Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Film For U avatar

Film For U

Рейтинг TGlist
0
0
ТипПриватний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуБер 11, 2025
Додано до TGlist
Бер 11, 2025
Прикріплена група

Рекорди

02.04.202515:20
62.5KПідписників
10.03.202504:14
150Індекс цитування
19.03.202505:55
1.8KОхоплення 1 допису
19.03.202505:55
1.6KОхоп рекл. допису
19.03.202502:52
0.48%ER
19.03.202504:55
2.93%ERR

Розвиток

Підписників
Індекс цитування
Охоплення 1 допису
Охоп рекл. допису
ER
ERR
БЕР '25БЕР '25БЕР '25КВІТ '25КВІТ '25КВІТ '25

Популярні публікації Film For U

28.03.202512:55
ငလျင်ဘေးကြီးမှာ အကုန်လူံး safe ဖြစ်ကြပါစေဗျာ
Переслав з:
Movie Studio avatar
Movie Studio
28.03.202515:59
🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006 ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559 ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666

Crd
ပထမတခေါက်ကြည့်ရုံနဲ့တော့ အတော်လေး နားလည်ရခက်နေပါ့လိမ့်မယ် ဒီဇာတ်လမ်းက ဒါရိုက်တာကြီး Christopher Nolan ရဲ့ လက်ရာမြောက်ရုပ်ရှင်တွေထဲက တခုဖြစ်ပြီး သာမန်ကြုံနေကြအဖြစ်အပျက်တွေနဲ့ ကွဲထွက်နေတဲ့ လောက တခုကို ဖန်တီးထားတာမလို့ပါ ဒါကိုမှ မင်းသားကြီး Leonardo တို့ Tom Hardyတို့ ပါ ပါဝင်ထားတာဆိုတော့ အတော်လေးကို ကြည့်ရကျိူးနပ်စေတဲ့ ရုပ်ရှင်တခုလို့သာ တင်စားချင်ပါတယ် ဇာတ်လမ်းရဲ့ သဘောက လူ့ရဲ့စိတ်ထဲက အိမ်မက်အလွှာတွေကို ခုန်ကူးတာပါ Leo ကတော့ အဲ့လိုမျိုး ဆိုတဲ့လူတွေရဲ့ အိမ်မက်တွေထဲ ဝင်ရောက်ပြီး သူတို့ဆီမှာ ရှိတဲ့ စိတ်ကူးတွေ လျှိုဝှက်ချက်တွေကို ဖော်ထုတ်ရတာပေါ့ အတိတ်မှာလဲ ဒီလိုမျိုး အိမ်မက်တွေထဲ ဝင်ရောက်ရင်း Reality နဲ့ Dream ဘယ်ဟာအမှန်လဲ မခွဲခြားနိုင်တော့တဲ့ ဇနီးဖြစ်သူကို ဆုံးရှုံးခဲ့ရပါသေးတယ် ဒီအဖြစ်အပျက်ကြောင့် ဝရမ်းပြေးပါဖြစ်ခဲ့ရပြီး သားနဲ့သမီးဖြစ်သူကိုပါ ‌ပြန်‌တွေ့ခွင့်ရဖို့ ကြိုးစားနေတဲ့ သူ တစ်ယောက်ဆိုလဲမမှားပါဘူး တရက်တော့ သူဌေးကြီး တစ်ယောက်ဖြစ်တဲ့ Saito ရဲ့ mission မှာ ပါဝင်ဖို့ ဖြစ်လာခဲ့ပြီး အပေးအယူအနေနဲ့ အမေရိကန်မြေကို တဖန်ပြန်လည်ခြေချနိုင်ဖို့ပါပဲ၊ သူတို့ရဲ့ တာဝန်ကတော့ တခြား မဟုတ်ပဲ ပြိုင်ဘက်လုပ်ငန်းစုဥက္ကဌကြီး ရဲ့ သားဖြစ်သူ Fischer ရဲ့ အိမ်မက်ထဲ ခိုးဝင်ရင်း အတွေးတခုကို ပေါင်းထည့်ပေးဖို့ပါ Fischer ရဲ့ မကြာခင်ကွယ်လွန်‌ေတာ့မဲ့ ဖခင်ဥက္ကဌကြီးက Fischer ကို Company ဖျက်သိမ်းခိုင်းပြီး ဝါသနာပါတဲ့လမ်း ဆက်လျှောက်စေဖို့ဆိုတဲ့ အတွေး အတု တခုကို ပေါင်းထည့်ဖို့ ကြိုးစားရင်း Leo တို့လဲ အိမ်မက်အလွှာ‌တွေကြား စွန့်စားရဖို့ဖြစ်လာပါတော့တယ် တခုခုလွဲသွားတာနဲ့တင် ဘာမှ မရှိတဲ့ ဗလာနယ်ထဲကို ရောက်သွားနိုင်တဲ့ အဖြစ်ဆိုးကြီးကို အံတုရင်း Mission အောင်မြင်နိုင်ပါ့မလား Leo ကိုယ်တိုင်ရော သူ့ရဲ့ ရင်သွေးလေးတွေနဲ့ ပြန်ဆုံစည်းဖို့ ဖြစ်နိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်သာ ရှူစားလိုက်ကြပါ

