Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Marvel Studio avatar
Marvel Studio
Marvel Studio avatar
Marvel Studio
Період
Кількість переглядів

Цитування

Дописи
Сховати репости
S_p-y G_a-m_e ( 2001 )

အညွှန်း*
🔽🔽🔽

IMDB (7.1/10)

Spy Game ဟာ စပိုင်ရုပ်ရှင်ပေမယ့် မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး..လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ......
စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်.....
ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ..ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲအရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်

Action ခန်းနည်းပေမယ့် တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/smithmovie123/2156
https://t.me/smithmovie123/2156

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
U_n-d_i-s_p-u_t-e_d (4) ( 2016)

အညွှန်း*
🔽🔽🔽

မင်းသားကြီး Scott Adkins အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Boyka: Undisputed ရုပ်ရှင်ကားဟာ လေးကားမြောက်လာခဲ့ပြီဖြစ်ပြီး Action ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Boyka ဟာ ကြိုးဝိုင်းထဲမှာ သူ့ရဲ့ပြိုင်ဖက်ကို အလဲထိုးရာမှ မတော်တဆ သတ်မိသလိုဖြစ်သွားခဲ့ပါတယ်။ သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာရဲ့ ဖိအားပေးခြင်းကို ခံနေခဲ့ရပြီး ပြိုင်ဖက်ရဲ့ ဇနီးဖြစ်သူကိုလည်း ပြသနာများအလည်မှာ တွေ့မြင်ခဲ့ရပါတယ်။ ထိုအခါမှာ သူမအတွက် ကြိုးဝိုင်းထဲက ချန်ပီယံအဖြစ် ပြန်လည်ထိုးသတ်ခဲ့ပြီး မဖြစ်နိုင်တဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/moviestudio10/82
https://t.me/moviestudio10/82

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
H_a-r_d T_a-r_g-et_ (1) (1993)

အညွှန်း*
🔽🔽🔽

အခုတင်ဆက်မယ့်အက်ရှင်ဇာတ်ကားကြီးရဲ့ မင်းသားကတော့ တစ်ခြားသူမဟုတ်ပါဘူး မင်းသားကြီးဗန်ဒိန်းပါ။
ဗန်ဒိန်းက အက်ရှင်၊ဇာတ်ကြမ်းသာမက ဟန်ပန်အမူအရာတွေပါပိုင်နိုင်တဲ့ legend ကြီးတစ်ယောက်ရယ်ဆိုလဲ မမှားပါဘူး။အခုတင်ဆက်မယ့် ၁၉၉၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hard Target ထဲမှာဆိုရင်လဲ ဗန်ဒိန်းရဲ့နုပျိုမှုတွေနဲ့ ကေဝဲကြီးနဲ့ အလွန်ပဲမိုက်ပါတယ်။ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်မင်းသားကအသက်ဆိုရင် မင်းသမီးကလည်းသွေးကြောပါပဲ။အက်ရှင်ဇာတ်ကားကောင်းလေးကိုခံစားရင်း ဇာတ်ကားရဲ့အဓိကသွေးကြောသဖွယ်ဖြစ်တဲ့မင်းသမီးချောလေး ရန်စီဘက်တလာကိုပါရှု့စားနိုင်ဦးမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင်တော့…ဆင်းရဲသူတွေဟာ တစ်ဒေါ်လာလောက်တောင်ပြူးပြဲရှာနေရချိန်မှာချမ်းသာတဲ့သူတွေအတွက်ကျ ဒေါ်လာသိန်းချီဟာအမှိုက်သာသာဆိုလောက်ဆိုတဲ့အတိုင်းချမ်းသာတဲ့သူ‌ တွေဟာ‌ဒေါ်လာသိန်းချီပေးပြီး လူသ!တ်အမဲလိုက်ပွဲကစားလေ့ရှိကြပါတယ်။အဲလိုလူသ!တ်အမဲလိုက်ပွဲကျင်းပရာမြို့ကို နတ်တာရှာဆိုတဲ့မိန်းက‌လေးတစ်ယောက်ရောက်လာပြီးစစ်ပြန်ကြီး ဘုဒရိုစ်ဆိုသူနဲ့တွေ့တဲ့အခါသူတို့နှစ်ယောက်ဘယ်လိုအရှုပ်ထုပ်ထဲရောက်သွားမလဲဘာတွေဆက်ဖြစ်သွားမလဲ....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/superheromovie10/23
https://t.me/superheromovie10/23

