Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ပိုင်စိုး avatar
ပိုင်စိုး
ပိုင်စိုး avatar
ပိုင်စိုး
အိုဘယ့် ကွန်မြူနတီ စတန်းဒက်
လူလေးဘာလေး စုချိန်တောင် သိပ်မပေးဘူး၊ ဖျက်ချပြန်ပြီ။ သတင်းတုတွေတင်နေတဲ့ ဆဲဆိုနေတဲ့ လူပေါင်း သိန်းချီကြည့်နေတဲ့ လူတွေ Page တွေကျ ဘာမှ မဘာပဲနဲ့ ဟိုဘက်ရပ်ကွက် နည်းနည်းလောက်ထောက်ပြလိုက်တာနဲ့ ဖြုတ်ချပြီ။ သန္ဓေကိုမကောင်းဘူး။
ခဏနေရင် ပြန်လာခဲ့ပါမယ် Facebook ရေ။

(ပိုင်စိုး)
25.04.202504:41
ဖားစည်သံများ မကြားနိုင်တော့ပါ
---------------------------
(၂၅-၄-၂၀၂၅)

ရှမ်းမြောက်မှာ တိုက်ပွဲတွေငြိမ်သွားတာနဲ့ အချိန်ကိုက် ကရင်ပြည်ဘက်မှာ တပ်စခန်းတွေကို တိုက်ခိုက်မှု ခပ်စိတ်စိတ်ပြုလုပ်လာနေတယ်။ ငလျှင်နဲ့ အပစ်အခတ်ရပ်စဲထားတာက တစ်ကြောင်း၊ NCA ထိုးထားတဲ့ နယ်မြေတွေဖြစ်တဲ့အပြင် ပစ်ကူ စစ်ကူ မလွယ်တဲ့ နယ်စပ်စခန်းတွေမို့လို့ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်ခဲ့ပါဘူး။ KNU ဆိုတာ လက်နက်ကိုင်တွေရဲ့ ဘိုးအေကြီး၊ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရမယ့် အောင်ဆန်းအက်တလီစာချုပ်ကို ကန့်ကွက်ခဲ့တဲ့ အဖွဲ့ပါ။

အဲ့ဒီကတည်းက လက်နက်ကိုင်ခဲ့တဲ့ KNU/KNDO ဟာ အင်းစိန်အစိုးရလို့ခေါ်ရလောက်တဲ့အထိ ရန်ကုန်မြို့ကို သိမ်းပိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က KNU ကိုသာ ပြန်မတိုက်နိုင်ခဲ့ရင် အခုအချိန်လောက်ဆို မြန်မာနိုင်ငံအစား ကော်သူးလေနိုင်ငံဆိုပြီး ဖြစ်ရင်ဖြစ်နေမှာပေါ့။

၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့အချိန်ကတည်းက သူပုန်အဖြစ်တောခိုခဲ့တဲ့ KNU ကြောင့် ကရင်မြေဆိုတာ ဖားစည်သံတွေအစား နေ့စဉ်နဲ့အမျှ ဗုံးခွဲသံတွေပဲကြားရပါတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်လောက်တုန်းက စစ်တပ်ရဲ့ တိုက်ပွဲတွေဟာ ကရင်ခွင်မှာသာ အများဆုံးရှိခဲ့ပါတယ်။

၁၉၉၅ ခုနှစ် DKBA ပေါ်ပြီးတဲ့နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာနဲ့ငြိမ်းချမ်းရေးကို ဦးတည်သွားလို့ ကရင်မြေမှာ ဖားစည်သံလေးတွေ ပြန်ဝေခဲ့ရတယ်။ ကရင်အချင်းချင်း ထိန်းကျောင်းခဲ့ကြလို့ ကရင်မြေဟာ အေးအေးချမ်းချမ်းလေးပြန်ဖြစ်လာပြီး အခုနောက်ပိုင်း တောင်ဝိုင်းတို့ ဇွဲကပင်တို့ဆို တကူးတက သွားရောက်လည်ပတ်ကြတဲ့ ဧည့်သည်လေးတွေနဲ့ စည်စည်ကားကားလေးဖြစ်လာရတယ်။

၂၀၁၅ မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် NCA ထိုးတယ်။ အဲ့ဒီအတွက်လည်း KNU ဟာ တကယ် ငြိမ်းချမ်းရေးကိုလိုလားပြီး ကရင်မြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တော့မယ်လို့ ထင်ခဲ့ဖူးပါတယ်။ ဇွဲကပင်တောင်မှာဆိုရင်လည်း ကေဘယ်ကားတွေနဲ့ အတက်အဆင်းလုပ်နိုင်တော့မယ်လို့ကြားတော့လည်း တိုင်းရင်းသားဒေသလေး တိုးတက်လာတာမြင်ရလို့ မုဒိတာပွားမိပါတယ်။

အခုတော့ နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး စိတ်ရင်းတွေပြန်ပေါ်လာတာပါပဲ။ ၂၀၂၂ တုန်းကတောင် နိုင်ငံတော် အခမ်းအနားတွေတက်နေခဲ့တဲ့ KNU ဟာ ဘာမှ ၂၀၂၁ ဖြစ်စဉ်ကြောင့် တိုက်ပွဲတွေပြန်ဖော်နေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ကွက်အဖော်ခံနေရတဲ့အပြင် ငလျင်ဒဏ်နဲ့ အလုပ်တွေပိုနေတဲ့ စစ်တပ်ကို အခွင့်ကောင်းယူတာသက်သက်ပဲ။

အခုလ ၁၉ ရက်နေ့က KNU သိမ်းလိုက်တဲ့ ထီးထ စခန်းဆိုတာ ကရင်အဖွဲ့တွေကို တိုက်ဖို့ လုပ်ထားတဲ့ စခန်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်တိုက်ခိုက်ရင် ရှေ့ပြေးခုခံဖို့လုပ်ထားတဲ့ စခန်းတစ်ခုပဲ။ အဲ့ဒီအတွက် လေယာဉ်ပစ်သေနတ်တွေလည်း တပ်ဆင်ထားတယ်။

အဲ့ဒီတော့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ ယုံကြည်လို့ရသလဲဆိုတဲ့မှတ်ကျောက်ကို ကိုယ့်ဘာသာပဲ တင်လိုက်ကြတာမို့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကိုလည်း ကိုယ်ပဲရင်စည်းခံကြဖို့ ပြောရမှာပဲ။ ကရင်ပြည်သူတွေအနေဲ့လည်း ဖားစည်သံအစား လေယာဉ်သံတွေ ကြားခဲ့ရင် NCA စာချုပ်ကိုဖောက်ဖျက်ပြီး နယ်စပ်စခန်းတွေကို တိုက်ကွက်ဖော်နေတဲ့ KNU ကိုပဲသွားအပြစ်တင်ကြပါ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid026DWtqLR7Ztttm8uQ2HDqGVWRWP6B6RFDpsjD5TiJedvVgJqZtQPv19ue7KWduoTtl&id=61573845303977

Telegram တွင်ဖတ်ရန်
https://t.me/paing_soe21
23.04.202504:27
လူငယ်နဲ့စနစ်
--------------------
(၂၃-၄-၂၀၂၅)