Video in comment ✅
Forbidden City Cop 😍


လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့်ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။
ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့်ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။တနေ့မှာတော့ ရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဉာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့…


✅Movie Link✅
https://t.me/biscopei00/3127
The Con-Heartist (2020)

ဇာတ်လမ်းအကျဥ်း...
''အီနာ''ဆိုတဲ့ ကောင်မလေးက ရည်းစားဟောင်း ဖေဒ်ကနေ လိမ်တာကိုခံထားရတဲ့သူဖြစ်ပြီး
You Tube မှာ အကြွေးတင်နေတဲ့ ဘတ် 5 သိန်းပြသနာကို နေ့စဥ်ဘဝကိုရှစ်ချုံ့ပြီးနေထိုင်ရတဲ့ Review တင်ရင် အလှူငွေကောက်တဲ့ Youtuber တစ်ယောက်ဖြစ်တယ်။
''တိုဝါ''ဆိုတဲ့ လူလိမ်မင်းသားက အီနာဘဏ်ငွေကို လိမ်ဖို့ကြိုးစားရင်းမိသွားရာမှ သူ့ အသံဖိုင်ကို Post မတင်ပေးဖို့တောင်းဆိုရင်း အပြန်အလှန် အပေးယူလုပ်ကြတယ် . အပေးအယူကတော့ သူ့ရည်းစားဟောင်း ''ဖေဒ်''
ရဲ့ခရီးသွားလုပ်ငန်းဆီကနေ ဘတ် ငွေ 1,000,000 အတိ လိမ်ပေးရင် ရှိနေတဲ့ အသံဖိုင် ရဲလက်မအပ်တော့ဘူး ပြောရင်း လိမ်လည်မှု Mission တွေက level တိုးသလို ''ခွန်နုံနွတ်''ဆိုတဲ့ တရုတ်စာသင်တဲ့ ဆရာမနဲ့ ''ခွန်ကျိုန် ' ဆိုတဲ့ လူတွေထပ်ဖြည့်ရင်း အုပ်စုဖွဲ့ လိမ်လည်မှာဖြစ်ပါတယ်....
အီနာစိတ်ထဲမှာ သူကနှစ်ခါအလိမ်ခံရမှာလား ? သူကရော ဒီလိုလူလိမ်အဖွဲ့နဲ့ သူ့ရည်းစားဟောင်း ကို ပြန်လိမ်ရတာ တန်သလားဆိုတဲ့ စိန်ခေါ်မှုများစွာနဲ့ ရင်တထိတ်ထိတ် ဖြတ်သန်းရတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်...

