Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
MS M°O°V°I°E avatar

MS M°O°V°I°E

For Ads Contact 📌 @Alexic56
Рейтинг TGlist
0
0
ТипПублічний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуБер 28, 2025
Додано до TGlist
Бер 28, 2025
Прикріплена група

Рекорди

27.03.202514:48
100KПідписників
28.02.202514:49
36Індекс цитування
10.04.202516:36
667Охоплення 1 допису
10.04.202516:36
667Охоп рекл. допису
01.04.202523:59
2.61%ER
10.04.202523:59
0.67%ERR

Розвиток

Підписників
Індекс цитування
Охоплення 1 допису
Охоп рекл. допису
ER
ERR
30 БЕР '2506 КВІТ '2513 КВІТ '2520 КВІТ '25

Популярні публікації MS M°O°V°I°E

28.03.202512:55
ငလျင်ဘေးကြီးမှာ အကုန်လူံး safe ဖြစ်ကြပါစေဗျာ
The Travelling Cat Chronicles (2018)

“ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့”တဲ့။ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။

ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက
လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ
တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။

သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။
စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။

Video Link
https://t.me/biscopei00/3472
Home (2012)

ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ချစ်ခြင်းမေတ္တာတွေကို ဖော်ညွှန်းတင်ဆက်ထားပြီးတော့ဇာတ်လမ်းတို ၃ပိုင်းနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်…ပထမဇာတ်လမ်းမှာတော့ အနာဂတ်ရည်မှန်းချက်တွေအပြည့်နဲ့ လူငယ်လေးနှစ်ဦးရဲ့ ခင်မင်မှု ချစ်ခင်မှုတွေကို ပြသထားပါတယ်…ဒုတိယဇာတ်လမ်းမှာတော့ ခင်ပွန်းသည်ကို ဆုံးရှုးလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းနည်းစရာအချိန်တွေကို ကြိုးစားဖြတ်ကျော်နေပုံကို တင်ဆက်ရိုက်ကူးပြသထားပါတယ်…နောက်ဆုံးဇာတ်လမ်းအနေနဲ့ကတော့ မင်္ဂလာဆောင်တော့မဲ့ သတိုသမီးလေးဟာ ငယ်ကချစ်ခဲ့ရတဲ့ ချစ်သူနဲ့အခုလက်ထပ်တော့မဲ့ ချစ်ရသူခင်ပွန်းသည်ကြားမှာ ဗျာများရင်း သူ့ဘဝလမ်းကြောင်းအတွက် ရွေးချယ်ပုံကို တင်ဆက်ထားပါတယ်…ဒီလိုဒီလို ဇာတ်လမ်းတွေ လူမှုဆက်ဆံရေးပုံစံတွေကို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ပြသထားတာဖြစ်လိုအချစ်ရိုမန့်ဒရာမာကြိုက်နှစ်သက်သူ ပရိသတ်များ မလွတ်တန်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

Video Link
https://t.me/biscopei00/3204
The Hitman's Bodyguard

ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို
နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ
သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။
ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။
။အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့်
မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ
လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့ လုံးဝမတည့်ပဲ
ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို
ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ……
သူတို့ နှစ်ယောက်ရဲ့ အလွဲတွေ ဟာသတွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို
တစ်ကားလုံး အလန်းစား သရုပ်ဖော်ထားတာမို့ အရမ်းကောင်းတယ်လို့ပဲ ညွှန်းချင်ပါတယ်။

Video Link
https://t.me/biscopei00/3242
🗣️ စိတ်ပင်ပန်းနေတဲ့သူတိုင်းအတွက် အကြည်ဓာတ်ရစေမဲ့ Anime ကားလေးများ 🗣️


ဇာတ်လမ်း story ပိုင်းတင် မကပဲ animation အခန်းလေးတွေကပါ အလှပဆုံး Vibes ကို ပေးစွမ်းနိုင်တဲ့ Anime ဇာတ်ကားလေးတွေကတော့ စိတ်အကြည်ဓာတ်ပေးစေမှာဖြစ်သလို ဒီကာလကြီးမှာ စိတ်ပင်ပန်းနေကြမဲ့သူတွေအတွက် အကြည့်သင့်ဆုံးသော ရုပ်ရှင်လေးတွေဖြစ်မယ်ဆိုတာ အကြံပြုလိုက်ပါရစေ