တနေ့ကတင်ထားတဲ့ ပဲခူးတိုင်းထဲက သုံးဘီးဆိုင်ကယ်မောင်သူကို လူသတ်လုယက်မှုနဲ့ စပ်လျဉ်းပြီး ဒီနေ့ မြန်မာ့လူငယ်တွေအကြောင်းကို စဉ်းစားမိတယ်။ အသတ်ခံရသူက အသက် ၆၂ နှစ်အရွယ်၊ သတ်တဲ့ လူတွေက အသက် ၂၀ နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ယောက်။ ပဲခူးမှာ အဲ့လိုအမှုတွေ အများကြီးပဲ။ ဆိုင်ကယ်ကယ်ရီငှားတယ်၊ လူရှင်းတဲ့နေရာ ဓားထောက်ပြီး ဆိုင်ကယ်ယူသွားတယ်။

ပြီးခဲ့တဲ့လတွေတုန်းကလည်း ကလေး (၂) ယောက်ကို ဆယ်ကျော်သက်အရွယ်တွေ ခဲနဲ့ထုသတ်ကြတာ မှတ်မိကြဦးမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ မျိုးဆက်သူလူငယ်တွေ ဘာမှားနေကြသလဲ။ လူတစ်ယောက်ကို သတ်ဖို့ ဖြတ်ဖို့အထိ ရက်စက်တဲ့စိတ်တွေ ဒီအရွယ်လေးတွေရဲ့ရင်ထဲ ဘယ်လိုများရောက်ကုန်ကြသလဲ။

ဒီမေးခွန်းကို မေးရင် ကိုယ်နဲ့အမြင်မကြည်ရာ အဖွဲ့အစည်းအသီးသီးကို လက်ညှိုးထိုးကြမှာ မလွဲပါဘူး။ တကယ်တော့ ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီကိုယ်တိုင်က စောင့်ထိမ်းရမယ့်ဝတ္တရားတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပျက်ကွက်ခဲ့ကြတာပါ။

အခြေခံလေး တစ်ခုကနေ စပြောကြပါစို့။ ဂျပန်၊ ရုရှား၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ မည်သည့်စတိုးဆိုင်မဆို (လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြား) ၁၈ နှစ်အောက် ကလေးတွေကို ဆေးလိပ်၊ အရက် လုံးဝမရောင်းပေးပါဘူး။ ဆေးလိပ်အရက်လာဝယ်သူက အသက်ငယ်တဲ့ပုံပေါက်ရင် နိုင်ငံခြားသားကအစ passport ပြရပါတယ်။ ဒါဟာ နိုင်ငံရဲ့ ဥပဒေကြောင့်ဆိုတာလည်း ပါသလို နိုင်ငံသားတွေရဲ့ တစ်ဦးချင်းအတွေးအခေါ်တွေကြောင့်လည်း ပါပါတယ်။

ကိုယ့်နိုင်ငံက လူငယ်တွေကျတော့ ဆေးလိပ်၊ အရက်ဆိုတာမျိုးကို မိဘတွေကိုယ်တိုင်က ဝယ်ခိုင်းတတ်ကြသလို အိမ်ဆိုင်ကနေစူပါမားကတ်တွေအထိ အသက်မပြည့်လို့ မရောင်းပေးပါဘူးဆိုတာမျိုး မရှိဘူး။ အယုတ်အလတ်အမြတ်မရွေး အကုန်ရောင်းပါတယ်။ ဆေးလိပ်ဘူးတွေမှာ အရက်ပုလင်းတွေမှာ ၁၈ နှစ်အောက်မရောင်းရလို့ စာကပ်ထားယုံနဲ့ ဥပဒေတစ်ခု ဖြစ်မလာသလို လူငယ်တွေမို့ မရောင်းရဘူးဆိုတဲ့ အသိလည်း မရှိကြပါဘူး။

နောက်တစ်ခုကတော့ လောကနီတိလို့ခေါ်တဲ့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို လေ့ကျင့်ပေးဖို့ အားနည်းတာပါ။ လူငယ်ဆိုတာက အတုမြင် အတတ်သင်လေ့ရှိကြတယ်။ အထူးသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူလတ်ပိုင်းတွေကို အတုယူပြီး လိုက်လံတုပလေ့ရှိပါတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ လူမှုပတ်ဝန်းကျင်က ကလေးတွေဟာ အလိုလို ဘာသာရေးကိုင်းရှိုင်းလာတတ်ကြပြီး ရိုင်းရိုင်းစိုင်းစိုင်းပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြတဲ့ ကလေးတွေကတော့ ဘယ်သူမှ သင်စရာမလိုပဲ လူအရိုင်းတစ်ပိုင်းလေးတွေဖြစ်လာတတ်ကြတယ်။

ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေမှာ ကလေးတွေအတွက် မူလတန်းကနေစပြီး ကားပေါ်မှာ၊ ရထားပေါ်မှာ ဘယ်လိုပြုမူရမယ်၊ အသက်ကြီးသူတွေကို ဘယ်လိုဆက်ဆံရမယ်၊ ကိုယ်ဝန်ဆောင်တွေနဲ့ ဒုက္ခိတတွေကို ဘယ်လိုကူညီရမလဲ စသဖြင့် လေ့ကျင့်ပေးနေချိန်မှာ ကျွန်တော်တို့နိုင်ငံကတော့ သေနတ်ပစ်နည်း သင်ပေးနေကြတယ်။ ခါးပိုက်နှိုက်နည်း သင်ပေးနေတယ်။ ဓါးပြတိုက်နည်း သင်ပေးနေတယ်။

ဂျပန်မှာ ကလေးတိုင်း ကျောင်းနေရဖို့၊ ကျောင်းတိုင်းမှာ ထမင်းချိုင့်မယူရပဲ နေ့လည်စာကို ကိုယ့်တာဝန်ကိုယ်ယူပြီး စားသောက်တတ်စေဖို့၊ လောကနီတိတွေ သင်ပေးဖို့စသဖြင့် အစိုးရက စနစ်တွေ တည်ဆောက်ပေးထားသလို ပြည်သူတွေကလည်း ကိုယ့်မျိုးဆက်သစ်တွေအပေါ် စေတနာအပြည့်ထားပြီး စနစ်တွေကို လိုက်အကောင်အထည်ဖော်ပေးကြတယ်။ စနစ်နဲ့ စေတနာ ပေါင်းလိုက်တဲ့အခါမှာ ကျွန်တော်တို့ လိုက်မမှီတဲ့ ဂျန်နရေးရှင်းတွေ ဖြစ်လာကြတာပါပဲ။

ဆရာ၊ ဆရာမတို့ လက်ထဲ ကျွန်မသားသမီးကို အပ်ပါတယ်၊ ရိုက်သာရိုက်ပါဆိုတဲ့ ခေတ်ကနေ ကိုယ့်သားသမီး ထိရဲရင် ထိကြည့်၊ ဆရာလည်း မကျန်ဘူး၊ မီးပွင့်သွားမယ်ဆိုတဲ့ ခေတ်ကို ရောက်လာတာဟာ ကောင်း၏၊ မကောင်း၏လို့ မဆိုလိုချင်ပေမယ့် လောကနီတိလောက်ကတော့ ကိုယ်တိုင်သင်ကြားပေးဖို့ တာဝန်ရှိပါတယ်။

