ရုံ အသစ်စက်စက်ကို လက်ခံရရှိလိုက်တာဟာ အနာဂါတ် အတွက် လက်နက်ကြီးများ ကိုယ်ပိုင်ထုတ်လုပ်ရန် အတွက် အရေးပါတဲ့ အထောက်အကူကြီး ဖြစ်ခဲ့ရပါတယ် ။

                    ဒါတင်မကပါဘူး မေမြို့ရှိ ကာကွယ်ရေးနည်းပညာတက္ကသိုလ်အတွက် ခေတ်မှီစက်ကရိယာများ ပံ့ပိုးပေးပြီး အနာဂါတ် ခဲယမ်းကျွမ်းကျင်သူများ မွေးထုတ်နိုင်ရန် ထောက်ပံ့ခဲ့ပါတယ် ။

              အနောက်နိုင်ငံများရဲ့ ဝေဖန်မှုတွေကို ဆတ်ဆတ်ထိမခံ တုန့်ပြန်တတ်တဲ့ စင်္ကာပူရဲ့ သတ္တိကတော့ နေရာတကာခေါင်းငုံ့ခံနေရတဲ့ လက်ရှိမြန်မာအစိုးရအတွက် ရှက်စရာပါပဲ ။

           စစ်အစိုးရဟာ အချိန်နဲ့အမျှ အင်အားတည်ဆောက်ခဲ့ရာ ၈၈ မတိုင်မှီက အင်အားတသိန်းရှစ်သောင်း ရှိရာမှ ၁၉၉၇ မှာ အင်အား လေးသိန်း ကျော်ရှိလာပြီး ငါးသိန်းအထိ တိုးချဲ့ဖို့ ဆောင်ရွက်နေပါတယ် ။

             စစ်လေယာဉ် ၁၄၀ ၊ ရေယာဉ် ၃၀ ၊ တင့်ကားအများအပြား ၊ သံချပ်ကာ အများအပြား ၊ Multiple Lanch ရော့ကတ်များ ၊ အမြောက်ကြီးများ ကို ကိုယ်တိုင် ထုတ်နိုင်လာပါပြီ ။

                  အခက်အခဲများ ကြားထဲကနေ တပ်မတော်ဟာ ကြည်း ရေ လေ အင်အားစုတွေကို တိုးတက်လာအောင် ကျားကုတ်ကျားခဲ ဆောင်ရွက်လာခဲ့ရာမှ စစ်အင်အား လက်နက်အင်အားဟာ ထိုက်အလျှောက် ဖြစ်ထွန်းလာခဲ့ရပါပြီ ။

              စင်္ကာပူဟာ မြန်မာကို တရုတ်လက်အောက်ခိုဝင်မှာ မလိုလားသလို သူနဲ့ ဆက်ဆံတဲ့နေရာမှာ မည်သည့် နိုင်ငံရေးဖိအား စီးပွါးရေးဖိအားကြောင့်မှ မဟုတ်ပဲ မိတ်ဆွေပီသစွာ ကူညီခြင်းဖြစ်ကြောင်း သိစေလိုဟန် ရှိပါတယ် ။

             စင်္ကာပူ တွက်ဆတာကလည်း မြန်မာသည် တနေ့နေ့ တချိန်ချိန်မှာ အရှေ့တောင်အာရှရဲ့ စစ်အင်အားကြီး နိုင်ငံတခု မလွဲမသေ ဖြစ်လာမှာပဲ လို့ တွက်ဆထားပါတယ် ။ ဒါကြောင့် မြန်မာနဲ့ ကျောခြင်းကပ်ပြီး မိတ်ဆွေကောင်းလုပ်ထားရင် အခြေအနေကောင်းနိုင်ကြောင်း ယူဆခဲ့ပါတယ် ။

               မြန်မာကတော့ စင်္ကာပူရဲ့ ကူညီမှုအတွက် တရုတ်နဲ့တန်းတူသဘောထားပြီး အထူးအလေးပေး ဆက်ဆံခဲ့ကြပါတယ် ။ ဒါပေမယ့် ဦးသန်းရွှေရဲ့ မျှော်မှန်းချက်ဟာ အဆမတန်မြင့်မားလွန်းလှပါတယ် ။

  
          မိတ်ဆွေ စင်္ကာပူရဲ့ ကူညီနိုင်စွမ်းဟာ အစွမ်းကုန်နေပါပြီ ။ ဦးသန်းရွှေက ဒီထက်မက အဆင့်မြှင့်ဖို့ ရည်ရွယ်ထားတော့ နောက်ထပ် မိတ်ဆွေကောင်း ရွေးချယ်ပြန်ရပါတယ် ။ ဦးသန်းရွှေ နောက်ထပ် ရွေးချယ်တဲ့ မိတ်ဆွေက မြောက်ကိုးရီးယားလို့ မပြောနဲ့နော် မဟုတ်ဖူးဗျ သူရွေးလိုက်တာက ......?

               ကိုရွှေမျိုးဝင်း
25.04.202513:40
ဖားစည်သံများ မကြားနိုင်တော့ပါ
---------------------------
(၂၅-၄-၂၀၂၅)

ရှမ်းမြောက်မှာ တိုက်ပွဲတွေငြိမ်သွားတာနဲ့ အချိန်ကိုက် ကရင်ပြည်ဘက်မှာ တပ်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်။  ငလျှင်နဲ့ အပစ်အခတ်ရပ်စဲထားတာက တစ်ကြောင်း၊  NCA ထိုးထားတဲ့ နယ်မြေတွေဖြစ်တဲ့အပြင် ပစ်ကူ စစ်ကူ မလွယ်တဲ့ နယ်စပ်စခန်းတွေမို့လို့ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ပါဘူး။  KNU ဆိုတာ လက်နက်ကိုင်တွေရဲ့ ဘိုးအေကြီး၊ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရမယ့် အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်ခဲ့တဲ့ အဖွဲ့ပါ။

အဲ့ဒီကတည်းက လက်နက်ကိုင်ခဲ့တဲ့ KNU/KNDO ဟာ အင်းစိန်အစိုးရလို့ခေါ်ရလောက်တဲ့အထိ ရန်ကုန်မြို့ကို သိမ်းပိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က KNU ကိုသာ ပြန်မတိုက်နိုင်ခဲ့ရင် အခုအချိန်လောက်ဆို မြန်မာနိုင်ငံအစား ကော်သူးလေနိုင်ငံဆိုပြီး ဖြစ်ရင်ဖြစ်နေမှာပေါ့။

၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက သူပုန်အဖြစ်တောခိုခဲ့တဲ့ KNU ကြောင့် ကရင်မြေဆိုတာ ဖားစည်သံတွေအစား နေ့စဉ်နဲ့အမျှ ဗုံးခွဲသံတွေပဲကြားရပါတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်လောက်တုန်းက စစ်တပ်ရဲ့ တိုက်ပွဲတွေဟာ ကရင်ခွင်မှာသာ အများဆုံးရှိခဲ့ပါတယ်။

