Water And Fire (or) Su ve Ateş (2013)
လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား??
“ငါက လေထဲကအမှုန်အမွှားလေးပါလေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ် မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ် ကံကြမ္မာရဲ့ အကျဉ်းသားပေါ့အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်” ဒါကတော့ အကြည့်ချင်းဆုံဖို့ အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီး ဖွဲ့ထားတဲ့ ကဗျာပါ...
ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာ ကျရှုံးဖို့ သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ...
ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလား ဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက် နှစ်နှစ်ကာကာချစ်နေတဲ့ အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုကသူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား
ပူလောင်တဲ့အချစ်နဲ့ ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရောအချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား
Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲ ဆန့်ကျင်ဘက်ကမ်ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါ