Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
ပိုးမြမြသွေး avatar
ပိုးမြမြသွေး
ပိုးမြမြသွေး avatar
ပိုးမြမြသွေး
Davr
Ko'rishlar soni

Iqtibos

Postlar
Repostlarni yashirish
26.02.202502:29
ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သင်္ချာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
25.02.202502:56
မင်္ဂလာနံနက်ခင်းလေးပါရှင့်

🌹🌹🌹🌹🌹🌹🌹🌹
24.02.202509:06
ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ဖို့ အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် ရုရှားနဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုး


မြသွေး
25.02.202514:59
ဗန်းမော်မှာတော့ KIA တွေ စမုန်တုန်းနေပြီ
-
တိုက်ပွဲသတင်းစုံ
24.02.202514:03
စစ်တီးဝိုင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား 🏆🏆🏆
-
(က)အဆင့်
(ပထမဆု) ကက(ရေ) 🏆
(ဒုတိယဆု) မြန်မာနိုင်ငံရဲ 🏆
(တတိယဆု) ကက(လေ) 🏆
-
(ခ)အဆင့်
(ပထမဆု) နေပြည်တော် 🏆
(ဒုတိယဆု) ရန်ကုန်တိုင်း 🏆
(တတိယဆု) မန္တလေးတိုင်း 🏆
-
အထူးဆု
စစ်တက္ကသိုလ်စစ်တီးဝိုင်း 🏆

😍😍
ချီဖွေ-ပန်ဝါ ဘက်မှာ “မြေရှား”
မိုးကုတ် မှာ “ပတ္တမြား”
ဖားကန့် မှာ “ကျောက်စိမ်း”
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မှာ  “ရွှေ”
မံစီ နဲ့ အင်ဘာဘာ မှာ “သစ်”
ဝနယ်မြေ ပန်ဆန်း မှာ “ခဲမဖြူ”

စတဲ့ နိုင်ငံပိုင် သယံဇာတပစ္စည်းတွေ ခိုးထုတ်နေတဲ့နေရာတွေကို အကြမ်းဖက်အုပ်စုများနှင့် လက်နက်ကိုင် သောင်းကျန်သူများကို ထောက်ပံ့နေမှုများအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်ဆိုတဲ့သဘောမျိုး နစက အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်…

အဲ့ဒီနိုင်ငံပိုင် သယံဇာတတွေကို တရားမဝင်လက်ခံနေတဲ့ ပေါက်ဖော်ကြီးကို မပြောရဲဘဲ အဖိုးတန်သယံဇာတတွေ အခိုးမခံရဖို့ ခိုးထုတ်နေတဲ့နေရာတွေ ရှင်းလင်းတိုက်ခိုက်မယ်လို့ ယူဆရပါတယ်…

မြေပြင်တပ်တွေ ဝင်ရှင်းမလား??
လေကြောင်းက ဗုံးကြဲမလား??
ခိုးဝယ်နေတဲ့ နိုင်ငံကြီး ကို သံတမန်ရေးအရ ဘယ်လိုဆက်သွယ်ပြောဆိုမလဲ??

စိတ်ဝင်စားစရာကောင်းပါတယ်။

ခင်ညိုချော

မြသွေး
24.02.202511:30
မြိုင်မြို့နယ်မှာရှိတဲ့ ရေနံမှော်တွေမှာ NUG လက်အောက်ခံ ပကဖ တွေက ပြည့်တန်ဆာခန်းတွေထောင်ပြီး လုပ်စားနေကြတယ်။ ဒီလိုလုပ်စားဖို့အတွက် NUG ကကောင်တွေကိုယ်တိုင်ခိုင်းထားတာ။ ရေနံတွေခိုးတူးတယ်။ ပြည့်တန်ဆာခန်းတွေ ထောင်တယ်။ KTV ၊အနှိပ်ခန်းနဲ့ မူးယစ်ဆေးသုံးတဲ့ အခန်းတွေပါ အကုန်ဖွင့်ထားတယ်။

အဲဒီကနေရလာတဲ့ ငွေကြေးတွေကို NUG ကကောင်တွေနဲ့ သူတို့လက်ဝေခံတွေပဲ အချိုးကျခွဲပြီး ကိုယ်ကျိုးအတွက်သုံးပြုနေကြတယ်ဆိုပြီး ဧရာဝတီသတင်းဌာနက တင်ထားတာကိုတွေ့တော့ သိပ်အံ့ဩစရာတော့မရှိပါဘူး။ ဒီလိုတေွ ဖြစ်မယ်ဆိုတာ ယခင်ကတည်းက သိပြီးသားပဲ။ သတင်းအမှားတွေနဲ့ ဖုံးဖိထားလို့ မပေါ်သေးတာပဲရှိတယ်။