၁၉၉၅ ခုနှစ် DKBA ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ငြိမ်းချမ်းရေးကို ဦးတည်သွားလို့ ကရင်မြေမှာ ဖားစည်သံလေးတွေ ပြန်ဝေခဲ့ရတယ်။ ကရင်အချင်းချင်း ထိန်းကျောင်းခဲ့ကြလို့ ကရင်မြေဟာ အေးအေးချမ်းချမ်းလေးပြန်ဖြစ်လာပြီး အခုနောက်ပိုင်း တောင်ဝိုင်းတို့ ဇွဲကပင်တို့ဆို တကူးတက သွားရောက်လည်ပတ်ကြတဲ့ ဧည့်သည်လေးတွေနဲ့ စည်စည်ကားကားလေးဖြစ်လာရတယ်။

၂၀၁၅ မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA ထိုးတယ်။ အဲ့ဒီအတွက်လည်း KNU ဟာ တကယ် ငြိမ်းချမ်းရေးကိုလိုလားပြီး ကရင်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တော့မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဇွဲကပင်တောင်မှာဆိုရင်လည်း ကေဘယ်ကားတွေနဲ့ အတက်အဆင်းလုပ်နိုင်တော့မယ်လို့ကြားတော့လည်း တိုင်းရင်းသားဒေသလေး တိုးတက်လာတာမြင်ရလို့ မုဒိတာပွားမိပါတယ်။

အခုတော့ နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး စိတ်ရင်းတွေပြန်ပေါ်လာတာပါပဲ။ ၂၀၂၂ တုန်းကတောင် နိုင်ငံတော် အခမ်းအနားတွေတက်နေခဲ့တဲ့ KNU ဟာ ဘာမှ ၂၀၂၁ ဖြစ်စဉ်ကြောင့် တိုက်ပွဲတွေပြန်ဖော်နေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ကွက်အဖော်ခံနေရတဲ့အပြင် ငလျင်ဒဏ်နဲ့ အလုပ်တွေပိုနေတဲ့ စစ်တပ်ကို အခွင့်ကောင်းယူတာသက်သက်ပဲ။

အခုလ ၁၉ ရက်နေ့က KNU သိမ်းလိုက်တဲ့ ထီးထ စခန်းဆိုတာ ကရင်အဖွဲ့တွေကို တိုက်ဖို့ လုပ်ထားတဲ့ စခန်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်တိုက်ခိုက်ရင် ရှေ့ပြေးခုခံဖို့လုပ်ထားတဲ့ စခန်းတစ်ခုပဲ။ အဲ့ဒီအတွက် လေယာဉ်ပစ်သေနတ်တွေလည်း တပ်ဆင်ထားတယ်။

အဲ့ဒီတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်လို့ရသလဲဆိုတဲ့မှတ်ကျောက်ကို ကိုယ့်ဘာသာပဲ တင်လိုက်ကြတာမို့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကိုလည်း ကိုယ်ပဲရင်စည်းခံကြဖို့ ပြောရမှာပဲ။ ကရင်ပြည်သူတွေအနေဲ့လည်း ဖားစည်သံအစား လေယာဉ်သံတွေ ကြားခဲ့ရင် NCA စာချုပ်ကိုဖောက်ဖျက်ပြီး နယ်စပ်စခန်းတွေကို တိုက်ကွက်ဖော်နေတဲ့ KNU ကိုပဲသွားအပြစ်တင်ကြပါ။

(ပိုင်စိုး)
.

☯️


( မိုဒီကြီး ပွဲကြမ်းနေတယ် )

ထူးထူးခြားခြား ဒီတခါမိုဒီကြီးက အင်္ဂလိပ်လို တလုံးချင်း လက်ညှိုးတထောင်ထောင်နဲ့ပြောသွားတာ ( ပုံမှန်က ပြည်တွင်းမှာဆိုရင် သူ့ဘာသာနဲ့ပဲပြောလေ့ရှိတယ် )

အဓိက ကတော့ အကြမ်းဖက်တွေကို ပြတ်သားတဲ့ အပြစ်ပေးရမယ်၊ အကြမ်းဖင်တွေရော သူတို့ကြောထောက်နောက်ခံတွေရောကိုပါ သတိပေးလိုက်တာပါ၊ ကမ္ဘာကိုသိစေချင်တဲ့အတွက် အင်္ဂလိပ်လိုပြောတာဖြစ်ပါတယ်၊

အိန္ဒိယမှာ ဟိန္ဒူနဲ့ အစ္စလမ်တို့ ပွဲကြမ်းတွေမကြာခဏဖြတ်သန်းကြရလေ့ရှိတယ်၊ အခုလဲ ပွဲကြမ်းကိုဖြတ်နေကြတယ်၊

ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်ဘဝတုန်းက ဟိန္ဒူ-မွစ္စလင် အရေးအခင်းမှာ မွစ္စလင် "ထောင်" ချီသေဆုံးခဲ့လို့ အမေရိကန်က ဗီဇာပိတ်ခဲ့သေးတယ်၊ အိန္ဒိယရဲ့ ဝန်ကြီးချုပ်ဖြစ်လာတော့မှ ဗီဇာပြန်ဖွင့်ပေးလိုက်တာပါ၊

အိန္ဒိယက အကြမ်းဖက်တွေကို ပါကစ္စတန်က အားပေးအားမြှောက်လုပ်နေတာကို နာမယ်မဖေါ်ပဲ မိုဒီက သတိပေးတဲ့သဘောပါ၊ OIC ကိုလဲရည်ရွယ်ဟန်ရှိပုံရတယ်၊

အိန္ဒိယနဲ့ပါကစ္စတန်လဲ တင်းမာနေပါတယ်၊ မထင်မှတ်ပဲ အဲ့ဒီ Flash point မှာ ပွဲတပွဲဖြစ်သွားနိုင်ပါသေးတယ်၊


BaMg ☯️


.
25.04.202513:59
👇👇👇


မြန်မာပြည်ကိုချစ်ပါ

ထိုင်းမှာ မြန်မာလူမျိုး ၆ သန်းလောက်
ထိုင်းပလိပ်ကို မျက်နှာချိုသွေးပြီး နေထိုင်
နေရတယ် ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်
ရတယ် ။

ဘာကြောင့် ဖြစ်ရသလဲ ဆိုပြီး သတင်း
ရင်းမြစ် ကို ဆက်ဖတ် ဆက်စုံစမ်းကြည့်
လိုက်တော့ ဗီဇာသက်တမ်း ကုန်ဆုံးသွား
ပေမယ့် သက်တမ်းတိုးခွင့်ကို မြန်မာဘက်
က ခွင့်မပြုသေးလို့ ဆိုပါတယ် ။

