Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
JOY ChanneL avatar
JOY ChanneL
JOY ChanneL avatar
JOY ChanneL
📺 Nightcrawler (2014)
#Crime, #Drama, #Thriller
IMDB: 7.9/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုး​ပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်…
သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး…မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ဇာတ်ရုပ်မှာဆို သူ့ရဲ့ပြူး​ကြောင်​ကြောင်မျက်လုံး ပြီတည်တည်အပြုံးနဲ့ မျက်နှာပေါက်ကိုက အဲဒီလိုဖြစ်နေတော့ ဇာတ်လမ်းကြည့်နေရင်းနဲ့တောင် သူ့ကို ထဆော်ချင်စိတ်တွေဖြစ်လာမယ်…
📺 Fast & Furious 11-Movie Collection
#Action, #Crime, #FastandFurious, #Thriller

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ
📺 Room (2015)
#Drama, #Thriller
IMDB: 8.1/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ဂျွိုင်း က ကလေးကို ဒီအခန်းထဲက အရာတွေပဲ အစစ်ဖြစ်ပြီး ကျန်တာတွေက တီဗီ ထဲကအရာတွေလို့ အသိပေးထားပေမယ့် ဂျက်ခ်လေး အသက် ငါးနှစ်ပြည့်လို့ နားလည်နိုင်တဲ့အရွယ်ရောက်တော့ အပြင်လောက အကြောင်းကို နားဝင်အောင်ရှင်းပြခဲ့တယ်။ကလေးကို အပြင်ရောက်ဖို့ နည်း အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မရတဲ့အဆုံး သေဟန်ဆောင်ခိုင်းပြီး အပြင်ကိုထွက်ခွင့် ရအောင် ကြံတယ်။ အပြင်လောက ကို တစ်ခါမှ မမြင်ဖူးတဲ့ ငါးနှစ်ကလေးလေး ဂျက်ခ် တစ်ယောက် တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား လွတ်ခဲ့ရင်ရော အမေကို ပြန်ကယ်နိုင်ပမလား။
📺 The Monkey (2025)
#Comedy, #Horror
IMDB: 6.3/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းအကျဉ်းဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။သူတို့အဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တို့အမေက အမှိုက်တွေလို့ထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတို့အဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတွေလို့ သူတို့က မြင်ကြတယ်။ ဒီလိုနဲ့ သူတို့အဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို့ ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။‌ဒီမျောက်ရုပ်က တောင်းဆိုလို့မရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ်
📺 The Exception (2016)
#Drama, #Romance, #War

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ခုမိတ်ဆက်ပေးမယ့် The Exception ဆိုတဲ့ဇာတ်ကားလေးကတော့ ဒုတိယကမ႓ာစစ်အတွင်းက
ရိုမက်တစ်အချစ်ဇာတ်ကားလေးပါ Stefan Brandt ဆိုတဲ့ ဂျာမနီစစ်သားလေးဟာ နယ်နှင်ခံရတဲ့ဂျာမနီဘုရင် Wilhelm 2
ရဲ့ ဘော်ဒီဂတ်အဖြစ်တာဝန်ပေးအပ်ခံရပါတယ်
နယ်နှင်ခံဘုရင်က နယ်သာလန်က ရဲတိုက်မှာနေရပါတယ်
Brandt ဟာ သူ့တာဝန်တွေကို ထမ်းဆောင်ရင်း အိမ်အစေခံထဲကတစ်ယောက်ဖြစ်တဲ့ Mieke နဲ့ မမျှော်လင့်ဘဲ ချစ်မိသွားခဲ့ပါတယ်
နောက်မှသူသိရတာက Mieke က ဂျူးလူမျိုးဖြစ်နေတာပါ
အဲအပြင် Mieke ဟာနယ်နှင်ခံဘုရင်အိမ်တော်ကသတင်းတွေကို လျှို့ဝှက်စုံစမ်းဖို့ ရောက်နေတာလဲဖြစ်ပါတယ်
သူတို့ ၂ယောက်ချစ်နေကြတာကို နယ်နှစ်ခံဘုရင်ရဲ့ဇနီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ
Brandt ဟာ အလုပ်တာဝန်နဲ့ နှလုံးသားကြား ရွေးချယ်ရတဲ့အခါ သူဘယ်လိုဆုံးဖြတ်မလဲ
သူတို့ ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကရော ပေါင်းဖက်ရပါ့မလား ဆိုတာတော့
📺 Kung Fu Panda 4 (2024)
#Action, #Adventure, #Animation