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/386
🗣️ စိတ်ပင်ပန်းနေတဲ့သူတိုင်းအတွက် အကြည်ဓာတ်ရစေမဲ့ Anime ကားလေးများ 🗣️


ဇာတ်လမ်း story ပိုင်းတင် မကပဲ animation အခန်းလေးတွေကပါ အလှပဆုံး Vibes ကို ပေးစွမ်းနိုင်တဲ့ Anime ဇာတ်ကားလေးတွေကတော့ စိတ်အကြည်ဓာတ်ပေးစေမှာဖြစ်သလို ဒီကာလကြီးမှာ စိတ်ပင်ပန်းနေကြမဲ့သူတွေအတွက် အကြည့်သင့်ဆုံးသော ရုပ်ရှင်လေးတွေဖြစ်မယ်ဆိုတာ အကြံပြုလိုက်ပါရစေ


Movie Link
https://t.me/biscopei00/3110
💙"လူ့စိတ်သဘောသဘာဝကိုအတွင်းကျကျရိုက်ပြထားတဲ့ရုပ်ရှင်တပုဒ် "

ဒီရုပ်ရှင်ဟာ ဒီတိုင်းကြည့်ရင်တော့ သာမန်တရုတ်ပြည်က လူကုံထံသခင်ကြီးနဲ့ သူ့မောင်းမတွေအကြောင်းရိုက်ပြထားတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ် တဂယ်တော့ အဲ့ထက်ကိုအများကြီးပိုစေပါလိမ့်မယ် ဒီဇာတ်လမ်းရဲ့ အဓိက‌ဇာတ်ဆောင်ကတော့ ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတာကနေအစပြုထားပါတယ် ပိုက်ဆံကိစကြောင့်လက်ထပ်ရတယ်ဆိုပေမဲ့ ဒီအိမ်တော်က သခင်ကြီးနဲ့ သူ့အသုံး‌ေတာ်ခံဇနီးသည်တွေကြားက သခင်ကြီးစိတ်ကျေနပ်ဖို့အရေး ယုယပြုစုရတာကို မိန်းကလေးစွန်းလိန်အနေနဲ့တော်တော်လေးရွံရှာခဲ့ပါတယ် သခင်ကြီးစိတ်ကျေနပ်ရင် အဆောင်တော်ရှေ့မီးပုံနီလေးချိတ်ဆွဲရမဲ့အပြင် တခြားစည်းစိမ်တွေကိုပါခံစားရမှာကြောင့် သူ့ထက်ငါအပြိုင် ‌အချင်းချင်းကောက်ကျစ် ချောက်ချကြရင်း ပြိုင်ဆိုင်ကြပါ‌တော့တယ် စွန်းလိန်လဲ အစက ဒီလိုအကြောင်းအရာတွေကိုရွံမှန်းနေပေမဲ့ တဖြေးဖြေး ဒီလိုစည်းစိမ်အရသာတွေအ‌ေပါ် သူကိုယ်တိုင်သတိမထားမိပဲ သာယာမိလာခဲ့ပါတော့တယ် ဒီရုပ်ရှင်ဟာ အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့တဲ့ရုပ်ရှင်တကားဖြစ်တာကြောင့် တခါလောက်ကြည့်ကြည့်ဖို့ရာ တိုက်တွန်းလိုက်ပါရစေ



Movie Link
https://t.me/biscopei00/3311
Gorgeous (1999)

ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

ဇာတ်ကားlink📌
https://t.me/biscopei00/3105
Whiplash (2014)

ဒီဇာတ်လမ်းလေးက jazz drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားပါတယ်။ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင် Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ...ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/282
Olympus Has Fallen (2013)

