နုနယ်သောဘဲငန်းမွှေးလေးကဲ့သို့
Bound by Sin (鹅绒雪)
ချစ်မိတ်ဆွေတို့အတွက် သူဌေးသမီးလေးနဲ့ ဆင်းရဲသားလေးတို့ရဲ့အချစ်ဇာတ်လမ်း💘💘
လောကီဘက်လိုက်မှုများကိုဆန့်ကျင်ပြီး မိသားစုအမွေဆက်ခံဖို့ စိတ်ပိုင်းဖြတ်ထားသူလေး ကျန်မိသားစုရဲ့ဒုတိယသမီးချော ကျန်ယင်းရှန် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့နဲ့ စိတ်ဝင်စားမှုလေးကြောင့် မိသားစုနောက်ခံနိမ့်ကျပေမဲ့ ရိုးသားကြိုးစားတဲ့ဖိုးသခွါးလေး ဖုချန်ကို သက်တော်စောင့်ခန့်ခဲ့ပါတယ်။
မိုးနဲ့မြေလိုကွာခြားတဲ့နှစ်ဦးသားရဲ့ကမ္ဘာမှာ ထိန်းမနိုင်သိမ်းမရ ကျန်ယင်းရှန်က ဖုချန်ရဲ့သည်းခံမှုအတိုင်းအတာကိုစိန်ခေါ်လို့နေပြီး တစ်ချိန်တည်းမှာ အချစ်နွံနစ်အောင်ဆွဲဆောင်နေခဲ့တာဟာ လက်တွေ့ဘဝကြီးက လာရောက်ခွဲထုတ်တဲ့အထိပါပဲ။
ကျန်ယင်းရှန်ကတော့ တခြားသူကိုလက်ထပ်ဖို့ဖိအားပေးခံလိုက်ရပြီး ဖုချန်ကလည်း စစ်တပ်ထဲဝင်သွားခဲ့တယ်။ နောက်ဆုံးမှာ စစ်ပွဲတွေဖြစ် တိုင်းပြည်ဗြောင်းဆန်ပြီး ကျန်ယင်းရှန်ဘဝလေလွင့်ရချိန်မှာတော့ မိန်းမလှလေးကိုကယ်တင်မဲ့ ဖုချန်တစ်ယောက် တစ်ဖန်ပြန်ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။
ကံကြမ္မာအလှည့်အပြောင်းမှာ သူတို့နှစ်ဦးရဲ့ချစ်ခြင်းက ဘယ်လိုဖြစ်သွားလေမလဲ ?
အရင်လိုဆက်ချစ်နေသေးရဲ့လား အတားအဆီးတွေကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ…..
မိတ်ဆွေတို့အတွက် အသင့်ရှိနေမဲ့ Soulkingdom မှာ အခုပဲ အပြေးလေး စောင့်ကြည့်လိုက်ကြရအောင်လား 🤩
Native Title : 鹅绒雪
English Title : Bound by Sin
Also Known As: Goose Down Lock
Starring : Hao Fu Shen, Hu Yi Yao, Li Song Ci, Chang Zhe Kuan, Wang Yi Zhou, Luo Si Qi
Episodes : 24
Original Network : Youku
#ReviewByCarrot
#鹅绒雪
#SoulKingdom
#BoundBySin
#miniseries