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
C_r-o_c-o_d-i_l-e I_s-l_a-n_d (2020)

အညွှန်း*
🔽🔽🔽

ဒီကားကတော့၂၀၂၀ထွက်သည်းထိတ်ရင်ဖို တရုတ်ဇာတ်ကားကောင်းလေးပါ Budget 8millionသာရှိပေမယ့် box office ဝင်ငွေ16.7millionထိရခဲ့ပါတယ် Devil`s Sea နယ်မြေတစ်ဝိုက်ကို Bermuda Triangleလို့ခေါလေ့ရှိကြတယ်… အဲ့နယ်မြေရောက်ရင် လျှပ်စစ်သံလိုက်စွမ်းအားနှောက်ယှက်မှုကြောင့် လေယာဉ်တွေမကြာခဏပျက်ကျလေ့ရှိပါတယ်…

ဒီလိုနဲ့ လင်ဟောက်နဲ့ရီးရီးတို့သားအဖနှစ်ယောက်စီးလာတဲ့ GZ261လေယာဉ်ဟာ အဲ့နယ်မြေတစ်ဝိုက်မှာပျက်ကျသွားတဲ့အခါ အမည်မသိကျွန်းတစ်ခုပေါရောက်သွားပါတယ်.. အဲ့ကျွန်းပေါမှာ ဧရာမမိချောင်းကြီးအပြင် ပင့်ကူကြီးတွေ တွရှိနေတဲ့အခါ…. သူတို့တွေအသက်ရှင်နိုင်ဖို့ ဘယ်လိုတွေတိုက်ပွဲဝင်ကြရမလဲ… နောက်ဆုံးမှာလွတ်မြောက်နိုင်ပါ့မလား.. ဇာတ်လမ်းတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ…..


#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/channelmmoviesone/86
https://t.me/channelmmoviesone/86

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Manhole (2014)


အညွှန်း 🔽🔽🔽


မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကို
အစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီး
နှစ်ယောက်တည်း ‌ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။
ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက  တစ်နေ့တခြား
ပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်း
စုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလို
ပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။
တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကို
ဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီး
ဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...
ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။
ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့
ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/movienew010/60?single
https://t.me/movienew010/60?single


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
23.12.202415:06
နောက်ဆို မင်မင်အချိန်ကုန်ခံပြီး
Bodyလေးတွေ သေချာရွေးပေးပြီးတင်ပေးမယ့်Channelလေးပါ
အကျိုးမယုတ်စေရဘူးလို့
အာမခံတယ်ဗျာ သူများတွေဆီမှာ
Menber ဝင်မှ ရမယ့်ပွဲတွေကို
မင်မင်သေချာရွေးပြီးတင်ပေးမှာမို့လို့ပါ

Body Free Tip Channel Joinရန်
🔽🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
T_h-e T_e-r_m-i_n-a_t-o_r (1984)

အညွှန်း*
🔽🔽🔽


လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့နောက်ဆုံးအခြေစိုက်စခန်းကိုတိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်ကသ!တ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကိုအတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ဒီတော့ လူတွေဘက်ကလည်းတစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသ!တ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/smithmovie123/2157
https://t.me/smithmovie123/2157

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
P_r-o_j-e_c-t W_o-l_f H-u_n-t_i-n_g (2022)

အညွှန်း*
🔽🔽🔽

ထောင်သားတွေထောင်ဖောက်မယ့် သင်္ဘောပေါ်မှာ မကောင်းဆိုးဝါးတစ်ကောင်ပါလာတဲ့အခါ....