Olympus Has Fallen ကတော့ Has Fallen ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီးတော့ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့…
မိုက်ခ်ဆိုတာကတော့ သမ္မတကြီးရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။
ရာသီဉတုအရမ်းဆိုးတဲ့ညတစ်ညမှာ ပွဲတစ်ခုကိုလိုက်ပို့ရင်း ကံမကောင်းအကြောင်းမလှတော့ သမ္မတကတော်အသက်ဆုံးခဲ့ရပါတယ်။
အဲဒါကြောင့် မိုက်ခ်ဟာလည်း ရာထူးမှနှုတ်ထွက်ခဲ့ပြီး ဌာနတစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားသံအမတ် လီနဲ့သမ္မကြီးအက်ရှာတို့ဟာ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်မှာ
မြောက်ကိုရီးယားစစ်ရေးပြင်နေတာကိုတားဆီးမယ့်ကိစ္စကို အိမ်ဖြူတော်မှာဆွေးနွေးနေခဲ့ပါတယ်။
အဲဒီအချိန်မှာ အမည်အသိ လေယာဉ်တစ်စင်းဟာ အမေရိကန်လေပိုင်နက်ထဲကိုရောက်လာခဲ့ပါတယ်။
အိမ်ဖြူတော်အတိုက်ခိုက်ခံလိုက်ရပါပြီ။
ကျန်တာတွေကတော့ ဆက်လက်ခံစားကြည့်လိုက်ကြပါ…

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/288
Переслав з:
𝙼-𝚂𝚝𝚞𝚍𝚒𝚘 avatar
𝙼-𝚂𝚝𝚞𝚍𝚒𝚘
👑CR 7 ရဲ့ Al-Nassr အနိုင်

1သောင်း လောင်း
🔹 21300 ပြန်ရ



Al-Qadisiyah အနိုင်

1သောင်း လောင်း
🔹 31000 ပြန်ရ



📨
DM for 1xbet acc - @mmsu78



ဒီည ဆိတ်ကြီး Cr7
🇸🇦ပွဲတီးဖို့
🇪🇺1xbetအကောင့် ဖွင့်ချင်ရင်
@mmsu78 ဆီမှာ လာဖွင့်လို့ရပါတယ်
Lucy ( 2014 )

လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက
လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့………………….နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က Del Rio အဖြစ်သရုပ်ဆောင်ထားပါတယ်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/311
Fast 888(2016)

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်း…ဖွန် က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ်ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ်တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်..ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင်ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/327
Rob B Hood (2006)

ဂျက်ကီချန်းရဲ့ အောင်မြင်တဲ့ကားတွေထဲက တစ်ကားဆိုလည်းမမှားပါဘူး..
ဂျက်ကီချန်းရဲ့ကားတွေထုံးစံအတိုင်း အက်ရှင်ခန်းတွေဝေဝေဆာဆာ
ကြည့်ရင်းနဲ့လည်း ရယ်ရတဲ့အခိုက်အတန့်ဖြစ်လာရသလို သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့မလွယ်ဘူးဆိုတာကို
ကလေးတယောက်ကို ချစ်တဲ့ သူ၊ခို၊းကြီး၂ယောက်အသွင် သရုပ်ဆောင်ပြသွားပါတယ်..
ဂျက်ကီချန်းနဲ့ Louis Kooတို့က Professional သူ၊ခို၊းတွေပါ… ဒါပေ
မယ့် သူတို့သူ၊ခို၊းမှာလည်း ထားတဲ့ သစ္စာဆိုတာရှိပါတယ်… သူ၊ခို၊းပေမဲ့ လူမသ၊တ်ဘူး. သူများသားမယားမဖျက်စီးဘူး ။သက်မဲ့ပစ္စည်းပဲ ခို၊းကြတာပေါ့ ။တစ်နေ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတို့၂ယောက် နူးညံ့တဲ့ကလေးတယောက်ကို ရုတ်တရက်ကြီး ပြန်၊ပေး-ဆွဲဖြစ်သွားတဲ့ အခါ..
သံယောဇဉ်နဲ့မေတ္တာတရားရယ်လို့ မသိခဲ့တဲ့ လူကြမ်းကြီးနှစ်ယောက် လသားအရွယ်ကလေးလေးကိုထိန်းရင်း ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကို ဟာသနှောပြီး ရိုက်ပြထားသလို ကလေးလေးနဲ့ ခွဲရမယ့်အခါမှာလဲ မျက်ရည်လည်လောက်အောင် ဇာတ်လမ်းဆင်ပေးထားပါတယ်။

📌 ရုပ်ရှင် Link
https://t.me/cinemalogiy/294
Увійдіть, щоб розблокувати більше функціональності.