အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်
အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်စက်မှုရပ်နေ မငြိမ်းလင်းနွယ် (ခ) ဝိုင်းမှ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့ မန်ရန်ကျေးရွာနေ မ-----၊ ၁၉/၂၀၂၅ နှစ်အား ဘဝရပ်တည်ရန် ခက်ခဲနေမှုနှင့် ငွေကြေးအခက်အခဲရှိနေမှုအား အခွင့်ကောင်းယူကာ ပြောဆိုစည်းရုံးပြီး တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းက (ပ) ၂၃၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။
မူဆယ်ခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် တရားခံ မငြိမ်းလင်းနွယ်(ခ)ဝိုင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
#myanmarfocus