အချုပ်ဆိုရမယ်ဆိုရင် ကိုယ့်မျိုးဆက်သစ်တွေအတွက် အစိုးရရဲ့ စနစ်တွေတွေလိုအပ်သလို မိဘတွေရဲ့ အုပ်ထိန်းမှုလည်း လိုပါတယ်။ အထူးသဖြင့် ၁၈ နှစ်အောက်အရွယ်တွေကို ဖုန်းနဲ့ ဆိုရှယ်မီဒီယာ ကန့်သတ်မှုတွေ အများကြီးလိုအပ်ပါတယ်။ ဒါဟာ ကလေးသူငယ်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ကျင့်သုံးနေတဲ့ ဥပဒေပါ။ သူများနိုင်ငံတွေက ဖုန်းတစ်လုံးသုံးဖို့တောင် ၁၈ နှစ်မပြည့်ရင် ထိန်းချုပ်နေကြပေမယ့် ကိုယ့်နိုင်ငံမှာတော့ ငါးနှစ်နဲ့ သေနတ်ပစ်နည်းသင်ပေးနေကြတာဟာ ရင်လေးစရာပါပဲ။

(ပိုင်စိုး)

Facebook တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0rNvtJDx5Th3zttNieoN9GrpjC2QcXRsHiML7X73YcSzTqbjczETXV7UE5EwotApCl&id=61573845303977
အပစ်အခတ်ရပ်စဲရေး နောက်ဆက်တွဲ (ပိုင်စိုး)
နိုင်ငံရေးဆိုတာ

PDF တွေရဲ့အသက်တွေအများကြီးစတေး၊ ပြည်သူ့အိုးအိမ်တွေအများကြီးဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲဟာ ဗျူဟာတစ်ချက်အလှည့်မှာ ကျည်တစ်တောင့်မဖောက်ရပဲ ပြန်ပေးလိုက်ရတယ်။ ဖြေကြပါဦး။
ဘယ်သူနိုင်‌သလဲလို့။
(ပိုင်စိုး)
15.04.202504:21
မုသားတွေ သင်္ကြန်ရေနဲ့မျောစေ
------------------------------
(၁၅-၄-၂၀၂၅)

ဒီရက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ ကွန်မန့်တွေဖတ်ပြီး နှစ်ထောင်းအားရဖြစ်နေမိတာ ကိုယ်တစ်ယောက်ပဲလားတော့ မသိဘူး။ ဘာလို့လိဆိုတော့ ဧရာဝတီတို့၊ မဇ္ဇိမတို့ သတင်းတွေအောက်မှာဖြစ်ဖြစ် Tiktok က တော်လှန်ရေးပို့စ်တွေအောက်မှာဖြစ်ဖြစ် အရင်လို တစ်ဖက်တည်းထောက်ခံအားပေးတဲ့ ကွန်မန့်တွေ မကြီးစိုးတော့ပဲ ဖြစ်သင့်ဖြစ်ထိုက်တာ အမြင်မတော်တာတွေကို ဝင်မန့်တဲ့ကွန်မန့်တွေ များလာလို့ပါ။

အရင်ကဆို ကွန်မန့်ဆက်ရှင်ဆိုတာ NUG/PDF/EAO ထောက်ခံသူတွေရဲ့ကွန်မန့် တွေကိုသာ တွေ့ရလေ့ရှိပြီး ကြားနေပြည်သူတွေဖြစ်စေ တပ်ထောက်ခံသူတွေဖြစ်စေ ဝင်မရေးရဲလောက်အောင် ဆိုရှယ်မီဒီယာကို ကြီးစိုးခဲ့ပါတယ်။ သူတို့နဲ့ အမြင်ချင်းမတူတဲ့ ကွန်မန့်ဆိုတာနဲ့ အုံလိုက်ကျင်းလိုက် ဝင်ဆဲကြတော့ တော်ရုံလူတွေက အကုသိုလ်ယူပြီး ဝင်မရေးကြတော့ဘူး။

ဒီလိုမရေးကြတော့တဲ့အတွက် ကွန်မန့်ဝင်ဖတ်မိသူအပေါင်းဟာလည်း ဒီမီဒီယာတွေက ရေးသားထားတာသာ အမှန်ထင်သွားပြီး ဘာကြောင့်မို့ ဘာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မစီစစ်နိုင်ကြတော့ပါဘူး။

အခု ၂၀၂၅ ငလျင်ကြီးအပြီးမှာတော့ ကြားနေပြည်သူတွေဟာ ထိန်းချုပ်ထားရမှုတွေကို စိတ်ကုန်သွားကြပြီထင်ပါရဲ့။ တောပြောတောင်ပြော မီဒီယာတွေ/ တစ်တော့ဗီဒီယိုတွေ အောက်မှာ တပ်ထောက်ခံသူမဟုတ်တဲ့ အမြင်မတော်သူ ပြည်သူတွေရဲ့ ပြန်လည်ဝေဖန်တုန့်ပြန်မှုတွေ ကို မြင်လာရတယ်။

တကယ်ဆို မြန်မာတွေအသုံးအများဆုံး ဖေ့စ်ဘုတ်ရုံးက ငွေပေးပြီးခိုင်းထားတဲ့ မြန်မာဝန်ထမ်းတွေကြောင့် အခုလောက်ထိ ကိုယ်နိုင်ငံသွေးကွဲခဲ့ရတာလို့ ကိုယ်တွေကတော့ ယူဆတယ်။ အမှားအမှန်ထောက်ပြ၊ ဝင်ရေးသမျှအားလုံးကို ဖြုတ်ချ၊ ဖျက်ချနေတာကြောင့် ဝင်ပြောသူမရှိ၊ မုသာဝါဒတွေသာ ဖဘပလက်ဖောင်းမှာ မြင်နေခဲ့ရတယ်။

အခုတော့ ဒီသင်္ကြန်ရေနဲ့ မုသာဝါဒတွေ မျောစပြုလာပါပြီ။ မယုံရင် ဧရာဝတီ/မဇ္ဇိမ/ခေတ်သစ် မီဒီယာတွေ၊ PDF တွေရဲ့ Tiktok ဗီဒီယိုတွေအောက်က ကွန်မန့်တွေကို ဝင်ဖတ်ကြည့်ကြပါ။ပြည်သူတွေ မအ တော့တာမဟုတ်ပါဘူး။ ပြည်သူတွေ သတ္တိရှိလာတာပါ။ အမှန်ကို ပြောရဲလာကြတဲ့ သတ္တိပေါ့။

(ပိုင်စိုး)
စစ်ပွဲရဲ့ အနိဌာရုံများ

အစ္စရေးတွေရဲ့တိုက်ခိုက်မှုကြောင့် အငတ်‌ဘေးခံစားနေရတဲ့ ပါလက်စတိုင်းသားများ။ ၁၉၄၇ ဗြိတိသျှတွေဟာသူ့ရဲ့ကိုလိုနီနယ်မြေတွေကို လွတ်လပ်ရေးပေးချ့ပမယ့် ပြဿနာတွေကိုယ်စီနဲ့ထားခဲ့တယ်။ အိန္ဒိယ-ပါကစ္စတန်လည်း အခြေအနေမကောင်းဘူး။ စစ်ပွဲပြန်စနေပြီး ထုံးစံအတိုင်း အမေရိကန်နဲ့တရုတ်ကတော့ ဘေးတီးပေါ့။ ဘာသာရေးနဲ့မွှေးတယ်။ လူမျိုးရေးနဲ့မွှေးတယ်။ လူတွေရဲ့အတ္တတွေထပ်ပေါင်းလိုက်တဲ့အခါ မီးတောက်တွေကကြီးလာတယ်။ တစ်ချိန်ကျရင် တူသောအကျိုးပေးကြဦးမှာပါ။
(ပိုင်စိုး)
ဖားစည်သံများ မကြားနိုင်တော့ပါ (ပိုင်စိုး)
လူငယ်နဲ့ စနစ် (ပိုင်စိုး)
21.04.202508:40
Degeneration ဒါမှမဟုတ် downfall of society

ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ လူငယ်တွေပါ။ သွက်လက်ထက်မြက်ပြီး ရေရှည်ကို တွေးခေါ်မျှော်မြင်တတ်တဲ့၊ အဆင့်မြင့်နည်းပညာတွေ တတ်ကျွမ်းတဲ့၊ လူကြီးတွေထက် ဖောက်ထွက်နိုင်စွမ်းနဲ့ သတ္တိရှိတဲ့ လူငယ်တွေကသာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။

နိုင်ငံတကာက ကလေးတွေ ပြိုင်ကြတဲ့ Junior genius ဆိုတဲ့ ပွဲကိုကြည့်ပြီး ကိုယ့်နိုင်ငံက ကလေးငယ်တွေကိုလည်း အဲ့လို ထွန်းပေါက်စေချင်ခဲ့တာ။ အခုတော့ သေနတ်ကိုင်လိုက် ဓားကိုင်လိုက်နဲ့ ဓားပြလေးတွေ ဖြစ်နေကြပြီ။

အဲ့လိုပြောရင်လည်း ဟိုစနစ် ဒီစနစ်ဆိုပြီး လက်ညှိုးထိုးကြဦးမယ်။ စနစ်ဆိုတာထက် လူတစ်ဉီးတစ်ယောက်ချင်းစီရဲ့ Mindset ကပိုပြီး အရေးကြီးပါတယ်။ အချိန်မီပါသေးတယ်။ ကိုယ့်အနီးအနားမှာ ရှိနေတဲ့ ကလေးတွေရဲ့ အတွေးအခေါ်ကို သေနတ်တွေ ဓားတွေမကြီးစိုးသွားပါစေနဲ့။ ကိုယ်နဲ့မဆိုင်သလိုလည်း မနေကြပါနဲ့။

(ပိုင်စိုး)
18.04.202504:35
ရခိုင့်အရေး၊ မြန်မာ့အရေး
--------------------
(၁၈-၄-၂၀၂၅)

ကဲ… မြန်မာ့သင်္ကြန်ကြီးလည်း ရိုးရာမပျက် အေးအေးချမ်းချမ်းပြီးသွားခဲ့ပြီ။ ပျော်ဖို့အတွက် မဏ္ဍပ်ကြီးတွေ မလိုပါဘူး။ မြို့အလိုက် သူ့ဟာနဲ့သူတော့ ပျော်ပျော်ရွှင်ရွှင် စည်စည်ကားကားလေး ရှိကြတာတွေ့ရတယ်။ ကျောက်မြောင်းရခိုင် သင်္ကြန်ဆိုတာတွေ့ရတော့ သဘောကျပါတယ်။ ရခိုင်တို့ မွန်တို့က သင်္ကြန်ကို ကျန်တိုင်းရင်းသားတွေထက် ပိုကြိုက်ကြတယ်မှတ်လား။ ပျော်နေကြတာမြင်ရတော့ စိတ်ချမ်းသာတယ်။

စိတ်မကောင်းစရာက ပြည်မရောက်နေတဲ့ ရခိုင်တွေကလွဲလို့ ကျန်ရခိုင်ပြည်နယ်မှာတော့ အရင်လို သင်္ကြန်ကို ပျော်နိုင်မယ်မထင်ဘူး။ အရေးထဲ Legacy IAS Academy လို့ခေါ်တဲ့ အိန္ဒိယပုဂ္ဂလိကကျောင်းရဲ့ ဘင်္ဂလားစစ်တပ်ဟာ အမေရိကန်ရဲ့အထောက်အပံ့တွေနဲ့အတူ ရခိုင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့သွားမယ်ဆိုတဲ့ သတင်းကြောင့် အံ့ဩမိသွားတယ်။

လောလောဆယ် ဘယ်ကရမှန်းမသိတဲ့ သတင်းကို လက်ချာပုံစံလုပ်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ ဘင်္ဂလားဒေ့ချ်တပ်မတော်က မြန်မာ့အစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်တဲ့ နည်းပညာ၊ အထောက်အပံ့တွေ ပေးသွားမယ်ဆိုတဲ့ သတင်း။ ဒီသတင်းအမှန်ဆိုရင် အဲ့တာ ပြည်ပစစ် အတိအလင်းကြေငြာတာပဲပေါ့။

တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ဘင်္ဂလားအစိုးရဟာ မြန်မာအစိုးရနဲ့ ဘင်းစတက်အစည်းအဝေးမှာလည်း တွေ့ဆုံခဲ့တယ်။ ငလျင်အတွက်လည်း အကူအညီအဖွဲ့တွေ စေလွှတ်ကူညီနေတာမို့လို့ ဒီသတင်းဟာ ဖွသတင်းသက်သက် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် သတိဆိုတာပိုတယ်မရှိမို့လို့ ဘင်္ဂလားနယ်စပ်က ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ AA တို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှရမယ်။

AA က ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ရင်ပြီးသွားမယ်လို့ မထင်ကြနဲ့။ အဲ့ဒီအချိန်ကျမှ ဇာတ်လမ်းစမှာ။ သိန်းသန်းချီနေတဲ့ ဘင်တွေအတွက် နိုင်ငံတော်အသစ် ဖော်ဆောင်မယ့်လမ်းမှာ ရခိုင်တွေက အသုံးချခံဖြစ်သွားလိမ့်မယ်။

ကိုယ့်လူမျိုးအချင်းချင်း ညှိနှိုင်းလို့ရတယ်။ ပြည်တွင်းစစ်ကနေ ပြည်ပစစ်ဖြစ်သွားမယ်ဆိုရင် အဲ့ဒီနယ်မြေက ဖုန်ဆိုးမြေသာသာဖြစ်သွားရမှာ အားလုံးသတိချပ်စေချင်တယ်။

(ပိုင်စိုး)
မုသားတွေ သင်္ကြန်ရေနဲ့ မျောစေ (ပိုင်စိုး)
ဒီရက်ပိုင်း ကိုယ့်နိုင်ငံရဲ့ အထင်ကရနေရာ/ အဆောက်အဦတွေ ပျက်စီးနေတာမြင်ရတော့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ စကားကိုပဲ ပြန်ကြားယောင်နေမိတယ်။

ခုနကပိုစ်မှာ တင်ထားတဲ့ Utter Devastation (အလုံးစုံပျက်သုန်းရေး) ဆိုတဲ့စကားစုက ၁၉၉၅ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တာပါ။

"ဆွေးနွေးရင်ဆွေးနွေး၊ မဆွေးနွေးရင် အလုံးစုံပျက်သုန်းသွားမယ်" ဆိုတဲ့ခြိမ်းခြောက်မှုနဲ့ အတူနိုင်ငံရေးလောကထဲပြန်ဝင်လာတဲ့ နောက်ကွယ်မှာ အဲ့ဒီအချိန်ကတည်းက ဘယ်အထောက်အကူ ဘယ်အားကိုးတွေရှိနေလဲဆိုတာ ခန့်မှန်းကြဖူးပါသလား။

ရထားတဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ အလုံးစုံပျက်သုန်းရေးဆိုတဲ့စကားဟာ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲကနေ အနိုင်ရပြီး လွှတ်တော်ထဲရောက်တော့လည်း စစ်တပ်ကို လက်စားချေဖို့ပဲ တစိုက်မတ်မတ် လုပ်လာခဲ့တာတွေ့ရတယ်။

