𝗧𝗵𝗲 𝗘𝗺𝗽𝘁𝘆 𝗖𝗵𝗮𝗶𝗿 : 𝗙𝗶𝗻𝗮𝗹 𝗘𝘅𝗮𝗺 (𝟮𝟬𝟮𝟰)
စာမေးပွဲခန်းထဲမှာ မရှိမဖြစ်လူသုံးမျိုးက
စာရတဲ့ကောင်ရယ်၊စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက်နဲ့ ခိုးချမယ့်ကောင်ရယ်၊ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။
ဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်၊ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။
ထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ကျောင်းသားများအဖို့expectationsတွေနဲ့ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။