မြန်မာဘက်ကို ကြည့်ပြန်ရင်လည်း
ငလျင်ဒုက္ခ စစ်ဒုက္ခနဲ့ အခက်ခဲမျိုးစုံကြား
ကနေ ဒီအရေးကို စ ဥ်းစားဖို့ အချိန်တောင်
မပေးနိုင်သေးဘူးထင်ပါတယ် ။

ဒါဆိုရင် မြန်မာပြည်ကို ပြန်လာကြပေါ့လို့
ပြောစရာ ရှိပါတယ် ။

ဒါပေမယ့် သူတို့မြန်မာပြည်
ကို ပြန်လာကြမှာမဟုတ်ပါဘူး ။
ဒီလိုပဲ သူဌေးနဲ့ ပေါင်း
၊ပလိပ်ကို မျက်နှာချိုသွေးပြီး
နေကြအုံးမှာပါ ။

မြန်မာပြည်ရဲ့ ဒုက္ခကို မခံစားနိုင်ကြတော့
လို့ မလာကြတာဖြစ်နိုင်ပါတယ် ။ဒီထက်ပို
ပြီး ဖြစ်နိုင်တာက မြန်မာတွေ ကိုယ့်နိုင်ငံ
ကို ချစ်တဲ့စိတ် တော်တော်နည်းသွားကြလို့
ပါပဲ ။

ပညာသင်နေကြတဲ့ ပညာတော်တဲ့ ကလေး
တွေနဲ့ ကလေးမိဘ အများစုကိုကြည့်လိုက်
ရင်လည်း အင်္ဂလိပ်စာတွေ ကောင်းအောင်
သင်ပြီး နိုင်ငံခြား သွားဖို့ပဲ တာစူနေကြတာ
ဝမ်းနည်းစရာပါ ။

ဒီပြဿနာကို ဖြေရှင်းမှ ရတော့မယ်ထင်ပါ
တယ် ။အထူးသဖြင့် လူငယ်တွေ ကို တိုင်းပြည်
ကို မချစ်တဲ့ ကိစ္စ က တော်တော်ကြီးမားတဲ့
ပြဿနာကြီးလို့ မြင်မိတယ် ။

နိုင်ငံခြားသွားတဲ့သူများပြီး နိုင်ငံခြားကနေ
ပြန်မလာချင်တဲ့သူတွေများတော့ တိုင်းပြည်ရဲ့
HR ပိုင်းမှာ တော်တော်လေး ထိခိုက်လာနိုင်
ပါတယ် ။

ဒါဟာ ပညာရေးစနစ် ကြောင့် ဖြစ်သလား ။
နိုင်ငံရေး ကြောင့် ဖြစ်သလား ၊စီးပွားရေး
အရ အလုပ်အကိုင်အခွင့်အလမ်းနည်းပါး
လို့  ၊ လုပ်အားခ နည်းလို့ ဖြစ်သလားဆိုတာ
ကို ပြန်ဆန်းစစ်သင့်ပြီး ထင်ပါတယ် ။

အထက်မှာ ပြောခဲ့သလို ထိုင်းမှာ လူခြောက်
သန်း ဗီဇသက်တမ်းကုန်ပြီး သက်ဆိုင်ရာ
အာဏာပိုင်တွေကို ငွေပေးကာ
နေထိုင်နေကြတဲ့ ပုံစံမျိုး အခြားနိုင်ငံတွေမှာလည်း အများ
ကြီး ရှိနေ နိုင်ပါတယ် ။

ဒါကို ရေတို ဖြေရှင်းလို့ ရတဲ့ နည်းတော့
ရှိပါတယ် ။

နိုင်ငံအသီးသီးကို ရောက်နေတဲ့ ဗီဇာ သက်
တမ်းကုန် မြန်မာပြည်သားတွေကို မြန်မာ
ပြည်မှာ ပဲ ဘယ်ရက် ကနေ ဘယ်ရက်အထိ
သက်တမ်းတိုးပေးမယ်ဆိုပြီး ကြေညာကာ
ခေါ်လိုက်လို့ ရပါတယ် ။

မြန်မာပြည်ရောက်မှ ကိုယ်လိုချင်တဲ့
လူငယ်အသက်အရွယ်တွေကို ဗီဇသက်
တမ်း တိုးပေးဖို့ ခေတ္တ ဆိုင်းငံ့ထားပြီး
ကျန်တဲ့ သူတွေကိုပဲ တိုးပေးလိုက်မယ်
ဆိုရင် HR အချို့ ပြည်တွင်းအင်အား
အဖြစ် ပြန်လည် အသုံးချနိုင်မှာ ပဲ
ဖြစ်ပါတယ် ။

ဒါကတော့ ရေတို ပဲ ရမှာ ဖြစ်ပါတယ် ။

ရေရှည်ဆိုရင်တော့ နိုင်ငံတော် ရဲ့
နိုင်ငံရေး စီးပွားရေး ပညာရေး ကျန်းမာရေး
စတဲ့ က ဏ္ဍတစ်ခုချင်းစီကို ပြန်လည်
ဆန်းစစ်ပြီး နေချင်စဖွယ်ကောင်းတဲ့
တိုင်းပြည်ဖြစ်အောင် ဖန်တီး တည်ဆောက်
ပေး မှ ရပါလိမ့်မယ် ။

နောက်ဆုံးပြောချင်တာက တော့
လူငယ်တွေကို ကိုယ့် တိုင်းပြည် ကိုယ့်
မြန်မာပြည် ကို ချစ်တဲ့ စိတ် သွပ်သွင်း
ပေးနိုင်မှသာ ဒီပြဿနာ ပြေလည်သွား
လိမ့်မယ်လို့ ယူဆမိကြောင်းပါခင်မျာ ။

အောင်နိုင်သူ ( ဇွဲကပင်)
25.04.202513:56
👇👇👇


ဘယ် အုပ်စုထဲပါနေသလဲ...?
=========================

                  G 12 ပြန်ဖြေ ပြဿနာမှာ ထုံးစံအတိုင်း ရပ်တည်ချက် အမျိုးမျိုး ၊ အမြင်အမျိုးမျိုးနဲ့  ထောက်ခံခြင်း ကန့်ကွက်ခြင်းတွေ များစွာတွေ့မြင်နေရပါတယ် ။

           မနှစ်က   220843 စာရင်းသွင်းတယ် ။ 208659 လာဖြေပါတယ် ။ 12148 ဦးက အကြောင်းအမျိုးမျိုးကြောင့် မဖြေခဲ့ကြရပါဘူး ။ မီးလောင်သွားတာ 62900 ကျော်တယ် ။