တော်လှန်ရေးဆိုတဲ့ခေါင်းစဉ်ဟာ လုပ်စားဖို့အတွက်နဲ့ ဘာမှမသိနားမလည်တဲ့ ပြည်သူတွေကိုလှည့်စားဖို့အတွက် အသုံးပြုနေတဲ့ ပြက်လုံးတစ်ခုပဲ။

ဒီထဲမှာမှ စိတ်မကောင်းစရာတစ်ခုက အိနြ္ဒာကျော်ဇင်တို့လို လူမျိုးတွေ မြှောက်ပေးခဲ့လို့ CDM လုပ်သွားကြတဲ့ ကျောင်းဆရာမတွေ/သူနာပြုတွေနဲ့ ဆရာဝန်အချို့ပါ ပြည့်တန်ဆာခန်းမှာရောက်နေကြရပြီး NUG ကသူတွေလာရင် သူတို့တွေ စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးရတယ်ဆိုတဲ့ သတင်းပါ ကြားလိုက်ရတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။

သူတို့တွေရွေးချယ်တဲ့ လမ်းဆိုတော့ ဘာမှဝင်မပြောလိုပေမယ့် နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ တော်တော်လေး ဆုံးရှုံးသွားရတယ်။ လက်တွေ့မှာ သူတို့ဘဝတွေ ပျက်စီးရတယ်။

ဒီလိုအခြေအနေတွေကို သိသိကြီးနဲ့ မျက်စိမှိတ် နားပိတ်ပြီး ဒီလမ်းကို ဆက်ပြီးလျှောက်နေမယ်ဆိုရင်တော မင်းတို့လောက်မိုက်မဲတဲ့သူတွေ ရှိမှာမဟုတ်တော့ဘူး… တော်လှန်ရေးက ၄ နှစ်တောင် ကျော်လာပြီ။ ဘာတွေများ အောင်မြင်တာတွေရှိသလဲ..? ဒီအပေါ်မှာ လုပ်စားတဲ့သူတွေပဲ ကောင်းစားသွားကြတာ။ ဒေသခံတွေကတော့ ပြာပုံထဲကကိုရုန်းမထွက်နိုင်ကြတော့ဘူး။

ဒါကြောင့် ပြည်သူကိုလှည့်စားပြီး ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ ဒီတော်လှန်ရေးကနေ အမြန်ဆုံးရုံးထွက်နိုင်ကြပါစေ… အမှားကို အမှားသိပြီး ပြင်ဆင်နိုင်ကြပါစေ…

မြသွေး
NUG လက်အောက်ခံ ပကဖ တွေကြီးစိုးထားပြီး အညာဒူဘိုင်းလို့ တင်စားထားတဲ့ မြိုင်မြို့နယ်က ရေနံမှော်ကို တပ်မတော်က ဒီနေ့နံနက်မှာ ဗုံးကြဲပြီးချေမှုန်းလိုက် တယ်လို့ သတင်းတေွတက်လာတာတွေ့ရတယ်

သေဆုံးမှုတွေလည်းများတယ်ဆိုပြီး PDF ချန်နယ်အချို့မှာတင်ထားတယ်။

တပ်မတော်အနေနဲ့ လူပြောများလို့ ဗုံးတစ်ခါလောက်ကြဲပြီးတာနဲ့ ပြီးပြီဆိုပြီးထားလို့မရဘူး။ နောက်ထပ် နောက်ထပ်တွေ ဆက်ပြီးမလုပ်ရဲအောင် ၊စုဖွဲ့ပြီး မနေနိုင်အောင်၊ PDF တွေအတွက် ငွေကြေးရပေါက်ရလမ်းတွေကို အကုန်ရှင်းလင်းချေမှုန်းရမယ်။

ဒါတင်မကသေးဘူး EAOs အဖွဲ့တွေနဲ့ပေါင်းပြီး နိုင်ငံတော်ရဲ့သယံဇာတတွေကို ခိုးထုတ်တဲ့နေရာမှန်သမျှ အကုန်ရှင်းလင်းရမယ်။ ဒီလိုတွေ ပြတ်ပြတ်သားသား လုပ်ပါမှ အကြမ်းဖက်အဖွဲ့တွေအတွက် အုပ်ချုပ်ထောက်ပံ့မှုမှာ အခက်အခဲ ဖြစ်သွားစေမှာဖြစ်တယ်။ ဒီလိုအခက်တွေ့မှ ရန်သူဟာ အင်အားချိနဲ့မယ်။ငွေမရှိရင် ဘယ်လောက်ပဲ စစ်တိုက်ချင်တယ်ပဲပြောပြော စစ်တိုက်လို့မရပါဘူး။ ဝင်ငွေရနေသမျှတော့ စစ်ပွဲကဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖက် သမားတွေရဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ပါ။