Movie Link
https://t.me/biscopei00/3110
Переслав з:
Movie Studio avatar
Movie Studio
28.03.202515:59
🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006 ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559 ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666

Crd
💕အဆုံးထိကြည့်ပြီးသွားရင် ရင်ထဲကျန်ခဲ့စေမဲ့နန်းတွင်းဇာတ်လမ်းလေးတပုဒ်ပေါ့ ဟိုအရင် ဂျိုဆွန်းနန်းတော်မှာ ရှိတဲ့ ဘုရင် ၊ မိဖုရား ၊ အမတ်ကြီးတွေရဲ့ ဝတ်ရုံတွေက ခေတ်အဆက်ဆက်က သတ်မှတ်ထားတဲ့ အတိုင်းအတာတွေ ဖြစ်တာကြောင့် မတော်တဲ့သူကမတော် ရှည်တဲ့သူကရှည် နဲ့ အချိူးမကျ ဖြစ်ခဲ့ရပါတယ် လီကွန်ဂျင် ဆိုတဲ့ လူကတော့ ဆောင်ကြာမြိုင်တွေက အလှပဂေးလေးတွေရဲ့ ဝတ်စုံတွေကို အဆန်းပြားဆုံးချုပ်လုပ်ပေးတာကြောင့် ဂျိုဆွန်း တဝိုက်မာ နာမည်ကြီးနေခဲ့တာပါ အဲ့လို နဲ့ တစတစ နန်းတော်က အရာရှိငယ် ၊ အပျိုတော်တွေရဲ့ အကျီတွေပါ ချုပ်လုပ်ခွင့်ရခဲ့လာပါတော့တယ် တရက်တော့ မိဖုရားခေါင်ကြီးရဲ့ ပွဲတော်အမှီ ဝတ်စုံ ချုပ်လုပ်ပေးဖို့ နန်းတွင်းက ပင်တိုင်အပ်ချုပ်ဆရာကြီးကပါ မလုပ်ပေးနိုင်တဲ့အခါ လီကွန်ဂျင် တစ်ယောက် မိဖုရားကြီးအတွက် အခမ်းနားဆူံးဝတ်စုံကို လုပ်ပေးဖို့ ဖြစ်လာပါတော့တယ် အချိန်ပေးရကျိူးနပ်စေမှာဖြစ်သလိုကြည့်ပြီးရင်ထဲကျန်ခဲ့စေမဲ့ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့်တခါလောက်ကြည့်ကြည့်ဖို့ရာတိုက်တွန်းလိုက်ပါရစေ


✅Movie Link✅
https://t.me/biscopei00/3150
💌“ကြောင်ချစ်သူတိုင်းအတွက် ကြည့်သင့်တဲ့ရုပ်ရှင်လေးတခု - A Street Cat Named Bob“

ဒီကားလေးက အပြင်က တဂယ့်ဖြစ်ရပ်မှန်ကိုပြန်ရိုက်ထားတာဖြစ်ပြီး ရုပ်ရှင်ထဲက ကြောင်လေးဟာလဲ အပြင်က တဂယ့်ကြောင်လေး Bobကိုယ်တိုင် သရုပ်ဆောင်ထားတာပါ Bob တယောက်အတော်လေးလဲ ယဉ်ပါးသလို IQမြင့်တဲ့ကြောင်လေးဆိုတာ ဒီကားလေးထဲမှာတွေ့နိုင်ပါတယ် သူ့သခင်ဖြစ်တဲ့ ဂျိန်းတယောက် အရင်က ဆေးစွဲပြီး မူးယစ်သားကောင်ဖြစ်ခဲ့ရပါတယ် ပတ်ဝန်းကျင်က အပယ်ခံတယောက်ဖြစ်ခဲ့ရပြီး လမ်းဘေးမှာ သီချင်းဆိုရင်းဝမ်းရေးကိုခက်ခက်ခဲခဲဖြေရှင်းခဲ့ရတာ‌ေပါ့ ဒါပေမဲ့ တရက်မှာတော့ သူနေတဲ့ အခန်းလေးထဲကို မမျှော်လင့်ထားတဲ့ ဧည့်သည်လေးတယောက်ရောက်လာပါတော့တယ် ဟုပါတယ် သူကတော့ ကြောင်လေး Bob ပါပဲ ဂျိန်း နဲ့ Bob တို့အကြား ချစ်ခြင်းမေတ္တာတွေအပြင် ကြောင်လေး Bob အတွက်ပါ ဂျိန်းတယောက် မူးယစ်သားကောင်ဘဝကရုန်းထွက်ဖို့ကြိုးစားခဲ့တာတွေကို မြင်ရမှာပါ ဒီအကြောင်းသာ စာအုပ်အနေနဲ့ထွက်ရှိခဲ့ပြီး ရုပ်ရှင်ပြန်ရိုက်ရာမှာတော့ သရုပ်ဆောင် တော်တဲ့ကြောင်လေး Bobကြောင့် အတော်လေးအောင်မြင်မှုရရှိခဲ့ပါတယ်