             ဟို ယခင်ကာလများတုန်းက 2019-2020 ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အတွက် 971407 ဦး ဖြေဆိုခဲ့ဖူးပါတယ် ။ ရန်ကုန်တိုင်းမှာ ပျဥ်းမျှ 31.44 % အောင်မြင်ပါတယ် ။ တနိုင်ငံလုံး 30 % ပဲ ထားပါ ။ အောင်မြင်သူ 291442 ဦး ရှိပါတယ် ။ ( ဒီတော့ တက္ကသိုလ်တွေ ဆရာ / ဆရာမ တွေသည် ကျောင်းသား ၃ သိန်းနီးပါး သင်ကြားပေးဖို့ ရှိနေပြီးလို့ သတ်မှတ်လို့ရပါတယ်)

            ပြောချင်တာက ယခုလိုကာလမှာ တနိုင်ငံလုံး ဖြေဆိုသူ 208695 လုံး တက္ကသိုလ်ရောက်လာရင်တောင် တသိန်းစာလောက် ချောင်ချိနေအုံးမှာ သိဖို့ ။ ယခု မီးလောင်ကျောင်းတွေ ဖြေဆိုသူ 62900 ကျော်အနက် သူ့စကေးအရ အမှန် အောင်ရမယ့်သူ ၂ သောင်းကျော် ၊ ကျဆုံးနိုင်သူ ၄ သောင်းကျော် ပဲရှိပါတယ် ။

           တက္ကသိုလ်သို့  အမှန်တကယ် ရောက်သင့်သူအချိုးအရ 35 % ဆိုရင် 73030 ဦးပဲ ရှိပါတယ် ။ ယခု မီးလောင်သွားလို့ အအောင်ပေးလိုက်ရင်တောင် ကျောင်းသား ၄၀၀၀၀ ကျော်ပဲ ထပ်တိုးပြီး စုစုပေါင်း တသိန်းကျော်ပဲ ရှိနေမှာပါ ။ တက္ကသိုလ်တွေက လက်ခံနိုင်စွမ်းရဲ့ သုံးပုံ တစ်ပုံ ပဲမို့ စာသင်ခန်းနေရာ ၊ ဆရာဦးရေ ပြဿနာ လုံးဝမရှိနိုင်ပါဘူး ။

            အရမ်းကြီး ကြီးကြီးကျယ်ကျယ် ပြောနေကြသော အရည်အသွေး ကိစ္စ ။ နိုင်ငံခြား ပညာသွားသင်ရင် အရှက်ကွဲမတဲ့ ။ နတ်ဖြစ်မယ့်သူက အချွန်လေးနဲ့ ပါဗျာ ။ တော်တဲ့ကလေးက တော်သလို ထပ်မံလေ့လာကြရတာပါ ။

          ဆယ်တန်းဘာသာစုံ ဂုဏ်ထူးပါမှ ဆေးကျောင်းတက်ဆိုတဲ့ မူအရသာ ဖင်ခေါင်းကျယ်နေတာပါ အရပ်ထဲက ရမ်းကုတွေ ၊ သာမန်ကျောက်ဆေးထိုးဆရာတွေ ၊ ကျန်းမာရေးမှူးတွေ ၊ သူနာပြုတွေလည်း တော်ရုံကုနေကြတာပါပဲ ။ သင်ရင် တတ်တယ်ဆိုတာ ပြောချင်တာနော် ။ ရောဂါပေါင်းစုံကို သွေးမစစ် ၊ ဆီးမစစ် ၊ ဓာတ်မခွဲခိုင်းပဲ ကုသပေးနိုင်တဲ့ ပါရဂူရှိရင် လာပြော ။

            သာမန် ဘွဲ့ အတွက်တော့ ပြောမနေနဲ့တော့နဲ့ ။ သင်ရင် တတ်တဲ့ ဘွဲ့ချည်းပဲ ။ မထိုက်တန်လို့ ပထမနှစ် ၊ ဒုတိယနှစ်ကနေ တဖုန်းဖုန်းကျ ထွက်သွားကြရသူတွေ ဒု နဲ့ ဒေး ။ ဒီတော့ မီးလောင်အဖြေရှင်တွေလည်း တက္ကသိုလ်မှာ မထိုက်တန်ရင် ထွက်သွားရလိမ့်မယ် ။ ဘာအရည်အချင်းတွေ အရည်အသွေးတွေနဲ့ ဂယောင်ဖက်နေရမလဲဗျာ ။ မတန်ရင် သူ့ဘာသာ တက္ကသိုလ်ကျမှ ကန်ထုတ် ရှင်းရှင်းလေးပဲ ။

            လေကြီးမိုးကြီးနဲ့ အရည်အသွေးတဲ့ ။ လက်ရှိ မြန်မာပြည်က...

-  ရူပဗေဒ ပညာရှင်တွေ ဘာတွေတီထွင်ပြနေသလဲ...လူချင်းတူတဲ့ ဘက္ထရီအိုး ဆိုလာပြားထုတ်နိုင်ပြီလား...  ?

-  ဓာတုဗေဒ ပါမောက္ခကြီးတွေ လူသားတွေအတွက် ဘာတွေများ တီထွင်ထားပြီလဲ...?

- စိုက်ပျိုးရေး ပါရဂူကြီးတွေ ကိုယ်တိုင်းပြည် တဝက်လောက်ရှိတဲ့ ဗီယက်နမ်က စိုက်ပျိုးရေးထုတ်ကုန် ကိုယ့်ထက် ၂ ဆ ထွက်နေတာ အမှီလိုက်နိုင်ဖို့ ဘာတွေ သုတေသနလုပ်နေကြပါသလဲ... ?

            ဒါတွေက လက်တွေ့နယ်ပယ်အတွက် အကျိုးရှိအောင် လုပ်မပြနိုင်သေးတဲ့ ပညာရှင်ကြီးတွေ ဘယ်လောက်များနေ ဝါးနေသလဲဆိုတာ ထုတ်ပြတာ ။ အရမ်းဖင်ခေါင်းကျယ်ပြီး ကွာလ်တီ ပြောနေကြလွန်းလို့ ။     

          ပွင့်ပွင့်လင်းလင်းပြောရရင် G 12 ပြန်ဖြေဖို့ ထောက်ခံသူတွေကို အုပ်စုခွဲကြည့်ရင်..

-  လူသားများအတွက် လက်တွေ့အကျိုးမပါသော ၊ သူများရေးထားတာ ဖတ်မှတ် ပြန်ပြောအဆင့်နဲ့ ဆရာကြီးဖြစ်နေကြသောသူများ...   

