Notcoin Community
Notcoin Community
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
Ba Kaung avatar

Ba Kaung

✍️​လောက၌"အတ္တ"သည် ပညာမဲ့​စေခြင်းကိုဖြစ်​စေ၏✍️
Рейтинг TGlist
0
0
ТипПублічний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуЛют 09, 2025
Додано до TGlist
Вер 21, 2024
Прикріплена група

Рекорди

15.02.202523:59
1.1K
Підписників
21.09.202423:59
0
Індекс цитування
10.02.202517:45
6.6K
Охоплення 1 допису
26.02.202510:54
0
Охоп рекл. допису
14.02.202507:53
10.00%
ER
23.01.202504:37
583.22%
ERR

Розвиток

Підписників
Індекс цитування
Охоплення 1 допису
Охоп рекл. допису
ER
ERR
ЖОВТ '24ЛИСТ '24ГРУД '24СІЧ '25ЛЮТ '25

Популярні публікації Ba Kaung

စစ်ကိုချစ်ခင်၊ သတ်ဖြတ်ချင်၍
စစ်ဆင်နေသည် မဟုတ်ပြီ။
စစ်၏မီးပွား၊ မကြီးပွားအောင်
ဆီးတားကာကွယ်နေခြင်းတည်း။
စစ်ကိုနှစ်ခြိုက်၊ အသည်းခိုက်၍
စစ်တိုက်နေခြင်း မဟုတ်ပြီ။
ပြည်သူငြိမ်းအေး၊ လုံခြုံရေးအတွက်
သက်ပေးစွန့်လှူနေခြင်းတည်း။
စစ်ကိုစွဲလမ်း၊သွေးဆာတမ်း၍
စစ်လမ်းဖောက်သည် မဟုတ်ပြီ။
အချုပ်အခြာ၊ အာဏာတန်ခိုး
မကြွေညှိုးအောင်
မြေမိုးသက်သေထူခြင်းတည်း။  ။
16.02.202510:56
သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက်
မြေကွက်လွတ်တွေမှာ တန်ဖိုးနည်း အိမ်ရာ
တိုက်ခန်းတွေ ဆောက်ပြီး

အမှုထမ်းသက် ၅ နှစ်အထက်
ညစောင့် / ရုံးအကူ ကနေ ဦးစီးအရာရှိ
အဆင့်အထိ ပဲ အရစ်ကျနဲ့ ချထားပေး။
လက်/ညွှန်နဲ့ အထက်တွေ မပေးနဲ့ဦး။

လစဥ် တစ်လ ၅၀၀၀၀ သွင်း စနစ်နဲ့
အနှစ် ၂၀ လောက် လစာထဲက သွင်း
အဆင်ပြေလို့ ပိုသွင်းနိုင်ရင်လည်း သွင်း
ထီပေါက်လို့ အမွေရလို့ တစ်ခါတည်း
သွင်းနိုင်ရင်လည်း သွင်း
ဘယ်လိုမှ မသွင်းနိုင်ရင် ထောက်ပံ့ကြေး
၂ ကြိမ်ရတဲ့အထဲက သွင်း

ငွေကျေမှ တိုက်ခန်းကို အမည်ပေါက်
လွှဲပြောင်းပေး ၊ ငွေမကျေရင် ဌာနက ကိုင်ထား
ငွေကျေလို့ မနေချင်ရင် ရောင်းစားပါစေ
အစိုးရဘက်က တန်ဖိုးအတိုင်း ရနေပြီပဲ။

ပြီးရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ်
အစိုးရအဖွဲ့ရဲ့ စီမံကွပ်ကဲမှုအောက်
တိုက်ရိုက် ကြီးကြပ်ဆောင်ရွက်ရင်
အတော်အဆင်ပြေမယ်။

မြေကို ဘယ်ကရှာမလဲဆိုရင်
မြို့ထဲက ဌာနဆိုင်ရာပိုင် ဂိုဒေါင်နေရာတွေ
အသုံးမပြုတဲ့ နေရာတွေ၊ ဆေးရုံဟောင်းတွေ

ပြီးရင် အခု
သမဝါယမပိုင် နေရာတွေကို
လေလံပစ်နေတာလည်း တွေ့မိ။

အဲဒီနေရာတွေကို လေလံဆွဲ ရှာဝယ်။
ဌာနအချင်းချင်းဆိုတော့ ပိုအဆင်ပြေတာပေါ့။
ဘဏ္ဍာနှစ်မကုန်မီ မြေဖိုးငွေကို လွှဲပေး။
ဟိုဘက်ဌာန ဒီဘက်ဌာန အဆင်ပြေ။