ဒါကိုပဲ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ က ခန့်မှန်းခဲ့တာ မှန်တယ်ဆိုပြီး သတင်းစာတစ်ခုမှာတွေ့လို့၊ ခန့်မှန်းတာမဟုတ်ဘူး မိတ်ဆွေရေ၊ မဖြစ်ဖြစ်အောင်လုပ်သွားတာဗျ။ ဒေါ်လာ တစ်ဘီလီယံကို နိုင်ငံခြားဘဏ်မှာကြိုအပ်ထားတာမျိုး၊ အရေးအခင်းမစခင်ကတည်းက ရန်ကုန်ထဲ လက်နက်တွေစိမ့်ဝင်နေတာမျိုးက တိုက်ဆိုင်သွားတာမဟုတ်ဘူး။

(ပိုင်စိုး)
24.04.202504:42
နတ်ပြည်နဲ့ငရဲ (သို့မဟုတ်) ကတ်ရှ်မီးယား
----------------------------------
(၂၄.၄.၂၀၂၅)

ကတ်ရှ်မီးယားဒေသကို ရောက်ဖူးသူတိုင်းက နတ်ပြည်လို့ တင်စားကြတယ်။ စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ နှင်းစကိတ်စီးကွင်းတွေကြောင့် နာမည်ကြီးပြီး ကမ္ဘာလှည့်ခရီးသွားတွေ ဆယ့်နှစ်ရာသီလုံး မပြတ်လာရောက်ကြတဲ့ နေရာလည်းဖြစ်တယ်။
ဒါပေမယ့် ကတ်ရှ်မီးယားဟာ အခုအချိန်ထိ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နယ်မြေလုစစ်ပွဲတွေနဲ့ ဘာသာရေး အစွန်းရောက်တွေကြောင့် ငရဲဖြစ်နေရတဲ့ အချိန်တွေလည်း ရှိပါတယ်။

ဗြိတိသျှကုန်သွယ်ရေးကုမ္ပဏီ East India Company ရဲ့ ကျူးကျော်မှုကို မခံရခင်အချိန်တုန်းက အင်းဒပ်မြစ်ဝှမ်း လွင်ပြင်ဟာ အိန္ဒိယတွေ ပါကစ္စတန်တွေ ဘင်္ဂလားဒေ့ချ်တွေမရှိ Mughal Empire ကြီးအဖြစ် ရှိခဲ့ပါတယ်။ ကတ်ရှ်မီးယားဟာလည်း Mughal Empire လက်အောက်ခံ နယ်မြေတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၈၅၇ ခုနှစ် Mughal Empire ကြီးပြိုကွဲသွားပြီး ဗြိတိသျှတွေ အုပ်ချုပ်တဲ့အချိန်မှာတော့ ကတ်ရှ်မီးယားဒေသဟာ ဗြိတိန်ဘုရင်ရဲ့တိုက်ရိုက်အုပ်ချုပ်မှုနယ်မြေထဲမှာ မပါတဲ့ ဗြိတိန်လက်အောက်ခံ မဟာရာဂျာတွေ အုပ်ချုပ်ခဲ့ရတဲ့ နယ်မြေဖြစ်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် အိန္ဒယ၊ ပါကစ္စတန်အဖြစ် နိုင်ငံနှစ်ခုအဖြစ် လွတ်လပ်ရေးပေးတဲ့အချိန်မှာတော့ ဗြိတိန်ဟာ မဟာရာဂျာတွေ အုပ်ချုပ်တဲ့နယ်မြေတွေကို ကိုယ်ကြိုက်ရာ နိုင်ငံနဲ့ပေါင်းချင်ရင်လည်း ပေါင်းခွင့်ပေးခဲ့သလို မပေါင်းချင်ရင်လည်း ဒီအတိုင်းရှိနေခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် ကတ်ရှ်မီးယား မဟာရာဂျာဟာ ဘယ်ဘက်ကိုမှ မပေါင်းပဲနေခဲ့ပါတယ်။

မူစလင်ကိုးကယ်သူ ၇၇ ရာခိုင်နှုန်းရှိတဲ့ ကတ်ရှ်မီးယားဟာ မိမိတို့ဘက်ကိုပေါင်းလိမ့်မယ်လို့ ယူဆထားတဲ့ ပါကစ္စတန်ဟာ ဟိန္ဒူဘာသာဝင် မဟာရာဂျာရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် သူတို့ရဲ့ ဘာသာဝင်တွေကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကတ်ရှ်မီးယားကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ မဟာရာဂျာဟာ အိန္ဒိယဘက်ကို အကူအညီတောင်းတဲ့အခါ အိန္ဒိယကလည်း သူတို့ဘက်ကို ပေါင်းရင် ကူညီမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့်မို့ မဟာရာဂျာက အိန္ဒိယကိုပူးပေါင်းမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ ကတ်ရှ်မီးယားစစ်ပွဲတွေ သုံးကြိမ်အထိ ဖြစ်ခဲ့ရပြီး UN က ကြားဝင်ဖြန်ဖြေပေးမှုတွေလုပ်ခဲ့ရပါတယ်။

အခုဆိုရင် ကတ်ရှ်မီးယားဒေသရဲ့ ၅၅ ရာခိုင်နှုန်းကို အိန္ဒိယက အုပ်ချုပ်နေပြီး ၃၅ ရာခိုင်နှုန်းကိုတော့ ပါကစ္စတန်က အုပ်ချုပ်ပါတယ်။ ကျန် ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ Aksai Chin နယ်မြေကတော့ ၁၉၆၇ ခုနှစ် တရုတ်-အိန္ဒိယစစ်ပွဲမှာ အိန္ဒိယတွေ ရှုံးခဲ့တဲ့အတွက် လောလောလတ်လတ် အိန္ဒိယနိုင်ငံနယ်မြေဖြစ်ပေမယ့် တရုတ်အုပ်ချုပ်မှုအောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပါတယ်။

ဆိုတော့ ပြောရမယ်ဆိုရင် ကတ်ရှ်မီးယားဒေသကြီး တစ်ခုလုံးဟာ ဘယ်နိုင်ငံနယ်မြေပါလို့ UN ကပါ အဆုံးအဖြတ်မပေးထားပဲ အိန္ဒိယ၊ ပါကစ္စတန် နဲ့ တရုတ်နိုင်ငံတို့ရဲ့ အငြင်းပွားနယ်မြေလို့ သတ်မှတ်ထားပါတယ်။

ဒီအတွက်ကြောင့် တရားဥပဒေစိုးမိုးမှုလည်း အားနည်းတဲ့အတွက် ခဏတိုင်း ခရီးသွားအဖွဲ့တွေ အကြမ်းဖက်မှုတွေ ကြုံတွေ့ရတဲ့ နယ်မြေဖြစ်ပါတယ်။
၂၂ ရက်နေ့က ဖြစ်ခဲ့တဲ့ လူ ၂၈ ယောက်ကျော် သေဆုံးတဲ့ ခရီးသွားအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အခုလောလောလတ်လတ်မှာတော့ ခရီးစဉ်တွေနဲ့ လေယာဉ်တစ်ချို့ ရပ်နားထားတယ်လို့ သိရပါတယ်။