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းအကျဉ်း

ဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
📺 Karma (2025)
TMDb: 8.8/10
Genres:
#Thriller, #Mystery, #Crime, #Drama

👉ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

လူရယ်လို့ဖြစ်လာတာနဲ့ ကိုယ်မွေးဖွားလာတည်းက ကိုယ်နဲ့အတူပါလာပြီးသား ကံကြမ္မာနဲ့

ကိုယ့်ရဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ဖြစ်လာတဲ့ ကံဆိုပြီး ရှိကြတယ်မလား။

ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ “ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလို ကိုယ်ပြုတဲ့ကံရဲ့

နောက်ဆက်တွဲ အကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ ကြမ္မာတူ လူ ၆ ဦးရဲ့အကြောင်းကို ရှုစားရမှာပါ။
📺 The Stone (2014)
#Action, #Crime, #Drama
IMDB: 6.7/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းအညွှန်းကတော့
*******************
မင်ဆူဟာ အရည်အချင်းရှိတဲ့ ဘာဒူ့အပျော်တမ်းကစားသမားတစ်ယောက်ဖြစ်ပြီး
လူမိုက်ဂိုဏ်းချုပ်တစ်ယောက်ကို ဘာဒူ့ကစားနည်း သင်ပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီလိုနဲ့ မင်ဆူက လူမိုက်ကြီးရဲ့ လက်အောက် ရောက်ရှိလာခဲ့ပြီး ကြုံခဲ့ရတဲ့ လောကဓံရဲ့
ရိုက်ချက်တွေကြောင့် ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ဖြစ်ဖို့အတွက် လက်လျော့ကာ
လူမိုက်ဂိုဏ်းထဲဝင်ဖို့ စိတ်ကူးပါတော့တယ်။
သူ့လိုမဖြစ်စေချင်တဲ့ လူမိုက်ဂိုဏ်းချုပ်ကြီးကလည်း ဒါကို ဟန့်တားပါတယ်။ဒီလိုနဲ့ လူမိုက်ဂိုဏ်းရဲ့ နောက်ဆုံးအလုပ်အတွက် ပြင်ဆင်ဖို့ ဖြစ်လာချိန်မှာ မင်ဆူရဲ့
ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဘာဒူ့အပေါ်ထားတဲ့ စိတ်ဝင်စားမှုတွေဟာလည်း
ပြန်ပေါ်လာခဲ့ပါတယ် ။မင်ဆူက ဘာဒူ့ကစားနည်းကို ပညာရှင်အဆင့်ထိ ရောက်သွားမလားဆိုတာကိုတော့...
Gannibal season 1 + 2 (2025)
Genres:
#Horror, #Crime, #Action & #Adventure

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလိုမကောင်းမှာတော့ စိတ်မပူနဲ့ဗျ။
ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့

ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။

ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့

ပျော်စရာပေါ့..

ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..

ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်

အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..

အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားပါတော့တယ်..
📺 Space Force (2020)
TMDb: 7/10
Genres:
#Comedy

👉ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းတွဲအကြောင်းပြောရမယ်ဆိုရင်

မာ့ခ်နာ့ဒ်ဟာ ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ်ရာထူးတိုးခံရတယ်…..

သူမျှော်လင့်ထားတာက လေတပ်မှာ အကြီးဆုံးရာထူးအဖြစ် တာဝန်ပေးခံရမယ်ပေါ့….

ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်မှာ Space Force ဆိုတဲ့ အာကသတပ်ဖွဲ့မှာ အကြီးဆုံးရာထူးအဖြစ်ယူပြီးတော့

စီမံကွပ်ကဲရမယ်ဆိုတာပါပဲ….

သူမျှော်လင့်ထားတဲအရာမဟုတ်ပေမယ့် စစ်သားဆိုတော့လည်း ခိုင်းတဲ့အတိုင်းလုပ်ရမယ့်အပြင်

ဒီ Space Force ရဲ့ရည်မှန်းချက်ကို အတတ်နိုင်ဆုံးအကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတယ်…

Space Force ရဲ့ရည်ရွယ်ချက်က အာကာသကို ကြီးစိုးဖို့အပြင် လပေါ်ခြေချနိုင်ရမယ်တာပဲဖြစ်တယ်…

သူဘယ်လိုအခက်အခဲတွေကြုံရမလဲ….

