Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Movie Channel (ရသစုံ) avatar
Movie Channel (ရသစုံ)
Movie Channel (ရသစုံ) avatar
Movie Channel (ရသစုံ)
The Golden Holiday (2020)


အခုတစ်ခါမှာတော့ ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းအကျဉ်း🔽🔽

ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသလည်းကြီးပါတယ်
သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ်ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး

သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ်ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင်ကိုလစ်သွားပါတယ်

သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ်

ဒီလိုနဲ့ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ဖြစ်ချင်ရာဖြစ် ဖိလစ်ပိုင်ကို မိသားစုနဲ့အတူူအပျော်ခရီးထွက်လာခဲ့ရင်း ဖိလစ်ပိုင်မှာ သူမမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်

ဗြောင်းဆူတစ်ယောက် အကြွေးတွေကောဆပ်နိုင်ပါ့မလား ယုံးဘယ်နဲ့ကော ဖိလစ်ပိုင်မှာရေစက်ဆုံဦးမလားဘယ်လိုအလွဲတွေဆက်ဖြစ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲခံစားကြည့်ရှုစေချင်ပါတယ်

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/442
The Princess Diaries (2001)


မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။

၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။ မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။

ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။

ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး


➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+3W1krzHED0ZlZmQ1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2408353495/400
The Dominator (2019)


ဒီတစ်ခါမှာတော့ ပုံမှန်ရိုမန့်တစ်ဆန်တဲ့ ကိုးရီးယားအထက်တန်းကျောင်းဇာတ်ကားမဟုတ်ဘဲ ကိုးရီးယားမှာဆို ကျောင်းတိုင်းမှာ ရှိစမြဲဖြစ်တဲ့ ကျောင်းလူဆိုးတွေက အထက်တန်း ဒုတိယနှစ်ရဲ့ခေါင်းဆောင်နေရာကို လုကြတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။

အထက်တန်းကျောင်းသားတွေလို့တောင် မထင်ရစေတဲ့ အပြောအဆိုကြမ်းကြမ်းတွေအက်ရှင်ခန်းတွေနဲ့ စိတ်ဝင်စားစရာကြည့်ရှုရမှာပါ။

ဟန်ချောဟာ ကျောင်းရဲ့ အကြမ်းဖက်ဆုံး လူဆိုးတစ်ဖြစ်လဲ ဆန်းဂီကို အနိုင်ယူပြီးနောက်နောက်ထပ် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဂျန်းမန်ကို ရှောင်မရအောင် ရန်စပါတော့တယ်။

ဂျန်းမန်က ရန်မဖြစ်ချင်တဲ့သူဆိုပေမဲ့ ဟန်ချောက သူ့ကို ပစ်မှတ်ထားပြီး အနိုင်ရဖို့ ကောက်ကျစ်တဲ့နည်းလမ်းတွေ သုံးလာတဲ့အခါ ကျောင်းထဲမှာ အကြီးစားပဋိပက္ခ ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက သာမန်အထက်တန်းကျောင်းသားဘဝထက် ပိုမိုရက်စက်ပြီး စိတ်လှုပ်ရှားဖွယ်ရာတွေနဲ့ပြည့်နှက်နေတာမလို့ CM ပရိသတ်တွေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/432
The Transporter
(1+2+3)

📱IMDb Rating _____6.8/10

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။

သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံးလန်းတယ် ဆိုရပါမယ်။

Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ…

ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။

မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+3W1krzHED0ZlZmQ1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2408353495/392
La La Land (2016)

📱IMDb Rating ____ 8.0/10, Rotten ____91%

La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။

ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။

ပွဲဦးထွက်ရုံဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။

La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ


➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/414
Zootopia (2016)


📱IMDb Rating ___8.0/10, Rotten ___98%

Won 1 Oscar. Another 46 wins & 71 nominations.

Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်ကယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်…
ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ်

ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေလိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါလိုက်ဖက်နေတယ်
ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတားရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီးသုံးထားတာကိုပါ

မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူးကျန်တဲ့ သတ္တဝါလေးတွေကတစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်…

ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာအာမခံပါတယ်

ဇတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ မြူးမြူးကြွကြွ နဲ့ဇတ်ကားပုံစံ ကို ပိုပြီး အသက်ဝင်စေပါတယ်…
ကျနော်ကတော့ ဒီလောက်ပဲ ညွှန်းမယ်ဗျာ

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/405
The Sleeping Dictionary (2003)

📱IMDb Rating ____ 6.5/10

မင်းသမီး Jessica Alba နဲ့ မင်းသား Hugh Dancy တိုပါဝင်ထားပြီး ၊မလေးရှားနိုင်ငံက Sarawak ဆိုတဲ့နေရာမှာ ရိုက်ကူးထားတာပါ။

မလေးရှားတိုင်းရင်းသားရိုးရာအလှအပ အဝတ်အစားတွေနဲ့ ၁၉၃၀ ဝန်းကျင်ကာလကို သေချာတင်ဆက်ထားတာမို ဂျက်ဆီကာအယ်လ်ဘာကိုတောင် တိုင်းရင်းသူလေးအဖြစ် အမှတ်မှားသွားနိုင်ပါတယ်။

Romantic Drama ဇာတ်ကားမျိုးထဲမှာ မတူတဲ့ရသတစ်မျိုးနဲ့ အမြဲသတိရသွားစေမယ့်ရုပ်ရှင်မျိုးဖြစ်ပြီး ဇာတ်လမ်းနာမည်လေးကလဲ ဆန်းတယ်.. အိပ်စက်ခြင်းအဘိဓာန်ပါတဲ့ ..

ဇာတ်လမ်းအကျဉ်း🔽🔽

ရှေးကျတဲ့ Tiban လူမျိုးတွေနေထိုင်တဲ့ မလေးရှားက Sarawak ဒေသကို ယဉ်ကျေးမှုတွေဖလှယ်ပေးဖိုအတွက် အင်္ဂလိပ်လူငယ်လေးတစ်ယောက် ရောက်လာတဲ့အခါ ..

ထိုလူငယ်လေးဟာ မထင်မှတ်ဘဲ ဒေသခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားခဲ့ပေမဲ့
ဂုဏ်သိက္ခာကိုရှေ့တန်းတင်တဲ့ အင်္ဂလိပ်လူမျိုးတွေဘက်ကတော့ လက်ထပ်ဖိုသဘောမတူခဲ့ပါဘူး ..

ဒီလိုနဲ့ သူတိုတွေကြားမှာဖြစ်ပေါ်လာတဲ့တင်းမာမှုတွေ၊အချစ်ရဲ့ဂုဏ်သိက္ခာအကြောင်းတွေ Tiban လူမျိုးတွေရဲ့ယဉ်ကျေးမှုစရိုက်တွေကို အသစ်အဆန်းအနေနဲ့တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ် ..

အေးတိအေးစက် အချစ်ဇာတ်လမ်းသိပ်မကြိုက်တဲ့ ကျွန်တော်တောင် ဒီရုပ်ရှင်ကိုသဘောကျပါတယ် ..

“အိပ်စက်ခြင်း အဘိဓာန်” ကဘာလဲဆိုတာ ခံစားကြည့်စေလိုပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/440
Trust (2021)

အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလားစိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာ တတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်

“နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှလူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်”“မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်”

ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူး

ဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ “ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်ကြေးစားငှားပြီး စမ်းကြည့်ပါလား” ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါ

အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်

(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+3W1krzHED0ZlZmQ1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2408353495/398
New Fight Back To School (2021)

ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogy ဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။


ဇာတ်လမ်းကတော့ SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။

သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။

ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား အသွင်ယူရပါတော့တယ်

ကျန်းဟောင်အနေနဲ့ ဟွမ်ရင်းကိုကာကွယ်နိုင်မလား၊ ပိုကာဂိုဏ်းကို ချေမှုန်းနိုင်မလား၊ ဒီကိစ္စက ဟွမ်ရင်းဘေးကင်းရုံနဲ့ ရိုးရိုးလေးပြီးသွားမှာလား တခြားဘာလျှို့ဝှက်ချက်များ ရှိသေးလဲဆိုတာကို Fight Back to School ထုံးစံအတိုင်း အက်ရှင်နဲ့ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+3W1krzHED0ZlZmQ1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2408353495/396
မထွက်ခင်တည်းက သောက်ရမ်းခွီနေရတဲ့ကားလေးရပါပြီ