Movie Link
https://t.me/biscopei00/3166
Dragon Blade (2015)

ရောမအင်ပါယာမှာ လက်ရှိတရားသူကြီးချုပ် (ဘုရင်) ရဲ့ အကြီးဆုံးသားက ထီးနန်းဆက်ခံသူ ညီအငယ်ဆုံးကို မျက်ကန်းဖြစ်အောင် အဆိပ်ခပ်လိုက်တဲ့အခါ သစ္စာရှိဗိုလ်ချုပ် လူစီးယက်စ်ကသားတော်လေးကို ကယ်တင်ထွက်ပြေးလာပြီး တရုတ်နဲ့ အနောက်ဒေသနယ်
စပ် ပိုးလမ်းမကြီးထက်က ငန်းရိုင်းဂိတ်တံခါးကို ရောက်လာပါတယ်။
တရုတ်အင်ပါယာ ဟန် မင်းဆက် ပိုးလမ်းမကြီးကာကွယ်ရေး တပ်ခွဲလေးတစ်ခုက ခေါင်းဆောင်ဗိုလ်မင်း ဟိုအန် က သူ့ရဲ့လက်ထောက် သစ္စာဖောက်တဲ့အတွက် ရွှေမှောင်ခိုလုပ်တဲ့အမှုတွဲတပ်ခံရပြီး ရာဇဝတ်သားဖြစ်ခဲ့ရတယ်။သူ့ကို ငန်းရိုင်းဂိတ်တံခါးမှာ ရဲဘက်အလုပ်သမားအဖြစ် တာဝန်ပေးခံရချိန်ဂိတ်တံခါးကို ခြိမ်းခြောက်လာတဲ့ ရောမတပ်မဟာကြီးကို ရင်ဆိုင်လိုက်ရပါတယ်။နောက်ပိုင်း ဟိုအန် ရဲ့ မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ လူစီးယက်စ် ကဝင်ကူရင်း သွေးချင်းညီနောင်သဖွယ် ညီအစ်ကိုရင်းချာလို မိတ်ဆွေတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ရောမအင်ပါယာက ကောက်ကျစ်တဲ့ သားကြီးဩရသက ညီငယ်နောက်
လိုက်လာပြီး သူ့ရဲ့တပ်မဟာကြီးနဲ့ ငန်းရိုင်းဂိတ်တံခါးကို ဝိုင်းလိုက်တဲ့အချိန်မှာတော့ …ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုပေးကြပါဦးဗျာ.

ဇာတ်ကားlink📌
https://t.me/biscopei00/3108
Red Tails (2012)

ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။
လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။
ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော်
တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။
လေကြောင်းတိုက်ခိုက်ခန်း အကြမ်းကြီးတွေချည်း ဆက်တိုက်ထည့်ပြီး ဒရာမာတို့
ဇာတ်ကောင်chemistryတို့က ပါတယ်ဆိုရုံလေး ဗြုန်းစားဆန်ဆန်ကြီးထည့်သွင်းထားတာပါ။
ကောင်းကွက်ကတော့ လေကြောင်းတိုက်ခန်းတွေ အများကြီးပါတဲ့ကားတွေကို ကြည့်ချင်တဲ့
သူတွေအတွက် တော်တော်လေးကောင်းမှာပါ။