- အမှန်တကယ် စာကျိုးစားခဲ့သော ရှားပါးလူတော်ကျောင်းသားများ ( အဲသလို ကျောင်းသားတွေမှာ ကိုယ်သိသလို သူများသိမယ်ထင်နေကြပြီး အတ္တအတန်ကြီးတတ်ကြတဲ့ စရိုက်ရှိကြပါတယ် တနည်း စာနာစိတ်နည်းကြတယ်)

- နောက်ဆုံး အုပ်စုကတော့ အစိုးရ ဘာလုပ်လုပ် မှန်တယ် ။ ဆန့်ကျင်တဲ့သူတွေ မှန်သမျှ လူပိန်းတွေ ၊ ပညာမဲ့တွေ ဆိုပြီး  ဘောငုံ ပြောနေကြတဲ့ အုပ်စုဆိုပြီး ကွဲပါလိမ့်မယ် ။

        မဖြေသင့်ဘူး ဆိုသူတွေကတော့ ရှင်းပါတယ် ။ မင်းတို့ စောက်သုံးမကျလို့ မီးလောင်ကုန်တာ ( သဘာဝဘေးဟု ဆိုသော်ငြား မီးဘေး ရေဘေး ကြိုတင်ကာကွယ်ရန် စီမံထားသင့်ပါလျှက် လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်း) မင်းတို့မှာပဲ တာဝန်ရှိတယ် ။

         ဖြေဆိုခဲ့တဲ့ ကလေးတွေမှာ တာဝန်ကျေပြီးဖြစ်တယ် ။ ဒါကြောင့် ကလေးတွေကို ဒုက္ခထပ်မပေးနဲ့ လို့ ရှင်းရှင်းပြတ်ပြတ် မြင်သူတွေ အများစု ပဲ ။ စာမေးပွဲဒုက္ခအဖြစ် အခုချိန်ထိ အိပ်မက်ထဲမှာ စာမေးပွဲ ဖြေရင်း အချိန်မမှီတာ ၊ မဖြေနိုင်တာ ၊ ဘောပင်ပျောက်တာ ၊ အဖြေစာရွက်ရေစိုကုန်တာ အစရှိတဲ့ ခြောက်အိပ်မက်တွေ နဲ့ စိတ်ဖိစီးမှုခံနေရကြတာ သေခါနီးထိပဲ ။ ဟုတ်မဟုတ် ပြန်တွေးကြည့်ပေတော့ ။ဖြေရှင်းဖို့ အခြားနည်းလမ်းတွေ အများကြီးရှိတယ် ။ မဖြေရှင်းဘူး ဒုက္ခသည် ကျောင်းသားအပေါင်းကိုပဲ သုံးစားမရတဲ့ ကွာလ်တီ အကြောင်းပြလိုက် ၊ ဟိုဝင်ခွင့် ဒီဝင်ခွင့် အကြောင်းပြလိုက်နဲ့ တမင်ယုတ်မာတဲ့ အစီအစဥ်
25.04.202513:54
တ ရုတ် ကြီးထွား လာ တာ စစ် ပွဲ တွေ ပါ ပါ လာ တယ် လို့ သ ဘော ဖြစ် လာ လိမ့် မယ် ။ တ ရုတ် မ ကျေ နပ် ရင် မြန် မာ နိုင် ငံ ထဲ လည်း စစ် မီး မွှေး မယ် ၊ အိ န္ဒိ ယ နိုင် ငံ ကို လည်း စစ် မီး မွှေး မယ် ဆို တာ မျိုး ဆို ရင် မ ငြိမ်း ချမ်း နိုင် တော့ ဘူး ။မြန် မာ နိုင် ငံ ၁၀၂၇ ရဲ့ နောက် မှာ တ ရုတ် ရှိ နေ သ လို အိ န္ဒိ ယ ပါ က စ္စ တန် ပြ ဿ နာ ရဲ့ နောက် မှာ တ ရုတ် ရှိ နေ ပြီ လား ဆို တာ ထည့် စဉ်း စား ရ တော့ မယ့် အ ခြေ အ နေ မျိုး ဖြစ် လာ တယ် ။

ဘာ ဖြစ် မ လဲ ဆက် စောင့် ကြည့် နေ ရ မှာ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၅ ၊ ၄ ၊ ၂၀၂၅

                                          မိုး တင့် ဆွေ
                                      ၂၅ ၊ ၄ ၊ ၂၀၂၅
                                           သော ကြာ ။
Photo online
25.04.202513:43
👇👇👇


လက်နက်ရဖို့ လွယ်ခဲ့သလား (4)
============================

          1990 မှာ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး ဆွီဒင်က ဦးဆောင်ကာ မြန်မာနိုင်ငံကို အပြင်းအထန် ရှုံ့ချရန် ကုလသမဂ္ဂသို့ အဆိုမူကြမ်းတင်သွင်းရေးဆွဲရာတွင် စင်္ကကာပူက မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးခဲ့ပါတယ် ။

            ထို့အပြင် လီကွမ်ယူက ဒေါ်စုကြည်ရဲ့ အရည်အချင်းနဲ့ မြန်မာနိုင်ငံကို နိုင်နင်းအောင် ကိုင်တွယ်နိုင်စွမ်းမရှိသဖြင့် ဒီမိုကရေစီရဲ့ ပြယုတ်အနေနဲ့သာ နေသင့်ကြောင်း ပြင်းထန်မှန်ကန် တိကျစွာ ဝေဖန်ခဲ့ပါတယ် ။

            1991 မှာ တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ လက်နက်ဖိုး US$ 400 သန်းအား စင်္ကာပူဘဏ်မှ တဆင့် ပေးချေခဲ့ပါတယ် ။ ဒါကြောင့် ဥရောပနိုင်ငံများမှ စင်္ကာပူသည် မြန်မာအား လက်နက်များ တိုက်ရိုက်ရောင်းချပေးရုံ မကဘူး တဆင့်ခံ Gray Maret အဖြစ်ပါ ဆောင်ရွက်ပေးနေတယ်လို့ ဝေဖန်ခဲ့ပေမယ့် ဇီးရွက်လောက် စင်္ကာပူက သောက်ရေးတောင် မလုပ်ခဲ့ပါဘူး ။

               ၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲကျင့်သုံးခဲ့ရာမှာ ပြည်ပ ရငျူနှီးမွှပျမှုမြား အလုံးအရင်း နဲ့ ဝင်လာကြရာ တိုင်းပြည်လည်း ချက်ခြင်းဖွံ့ဖြိုးလာပါတယ် ။

              ပြည်သူတွေအတွက် အလုပ်အကိုင် ဝင်ငွေ များပြားလာပြီး လူသုံးကုန်ပစ္စည်းများ ပေါများလာခြင်းတို့ကြောင့် အာဏာသိမ်း စစ်အစိုးရ ၊ 1990 ရွေးကောက်ပွဲကို အာဏာမလွှဲတဲ့ စစ်အစိုးရဆိုတဲ့ အမြင်တွေ မရှိကြတော့ပါဘူး ။