အဲဒီ နှစ်ထဲမှာပဲ
၁၂ ခန်းတွဲ ၆ ထပ် အဆောက်အဦတွေဆောက်
အဆောက်အဦး ၁ လုံးကို အခန်း ၇၂ ခန်း
ဝန်ထမ်းမိသားစု ၇၂ ဦး နေရာချပေးလို့
ရပါတယ်။

အချို့ အမှုထမ်းငယ်တွေမှာ
ပင်စင်ရတဲ့ အထိ နေစရာ အိမ်မရှိ
အိမ်ငှားဘဝနဲ့ တစ်သက်လုံး နေကြရတာ
စားဖို့ရှာရ၊ အိမ်ငှားစရိတ်ရှာရနဲ့
ကိုယ်ချင်းစာမိလို့ ပါ။

မျိုးဆက်တစ်ခုကို မြှင့်တင်ပေးဖို့က
စားဖို့ထက် နေဖို့က ပိုပြီး အဓိက ကျပါတယ်။

ကိုယ်ပိုင် နားခိုရာလေး ရှိရင်
စားသောက်ဖို့က နေ့စဥ် ရှာလို့ရပါတယ်။

ကိုယ်စား အကြံပြု တင်ပြပေးတာပါ။
ကိုယ်ပိုင် တိုက်ခန်းလေးနဲ့ အခြေတကျ
တာဝန်ထမ်းဆောင်စေလိုတဲ့ ဆန္ဒနဲ့ပါ။

#TheinWinOo
PDF လူငယ်များအပေါ် KIO၊ KIA လက်နက်ကိုင်အဖွဲအစည်းက ဖိနှိပ်ချုပ်ချယ်မှုပြုလုပ်နေ


ကချင်ပြည်နယ်အတွင်းက PDF လူငယ်များအပေါ် KIO၊ KIA လက်နက်အဖွဲအစည်းမှ ဖိနှိပ်ချုပ်ချယ်ကာ လူမျိုးကြီးဝါဒကျင့်သုံးပြီး အနိုင်ကျင့်လျက်ရှိနေကြောင်း မြေပြင် PDF များနှင့် နီးစပ်သူထံမှ သိရသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကောက်နုတ်ချက်
ယမ်းငွေ့များလည်းကင်းပါစေပန်းများလည်းပွင့်ဝေ။
10.02.202502:16
အကြမ်းဖက် တာကို လက်မခံတဲ့ ကမ္ဘာမြေက
အကြမ်းဖက်ကို ထောက်ပံ့ ပေးနေတဲ့ ဘယ်ကောင်ကိုမှ ကြာရှည် သည်းခံမနေဘူး ၊ ထိုင်းတွေ ဆုံးမပေးလိုက်တဲ့ မြန်မာ လပေါ်သရေတွေ...

မင်းတို ခွက်ခေါက်တာ အရေးမကြီးဘူး
-
မြန်မာနိုင်ငံလည်း သိက္ခာကျရတယ်
-
မင်းတို ကိုးကွယ်ပါတယ်ဆိုတဲ့ သူလည်း သူများခြေနင်းဖက်မှာ ရောက်ရတယ်
-
ခြေလက်အကောင်းကြီး အလုပ်လုပ်ကြပေါ့ .. စောက်ရှက်မရှိ တောင်းစားမနေကြနဲ့ .. ဟုတ်ပြီလား?
24.02.202503:30
နယ်မြေရှင်းလင်းခြင်း (သပိတ်ကျင်း)

ဖေ ၂၃ ရက် ညနေပိုင်းအချိန်က သပိတ်ကျင်းဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၃၀ ဦးတို ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၄ လောင်း
(၂) Type-81 သေနတ် ၄ လက်

တိုအား သိမ်းဆည်းရရှိခဲ့ပါသည်။
24.02.202503:30
နယ်မြေရှင်းလင်းခြင်း (ဖလမ်း)

ဖေ ၂၃ ရက်နေ့ ညပိုင်းအချိန်က ဖလမ်းမြိုအတွင်း နယ်မြေရှင်းလင်းစစ်ကြောင်းသည် အကြမ်းဖက် ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ် ၂ ခု၊ ကျည် ၄၁ တောင့်

တိုအား သိမ်းဆည်းရရှိခဲ့ပါသည်။
တရုတ်မလင် ပွဲပျက်နေတာ
…………………………………………

အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အဦကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက် ပြီးရေးသားခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဖေ့ဘွတ် (Facebook) နဲ့ အင်စတာဂရမ် (Instagram) အကောင့်တွေကို ဆင်ဆာ လုပ်ခဲ့တဲ့အတွက် Meta ကုမ္ပဏီက သမ္မတဒေါ်နယ်ထရမ့်ကို ဒေါ်လာ ၂၅ သန်း ပေးလျော်ဖို သဘောတူညီလိုက်ပါ တယ်။