ဘယ်လိုအနှောင့်အယှက်တွေရှိမလဲ….ဆိုတာကိုတော့ခံစားကြည့်ကြပါဦး…

ဒီစီးရီးက Steve Carell ဉီးဆောင်တယ်ဆိုကထဲက

ဟာသတွေ ထေ့တာ လှောင်တာတွေ တလှေကြီးပါတယ်…

တွေးတွေးပြီးရယ်ရတာမျိုး…အတင်းကလိထိုးရယ်ခိုင်းတာတွေမပါသလို…

သရော်ခန်းတွေကလည်းတော်တော်မိုက်တယ်…..
ဖြူဖြူစင်စင်နှင်းနှင့် မဖြူမစင်နှင်း (၂၀၂၅)
****
(ရုံကူးဗားရှင်း)

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ကဲ…. နှစ်ချို့အောင် စောင့်လိုက်ရတဲ့ ဂန္တဝင်ကာတွန်းကားရဲ့ Live Action ဟာ အခု မြန်မာစာတန်းထိုးနဲ့ အသစ်စက်စက်ကြည့်ရပါပြီ။

ဇာတ်လမ်းကတော့ သာယာတဲ့တိုင်းပြည်က ဘုရင်ကြီးနဲ့ ဘုရင်မကြီးတို့နဲ့ မနှင်းဖြူလေးတို့က ပြည်သူတွေနဲ့ တစ်သားတည်းနေထိုင်ကြသတဲ့….
တစ်နေ့တော့ ဘုရင်မကြီး နာမကျန်းဖြစ်ရာကနေ နတ်ရွာစံသွားပြီး…. စုန်းမကြီးဟာ ဘုရင်ကြီးကို ပြုစားပြီး ပုလ္လင်ကိုအရယူတဲ့အချိန်ကစပြီး တိုင်းပြည်ဆင်းရဲသွားရာ…. နှင်းဖြူလေးလည်း အစေခံဘဝရောက်ခဲ့ရှာတယ်။
ပြည်သူတွေ ပူဆွေးနေတာကို မကြည့်ရက်တော့တဲ့ မနှင်းဖြူဟာ တရားမျှတရေးအတွက် စုန်းမကြီးကို ပြန်တွန်းလှန်ပုံတွေဟာ animation နဲ့မတူ ရသသစ်တစ်မျိုးရစေမှာဖြစ်ပြီး Musical ကားမို့ အရင်ကထက် သီချင်းတွေလည်းပိုများထားပြီး မနှင်းဖြူဗားရှင်းအသစ်ကိုလည်း မြည်းစမ်းကြည့်ရှုကြည့်ပါနော်။
📺 Common Side Effects (2025)
Genre… #Animation, #Comedy
TMDb: 8.7/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ
📺 Magic in the Moonlight (2014)
#Comedy, #Drama, #Romance
IMDB: 6.5/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဝေးလင်းဆူးဆိုတဲ့ တရုတ်နာမည် Stage name ကို အသုံးပြုကာ ဖျော်ဖြေတတ်ပြီး
အထူးချွန်ဆုံးမျက်လှည့်ပညာရှင် တစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ “စတန်လေ”ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဖျော်ဖြေပြီးတဲ့နောက် စင်နောက်ကို မတွေ့တာကြာတဲ့
အခင်ဆုံးသူငယ်ချင်းဖြစ်သူ ဟောင်းဝဒ် ဘာကင်တစ်ယောက် ရောက်ချလာပါတယ်…
သူ့လိုပဲ မျက်လှည့်ပညာရှင်ဖြစ်သူ ဟောင်းဝဒ်ဟာ သူ့ရဲ့မိတ်ဆွေဟောင်း မိသားစုဆီမှာ
ရောက်နေတဲ့ တမလွန်ဘဝနဲ့ ဆက်သွယ်ပေးနိုင်တယ်ဆိုတဲ့ နတ်ဝင်သည်တစ်ယောက်ကို
အတုအယောင်ဆိုတာ သက်သေပြဖို့ အလည်သွားရင်း .. ဘာမသင်္ကာစရာ မြုပ်ကွက်မှ
ရှာမတွေ့တာကြောင့် စတန်လေကို ကူညီဖော်ထုတ်ပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်…နတ်ဝင်သည်အတုအယောင်ကို ဖော်ထုတ်ဖို့ ပြင်သစ်တောင်ပိုင်းကို ခရီးထွက်လာတဲ့
စတန်လေတစ်ယောက် အဲဒီနတ်ဝင်သည်ဆိုတဲ့ အမေရိကန်သူ ဆိုဖီ ဘိတ်ကာနဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက် တွေ့ဆုံကြပြီး ဆိုဖီရဲ့ အကြားအမြင်ရနေပုံတွေ… စတန်လေရဲ့
ရည်းစားဟောင်းတွေအကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေဆုံးသွားတဲ့ ဦးလေးဖြစ်သူ
အကြောင်း အစရှိတာတွေကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ရပြီးနောက် တစ်သက်လုံး “ဘဝဟာ
ခက်ခဲကြမ်းတမ်းတယ် နောင်ဘဝဆိုတာမျိုးလည်း မရှိဘူး”လို့ လက်ခံပြီးနေလာခဲ့တဲ့ စတန်လေက
လောကအသစ်ကို မြင်တွေ့လိုက်ရသလို ပျော်ရွှင်ပြီး ဆိုဖီ့ကို လုံးဝလေးစားသွားခဲ့ပါတယ်…အဲဒီလိုနဲ့ အတူတူ အချိန်တွေကုန်ဆုံးဖြစ်လာတဲ့ သူတို့နှစ်ယောက်မှာ ဆိုဖီက စတန်လေကို
စပြီး စိတ်ဝင်စားလာခဲ့ပါတယ် ..စတန်လေရဲ့ ဘဝကြီးကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ဆိုဖီကိုရော စတန်လေက ပြန်ချစ်မိမှာလား ..ဒီလိုအကြားအမြင်ရနေတယ်… သေဆုံးပြီးဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့
ယုတ္တိမတန်တဲ့အရာတွေကရော အမှန်ပဲလား…ဘာသာတရားတွေ၊ ယုံကြည်မှု၊ မယုံကြည်မှုတွေနဲ့ စတင်တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယောက်ကြားက
အချစ်ပုံပြင်လေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ
Cherry (2010)
#Comedy, #Drama
IMDB: 6.7/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း…ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ…
📺 When_Life_Gives_You_Tangerines (2025)
Genres:
#Romance, #Life, #Drama

