🎋Fox Spirit Matchmaker: Love in Pavilion 🎋
🎋ဝါးရိပ်သီတဲ့ ပလွေသံစဉ်🎋
狐妖小红娘竹业篇
🔔တင်း.... တောင်🔔
အားလုံးစောင့်မျှော်နေကြတဲ့ အချစ်တော်မင်းသမီးလေး Liu Shi Shi နဲ့ မင်းသားချောလေး Zhang Yunlong ရဲ့ Costume Drama ဇာတ်ကားသစ်လေးဖြစ်တဲ့ Fox Spirit Matchmaker : Love in Pavilion လေး ရောက်ရှိလို့လာပါပြီနော်
"Wangquan Hong Ye : မျက်နှာဖုံးအောက်က ကိုယ့်ရဲ့သရုပ်မှန်ကို မင်း တကယ် မမေးတော့ဘူးလား"
"Dongfang Huai Zhu : ကျွန်မအတွက်တော့ ရှင်ဘယ်သူလဲဆိုတာထက် ရှင့်ရဲ့စိတ်ရင်းမှန်က ပိုပြီးအရေးကြီးတယ်"
ဇာတ်လမ်းအညွှန်း
"ကြီးလေးတဲ့ တာဝန်ကိုယ်စီကို ပခုံးပေါ်ထမ်းထားရတဲ့ မိသားစုကြီးနှစ်ခုရဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့သူတို့နှစ်ဦး"
"၇ လပိုင်း ၇ရက်နေ့ Huai မြစ်ဘေးက ဝါးရုံတောလေးမှာ စတင်ယှက်နွယ်ခဲ့တဲ့ ကံကြမ္မာကြိုးလေးတစ်ချောင်း"
"ကျောက်စိမ်းပလွေနဲ့ဓားတစ်လက်ရဲ့ဒဏ္ဍာရီလေးတစ်ပုဒ်"
ဒီဒဏ္ဍာရီလေးရဲ့အစကတော့ လူသားတွေနဲ့မိစ္ဆာတွေကြား ပဋိပက္ခတွေ ကြီးထွားနေချိန်မှာစတင်ခဲ့လေသတဲ့
မျိုးနွယ်စုနှစ်ခုကြားရှုပ်ထွေးနေတဲ့ အခြေအနေကို တည်ငြိမ်အောင် ဖြေရှင်းဖို့အတွက် Dongfang အိမ်တော် နဲ့ Wangquan အိမ်တော်ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ Dongfang Huai Zhu နဲ့ Wangquan Hong Ye ဟာ
ငြိမ်းချမ်းရေးသဘောတူမှုပဋိညာဉ် ဖြစ်မြောက်အောင် အတူဦးဆောင်ကြိုးစားကြပါတော့တယ်
ဒီလိုနဲ့ လောကအကျိုးအတွက်ဆိုပြီး သူတော်ကောင်းယောင်ဆန်ကြတဲ့ မသမာသူတွေရဲ့ပစ်မှတ်ထားခံရမှုကြောင့် Wangquan အိမ်တော်ထဲကို ထိမ်းမြားဝင်ရောက်ဖို့ဖြစ်လာတဲ့ ထူးခြားဆန်းကြယ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ Dongfang အိမ်တော်ရဲ့ ပထမသခင်မလေး Dongfang Huaizhu နဲ့ Wangquan အိမ်တော်သခင် Wangquan HongYe ကြားက ခါးသက်ချိုမြတဲ့ချစ်တေးသွားတစ်ပုဒ်ဟာ ပေါ်ပေါက်လို့လာပြန်ပါတယ်
နောက်မျိုးဆက်တွေထိတိုင်အောင် ဂန္ထဝင်စာတင်လောက်မဲ့ ဒဏ္ဍာရီတေးသွားလေးတစ်ပုဒ်ကို ဘယ်လို ရေးဖွဲ့ခဲ့မလဲဆိုတာကိုတော့ အတူတူစောင့်မျှော်လိုက်ကြစို့နော်
(ဒီဇာတ်လမ်းလေးရဲ့အညွှန်းကိုတော့ Mya မှ ရေးသားထားခြင်းဖြစ်ပါတယ်)
-Native Title : 狐妖小红娘竹业篇
-Genres: Romance, Wuxia, Drama, Fantasy
-Starring: Liu Shi Shi,Zhang Yunlong
-Type: Drama
-Episode: 36
-Airs: April 28 2025
-Duration : 45 min
-Original Network: CCTV iQiyi
#ReviewbyMya
#FoxSpiritMatchmaker:Love in Pavilion
#SoulKingdom