အဲ့ဒီအကြမ်းဖက်မှုကြောင့် အိန္ဒိယက ပါကစ္စတန်နဲ့ မြစ်ရေအတူသုံးစွဲရေးအပါအဝင် သဘောတူညီထားတဲ့ သဘောတူညီချက်အချို့ကို ရပ်ဆိုင်းထားတယ်လို့လည်း သိရပါတယ်။ ဘာသာရေးအစွန်းရောက်တွေကြောင့်ပဲဖြစ်စေ၊ နိုင်ငံရေး အစွန်းရောက်တွေကြောင့်ပဲဖြစ်စေ လက်နက်ကိုင်လမ်းစဉ်ကတော့ နတ်ပြည်ကို ငရဲဖြစ်သွားစေနိုင်တာ ကိုယ့်လူမျိုးတွေ အသိဆုံးဖြစ်မှာပါ။

(ပိုင်စိုး)
လားရှိုးကို ပြန်ဝင်လာကြတဲ့ လားရှိုးမြို့သူမြို့သားတွေ

စစ်ပွဲတွေပြီးသွားလို့ ကိုယ့်အိမ်ကိုယ်ပြန်ကြရင်တောင် အခွင့်အရေးရတုန်း အိမ်ပေါ်အခန့်သားတက်နေ နေတဲ့ လူတွေနဲ့ ရှင်းရမယ့် ပြဿနာလေးတွေရှိမယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ရပ်ကွက်သာညီပါစေ။ ပပျောက်သွားပါလိမ့်မယ်။
ဓာတ်ပုံတွေကပြောတဲ့ စကားကို ကြားနိုင်ကြပါစေ။

Photo Credit
(ပိုင်စိုး)
19.04.202515:02
ရခိုင်ပြည်နယ်မှာ Proxy စစ်ပွဲ ဖြစ်လာတော့မှာလား
----------------------
(၁၉-၄-၂၀၂၅)

အခုတလော အိန္ဒိယနိုင်ငံက ထုတ်လိုက်တဲ့ သတင်းတစ်ပုဒ်ကြောင့် လိုင်းပေါ်မှာ ပွဲဆူနေတယ်။ အမေရိကန်က ဘင်္ဂလားဒေ့ချ်စစ်တပ်ကနေတဆင့် AA နဲ့ CNF ကို အထောက်အပံ့တွေပေးသွားမယ်ဆိုတဲ့သတင်းရယ်၊ အမေရိကန်စစ်ဗိုလ်ချုပ်တွေ ဘင်္ဂလားဒေ့ချ်မှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်နဲ့ တရုတ်တို့ရဲ့ Proxy War ဟာ ရခိုင်မြေမှာ ဖြစ်ကြတော့မလားလို့ ပူပင်နေကြတာပေါ့။

ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ကိုစဉ်းစားတဲ့နေရာမှာ လက်ရှိ အမေရိကန်နဲ့ တရုတ်အခြေအနေကိုလည်း ထည့်တွက်ရတယ်။ အားလုံးသိတဲ့အတိုင်း အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲက စတင်နေပြီး နှစ်ဖက်လုံး ဖြစ်လာမယ့် အဆိုးဆုံးတွေအတွက် ပြင်ဆင်နေရတဲ့အချိန်ပါ။ ထရမ့်ဆိုရင်လည်း သူတစ်ယောက်တည်း ဥပဒေတွေထုတ်လိုက်၊ ရွှေ့ဆိုင်းလိုက်နဲ့ အမျိုးစုံကြိုးခုံနေရသလို တရုတ်ဆိုရင်လည်း သူ့ရဲ့ ထုတ်ကုန်တွေကို အခြားနိုင်ငံတွေမှာ ရောင်းချနိုင်ဖို့ သမ္မတကိုယ်တိုင် ပရိုမိုးရှင်းဆင်းနေရတဲ့အခြေအနေမျိုးပါ။

ဆိုတော့ တရုတ်ရဲ့ကုန်စည်စီးဆင်းမှုအတွက် အသက်ရှုပေါက်တစ်ခုဖြစ်လာမယ့် မြန်မာ့မြေမှာ ငြိမ်းငြိမ်းချမ်းချမ်း စီးပွားကူးသန်းလို့မရအောင် အမေရိကန်က Proxy War ဖန်တီးမယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် AA ဆိုတာကို အမေရိကန်က ထောက်ပံ့ချင်ရင် ဘင်္ဂလားဒေ့ချ်ကြားခံ မလိုပါဘူး။ USAID အထောက်အပံ့တွေတောင် AA စခန်းတွေမှာ တွေ့ရသေးတာပဲ။ အခုမှ အမေရိကန်က မြန်မာကို သိလာသလိုရေးနေကြလို့ တကယ်ဆို AA က အရှင်မွေးပြီး နေ့ချင်းကြီးလာတာ တရုတ်ကြောင့်မဟုတ်ပါဘူး။

Proxy War အပြင် စိုးရိမ်စရာနောက်တစ်ခုရှိသေးတယ်။ ရခိုင်ပြည်နယ်ဟာ အရင်ကတည်းက OIC နိုင်ငံတစ်ခုဖြစ်လာဖို့ အာဂျင်တာရှိတဲ့ နယ်မြေဆိုတာ နိုင်ငံရေးစိတ်ဝင်စားသူတိုင်း သိကြပါတယ်။ RSO/ARSA စသဖြင့် ဘာသာရေးအမည်ခံတဲ့ အဖွဲ့တွေရဲ့ ရန်ကရှိနေတဲ့အပြင် တရုတ်နဲ့ အမေရိကန်ရဲ့ Proxy စစ်ပွဲဆိုတာကလည်း -၅၀-၅၀ ပြောလို့မရနိုင်တဲ့အခြေအနေပါ။ ဒီအတွက်ကြောင့် ရခိုင်ကို အားလုံးက ဝိုင်းပြီးတော့ စိုးရိမ်နေကြတာ။

AA က အမေရိကန် အထောက်အပံ့တွေရပြီး တပ်ကိုချ၊ တပ်ကို တရုတ်က ပြန်ကူပြီး AA ကိုပြန်ချ။ နှစ်ဖက်လုံး စစ်ပန်းနေတဲ့အချိန် RSO/ARSA တို့က အချောင်ဝင်နှိုက်။ ကောင်းရောပေါ့။ ဘာစစ်ပွဲပဲဖြစ်နေပါစေ၊ ရခိုင်ပြည်နယ်ထဲက ရခိုင်လူမျိုးတွေရဲ့ မြို့တွေဆိုတာကို မမေ့ပါနဲ့။

တပ်ဖက်က ပေးထားရတဲ့မြို့တွေကိုဘာမှ မလုပ်ပဲ ဒီအတိုင်းထားပေးထားတာတောင် အင်တာနက်ရအောင်၊ မီး/ရေ ရအောင် စွမ်းဆောင်မပေးနိုင်သေးတဲ့ ထွန်းမြတ်နိုင်တစ်ယောက် တကယ် Proxy War ဆိုပြီး မြို့တွေ ရွာတွေမှာ အုန်းဂျိမ်း အုန်းဂျိန်းသာ ချကြရရင် ဘယ်လိုတွေ စီမံအုပ်ချုပ်မလဲ တွေးလို့တောင်မရဘူး။