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

Trailer မထွက်ခင်ကတည်းက ပါဝင်ထားတဲ့ Main Cast တွေကြောင့် စိတ်ဝင်စားမှုများစွာ
ရရှိနေခဲ့တဲ့ Park Bo-Gum နဲ့ IU တို့ရဲ့ ဇာတ်လမ်းတွဲလေးဟာ နောက်ဆုံးမှာတော့ ထွက်ရှိလာခဲ့ပါပြီ။


ဇာတ်လမ်းအညွှန်း

*************

ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး
နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု
နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့
အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။

သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့
ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။

1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ မဖြစ်နိုင်တဲ့
အခြေအနေတွေကြားက မက်ခဲ့ရတဲ့အိပ်မက်တွေ ၊ ဖြူစင်ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို
တစ်ယောက် ဘေးနားကနေ ဘယ်လိုအနစ်နာခံပြီး ဖြည့်ဆည်းပေးသွားကြမလဲဆိုတာ
Revelations (2025)
#Crime, #Mystery, #Thriller

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဇာတ်လမ်းကတော့သင်းအုပ်ဆရာ မင်ချန်း (Ryu Jun Yeol) ဟာ သူ့ရဲ့ယုံကြည်မှုကိုဖြန့်ကျက်ဖို့နဲ့ အသင်းတော်အသစ်ကိုဖွဲ့စည်းဖို့အတွက် မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းကို ဦးစီးနေသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ယန်ရယ်ဆိုတဲ့လူတစ်ယောက်က ဘုရားကျောင်းကိုရောက်ရှိလာတာကြောင့် မင်ချန်းဟာယုံကြည်သူအသစ်လို့ထင်ပြီး ဝမ်းသာ‌‌သွားပေမဲ့ နောက်မှသိလိုက်ရတာက ယန်ရယ်ဟာ လျှပ်စစ်ခြေချင်းဝတ်ထားရတဲ့ အကျဉ်းသားဟောင်းဖြစ်တဲ့အပြင် သူ့သားကိုပြန်ပေးဆွဲခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။ဒါကြောင့် မင်ချန်းဟာ တရားဥပ‌ဒေနဲ့မဟုတ်ဘဲ သူ့လက်နဲ့ကိုယ်တိုင် အပြစ်ပေးခွင့်ရအောင် ဘုရားသခင်ကယန်ရယ်ဆိုတဲ့သူကို စေလွှတ်လိုက်တယ်လို့ ယုံကြည်လိုက်ပါတော့တယ်။စုံထောက် ယွန်းဟီး (Shin Hyun Bin) ကတော့ မင်ချန်းရဲ့သား ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေသူဖြစ်ပြီးလွန်ခဲ့တဲ့နှစ်‌တွေတုန်းက ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ညီမဖြစ်သူရဲ့ သေဆုံးမှုကြောင့်စိတ်ဒဏ်ရာရနေသူလည်း ဖြစ်ပါတယ်။ဒါကြောင့် မင်ချန်းတစ်ယောက် ပြန်ပေးသမားကို ဘယ်လိုအပြစ်ပေးသွားမလဲ..
📺 Snow White (2025)
#Adventure, #Animation, #Fantasy, #Musical
IMDb: 7.1/10