Pilot (2024)

နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ
မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း
အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ
ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး
သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး
အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။
ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက်
မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။
လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ
ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့
ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။


➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/422
Up (2009)

📱IMDb Rating ___8.2/10, Rotten ___98%

Won 2 Oscars. Another 78 wins & 82 nominations

ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်

ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။

Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။
ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့်ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။

ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/412
Richie Rich (1994)

ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။

သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။
ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။

အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်

အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/403
ဖခင်ဖြစ်သူကို တရုတ်ပြည်အထိ တစ်ယောက်ထဲသွားရှာတဲ့ ကောင်လေး 💯


Making Family (2016)

📱IMDb Rating 6.8/10

2000 ပြည့်နှစ်တွေက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဂင်ဟာနူးခေါင်းဆောင်ပါဝင်ထားတဲ့ တရုတ်-ကိုရီးယား မိသားစုဇာတ်လမ်း‌လေး။

ကိုယ့်ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ ယောက်ျားဖြစ်သူ သေဆုံးသွားတဲ့အချိန်မှာ မှတ်တမ်းရုပ်ရှင် ပရိုဂျူဆာ ဂန်မီယွန်းဟာ အမည်မသိသုတ်ပိုးအလှူရှင်တစ်ဦးထံမှ သုတ်ပိုးနဲ့ ဖန်ပြွန်သန္ဓေသားကို မွေးဖွားခဲ့ပါတယ်။

ဒီလိုနဲ့ သူမရဲ့ မိသားစုကမ္ဘာလေးဟာ ဉာဏ်ပြေးတဲ့ သူမသားလေး ဂိုထယ်ဘုံးကြောင့်အနည်းငယ်ပြန်လည် နွေးထွေးလာခဲ့တော့တယ်။ ဒါပေမဲ့ သူမ မထင်ခဲ့တာက ထယ်ဘုံးလေးဟာ အရွယ်လေးမဆိုစလောက်ရောက်လာတဲ့အချိန်မှာ ဖခင်အရင်းကို ရှာတော့တာကိုပဲ။

အရွယ်နဲ့မလိုက်အောင် ဉာဏ်ကောင်းသူဖြစ်တဲ့အလျောက် ထယ်ဘုံးဟာရေခြားမြေခြားက ဖခင်အစစ်ကို ရအောင်ရှာဖွေနိုင်ခဲ့ပြီး ထိုသူနဲ့ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားတဲ့အချိန်မှာ…ဘာသာစကားမတူပေမဲ့ မိသားစုဆိုတာ နေရာတိုင်းမှာ တန်ဖိုးရှိကြောင်း ရင်နင့်ကြည်နူးဖွယ်ကောင်းအောင် ဖော်ကျူးထားတဲ့အပြင် ကိုရီးယားနဲ့တရုတ် မင်းသား၊ မင်းသမီးတွေရဲ့ အင်အားကိုလည်း ပြသထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ဒါ့အပြင် လူကြီးသရုပ်ဆောင်တွေသာမက ကလေးသရုပ်ဆောင် ထယ်ဘုံး‌လေးရဲ့သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရသူတွေ ခံစားချက်မျိုးစုံကို ခံစားရစေမယ်လို့အာမခံတာမို့ ပေါ့ပါးမှုရော၊ လေးနက်မှုရော တစ်ပြိုင်တည်းခံစားချင်တဲ့ ပရိသတ်တွေအထူးကြည့်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/438
The Point Men (2023)


အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန် လက်နက်ကိုင်တွေရဲ့ ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။

အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင်

သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊

အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊

လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့
အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။


➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/436
R2B: Return to Base (2012)

ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်..

စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်…


တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့မိမိမျက်စိရှေ့မှာသေသွားရတာတွေကိုဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်…..

စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး….တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ်ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်းစစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်….ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ….

ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပြီး လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်….လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာခုန်ဆင်းခွင့်ရှိပါတယ်….

ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကိုလူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်….

စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်….အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်….တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ…

အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ မကြည့်ရသေးသောပရိတ်သတ်များနဲ့ ကြည့်ပြီးသားသူများလည်း ပြန်ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်….