ဒီဇာတ်ကားကတော့ အားလုံး ကြိုက်ကြမယ့် ကိုရီးယားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အက်ရှင် ဇာတ်ကြမ်းကားဖြစ်တာမလို့ စကားပြောတာမကြည့်ချင်ဘူး ဖိုက်တင်ခန်းတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် ကွက်တိဖြစ်စေမှာ ဖြစ်တဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်နော်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ဖိလစ်ပိုင်ကနေ တောင်ကိုရီးယားကို ထောင်သားတွေ တင်ပို့ ပြောင်းရွှေ့ မယ့် သင်္ဘော တစ်စီးပေါ်မှာ ထောင်သားတွေက ထောင်ဖောက်ကြဖို့အတွက် ကြိုတင် စီမံနေကြပါတယ်။

သင်္ဘောလည်း ဖိလစ်ပိုင်ကနေ စထွက်ရော ထောင်သားတွေဟာ သူတို့ အကြံအစည်တွေ အတိုင်း ထောင်ဖောက်ကြပါတော့တယ်။ ဒါပေမယ့် အဲ့သင်္ဘောကြီးပေါ်မှာ သာမန်မဟုတ်တဲ့ မကောင်းဆိုးဝါးကြီးလဲ ရှိနေပါသေးတယ်။

အဲ့နောက်မှာတော့ ထောင်သားတွေနဲ့ မကောင်းဆိုးဝါးကြီးကြား အချင်းချင်း tat ကြပြီး အသက်ရှင်ဖို့ ကြိုးစားကြတာကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ရဲတွေကလဲ ထောင်သားတွေကို ထိန်းဖို့ ကြိုးစားကြရင်း
နောက်ဆုံး သင်္ဘောကြီးပေါ်မှာ ဘယ်သူတွေများ အသက်ရှင် ကျန်ရစ်ကြမလဲ ဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်ခင်ဗျာ………

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/yathasonemovie11/70
https://t.me/yathasonemovie11/70


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
T_h-e U_n-d_e-r_t-a_k-e_r (2023)

အညွှန်း*
🔽🔽🔽

ရွာတရွာမှာရှိတဲ့ "ပိုင်ခေါက်" ဆိုတဲ့ ကိုယ်ဝန်သည်တယောက် စိတ်ဓာတ်ကျရောဂါနဲ့ ကိုယ့်ကိုယ်ကိုသ!တ်သေလိုက်တယ်။ သူ့ချစ်သူဟောင်းဖြစ်တဲ့ "ချိယန်"ဟာလည်း အဲ့သတင်းကြားကြားချင်း သောကမီးတွေဝေပြီး ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသိဖို့ "ပိုင်ခေါက်"ကိုကိုယ်တိုင်မေးချင်လို့ နည်းလမ်းပေါင်းစုံကြိုးစားပါတော့တယ်။
သုဘရာဇာအလုပ်ကိုအဖေ့စိတ်ချမ်းသာအောင်လုပ်ပေးနေတဲ့ ဥပဒေကျောင်းပြီးထားတဲ့ "ဂျိတ်" ငယ်ငယ်ကတည်းက လူသေကောင်၊ သရဲတွေကိုကြောက်ပေမယ့်လို့ အဖေစိတ်ချမ်းသာမှုတခုအတွက်နဲ့ လုပ်ရင်းလုပ်ရင်း လူလောကမတည်မြဲမှုကို လက်ခံနားလည်လာခဲ့တယ်။
ချိယန်ကလည်း ပိုင်ခေါက်ကိုထိပ်တိုက်တွေ့ချင်တဲ့အတွက် သုဘရာဇာဖြစ်တဲ့ ဂျိတ်ရဲ့အဖေကို အကူအညီတောင်းရာမှာ ချိယန်တယောက် ဂျိတ်ရဲ့အကူအဖြစ် ဝင်လုပ်ခဲ့ပါတယ်။
ချိယန်နဲ့ ဂျိတ်နှစ်ယောက် လောကကြရဲ့အလုပ်လုပ်ပုံ အမှန်တရားကိုလက်ခံလာနိုင်အောင် သုဘရာဇာအလုပ်ကပဲသင်ပေးခဲ့တာလား၊ လောကဇာတ်ခုံရဲ့လှည့်ကွက်တွေကိုပဲ သူတို့နားလည်နိုင်မလား၊ ချိယန်တယောက် ပိုင်ခေါက်ကိုတွေ့နိုင်မလားဆိုတာတော့ ဒီရသစုံတဲ့ လူ့လောကအကြောင်းရိုက်ထားတဲ့ကားကို ဆက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/superheromovie10/25
https://t.me/superheromovie10/25

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
K_o-n_g: S_k-u_l-l I_s-l_a-n_d 2017

အညွှန်း*
🔽🔽🔽

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာလမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့
ကျွန်းသစ်တစ်ကျွန်းကိုရှာတွေ့ခဲ့ပါတယ်

အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်

တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ

ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်

ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်

သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော်
ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ကြပါတော့တယ်....

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/channelmmoviesone/84
https://t.me/channelmmoviesone/84

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
I Am Legend (2007)


အညွှန်း 🔽🔽🔽

IMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။
ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/movienew010/55
https://t.me/movienew010/55

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
The Man In The Iron Mask (1998)
 
စာပေတွေကို နှစ်ခြိုက်တဲ့ လူတစ်ယောက်ဆိုရင်
Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ..ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက်
အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်

ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့
ရာမီ၊ ပေါသိုး၊ အားသိုး၊ ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ

The Man in the Iron Mask ဟာလည်း Classic စာပေ
တန်းဝင်ခဲ့ပါတယ်..ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး

ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့
Sequel လို့ ဆိုနိုင်ပါတယ်..Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/sartanhtoemovie/6
https://t.me/sartanhtoemovie/6


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
A_p-o_c-a_l-y_p-t_o (2006)

အညွှန်း* 🔽🔽🔽

IMDB (7.8/10)

အခုတစ်ခါတော့ ၂၀၀၆ ခုနှစ်ကထွက်ရှိထားတဲ့မာယာလူမျိုးတွေရဲ့ သမိုင်းနောက်ခံဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်၊ ဇာတ်လမ်းလေးက အသတ်အဖြတ်တွေကကြမ်းတာမို့ တော်ရုံဆို မကြည့်သင့်ဘူးလို့ ထင်မိပါတယ်...

ဇာတ်လမ်းအကျဉ်း....

မာယာနိုင်ငံတော်ကြီးဟာ သဘာဝဘေးတွေ ကြုံတွေ့ရကာမှ ယဇ်ပူဇော်ရန်အတွက် တောထဲမှ လူမျိုးစုများကိုဖမ်းခေါ်ပြီး စတေးကြပါတယ်....
ဒီလိုနဲ့ ဖမ်းလာတဲ့အထဲကမှ (Jaguar Paw) ကတော့ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး အသတ်ခံရနီးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်၊ ဘယ်လို တိုက်ခိုက်ပြီး အသက်ရှင်ဖို့ ရူန်းကန်သွားမလဲ၊ သူ့ရဲ့ မိသားစုနဲ့ကော ပြန်လည်ဆုံဆည်းနိုင်မလားဆိုတာကိုတော့...

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/smithmovie123/2145
https://t.me/smithmovie123/2145

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
B_a-t_t-l_e O-f T_h-e W_a-r_r-i_o-r_s ( 2006 )

အညွှန်း* 🔽🔽🔽

ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ် ...

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviekabar10/77
https://t.me/moviekabar10/77


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
S_e-v_e-n_t-h S_o-n (2014)

အညွှန်း*
🔽🔽🔽

Action, Adventure, Fantasy
အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ IMDb Rating 5.5/10 ရရှိထားပါတယ်

မင်းသားကြီး Jeff Bridges ,Ben Barnes , မင်းသမီး Julianne Moore တို့အပြင်အခြားသော သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။

မကောင်းဆိုးဝါးနဲ့ မှော်အစွမ်းတွေကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်....

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/61
https://t.me/sartanhtoemovie/61

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
T_h-e B_a-d G_u-y_s: R-e_i-g_n of C_h-a_o-s (2019)

IMDB (6.3/10)


အညွှန်း*
🔽🔽🔽

အခုတစ်ခါတော့ အက်ရှင်ကားကောင်းလေးတွေ ကြိုက်နှစ်သူတွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးမှာ အံ့သြစရာကောင်းတာက ထောင်ကျနေတဲ့ သူတွေ ကအမှုကို ဖော်ထုတ်စုံစမ်းဖြေရှင်းပေးသွားတာပါပဲ .....

ဇာတ်လမ်းလေးကတော့

ထောင်ကျအကျဉ်းသားတွေကို ရဲအစောင့်အကြပ်နဲ့ ပြောင်းရွှေ့တဲ့ အချိန်မှာပဲ အက်စီးဒင့်တစ်ခု ဖြစ်ရာက အစပျိုးခဲ့တာပါ ။ ဒီအက်စီးဒင့်ကလည်းလူဆိုးဂိုဏ်းတစ်ခုက ပြုလုပ်ခဲ့တာပေါ့လေ ။ နိုင်ငံတစ်ခု ဟာ အုပ်ချုပ်သူ စောင့်ရှောက်သူ ပျက်စီးရင် ပြည်သူတွေ ပျက်စီးလာတယ် ။
ဒီထဲမှာမှ လောကကြီးအတွက် အမှန်တရားကို ရှာဖွေပေးပြီး တရားမျှတမှု ဥပေဒေကိုအကောင်အထည်ဖော်ပေးသွားမယ့် လူတစ်စုရဲ့ ကြိုးပမ်းမှုကို ဒီကားလေးထဲမှုပဲ …ဘာပြီးရင် ဘာဖြစ်လာမယ်ဆိုတဲ့ အက်ရှင် ကားတို့ရဲ့ထုံးစံအတိုင်း ရင်ခုန်အားပေးရင်း ကြည့်ရှုပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ် .....


ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/sartanhtoemovie/53
https://t.me/sartanhtoemovie/53

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
"The Sword Of JingChu" 2023


အညွှန်း*
🔽🔽🔽

တိုင်းပြည်အခြေအနေကမောက်ကမဖြစ်တဲ့အချိန် ထိန်းချုပ်နိုင်ဖို့
အာဏာတည်တဲ့ဓားရှည်တစ်ချောင်းကို ‌
ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ကြပါတယ်။

ဓားရဲ့အရှင်သခင်ဆက်ခံသူရွေးတဲ့နေရာမှာလည်း
စနစ်ကျကျနဲ့သေချာရွေးတာကြောင့် ဓားရဲ့အရှင်သခင်ဖြစ်ဖို့
မလွယ်ကူတဲ့အချိန် ယွီတရုန်ဆိုတဲ့ကောင်လေးက
စစ်ဆေးမှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီး
ဓားပိုင်ရှင်အသစ်ဖြစ်လာခဲ့ပါတော့တယ်.......

ဓားကိုလိုချင်နေကြတဲ့ ဓါးပြတွေနဲ့ ကျူးကျော်သူတွေကြောင့်
သူတန်ဖိုးထားရတဲ့လူတွေကို ဆုံးရှုံးပြီးတဲ့နောက်.....
ဒီဓားနဲ့ပတ်သက်ပြီး လူတွေအများကြီးသေကြေခဲ့ရတာတွေကို
ယွီတရုန်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာ
စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ကောင်းမယ့်
ဇာတ်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/chinathinezatlantwemyar/48
https://t.me/chinathinezatlantwemyar/48


ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ

Body Free Tip Channel Joinရန်


🔽🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
KKN, Curse of the Dancing Village (2022)

ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P
ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက်
ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။
အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ
ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။
အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/mmsubworld00/10
https://t.me/mmsubworld00/10


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
အချစ်ဟောင်းရဲ့ဓားလက်ကိုပြန်ယူဖို့ကြိုးစားတဲ့သူမ ..