             ရိုးသားတဲ့ ပြည်သူတွေ တိုးတက်ပျော်ရွှင်နေကြပြီး စစ်အစိုးရကို အပြစ်မမြင်တော့တာကို မရှုစိမ့်တဲ့ ဒေါ်စုကြည်ဟာ မြန်မာပြည်ကို စီးပွါးရေး ပိတ်ဆို့ပေးဖို့ ယုတ်မာစွာ တောင်းဆိုလိုက်ပါတယ် ။  အညွှန့်တလူလူ တက်နေတဲ့ မြန်မာ့စီးပွါးရေးဟာ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုကြောင့် ပြန်လည်ရုတ်သိမ်းသွားတဲ့ စက်ရုံလုပ်ရုံတွေနဲ့ အတူ လျောကျနိမ့်ဆင်း သွားရပြန်ပါတယ် ။ ဗိုလ်ချုပ်တွေ ခိုးလို့ တိုင်းပြည်ဆင်းရဲနေတာထက် ဒေါ်စုကြည် ယုတ်မာလို့ ပိုပြီးဆင်းရဲခဲ့ရတာပါ ။

           စီးပွါးရေး ပိတ်ဆို့လိုက်လို့ မြန်မာတွေ ရုတ်ချည်း အခြေပျက်သွားချိန်မှာ စင်္ကာပူဟာ 1997 မှာ US$ 11 ဘီလီယံ ရင်းနှီးမြှပ်နှံပြီး မြန်မာ့စီးပွါးရေးကို ကျားကန်ပေးခဲ့ပါတယ် ။

                  ပရောဂျက်ပေါင်း 50 ကျော်အနက် ဒေါ်လာ 166 သန်း ရင်းနှီးမြှပ်နှံခဲ့တဲ့ သံလျှင် ကျောက်တန်း စက်မှုဇုံစီမံကိန်း နဲ့ ဒေါ်လာ သန်း 50 ရင်နှီးမြှပ်နှံခဲ့တဲ့ သီလဝါဆိပ်ကမ်း တည်ဆောက်ရေးတို့ဟာ ထင်ရှားလှပါတယ် ။

               ဥရောပ အုပ်စုက ပိတ်ဆို့ထားတဲ့ လက်နက်ရောင်းဝယ်မှုကို မြန်မာက စင်္ကာပူကတဆင့် ရရှိအောင် ဆောင်ရွက်ခဲ့ရာမှာ တဆင့်ခံဖြစ်နေလို့ စျေးနှုံးမြင့်မားကောင်း မြင့်မားနေမှာ ဖြစ်ပေမယ့် မြန်မာ့တပ်မတော်အတွက် မရှိမဖြစ် လိုအပ်လှတဲ့ လက်နက်ခဲယမ်း ကွင်းဆက်ပျက်မသွားအောင် စီမံနိုင်တာကိုက ချီးမွှမ်းဖို့ ထိာက်တန်ပါတယ် ။

                   ထိုအချိန်က စင်္ကာပူမှတဆင့် အရေးကြီးလက်နက်တွေ အဖြစ် M 16 နဲ့ 762 ကျည်ဆံများ ၊ ဆက်သွယ်ရေးကရိယာများ ၊ 120 mm ၊ 81 mm ၊ 60 mm တို့လို အကြီးစား အလတ်စား အပေါ့စား မော်တာများ နဲ့ ကျည်ဆံများ ၊ မြေမြှပ်မိုင်းများ ၊ တင့်ဖျက်မိုင်းများ တဆင့်ခံ ဝယ်ခဲ့ရပါတယ် ။

            1991 ထုတ် Asian Aviation ဂျာနယ်ကတော့ စင်္ကာပူကနေ BAe ဒိုင်းနမိုက် Bloodhound MK 2 SUM မြေပြင်မှဝေဟင်ပစ်လက်နက် အများအပြားနဲ့ ဒုံးပျံပစ်မှတ်များကို အထောက်အကူပြု ထင်ရှားစေသော စကော်ပီယွန် ရေဒါ ၃ ခုကို ပေးခဲ့တယ် လို့ ဖော်ပြထားပါတယ် ။

                 ထောက်လှမ်းရေးနည်းပညာများ ၊ အထူးစစ်ရေးလေ့ကျင့်မှုများ ၊ ကာကွယယ်ရေးနည်းပညာများ ကူညီပေးခဲ့ပါတယ် ။ ဒီ့အပြင် Bilateral ဆက်ဆံရေးမျိုး တည်ဆောက်ပြီး စင်္ကာပူစစ်တက္ကသိုလ်မှာ မြန်မာအရာရှိတွေ သင်တန်းတက်ခွင့်ပေးခဲ့ပါတယ် ။

                  လေတပ်အရာရှိများ နဲ့ လေထီးတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့ပါတယ် ။ ထို့နောက် မြန်မာပြည်သို့ စင်္ကာပူ စသ်တက္ကသိုလ်မှ နည်းပြများလာရောက်ပြီး မြန်မာ့အမြှောက်တပ်ကို ပစ်ခတ်လေ့ကျင့်မှုများ ပေးကြရာမှာတော့ မြန်မာ့အမြောက်တပ်ရဲ့ အတွေ့အကြုံ နဲ့ စွမ်းရည်ကို စင်္ကာပူတွေ လေးစားသွားကြပါတယ် ။

             စင်္ကာပူဟာ ဖော်ကာ 50 သို့မဟုတ် C 130 လေယာဉ်တွေနဲ့ မြန်မာပြည်ကို ပုံမှန်လာရောက်ပြီး Navigationcl training နဲ့ လှို့ဝှက်သတင်းအချက်အလက် စုဆောင်းခြင်း Intelligence Collection များ ပုံမှန်ဆောင်ရွက်ခဲ့ကြပါတယ် ။

                   အဲဒီနောက် စင်္ကာပူဟာ ကာကွယ်ရေးဝန်ပြီးဌာနရဲ့ ကွန်ပြူတာများကို အဆင့်မြှင့်တင်ပေးပြီး Regional Military Command 12 ခုကို အဆင့်မြင့် ဆက်သွယ်ရေးစနစ်များနဲ့ လဲလှယ် တပ်ဆင်ပေးခဲ့ပါတယ် ။
25.04.202513:38
24.04.202513:27
မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် KNDO လက်နက်ကိုင်သင်တန်းဆင်း PDF ထောက်ပို့လုပ်ခဲ့သူ ဂျွန်မိုးသဲအား ဖမ်းမိ

၂၃. ၄. ၂၀၂၅
Written by Nay Moe

ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရှိခဲ့ရသည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါ KNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်အဖွဲ့အစည်းများ အတွက် ....