အဲဒီလိုမှမဟုတ်ဘဲ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် မုန့်လုံးစက္ကူကပ်နေတာနဲ့ စစ်ပွဲသံသရာက ရပ်မှာမဟုတ်တော့ဘူး…

ဒါကြောင့် တပ်မတော်အနေနဲ့ ဒီစစ်ပွဲတွေကို အမြန်လက်စသတ်ပေးပါတော့။ ပြည်သူတွေလည်း ပင်ပန်းနေကြပါပြီ။

မြသွေး
ရွှေကုက္ကိုလ် ကျားဖြန့်နောက်ကွယ်က ဖဒိုကွယ်ထူးဝင်း

ကျားဖြန့်online လိမ်လည်သူတွေကို မြန်မာတရုတ်ထိုင်းသုံးနိုင်ငံ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန်နှိမ်နင်းလျက်ရှိပါတယ်။

KNU ဥက္ကဌ ဖဒိုကွယ်ထူးဝင်း ထင်ထင်ရှားရှားပါဝင်ပတ်သက်နေတဲ့ မြဝတီမြို့အနီးက ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေမှာရှိတဲ့ကျားဖြန့်လုပ်ကိုင်နေသူ ပြည်ပနိုင်ငံသားတွေကို နစကအစိုးရဖက်မှ ဖမ်းဆီးထိန်းသိမ်းလျက်ရှိပါတယ်။

ယခုရက်ပိုင်း သတင်းတွေအရ ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ပြည်ပနိုင်ငံသား ၂၂၂၀ ဦး ဖော်ထုတ်ထိန်းသိမ်းခဲ့ပြီး ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး နစကအစိုးရရဲ့ BGF တပ်မှူးစောချစ်သူကို ထိုင်းနိုင်ငံကဖမ်းဝရမ်းထုတ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် KNU ဥက္ကဌ ဖဒိုကွယ်ထူးဝင်း ပါဝင်ပတ်သက်မှုတွေကိုတော့ ထိုင်းဘက်ကအသံသိပ်မထွက်တာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဖဒိုကွယ်ထူးဝင်းရဲ့အိမ်ကို ထိုင်းရဲတွေ ဝင်ရောက်ရှာဖွေခဲ့ပေမယ့်လည်း ကျားဖြန့်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမတွေ့ရှိဘူးလို့ဆိုပါတယ်။ BGF တွေထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ လာရောက်လုပ်ကိုင်တဲ့ ကျားဖြန့် လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ KNU အဖွဲ့က အကျိုးအမြတ်တွေရရှိနေတာ ထိုင်းအာဏာပိုင်တွေကသိရှိပြီး ဖြစ်ပါတယ်။

ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းတွေ စတင်ဆောင်ရွက်စဉ်က KNU အဖွဲ့ ပိုင်စီးပွါးရေးကုမ္ပဏီတွေနဲ့တရုတ်လုပ်ငန်းရှင်တွေ အဓိကပူးပေါင်းဆောင်ရွက်ထားတဲ့ စာချုပ်စာတမ်းများထွက်ပေါ်လာပြီး အဲ့ဒီအချိန်က တပ်မဟာ(၄) တပ်မဟာမှူး ဖြစ်ခဲ့တဲ့ ဖဒိုကွယ်ထူးဝင်းကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ခိုင်မာတဲ့သက်သေတွေလူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေရပါတယ်။

လက်ရှိရွှေကုက္ကိုလ်နယ်မြေကို ပြည်ပနိုင်ငံသားတွေရောက်ရှိလာဖို့အတွက် KNU အဖွဲ့ရဲ့ခွင့်ပြုချက်မရှိရင် လာရောက်ဖို့မဖြစ်နိုင်တဲ့အတွက် ယခုဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၂၀၀၀ ကျော်ဟာ KNU အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ရောက်ရှိလာသူများသာဖြစ်ပါတယ်။

အတည်ပြုဆဲသတင်းတွေအရ ဖဒိုကွယ်ထူးဝင်းဟာ သူ့နယ်မြေထဲမှာရောက်ရှိနေတဲ့ ကျားဖြန့် online လုပ်ကိုင်သူတွေကို လုံခြုံစိတ်ချရတဲ့ KNU ထိန်းချုပ်နယ်မြေများကို ပို့ဆောင်လျက်ရှိနေကြောင်း သိရှိရပါတယ်။ ဒါကြောင့် ဖဒိုကွယ်ထူးဝင်းဟာ တရုတ်နိုင်ငံကအလိုရှိနေတဲ့ ထိုင်းနယ်စပ်က ကျားဖြန့်ခေါင်းကိုင် ဒုတိယပယ်ဆောက်ချိန် ဖြစ်နေမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် . . . . .

Aung Shinn
Ko'rsatilgan 1 - 9 dan 9
Ko'proq funksiyalarni ochish uchun tizimga kiring.