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/426
The Bodyguard 2 (2007)


Bodyguard 2 မှာဆိုရင်တော့ သူဋ္ဌေးကြီးရဲ့ဘော်ဒီဂတ်မဖြစ်ခင် အထူးအေဂျင့်ဖြစ်ခဲ့ဖူးတဲ့ ဝူခုန်းရဲ့ နောက်ကြောင်းကိုတွေ့မြင်ကြရမှာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုရဲ့ အထူးအေဂျင့်ဖြစ်တဲ့ ခမ်လောင်ဟာ ထိုင်းနိုင်ငံဘက်မှာ တရားခံကိုဖမ်းရင်း အမှားတစ်ခုကိုလုပ်မိသွားပါတယ်။
အဲအမှားကိုပြင်ဆင်တဲ့အနေနဲ့ အထူးတာဝန်တစ်ခုကိုထမ်းဆောင်ရမယ်ဆိုတော့ အသံသွင်းကုမ္ပဏီတစ်ခုရဲ့ အဆိုတော်အဖြစ် ဟန်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။

တစ်သက်လုံး လက်ကြောမတင်းဘူးလို့ ထင်လာခဲ့တဲ့ ကိုယ့်ယောက်ျား အဆိုတော်ဖြစ်နေတာကို တီဗွီမှာမြင်လိုက်ရတော့ ခမ်လောင်ရဲ့မိန်းမဟာလည်း ကုမ္ပဏီကိုလိုက်လာပါတော့တယ်။

အလွဲလွဲအချော်ချော်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ့်အပြင်မိန်းမကိုပါ လိုက်ထိန်းနေရမယ့်ခမ်လောင်တစ်ယောက်တာဝန်ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။

The Bodyguard 1 တုန်းကအတိုင်း အက်ရှင်အမိုက်စားလေးတွေနဲ့အူတက်အောင်ရယ်ရမယ့် ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ချက်တွေကြောင့်လက်လွတ်မခံသင့်တဲ့ ထိုင်းအက်ရှင်ဟာသကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/420
Hijack 1971 (2024)

📱IMDb Rating ___ 6.8/10, Rotten ___86%

1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်

ဇာတ်လမ်းအညွှန်း🔽🔽

ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တွဲဖက်လေယာဥ်မှူးအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။

ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ချိန်းခြောက်မှုကိုခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။

အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့် တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ ဖြစ်လာတဲ့အခါမှာတော့....

မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့ မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..
ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/410
New Trial (2017)

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ်လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခုက လျော်ကြေးငွေ ပြန်တောင်းပါတယ်

ဒါကို စွပ်စွဲခံလူငယ်လေးရဲ့အမေက ရှေ့နေငှားဖို့ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့နေတစ်ယောက် နဲ့ဆုံဖြစ်ခဲ့ကြပါတယ်

အဲ့ဒီရှေ့နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ပဲ အမြင်မှန်ရလာကာ ရှေ့နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့အမှုသည်ရဲ့ နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ကြိုးစားပါတော့တယ်

ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ရမလဲ သူ့အမှုသည်ရဲ့အမည်ဆိုးကိုရော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/401
The Princess Diaries 2: Royal Engagement (2004)


၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Princess Diaries ပထမကားအပြီးမှာ နန်းတွင်းရေးရာတွေ သင်ယူရင်း နန်းတက်ဖို့ပြင်ဆင်နေပြီဖြစ်တဲ့ မင်းသမီးလေးအကြောင်းကို ထပ်ချပြဖို့ The Royal Engagement အမည်ခွဲနဲ့ နောက်ထပ် တစ်ကားထပ်ထွက်ခဲ့ပါတယ်။

မင်းသမီ မီယာတစ်ယောက် သူက မင်းသမီးဆိုတာ စသိခဲ့ရတုန်းက မဖြစ်ချင်လို့ အတွင်တွင်ငြင်းခဲ့ပေမယ့် အခု တော်ဝင်ဘဝကို လက်ခံပြီး နိုင်ငံအုပ်ချုပ်မယ် ဖြစ်သွားပြန်တော့လည်း အနှောင့်အယှက်တွေက ရှိလာပြန်ပါတယ်.