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98645
25.04.202513:58
လားရိှုး သတင်းနဲ့ စလိုက်ကြရအောင်လား ခင်ဗျာ

         လွန်ခဲ့တဲ့ ၂ ရက်က  လားရိှုး မြို့အဝင်  အထွက်တွေမှာ  တပ်က  ကားတွေကို ငွေတောင်းခံတဲ့သတင်း တကမလာတာရှိတယ်   အဲ့ဒီ တုန်းက သတင်းကို  Confirm လုပ်တော့  မမှန်ပါဘူး

       အခုက   ယနေ့ အခြေအနေပါ    သိန္နီဘက်မှ လားရိှုးအဝင်  AT ဂိတ်မှာ  အိမ်စီးကား ငါးထောင်  ကုန်တင်ကားဆို ယွမ်ငွေ တစ်ထောင် တောင်းနေတယ်ဆိုပါလား     မယ်ဟန်ဘက်ကနေ လားရိှုးအဝင် ဂိတ်မှာလည်း  အလားတူ ငွေကြေးတောင်းခံနေတယ်  ဆိုတဲ့ သတင်းကိုတော့
Confirmation  လုပ်နေဆဲပါဘဲ

           ဒီလိုအချိန်မှာ  မလုပ်သင့်တဲ့ အချိန်ပါ   
ဒါဆို နောင်ဆိုရင်ရော    နောင်ဆိုလည်း မလုပ်သင့်ပါဘူးဗျာ

မိမိတပ်မတော်ရဲ့ ဂုဏ်သိက္ခါ ကျဆင်းစေရန်အတွက် အတိုက်အခံ  ရန်သူဘက်က  ဝါဒဖြန့်တာလည်း  ဖြစ်နိုင်ပါတယ်      ရဲသုံးဖေါ်  ထံကနေ     အခုလို  စစ်သတင်းအဖြစ်တင်လိုက်ပြီ ဆိုတာနဲ့    လူကြီးတွေ နားကို   တိုက်ရိုက်ရောက်တယ်  ဆိုတာကိုတော့ သတိထားဖို့ လိုပါ့မယ်ခင်ဗျာ

         လားရိှုး မြို့ရဲ့ အဝင်  အထွက် ဂိတ်များမှာ  လုံခြုံရေး တာဝန် ထမ်းဆောင်လျှက်ရှိသော  တပ်မတာ် / မြန်မာနိုင်ငံရဲတပ်ဖွဲ့/ ပြည်သူ့စစ်တပ်ဖွဲ့များ အနေဖြင့်  အထက်ပါ  သတင်းမှာ  မမှန်ကန်ပါဘူး  ဆိုလျှင်   Comment  တွင်  တို -တိ -လုံ -လျှင်  Reply  ပြန်ပေးပါရန် မေတ္တာ ရပ်ခံတင်ပြအပ်ပါသည်

         အညာသားတောသီး ပဒက်တွေကို   လောလော လတ်လတ်   တိကျတဲ့ စစ်သတင်းကြောင့်      ရဲသုံးဖေါ်  ရဲ့ လက်ချက်နဲ့   နဂါးတို့  နားကား သွားပြီး   DB  ၃၅  ကျော်ဖြစ်သွားကြောင်း  မကြာမှီစစ်သတင်းများ  တက်လာပါလိမ့်မည်       လုပ်တုန်းကိုင်တုန်း  စစ်သတင်းများသာ  များပြားနေပါသဖြင့်  နယ်မြေအစုံမှ  စစ်သတင်းများကို   ၃၅  လုပ်ထားရပါကြောင်း  လေးစားစွာ တင်ပြအပ်ပါသည်
           လူအချင်းချင်း
လှည့်ပတ်ခြင်း  ကင်းရှင်း ကြပါစေ

အားလုံးကို  လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅   အေ    ၂၅ ၁၉၄၅
25.04.202513:56
ကရင်ပြည်နယ် မှ ကျားဖြန့်များ ဘုရားသုံးဆူ ထီးလောင်းရှည် သို့ ပြောင်းရွှေ့ အခြေစိုက်

ကျားဖြန့်တွေအတွက် DKBA ဗိုလ်အေဝမ်းက စီစဥ်ပေးခဲ့တဲ့နေရာကတော့ အပန်းဖြေနေရာအဖြစ် သတ်မှတ်တည်ဆောက်ထားတဲ့ ဘုရားသုံးဆူကနေ ၁၀ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ ရေတံခွန်တွေ တည်ရှိရာ ထီးလောင်းရှည် ရေတံခွန်ပတ်ဝန်းကျင် ဖြစ်ပါတယ်။

အဲဒီနေရာမှာ အဆောက်အအုံကြီးတွေကို နေ့ဆိုင်းညဆိုင်းနဲ့ အခိုင်အမာဆောက်ပြီးတဲ့အခါမှာတော့ အပြင်လူတွေ ဝင်ခွင့်မပေးတော့ဘူး။ ဖားနှစ်ကောင်ဖက်မှာလည်း ရှိတယ်။ လူဦးရေ ထောင်နဲ့ချီရှိတယ် ၃-၄ ထောင် အနည်းဆုံးရှိတယ်လို့ သိရတယ်။ အစားအစာသိုလှောင်တဲ့ အအေးခဲခန်းကြီးတွေရှိတယ်၊ မီးစက်အကြီးကြီးတွေ ရှိတယ်။ စတားလင့်တွေနဲ့ အင်တာနက်သုံးနေကြတယ်ကျားဖျံအလုပ်ကို ဆက်လုပ်နေကြပြီ ရပ်မသွားဘူး။ အဆောက်အအုံတွေက ပေ ၁၀၀ ကျော် အရှည်ရှိတယ်၊ တထပ်အဆောက်အအုံတွေ ဆိုပေမဲ့ မြေအောက်မှာ တထပ်အခိုင်အခန့် ဆောက်ထားတဲ့တထပ် ရှိသေးတယ်။ အဲဒီလို အဆောက်အအုံတွေ ၁၅ -၂၀ ခုလောက် ရေတံခွန်ပတ်ပတ်လည်မှာ ဆောက်ထားတယ်

အထဲမှာ တရုတ်တွေ၊ နိုင်ငံခြားသားတွေ၊ မူဆလင်တွေ၊ ဂျပန်တွေ၊  ကိုရီးယားတွေ၊  လူဖြူတွေ လူမျိုးစုံ ရှိတယ်။ နိုင်ငံပေါင်းစုံ ကိုလိမ်လည်ဖို့ ဘာသာစကား ကျွမ်းကျင်တဲ့ လူမျိုးအားလုံးကို ခေါ်ထားတဲ့သဘောပေါ့။  ခြံဝင်းကို ၂ထပ်ကာထားတယ်။ ရေတံခွန်ကနေ စီးဆင်းနေတဲ့ ချောင်းကမ်းပတ်ပတ်လည်မှာ အဆောက်အအုံတွေ ဆောက်ထားတဲ့အတွက် ရေကောင်း‌ရေသန့်တွေကို သုံးနိုင်သလို ချောင်းထဲလဲ တရုတ်တွေ ဆင်းကူးနိုင်လို့ အကြိုက်တွေ့နေပြီး သူတို့စားဖို့ ပုဇွန်ထုတ်ကြီးတွေ ဂဏန်းတွေ ကြက်တွေ ဝက်တွေကို ဒေသခံတွေက သွားရောင်းချင်ရင် ဝင်နိုင်ဖို့ ဘတ် ၃၀၀ ပေးပြီး ကဒ်လုပ်ထားပြီးမှ အဲဒီကဒ်နဲ့မှဝင်လို့ရတယ်။

သူတို့ကို ဘုရားသုံးဆူက DKBA ခေါင်းဆောင် ဗိုလ်အေဝမ်းက အဓိကတာဝန်ခံပြီး အကာအကွယ် ပေးထားတယ်။ ဗိုလ်အေဝမ်းက စောချစ်သူရဲ့ တပည့်ဖြစ်တဲ့အတွက် စောချစ်သူ စီမံတဲ့အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ယူဆရပါတယ်။

ကျားဖြန့်နှိမ်နှင်းရေး ပေသီး
25.04.202513:43
.

