ဒလတံတားတည်ဆောက်မှု ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး
ယခုနှစ်အတွင်းဖွင့်လှစ်မည်
NOMဖေဖေါ်ဝါရီ၇၊၂၀၂၅
ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်နေသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား၈၀ ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်အတွင် ပြီးစီးရန်ခန့်မှန်ထားကြောင်း တံတားဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကောင်းချိုက ပြောသည်။ "လက်ရှိမှာပင်မတံတား တည်ဆောက်ရေးလုပ်ငန်း တွေသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။တံတားကြီးကိုအမြန်ဆုံး ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေပြီး သတ်မှတ်ထားသည့်အချိန်မှာပြီးစီးနိုင်ရန် ခန့်မှန်းထားပါတယ်"ဟု၎င်းကဆက်လက် ပြောသည်။
အဆိုပါတံတားကြီးပြီးစီးသွားပါက ဒလမြိုပြ ဖွံဖြိုးရေးအတွက် အရေးပါလာမည် ဖြစ်သလို ဆက်စပ်မြိုနယ်များဖြစ်သည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးကိုပါ ဆက်သွယ်သွားလာနိုင်တော့မည် ဖြစ်သည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တံတားပန္နက်တင်ပြုလုပ်ပြီး ကိုရီးယားနိုင်ငံ စီးပွားဖွံဖြိုးမှု ရန်ပုံငွေ ၊ချေးငွေနှင့် အစိုးရထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်အကုန်ကျခံတည်ဆောက်နေခြင်းဖြစ်သည်။