ဇာတ်ကားlink📌
https://t.me/biscopei00/3155
Detective Chinatown 3

စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 2 နဲ့ အမှုအသွားအလာ အဆက်အစပ်မရှိတဲ့အတွက်ကြောင့်မို့လို့ဟာသ သဲထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော်

ဇာတ်ကားlink📌
https://t.me/biscopei00/3369
💙ဘဝမှာ စိတ်ညစ်စရာတွေ ရက်စွဲတွေနဲ့ ကြုံလာတိုင်း ဒီလိုကားမျိူးသာ ပြေးကြည့်လိုက်ကြပါ နာမည်ကြီး ဒိတ်ဒိတ်ကြဲHollywood ရုပ်ရှင်မင်းသားတွေကို စစ်ကားရိုက်တာပီပြင်အောင်ဆိုပြီး တဂယ့်စစ်မြေပြင်ထဲ ဂျင်းထည့်ပို့ပါတော့တယ် ဒါကို မသိကြပဲ တနေရာလုံး ရိုက်ကွင်း setting အမိုက်စားပြင်ထားတယ်ဆိုပြီး ပွဲကြမ်းကြတဲ့ ကျွန်တော်တို့ရဲ့ မင်းသားကြီးတွေနဲ့တင် အူတက်အောင်ရီနေရမှာပါ ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ နောင်တမရခင်ကြည်ကြည့်လိုက်ကြဗျို့.....

Movie Link 📌
https://t.me/biscopei00/3135
Переслав з:
Bollywood Cinema avatar
Bollywood Cinema
Fist Of Legend (1994)

ဇာတ်လမ်းအကျဉ်းကတော့ခေတ်ကာလအနေအထားနဲ့ဆိုရင်ဂျပန်တွေတရုတ်ပြည်ကိုသိမ်းပိုက်ထားတဲ့ကာလပါ
ချန်ကျန်းက တရုတ်ကနေ ဂျပန်မှာကျောင်းတက်နေတဲ့ကျောင်းသားတစ်ဦးပေါ့ ..တရုတ်နိုင်ငံမှာတော့သူက ကွန်ဖူးကျောင်းတခုမှနေထိုင်ပါတယ်တနေ့မှာ သူ့ဆရာဖြစ်သူ လက်သီးဘုရင်ဆရာဟူဟာသိုင်းပြိုင်ပွဲမှာရှုံးနိမ့်ပြီးသေဆုံးသွားတဲ့အတွက်ကြောင့်တရုတ်ပြည်ကိုပြန်လာခဲ့တယ်..သူ့ဆရာရှုံးခဲ့တဲ့သူကိုသူစိန်ခေါ်ပြီးပြန်တိုက်တဲ့အခါ အလွယ်တကူပဲနိုင်သွားတော့ ဆရာရဲ့သေဆုံးမှု ကိုသံသယဖြစ်ပြီးလက်လံစစ်ဆေးရာကနေ ကောက်ကျစ်ယုတ်မာမှုတွေကိုတွေ့ရှိရပါတော့တယ်..ဒီဇာတ်ကားမှာချန်ကျန်းတစ်ယောက် ညီအကိုသံယောဇဉ် နဲ့တိုင်းပြည်သားကောင်းတာဝန်တွေနဲ့အပြင် ဂျပန်မလေးတစ်ယောက်နဲ့ပါ ချစ်ကျွမ်းဝင်မိခဲ့တော့အခက်အခဲတွေကြုံရပုံ.ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုပါ

Video Link
https://t.me/biscopei00/2944
Ninja 2

442 IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ဒီဇတ်ကားလေးက အပိုင်း(၂)ပါ . ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။
(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်….. နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ
လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။

Video Link
https://t.me/biscopei00/3047
Project Gutenberg ( 2018 )

ဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …
အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်
ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်
ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်
ကံကြမ္မာလှည့်ကွက်တွေကြောင့်
၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့
ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်
ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြု
ပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းက
ဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို
ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ
ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်
ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာ
ဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ
အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်
ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီး
စောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့
ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်

ဇာတ်ကားlink📌
https://t.me/biscopei00/3480
Увійдіть, щоб розблокувати більше функціональності.