No Mmsub


Cam Version လေးပါ ကြည့်ချင်တဲ့သူ ရှိမယ်ထင်လို အရင်တင်ထားပေးပါတယ်
အကြည်နဲ့ မြန်မာစာတန်းထိုးရရင် ထပ်တင်ပေးပါမယ်
❤️❤️


ချန်နယ်လေးကို Join ထားပေးကြပါအုံးရှင့်

👉ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

အပေါ်က
❤️ချန်နယ်ကို 𝐉𝐨𝐢𝐧မထားပဲ ဇာတ်ကားကြည့်ရန်ကိုပဲနှိပ်ရင်ဇာတ်ကားမပေါ်ပါဘူးရှဲန် ⚠️
🔞 [18+] Private Tutor: Advanced Course (2016)
#Adult

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

အီဆောင်းဂျင်းဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးက သူတို့တက္ကသိုလ်ကပါမောက္ခချွဲမီအယ်ကို ကြိတ်သဘောကျနေသူလေးပါ ..ဒါပေမဲ့ ပါမောက္ခချွဲကတော့ ဆောင်းဂျင်းကို ကလေးလို့သာမြင်ပြီး လှည့်တောင်
မကြည့်ခဲ့ပါဘူး .. ဆောင်းဂျင်းလည်း ပါမောက္ခကြီးကို ဆွဲဆောင်နိုင်ဖို့အတွက်နည်းလမ်းရှာကြည့်ပေမဲ့ မိန်းမတွေအကြောင်းကို စာအုပ်ထဲကနေသာ သင်ယူဖူးသူဖြစ်ပြီးလက်တွေ့တွဲဖူးခြင်းမျိုးမရှိလို့ အခက်တွေ့နေခဲ့ပါတယ် ..အဲဒီအချိန်မှာပဲ ဆောင်းဂျင်းတို့ဘေးအိမ်ကို ပြောင်းလာတဲ့ မမတစ်ယောက်ကဆောင်းဂျင်းကို မိန်းမတွေအကြောင်း လက်တွေ့သင်ကြားပေးမယ်ဆိုပြီးအကြံပြုလာတဲ့အခါမှာတော့…
📺 Bear Man (2023)
#Action, #Comedy
MDB: 6.2/10

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့
အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်‌ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။
ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့
အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ
ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။
📺 Be Happy (2025)
#Bollywood, #Drama