ဒေါ်စုကြည် လက်ထက် က ဒေါ်လာသန်း ခြောက်ထောင်ယူပြီး တိုင်းပြည်ကို အစိတ်စိတ် ပြိုကွဲအောင် ဆောင်ရွက်ခဲ့တဲ့ တရုတ်မလင်။

တရုတ်မလင် ပေါ် မှီခိုခဲ့တဲ့ ခွေးသစ်တို့၊မြောက်ဇျိမတို့၊ အနောက်အထောက်ပံ့ ယူတဲ့ မီဒီညာတွေ ခွေးစာငတ်တော့မှာလည်း မြင်နေပြီ။
နေပြည်တော်က မော်တော်ပီကယ်၊တပ်ထိန်း၊ရဲ တွေ သောက်ကျင့်က သာမာန် Security တွေအထိကူးစက်လျက်ရှိ။ နောင်ဆို ဘဏ်တွေ ရုံးတွေ ဝင်ရင်တောင် ဝင်ခပေးရတော့မယ့်ပုံစံ။
23.02.202507:43
လက်_တည့်_စမ်း_ခံနေရတဲ့_နစကရဲ့_အကြီးဆုံးရေတပ်စခန်း
***********

စစ်တွေတိုက်ပွဲကို ဖေဖော်ဝါရီ (၁၇)ရက
်နေ့က မနက် (၁၁)နာရီအချိန် အမြင့်ကျွန်း မင်းချောင်းတံတားကို AA က လနကြီးနဲ့ပစ်ပြီး စတင်ခဲ့သလို

ကျောက်ဖြူကိုလဲ ဖေဖော်ဝါရီ (၂၁)ရက်နေ့ ညပိုင်းမှာပဲ AA က လနကြီးနဲ့ ပစ်ပြီး Thway တိုးစမ်းတာတွေလုပ်ခဲ့တယ်

ပြောရရင် ကျောက်ဖြူမှာရှိတဲ့ ဓညဝတီရေတပ်စခန်းက AA အတွက် အဟန့်အတားတခုဖြစ်နေတာကြောင့် အခုလို Pစ်ခတ်တာတွေ လုပ်လာတာဖြစ်ပြီး မနေ့က ဖေဖော်ဝါရီ (၂၁)ရက်တိုက်ခိုက်မှုကတော့ တတိယအကြိမ်မြောက်ဖြစ်ပါတယ် ။

ဓညဝတီရေတပ်စခန်းကို ပြီးခဲ့တဲ့ (၂၀၂၄)ခုနှစ်အတွင်း AA က လက်တည့်စမ်း Pစ်ခတ်တဲ့  ဖြစ်စဥ်တွေရှိခဲ့ပြီး (၂၀၂၄)ခုနှစ် ဇန်နဝါရီ (၈)ရက်နေ့နဲ့  (၂၀၂၃)ခုနှစ် ဇွန် (၁၇)ရက်နေ့တွေမှာ Thway တိုးစမ်းခဲ့ရဖူးပါတယ် ။လက်ရှိ တိုက် ခိုက် ခံ ရမှုကတော့ တတိယအကြိမ်ပါပဲ ။

ဒါဟာ နစက ကိုယ်ပျောက်သဘော်ကြီးတွေရဲ့စွမ်းရည်ကိုစိန်ခေါ်တာပါပဲ ပြောရရင်  ဓညဝတီရေတပ်စခန်းဆိုတာ ရခိုင်ကမ်းရိုးတန်းမှာ အင်အားအတောင့်တင်းဆုံး ရေတပ်စခန်းကြီးအဖြစ်ရပ်တည်ပါတယ်။

ဒါပေမယ့် First Lady ကြီးရဲ့ဇာတိမြေ သံတွဲမှာရှိတဲ့  မောင်ရွှေလေးရေတပ်စခန်းကိုတော့ အကာအကွယ်မပေးနိင်ခဲ့ပါဘူး ။အခုလဲ ဓညဝတီရေတပ်စခန်းက စစ်ရေး Pစ်မှတ်ဖြစ်ပြန်ပါတယ်။

On Paper Rank တွေအရ နစက လက်ထက် Military Power က အဆင့် (၃၈)ကနေ (၃၇)အထိ အဆင့်(၁)ဆင့်တက်လာပေမယ့် လက်တွေ့မှာအလုပ်မဖြစ်လှပါဘူး ။