☯️

အိန္ဒိယ-ပါကစ္စတန်ပြသနာက ဆိုင်းမဆင့်ဗုံမပါ ရုတ်တရက် ထ hot သွားခဲ့တယ်၊

ဒီ (၂) နိုင်ငံရဲ့သမိုင်းကြောင်းကလဲ စကထဲကမကောင်းခဲ့၊ 1947 အိန္ဒိယကိုလွတ်လပ်ရေးပေးကထဲက ဗြိတိသျှတွေ မွှေးခဲ့တဲ့မီး၊ အိန္ဒိယထဲက အစ္စလမ်အများစုရှိတဲ့နယ်မြေကို အရှေ့ပါကစ္စတန်နဲ့ အနောက်ပါကစ္စတန် ဆိုပြီး ခွဲထုတ်မီးမွှေးခဲ့တာ၊ အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်ရယ်လို့ထပ်ဖြစ်လာတာ၊

ပါကစ္စတန်ရော အိန္ဒိယရော နျူပိုင်နိုင်ငံတွေဖြစ်နေလို့ အတော်ထိမ်းသိမ်းရလိမ့်မယ်၊ သမိုင်းတလျှောက်စစ်ပွဲနဲ့ ပဋိပက္ခတ်တွေ ခပ်စိပ်စိပ်ဖြစ်တာကိုတွေ့ရလိမ့်မယ်၊

ပါကစ္စတန်ဟာ ကမ္ဘာမှာ နျူပိုင်တဲ့ တခုထဲသော အစ္စလမ်နိုင်ငံဖြစ်တယ်၊ ( တူရကီက အမေရိကန်နဲ့ ပူးတွဲ ) ၊ ပါကစ္စတန်က အရင်က အမေရိကန်နဲ့ရင်းနှီးတယ်၊ အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်အောက်ကနေ အမေရိကန်ဆီက နှစ်စဉ် $ ဘီလီယံချီယူပြီး၊ အကြမ်းဖက်လေ့ကျင့်မွေးထုတ်ပေရာ နေရာဖြစ်တဲ့အပြင် ဘယ်လိုမှဖြောင့်ဖျမရလို့ အမေရိကန်နဲ့ ခွာပြန်ပြဲသွားတာ၊

ပါကစ္စတန်ကသင်္ခန်းစာကိုယူပြီး အရှေ့အလယ်ပိုင်းမှာ ဘယ်အစ္စလမ်နိုင်ငံကမှ နျူမပိုင်စေရဘူး... ဆိုတာဖြစ်လာတာ၊

.........

စစ်ရေးနှိုင်းယှဉ်ရင် အိန္ဒိယက အများကြီး ကြီးပါတယ်၊ ဒါပေမဲ့ ပါကစ္စတန်နောက်မှာ OIC ရှိထားတယ်၊

အနုမြူပိုင်နိုင်ငံတွေဖြစ်တော့ စစ်ကိုထိမ်းနေကြတာ၊ ဘယ်နေ့ ပွင့်ထွက်လာမလဲတော့မသိဘူး၊

( ဒေါ်စုလက်ထက် ရခိုင်ဒေသအကြမ်းဖက်အတိုက်ခံရတာ ပါကစ္စတန်လက်ချက်၊ အိန္ဒိယ ထောက်လှမ်းရေး RAW ကကြားဖြတ် အမိန့်ပေးသံကိုဖမ်းမိပြီး မြန်မာဖက်ပို့ပေးတာ၊ )

ဘမောင်လို စာရေးတဲ့သူတွေ Ref လုပ်လိုရအောင် key info တွေကို ပုံနဲ့ ပူးတွဲပေးလိုက်ပါတယ်၊



BaMg ☯️


..

☯️


( မျှော်တာထက်.... ပိုမယ် )


အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင် လူ (၃၂) ဦးသေဆုံးခဲ့တယ်၊ အဲ့ဒီအတွက် မိုဒီက -

" အကြမ်းဖက်တွေ တွေးထင်ထားတာထက် ဒါဏ်ခတ်မှုက ပိုကြီးလိမ့်မယ် "

.... လို့ပြောလိုက်တယ်၊

ထရမ့်ကို မယုံရဲသလောက် မိုဒီရဲ့ "ဇ" ကိုတော့ ယုံရဲပါတယ်၊ OIC တခုလုံးရဲ့ အော်သံကို မကြားချင်အောင်ဆောင်ပြီး ဗလီတွေကို သွေးအေးအေးနဲ့ ဖျက်ပစ်ရဲခဲ့တဲ့ သမိုင်းကရှိထား သကိုး ။

...........

ပါကစ္စတန်ရော အိန္ဒိယရော နယ်စပ်ကို ချက်ခြင်းတပ်တွေပို့ကြတယ်၊ နေ့ ညမပြတ်ပဲ

ပါကစ္စတန်ဖက်က အသံစထုတ်လာတယ်၊ အိန္ဒိယနဲ့စစ်အတွက် ပါကစ္စတန်ဖက်က အဆင်သင့်ဖြစ်နေပြီတဲ့၊

ဒါကတော့ ပါကစ္စတန်ဖက်က စစ်ကိုစတောင်းလိုက်တာပဲ ။


BaMg ☯️


.
.

☯️


( လားရှိုး သက်သေ )


✅   နိုင်ငံရဲ့ လူ့အရင်းအမြစ်တွေ ကုန်မှာစိုးလို့

✅   ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်လာပြီး နိုင်ငံ
        တည်ဆောက်ရေး အတူလုပ်စေချင်လို့

အောက်က ပုံလေးနဲ့ (၄-၅) ကြိမ်ထက်မနည်း
State actor  vs  Non State actor
အပုံကြီးကွာတာကိုရေးပေးခဲ့ပါတယ်၊

နောက်ဆုံးမှာတော့ "လာရှိုး" ကသက်သေ တည်ပေးလိုက်ခဲ့ပါပြီ၊

Two color တွေညှပ်လိမ့်မယ်နော်
ဆိုတာကိုလဲ သိပ်မကြာခင် ထပ်တွေ့ရပါဦးမယ်၊



BaMg ☯️


.
24.04.202513:26
Ko'rsatilgan 1 - 24 dan 1347
Ko'proq funksiyalarni ochish uchun tizimga kiring.