S_w-o_r-d o_f D_e-s_t-i_n-y (2016)

အညွှန်း* 🔽🔽🔽

ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ဒီဇာတ်ကားက အင်္ဂလိပ်ဘာသာကနေ ပြန်ထားတာဖြစ်တဲ့အတွက် တရုတ်ကားလေသံအပြည့် ဘာသာမပြန်ပေးနိုင်တာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် အတက်နိုင်ဆုံးတော့ တရုတ်သိုင်းကား အသုံးလေးတွေနဲ့ ပြန်ပေးထားပါတယ်။IMDb ကတော့ ၆.၅ ပဲ ရပါသေးတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုလျန်ရဲ့ Happy Ending လေးကို ပြန်မြင်ရတာနဲ့ပဲ ငယ်ငယ်က ဝမ်းနည်းခဲ့ရတာလေးတွေ ပြန်ပြေသွားပါလိမ့်မယ်ဗျာ။ မင်းသားကလဲ မြင်တဲ့အတိုင်းပဲဆိုတာ သောက်ကျိုးနည်း သိုင်းချ ပြပါလိမ့်မယ်။ အဲဒီတော့ အားပေးကြပါဦး ကြည့်ပြီးရင် လာဆွေးနွေးကြပါ။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/smithmovie123/2144
https://t.me/smithmovie123/2144

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
M_o-n_s-t_e-r H_u-n_t-e_r ( 2020 )

IMDB: (6.0/10)

အညွှန်း* 🔽🔽🔽

(Milla Jovovich) နဲ့ (Tony Jaa) တို့ အဓိကဇာတ်ကောင်အဖြစ်နဲ့ ပါဝင်ထားပါတယ်....

ဗိုလ်ကြီး အာတီမစ်ဟာ သူ့ရဲ့ အထူးတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေးထွက်ရင်း မုန်တိုင်းတစ်ခုကြားထဲကို ရောက်သွားခဲ့ပါတယ်..မုန်တိုင်းထဲကနေ အပြင်ထွက်လာချိန်မှာတော့ မတူတဲ့ ကမ္ဘာသစ်တစ်ခုထဲကိုရောက်နေပြီး အဖျက်စွမ်းအားကြီးလှသလို အချိန်မရွေးလူသားတွေကို အရေခွံဆုတ်နိုင်တဲ့ ထူးဆန်းသတ္တဝါကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်....
ရင်ဆိုင်ရင်းနဲ့ ကမ္ဘာသစ်ထဲက လူသားမိတ်ဆွေသစ်တွေရဲ့အကူအညီကိုယူပြီး မူလကမ္ဘာကိုပါပြန်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်....နင်းကန်လန်းတဲ့ အကြမ်းစားအက်ရှင်ခန်းတွေ မြင်ရမှာဖြစ်သလို သတ္တဝါဆန်းတွေရဲ့စူပါပါဝါတွေကိုလည်း စိတ်လှုပ်ရှားရင်ခုန်စွာနဲ့ ကြည့်ရမှာဖြစ်ပါတယ်.....

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/moviekabar10/79
https://t.me/moviekabar10/79

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
R_i-d_d-i_c-k(2013)

အညွှန်း*
🔽🔽🔽

မင်းသားကြီး Vin Diesel ရဲ့ နာမည်ကျော် အာကာသဖိုက်တာ R-id-di-ck ဇာတ်ကားတွေပါ။

S-ci-Fi အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Action အသားပေးအနေနဲ့ အမြဲအမှတ်ရနေမိမယ့်ဇာတ်ကားမျိုးတွေပါ။ဒီဇာတ်ကားတွေကို ကြည့်မိတိုင်း ကျွန်တော်ဟာ အာခေါင်ခြောက်ကပ်ပြီး အနာဂတ်ကိုလှမ်းမြင်နေရသလို ရင်ထိတ်လာတယ်။အထွေထွေပျက်စီးနေတာကို တရားကျရင်း ဘာအတွက်မှန်းမသိတဲ့ အတ္တတွေ အစဉ်အဆက်ကြီးထွားနေတာကို ရွံမုန်းလာမိရဲ့။
တစ်ခါတစ်ခါတော့ ရှင်သန်ခြင်းကို ဇယားချကြည့်တယ်…သေခြင်းကလွဲလိုအားလုံးက မှုန်ဝါးနေရော။ဒီလိုအချိန်မှာ Ri-dd-ick ရဲ့ ဝိဉာဉ်ကို မြင်မိတာအကြိမ်ကြိမ်အခါခါ။Ri-d-di-ck ဟာ တစ်စုံတစ်ခုကို ဆုပ်ကိုင်လမ်းပြထားတယ်..ကျွန်တော်တို ခံစားကြည့်ပါစို။