အထူးသဖြင့်  Joint Operation တွေမှာခြေစွမ်းမပြနိုင်တာက  နစကရဲ့ ဟန်သာရှိပြီး အဆံမရှိတဲ့ ရေတပ်ကြီးက ထိပ်ဆုံးမှာရှိနေပါတယ် ။ တကယ်တော့ ရခိုင်ကမ်းရိုးတန်း Fleet Exercise တွေမှာ  Frigate တွေ Destroyer တွေ Navy Seal တွေသာမက ရေငုပ်သဘော်တွေပါ ပါဝင်လေ့ကျင့်ခဲ့ဖူးပါတယ် ။

အနီးစပ်ဆုံးပြောရရင် ရခိုင်ကမ်းရိုးတန်း Fleet Exercise ကို (၂၀၂၂) ခုနှစ် ဇူလိုင်မှာ ရေငုပ်သဘော်တွေပါဝင်ပြီးလေ့ကျင့်ခဲ့ဖူးပါတယ် ဒါပေမယ့် ရခိုင်မှာ ငုတ်တုတ်ကြီးတံတွေးဆွတ်ခံနေရပါတယ် ။

ဘယ်တော့မှ လက်ဦးမှုမယူတတ်တဲ့ နစကဟာ ထွေးကန်ကြီးလိုဖြစ်လာတာကို သိပုံလဲပေါ်ပါဘူး ပြောရရင် မနေ့က ဓညဝတီ လက်တည့်စမ်းခံရပေမယ့် ဘေးပတ်လည်က AA စုဖွဲ့နေရာတွေကို Counter မဝင်နိုင်ပါဘူး ။

ဒီပုံစံအတိုင်းဆက်သွားရင်တော့ ဓညဝတီလဲ မောင်ရွှေလေးသွားတဲ့လမ်းကို လိုက်ရမှာလို့ပဲ မဦးမချွတ် အားမနာတမ်း ပြောရပါလိမ့်မယ် ။

မြန်မာရေတပ်ရဲ့ ကိုယ်ပျောက်သဘော်ကြီးတွေက တကယ်ပဲ ရေပြင်မှာ ပျောက်နေသလား လမ်းပျောက်နေသလား မေးရမလိုဖြစ်နေပါပြီ ။တကယ်တော့  နစကရဲ့ Navy Strength ခပ်ညံ့ညံမဟုတ်ပါဘူး

ရေတပ်တည်ဆောက်မှုအင်အားက ရေယာဥ်အမျိုးအစားအစုံ (၁၆၀)ကျော်ရှိပြီးတိုက်ပွဲဝင်နိုင်တဲ့အရေအတွက်က (၁၄၀)ကျော်ရှိပါတယ် ။ နတ်မြစ်ဝမှာ ကျောက်ချပြီးငါဖမ်းရုံလောက်ပဲ အစွမ်းအစရှိတယ် ကိုယ့်အင်အားကို ငါးခိုးသဘော်တွေကို
ဖမ်းဖို့အတွက်ပဲ အသုံးချတတ်ရင်တော့လဲ မပြောတတ်ဘူး ။

စစ်တွေပြီး ကျောက်ဖြူတဲ့လား ခင်ဗျားတို့မရှက်ကြဘူးလား လို့လဲမေးချင်တယ်မေးလိုက်ပြီးမှ အင်း မရှက်တတ်ဘူးလို့ပြန်ဖြေရင် မခက်ပေဘူးလား
#UnionPoliticsNews
#23February2025
AA ရဲ့ လူမဆန်မှုတွေ ကလေးတွေ ဗိုက်ကြီးသည်ပါမချန်လူသစ်စုဆောင်းနေမှုတွေကို သူတို့အချင်းချင်းတောင် မုန်းတီးနေကြပြီ။
26.01.202505:33
BBC က လိုင်ဇာလို့ အတည်ပြုပေမယ့် ကိုယ်ကတော့ မိုင်ဂျားယန်မှာလို့ပဲ ထင်ပါတယ်။ လိုင်ဇာလည်း ဖြစ်နိုင်ပါတယ်။

ဗန်းမော်မြို့ကြီးက မြို့ပျက် လုလု ဖြစ်သွားပေမယ့် ရန်သူ့ ဌာနချုပ်ကတော့ ဘွဲ့နှင်းသဘင်တောင် ကျင်းပပြနေတာပါ။


တခါတလေ နားမလည်နိုင်တဲ့ ရှု့ထောင့်မျိုးစုံ အခင်းအကျင်းက မြန်မာ့ နိုင်ငံရေးမှာ ပုံစံအမျိုးမျိုး ရှိတတ်ပြန်ပါတယ်။


(နရီမိုး)
Увійдіть, щоб розблокувати більше функціональності.