ဒါတောင် ရခိုင်လူမျိုးတွေက သူတို့ကိုမုန်းလို့ပြောတယ်ထင်နေကြတုန်းပါပဲ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1EP6iQjcKy/
ရခိုင့်အရေး၊ မြန်မာ့အရေး (ပိုင်စိုး)
14.04.202503:43
ချစ်လို့ရေးတဲ့ သင်္ကြန်စာ
------------------------
(၁၄-၄-၂၀၂၅)
ထိုင်းမှာလုပ်တဲ့ ဆုန်ကရမ်ပွဲအကြောင်း တွေ့နေရတော့ ရိုးရာအခိုးခံရပြီဆိုပြီး စိတ်ဆိုးကြတဲ့ ကိုယ့်လူမျိုးတွေတွေ့ရတာ တကယ်ဝမ်းသာမိပါတယ်။ တကယ်တော့ ရိုးရာဆိုတာ ခိုးလို့ရတဲ့ အရာမဟုတ်ပါဘူး။ ရည်ရွယ်ချက်၊ ဦးတည်ချက်မတူတာမို့ သင်္ကြန်က သင်္ကြန်၊ ဆုန်ကရမ်က ဆုန်ကရမ်ပဲဖြစ်နေမှာပါ။

မြန်မာ့သင်္ကြန်က ၁၁ ရာစု ပျူခေတ်မှာ စတင်ပြီးတော့ ခမာလူမျိုးတွေရဲ့ ဆုန်ကရမ်ကတော့ ၁၃ ရာစုမှာ စတင်တယ်လို့တွေ့ရပါတယ်။ ထိုင်းက ခိုးချင်ခိုး ခမာလူမျိုးတွေရဲ့ ပွဲကို ခိုးတာပါ။

ထိုင်းဟာ ဆုန်ကရမ်ပွဲကို နိုင်ငံတော်ပွဲအဖြစ် ၁၉၄၀ မှာတရားဝင်ကြေငြာခဲ့ပြီး မြန်မာတွေရဲ့ သင်္ကြန်ကတော့ ရှေးဘုရင်တွေလက်ထက်ကတည်းကနေ သူ့ကျွန်ဘဝရောက်တဲ့ ခေတ်တွေမှာတောင် ခေတ်အဆက်ဆက် ဘယ်သူလုပ်ပေးပေးမလုပ်ပေးပေး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေကစားကြတာကို ကိုလိုနီခေတ်၊ ဂျပန်ခေတ် ဖြူမဲရုပ်သံတွေမှာ တွေ့မြင်ကြရပါတယ်။

ဆုန်ကရမ်ဆိုတာက နေရာရွေးချယ်ကျင်းပတာဖြစ်ပြီး ပါဝင်ဆင်နွဲလိုသူတွေဟာ အဲ့ဒီနေရာကိုသွားရပါတယ်။ မြန်မာ့သင်္ကြန်ကတော့ ကိုယ့်အိမ်ရှေ့လမ်းထဲထွက်လိုက်တာနဲ့ ပါဝင်ဆင်နွဲပြီးသားဖြစ်ရတဲ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပတာဖြစ်ပါတယ်။

ကိုယ့်အမြင်တစ်ခုတည်းပြောရရင် ဆုန်ကရမ်ဟာ စီးပွားရေးအရမ်းဆန်ပါတယ်။ အစိုးရဟာ ဆုန်ကရမ်အတွက် ရင်းနှီးမြှုပ်နှံထားပြီး ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ပဲ ပစ်မှတ်ထားပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်အဖြစ်နဲ့ သူတို့ရဲ့ အသစ်အသစ်သော ရိုးရာတွေကို တကမ္ဘာလုံးကို ပြသပါတယ်။ ဆုန်ကရမ်ပွဲလုပ်တဲ့ရက်တွေမှာလည်း ထိုင်းရဲ့ နာမည်ကြီး ပါတီပွဲတွေ၊ EDM ပွဲတွေကို တစ်ဆက်တစ်ဆက်တည်း ပြုလုပ်ပြီး နိုင်ငံခြားဝင်ငွေ ရဖို့ ကြိုးပမ်းပါတယ်။

ပုတ်ခတ်တာမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့သင်္ကြန်တွေလည်း အခုနောက်ပိုင်းနှစ်တွေမှာ လူငယ်တွေဟာ အပျော်အပါးကိုပဲ ဦးတည်လာကြတာတွေ့ရပါတယ်။ အရက်သေစာသောက်စားမူးယစ်ပြီး ကခုန်နေရတာကိုပဲ အပျော်လို့ သတ်မှတ်လာကြတာဟာ စိတ်မကောင်းစရာပါ။ မဏ္ဍပ်တွေမှာ မူးယစ်ဆေးတွေသုံးစွဲ၊ လူမသိသူမသိ ဘာမှန်းမသိလောက်အောင် အပျော်လွန်နေကြတဲ့ ခေတ်ကာလ သားသမီးပျိုလေးတွေကို တွေ့ရတဲ့အခါ သင်္ကြန်ရဲ့ ရည်ရွယ်ချက်တွေပျောက်လာသလို ခံစားမိတယ်။

နှစ်ဟောင်းကအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ဆေးကြောတဲ့ မူလရည်ရွယ်ချက်ကိုတော့ မမေ့ဖို့လိုပါတယ်။ သီချင်းသံ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့မှ ပျော်ရတာမဟုတ်ပါဘူး။ အုန်းလက်မဏ္ဍပ်နဲ့ ရေကစားခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ အိုးမဲသုတ်ခြင်း၊ လူပျိုအပျိုလှည့်ခြင်း၊ ဘုရားကျောင်းကန်များ သွားရောက်ခြင်း စသဖြင့် မြန်မာ့သင်္ကြန်ကို မြန်မာလိုပဲပျော်စေချင်ပါတယ်။

ဆုန်ကရမ်လုပ်နေတဲ့ ထိုင်းကိုလည်း သွားပြီးတော့ အပြစ်တင်နေမယ့်အစား ကိုယ့်ရိုးရာကို ကိုယ်ကိုယ်တိုင် ကိုယ့်ပတ်ဝန်းကျင်မှာ ဆင်နွဲလို့ရပါတယ်။ ပြီးရင် ဆိုရှယ်မီဒီယာမှာ ကမ္ဘာသိအောင် ပြလို့ရတာပဲလေ။ ငွေကုန်မှ ပျော်လို့ရတာမဟုတ်ဘူးဆိုတာ ပြလိုက်ကြရအောင်လား။

နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

(ပိုင်စိုး)
25.04.202505:33
utter devastation/ အလုံးစုံပျက်သုန်းရေး

သမိုင်းထဲက သမိုင်းဝင်စကားများ
ဘယ်သူပြောလဲကတော့ ကိုယ့်ဘာသာ ရှာဖွေကြပါရန်။
(ပိုင်စိုး)
နတ်ပြည်နဲ့ ငရဲ (သို့မဟုတ်) ကတ်ရှ်မီးယား (ပိုင်စိုး)
22.04.202504:05
အပစ်အခတ်ရပ်စဲရေးနောက်ဆက်တွဲ
-------------
(၂၂-၄-၂၀၂၅)

ဒီနေ့က နစကရဲ့ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးနေ့ပါ။ နစက အနေနဲ့ ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ညောင်ကျိုး၊ အင်းတော်၊ ဖလမ်း၊ ကရင်ပြည်နယ် ထီးထ၊ ရှမ်းရွာသစ် စသဖြင့် တိုက်ကွက်တော်တော် အဖော်ခံရတယ်။ အရင်ငြိမ်နေတဲ့ KNU တပ်မဟာ ၄ တောင်မှ သင်္ကြန်တွင်း စစ်ရေးအမြတ်ထုတ်ပြီး ထိုင်းမြန်မာနယ်စပ်စခန်း ထီးထကို သိမ်းသွားတယ်။

လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကွက်ကတော့ အဖွဲ့တိုင်းနီးပါးက အတူတူလောက်ပဲ။ အပစ်အခတ်ရပ်စဲမှုကို အခွင့်ကောင်းယူ အလစ်ဝင်တိုက်တယ်။ စခန်းသိမ်းပြီးပြီဆိုရင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ဆိုတဲ့ခေါင်းစဉ်ကို မီဒီယာတွေက ဝေဝေဆာဆာ ရေးကြတယ်။

အခုတော့ ရက် ၂၀ အပစ်အခတ်ရပ်စဲရေးကလည်း ဒီနေ့ပြီးရင် ပြီးပြီမို့လို့ နစက ဘယ်လို တုန့်ပြန်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ လားရှိုးကတော့ ကောလဟလတွေအတိုင်း ၂၁ ရက်နေ့အပြီး MNDAA က နစက ကို ပြန်အပ်ခဲ့ရပြီ။ NUG အားပေးတဲ့သူတွေ တင်းမယ်ဆိုရင်လည်း တင်းလောက်စရာပါ။ တပ်တွေနေရာယူအပြီးထိ လုံခြုံရေးတောင် ယူပေးရသေးတယ်ဆိုတော့။

ရှေ့ကတိုက်ပေးရတော့ ပူးပေါင်း PDF တွေဖြစ်ပေမယ့် အုပ်ချုပ်ရေးထဲလည်း မပါ၊ ညှိနှိုင်းရေးထဲလည်း မပါရပဲ နောက်ဆုံး ပြန်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အခုကျတော့ အဲ့နယ်မြေတွေမှာ PDF တွေတိုက်ပွဲဖော်ဆောင်မှု မရှိစေရေးကိုပါ ထိန်းချုပ်ပေးရမယ်လို့ကြားတယ်။

EAO တွေသိမ်းတယ် သိမ်းတယ်ဆိုတဲ့မြို့တွေကို လေယာဉ်အုပ်လိုက် မလာသေးလို့ ပျော်နေကြတာပါ။ နစက တကယ်လုပ်မယ်ဆိုရင် အဲ့အဖွဲ့တွေလည်း လားရှိုးလိုပဲ စားပွဲဝိုင်းရောက်လာပြီး နစကအဖွဲ့တွေနဲ့ လက်ဆွဲနှုတ်ဆက်ကြဦးမှာပဲ။

KNU အနေနဲ့ကတော့ နယ်စပ်က တပ်စခန်းတွေကို တိုက်တာဟာ တိုင်းတစ်ပါးကျူးကျော်လာရင် ပြန်ခုခံနိုင်စွမ်းရှိလို့ပဲလို့ ယူဆပါတယ်။ ကျားဖြန့်ကိစ္စတွေလို နိုင်ငံတကာ အာရုံစိုက်ရလောက်တဲ့ ဒုစရိုက်မှုတွေ ပေါ်ပေါက်လာတဲ့အခါ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုး မလုပ်ဖို့လိုတာပေါ့။ စပြီးတဲ့ ဇာတ်ကတော့ အဆုံးထိ ကကြရမှာပါ။
ရယ်တော့ ရယ်ရတယ်။ ပြည်တွင်းက မြန်မာတွေက ဒီမိုကရေစီလိုချင်တယ်။ ပြီးတော့ ကွန်မြူနစ်နဲ့ အုပ်ချုပ်တဲ့ EAOs တွေကိုကျတော့ အားပေးတယ်။ ဒါဆို EAO အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ သွားနေဆိုတော့လည်း မနေချင်ကြပါဘူး။ EAO ခေါင်းဆောင်ပိုင်းရဲ့ အမျိုးတွေတောင် မန္တလေးမှာ လာနေလို့ ငလျင်ထဲ ပါသွားတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့လေ။

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါပဲ အမျိုးတို့ရေ။ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ EAO နဲ့ PDF တွေသိမ်းပြီးသွားတဲ့ စခန်းတွေဟာ အပစ်အခတ်ရပ်စဲရေးကာလအပြီးမှာ တပ်ဘက်က တိုက်စစ်ပြန်ဆင်ဖို့ အကြောင်းပြချက်တွေဖြစ်သွားခဲ့ရင်လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။

(ပိုင်စိုး)

FB တွင်ဖတ်ရန်
https://www.facebook.com/permalink.php?story_fbid=pfbid0QegZeyFaDpz1MfT5YheQSyCwVLvb9BxJStoSMaHQVjvtEgAwWnvJmvMpEynTM1wol&id=61573845303977
ရခိုင်ပြည်နယ်မှာ Proxy စစ်ပွဲ ဖြစ်လာတော့မှာလား (ပိုင်စိုး)
ဘလိန်မာတွေက က်ုယ့်နိုင်ငံမှ တင်ရှိတာမဟုတ်ပါဘူး။ ဘယ်သူဘာလုပ်လုပ် အပြစ်ပြောမယ်ဆိုတဲ့လူတွေက နိုင်ငံအနှံ့မှာရှိပါတယ်

၁၄ ရက်နေ့က အဆိုတော် ကေတီပယ်ရီအပါအဝင် အမျိုးသမီးသီးသန့်ခြောက်ယောက်ပါဝင်တဲ့ အာကာသ ခရီးစဉ်လွှတ်တင်ခဲ့တယ်။ ခရီးစဉ်ဟာ အစအဆုံးမှ ၁၁ မိနစ်သာကြာမြင့်ခဲ့တာဖြစ်ပြီး ပုဂ္ဂလိကအာကာသခရီးသွားကုမ္ပဏီ Blue Origin က စီစဉ်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ အာကာသခရီးသွားချင်သူတွေအတွက် ခုံတစ်ခုံကိုဒေါ်လာ ၄ သိန်းခွဲကနေ ၅ သိန်းကျော်အထိပေးရပြီး ကမ္ဘာတစ်ပတ်အပြည့်ပတ်ပေးတဲ့ခရီးစဉ်တွေအတွက် ဒေါ်လာ ၂၂ သန်းကနေ သန်း ၈၀ အထိကုန်ကျနိုင်ပါတယ်။ အခုချိန်ထိ အာကသခရီးသွားသူပေါင်း အယောက် ၅၀ ကျော်ခဲ့ပါပြီ။

၁၁ မိနစ်စာလောက်လေး ခရီးစဉ်အတွက် ဒေါ်လာသန်းနဲ့ချီ သုံးဖြုန်းနေလို့ ဘလိမ်းတဲ့သူတွေကလည်းဘလိမ်းနေပါပြီ။ အာကာသယာဉ်လွှတ်တင်လို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်တယ်ဆိုပြီး အပြစ်တင်တဲ့သူက အပြစ်တင်နေပါပြီ။ ဆယ်နှစ်လောက်အစီအစဉ်ဆွဲနေတုန်းက မကန့်ကွက်ကြပဲ ပြီးသွားကာမှ ဘလိမ်းကြတော့ရော ဘာမှ ထူးမလာတော့ပါ။
(ပိုင်စိုး)
ချစ်လို့ရေးတဲ့ သင်္ကြန်စာ (ပိုင်စိုး)
Ko'rsatilgan 1 - 24 dan 133
Ko'proq funksiyalarni ochish uchun tizimga kiring.