#Credit

ဇာတ်ကားကြည့်ရန်
🔽🔽🔽

https://t.me/sartanhtoemovie/59
https://t.me/sartanhtoemovie/59

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
T_h-e S_w-o_r-d_s-m_a-n (2020)

အညွှန်း* 🔽🔽🔽

IMDb…7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်…စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်….
တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ…ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်…ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်…ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့…ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်…

https://t.me/sartanhtoemovie/51
https://t.me/sartanhtoemovie/51

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ


Body Free Tip Channel Joinရန်
🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Mountain King (2020)
--------------------------------

အညွှန်း* 🔽🔽🔽

IMDB (6.5/10)

ဇာတ်ကားနာမည်လိုပဲ တောထဲမှာနေတဲ့ တာဇံကောင်လေးနဲ့ မျောက်ဝံကြီးအကြောင်းရိုက်ထားတာပေါ့နော်

သူငယ်ငယ်ကတောင်ပေါ်မှာနေတဲ့ သူတို့တမျိုးနွယ်လုံး လူဆိုးတွေ သတ်တာခံလိုက်ရကတည်းက သူဟာ တောထဲကိုလာတဲ့ ဘယ်သူ့မဆို သတ်စားတဲ့ တောဘုရင်တကောင် ဖြစ်သွားခဲ့ပါတယ်

ဒီလိုနဲ့ တနေ့မှာ သူတို့ဆီကို ကလေးမလေးတယောက် အကြောင်းတခုနဲ့ ရောက်လာခဲ့တဲ့နောက်ပိုင်း ဘာတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုတော့

ဇာတ်ကားကြည့်ရန် 🔽🔽🔽

https://t.me/chinathinezatlantwemyar/55
https://t.me/chinathinezatlantwemyar/55

ဘော်လုံးဝါသနာအိုးတွေအတွက်
မဖြစ်မနေJoinထားသင့်တဲ့
Channelလေးပါအကျိုးမယုတ်စေရဘူးလို့အာမခံတယ်ဗျာ

Body Free Tip Channel Joinရန်


🔽🔽🔽

https://t.me/myogyifreetip
https://t.me/myogyifreetip
Reign of Fire (2002)


ဒီကားလေးကတော့ နဂါးတွေကို ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် 2002 ခုနှစ်ကထွက်ရှိထားတဲ့ Action, Adventure, Fantasy အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်

ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ကွင်းဆိုတဲ့ကောင်လေးရဲ့အမေဟာ မြေအောက်ရထားလှိုဏ်ခေါင်းအတွက် အစီအစဥ်ဆွဲရတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီးတော့ မြေအောက်မှာလှိုဏ်ခေါင်းတူးရင်း အလုပ်လုပ်နေတာပါ

တစ်နေ့မှာ ကွင်းက သူ့အမေဆီသွားလည်ခဲ့ပြီး မြေအောက်ထဲမှာ လှိုဏ်ဂူလိုနေရာတစ်ခုတွေ့ရှိခဲ့ရပါတယ်

အဲဒီထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့နဂါးတွေရှိပြီး နိုးထလာချိန်မှာတော့ အစာကွင်းဆက်ထိပ်ဆုံးမှာရပ်တည်ပြီး မြင်မြင်သမျှသက်ရှိတွေကို စားသုံးပါတော့တယ်

နဂါးတွေကြောင့် လူသားတွေမျိုးတုံးသွားလောက်အောင် ခြိမ်းခြောက်ခံနေရချိန်မှာ လူသားတွေဘယ်လိုမျိုး ရှေ့ဆက်ကြမလဲ

မြင်မြင်သမျှ သက်ရှိသက်မဲ့တွေကို မီးလောင်တိုက်သွင်းပစ်နိုင်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေကြားက မျိုးနွယ်တစ်ခုဆက်ရှင်သန်ဖို့ ကြိုးစားတဲ့ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/akaungkarmyar/67
https://t.me/akaungkarmyar/67



ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈
Показано 1 - 24 із 32
Увійдіть, щоб розблокувати більше функціональності.