ဒါကတော့ အိမ်ထောင်မရှိတဲ့ မိန်းမဟာ ဂျနိုဗီယာဘုရင်မ လုပ်လို့မရဘူးဆိုတဲ့ ဥပဒေပါပဲ။

ဘုရင်မမှ လုပ်ချင်သပဆို တစ်လအတွင်း ကြင်ယာရှာဖို့ပါ ပါလီမန်က ချမှတ်လိုက်တော့ မီယာတစ်ယောက် ဘာတွေဘယ်လို ဆက်လုပ်ကြမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ကြပါဦး


➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+3W1krzHED0ZlZmQ1

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2408353495/402
Damsel (2024)

Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေး Millie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ် မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း☄️☄️

မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။

အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။

ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/434
Crazy Rich Asians (2018)

📱IMDb Rating ____6..9/10, Rotten ___91%

ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကို နစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါတယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။

ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။

တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။

ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/424
The Bodyguard (2004)

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးဟာသမင်းသားဖြစ်တဲ့ Petchtai ကို တော်တော်များများရင်းနှီးကြမယ်ထင်ပါတယ်။

အခု သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ The Bodyguard ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဘောဒီဂတ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဝူခုန်းဟာ တစ်နေ့မှာတော့သူဋ္ဌေးကြီးကို မကာကွယ်နိုင်တော့တဲ့အခြေအနေတစ်ခုနဲ့ ကြုံဆုံခဲ့ရပါတယ်။

ဝူခုန်းရဲ့အမှားကြောင့် အဖေသေသွားရတာလို့ အထင်လွဲနေတဲ့သားဟာ ဝူခုန်းကိုအလုပ်ထုတ်လိုက်ပေမယ့် သူလည်းပဲ သူ့အဖေလိုအခြေအနေမျိုးနဲ့ထပ်ကြုံရတဲ့အခါ…

ဝူခုန်းတစ်​ယောက် သူဋ္ဌေးသားကို အသက်အန္တရာယ်ကနေကာကွယ်နိုင်ပါ့မလား…အက်ရှင်ကြမ်းကြမ်းလေးနဲ့ကြည့်ရမှာဖြစ်သလို
ရယ်မောစရာဟာသလေးတွေနဲ့ တစ်ကားလုံးပါးစပ် မစိနိုင်အောင်ရယ်နေရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/418
The Miracle : Letters to President (2021)


📱IMDb Rating ___7.7/10

ဒရမ်မာကို ဟာသလေးနှောပြီး ကြည့်ချင်သူများအတွက်၂နာရီစာလောက်ပဲရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်း🔽🔽

အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရီးယား ဂယောင်းဆန်းခရိုင်မှာ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့အတွက်
သမ္မတကြီးဆီကို စာတွေအမြဲပို့ပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဂျွန်းဂယောင်းနဲ့ ဂျွန်းဂယောင်းရဲ့အိမ်မက်ကိုနားလည်သွားတဲ့ ကောင်မလေး လာဟီးတို့ရဲ့ ကြိုးစားမှုရယ်

အဖေနဲ့ မောင်လေးကိုပဲ ဦးစားပေးလာတဲ့ ဂျွန်းဂယောင်းအစ်မ ဘိုဂယောင်းနဲ့သားနဲ့ ဆက်ဆံရေး စိမ်းသက်သက်ဖြစ်တဲ့ သားအဖနှစ်ဦးကြားက သံယောဇဉ်…

ဒီလိုဆန်းပြားတဲ့ ကာရိုက်တာတွေကို ဘယ်လိုတင်ဆက်ပေးမလဲဆိုတာကိုThe Miracle : Letters to President မှာ ကြည့်ရှုပေးကြပါနော်

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/408
On the Line (2021)

Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲ

ကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး
“အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ”

လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း….

လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း….

ဒီအမှုကို ဟန်ဆောဂျွန်း နောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်

➡️
ချန်နယ်ကိုအရင် 𝐉𝐨𝐢𝐧ပြီး မှဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ

➡️(ချန်နယ် 𝐉𝐨𝐢𝐧 ရန် လင့်)🔽🔽
https://t.me/+ABrlg4nla-Y2YTg9

➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/399
Показано 1 - 24 із 28
Увійдіть, щоб розблокувати більше функціональності.