သာမန်လူတစ်ယောက်ဖြစ်တဲ့လင်းလင်းဟာ အလုပ်ကဖြုတ်ခံလိုက်ရပြီးနောက် သေဆုံးသွားတဲ့ ထိပ်တန်းသူရဲကောင်းနိုက်စ်အဖြစ် ဟန်ဆောင်ရပါတော့တယ်။ "ယုံကြည်မှုတည်ဆောက်ဖို့တော့ အားအများကြီးစိုက်ထုတ်ရပေမဲ့ ပျက်စီးသွားဖို့တော့ လက်ဖျောက်တစ်ချက်တီးစာပဲလိုအပ်တယ်တဲ့"
လူတွေရဲ့ယုံကြည်မှုစွမ်းအားနဲ့ဖန်တီးထားတဲ့ သူရဲကောင်းတွေတည်ရှိရာ ဒီလောကကြီးထဲမှာ ယုံကြည်မှုတန်ဖိုးသာရသ၍ သင်ဟာ သာမန်လူတစ်ယောက်ဖြစ်နေရင်တောင်မှ သဘာဝလွန်စွမ်းအားတွေရနိုင်ပြီးတော့ လောကကြီးကို ကယ်တင်ပေးနိုင်တယ်။
ဒါပေမဲ့ လူတွေရဲ့ယုံကြည်မှုကိုရဖို့ဆိုတာ သင့်မှာစိတ်ဝင်စားဖို့ကောင်းတဲ့အရာ ဘာရှိပါသလဲ။ ဒီလိုလောကကြီးထဲမှာ လင်းလင်းတစ်ယောက်ရော နိုက်စ်အဖြစ်နဲ့ ဘယ်လိုမျိုးသူရဲကောင်းတစ်ဦးဖြစ်အောင် လုပ်ဆောင်သွားမလဲ။ နိုက်စ်ကရော တကယ်ပဲဘာကြောင့်သေဆုံးသွားတာများလဲ။ နောက်ကွယ်မှာဖုံးကွယ်နေတဲ့ တခြားဘယ်လိုအကြောင်းအရာတွေရှိနေဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို "Dao of DongHua" က တင်ဆက်ပေးလိုက်ပါရစေ။
English title - To Be Hero X.
Episodes - 24.
Duration - 24 minutes.per ep.
Genre - action, comedy, supernatural.
Aired date - Apr 6, 2025
အညွှန်းရေးသားသူ - Bevan