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

အိန္ဒိယတောင်ပိုင်းရောမြောက်ပိုင်းကားတွေမှာပါ အကမယ်အဖြစ်ပါဝင်ခဲ့တဲ့
နိုရာတိုရဲ့ အသစ်ထွက်ရှိလာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ရှီဗာဆိုသူဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပေမဲ့ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို စောင့်ရှောက်ရင်းနဲ့ စ
င်ဂယ်လ်ဖခင်တစ်ယောက်အနေနဲ့အတူ နေထိုင်နေပါတယ်။ ရှီဗာ့သမီးလေး ဒါရာကတော့အကကရတာကို ဝါသနာပါသူဖြစ်ပြီးတော့ ပါရမီလေးကလည်းပါတော့ ထူးထူးထွေထွေ သင်ကြားတာမျိုးမရှိဘဲ
အကဗီဒီယိုလေးတွေ ကြည့်ပြီး လေ့ကျင့်တာနဲ့တင် ကျွမ်းကျွမ်းကျင်ကျင် ကတတ်တဲ့သူလေးပေါ့။
ဒါရာလေးရဲ့ အိုင်ဒေါလ်စံပြကတော့ မက်ဂီဆိုတဲ့ အကဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့မက်ဂီဦးစီးပြီးလုပ်တဲ့ အကပြိုင်ပွဲတစ်ခု ဒါရာတိုကျောင်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဒါရာလေးဟာ
ဝင်ပြိုင်ရင်း ပထမဆုရကာ မက်ဂီဦးစီးတဲ့ အကကျောင်းမှာ တက်ရောက်ခွင့်ရဖို အခွင့်အရေးရခဲ့ပါတယ်။သိုပေမဲ့ မက်ဂီရဲ့အကကျောင်းဟာ မွမ်ဘိုင်းမှာဖြစ်နေတဲ့အတွက်
ဒါရာ့အဖေကတော့ ကျောင်းသွားတက်ဖို ခွင့်မပြုပေးခဲ့ပါဘူး။ဒီလိုနဲ့ပဲ ဒါရာလေးတစ်ယောက် မက်ဂီ့ကျောင်းကိုသွားနိုင်ဖိုအတွက်
ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖခင်ဖြစ်သူကို စည်းရုံးမလဲ …….ဒါရာလေး ဝါသနာပါရာ အကလမ်းခရီးကရော ဘယ်လိုတွေ ဖြစ်လာမလဲ ……
စင်ဂယ်လ်ဖခင်တစ်ယောက်နဲ့ တစ်ဦးတည်းသောသမီးလေးဒါရာတိုရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေ ဖြစ်မလဲ ….
📺 WATCHER (2019)
Genres:
#Thriller, #Mystery, #Drama, #Political

👉ဇာတ်ကားကြည့်ရန် Channel အရင် Join ပေးပါ

👉ဇာတ်ကားကြည့်ရန်နှိပ်ပါ

ဒီဇာတ်လမ်းတွဲဟာHan Seok Kyu နဲ့ Kim Hyun Joo တို့လို့

ဝါရင့်သဘာရင့် သရုပ်ဆောင်တွေအဓိက ပါဝင်ထားသလို အခြားနာမည်ကြီး ဗီလိန်casts တွေ

လည်းပါဝင်ပါတယ်.. တခြားစုံထောက်စီးရီးနဲ့ ကွဲပြားနေတာကတော့

ဌာနတွင်းအကျင့်ပျက်ခြစားပြီး အချင်းချင်းဂုတ်သွေးစုတ် အကျင့်ယုတ်နေတဲ့သူတွေကို

ဖော်ထုတ်တဲ့အဖွဲ့အစည်းအကြောင်းကိုအဓိကထားရိုက်ပြထားတာပါ..

ရဲဌာနတွင်းက ရာထူးကြီးတွေ အတွေ့အကြုံရင့်သူတွေဆိုတော့

အကြောင်းအရာတော်တော်များများက စုံစမ်းဖို့မလွယ်ဘဲ

ကွက်ပျောက်နေတတ်ပါတယ်.. ဒါ့အပြင် plot twist ပေါင်းများစွာပါဝင်တဲ့အတွက်

အစ မှ အဆုံးထိ စိတ်ဝင်စားဖို့ကောင်းတဲ့စီးရီးတစ်ခုလည်းဖြစ်ပါတယ်..

ဇာတ်လမ်းအကျဉ်းကတော့ အမှုတစ်ခုကြောင့်ထောင်ကျသွားတဲ့

စီနီယာစုံထောက်ကြီးမှာ သားတစ်ယောက်ရှိပါတယ်..

သူ့သားက ဒီအဖြစ်အပျက်တွေနောက်မှာ အလွဲပေါင်းများစွာ

ရှိနေတယ်လို့ ယုံကြည်ပြီး ရဲဌာနတွင်း စုံထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်ပြီး

ဖော်ထုတ်တာပဲဖြစ်ပါတယ်..

ဉာဏ်ကစားကြပြီး လူပေါ်လူဇော်တွေချည်းနေတဲ့ဒီလောကကြီးထဲမှာ

အမှုမှန်ပေါ်ပေါက်မလားဆိုတာကိုတော့…
Ko'rsatilgan 1 - 24 dan 48
Ko'proq funksiyalarni ochish uchun tizimga kiring.