Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Home alone avatar

Home alone

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Рейтинг TGlist
0
0
ТипПублічний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуБер 10, 2025
Додано до TGlist
Бер 10, 2025

Рекорди

21.04.202522:48
318.8KПідписників
26.09.202423:59
0Індекс цитування
22.04.202523:59
3.5KОхоплення 1 допису
30.03.202521:37
2.6KОхоп рекл. допису
09.04.202512:38
1.25%ER
18.04.202523:59
0.96%ERR

Розвиток

Підписників
Індекс цитування
Охоплення 1 допису
Охоп рекл. допису
ER
ERR
ЖОВТ '24ЛИСТ '24ГРУД '24СІЧ '25ЛЮТ '25БЕР '25КВІТ '25

Популярні публікації Home alone

The Monkey (2025)
***
(အသည်းငယ်သူများမကြည့်ရ)

ဟော်ရာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားထွက်လာပါပြီ။ မူရင်းရုံတင်တုန်းက အချို့နိုင်ငံတွေမှာ အရမ်းကြမ်းတမ်းလွန်းတဲ့အခန်းတွေကို ဆင်ဆာဖြတ်ထားပေးလိုက်ရပါတယ်။ အခု ဗားရှင်းကတော့ အကုန်ကွက်ကွက်ကွင်းကွင်းပါတဲ့ဗားရှင်းမို့ ဟော်ရာဖန်တွေ အဝကြည့်ရမှာပါ။

dark comedy, horror ဖြစ်လို့ ပိုးစက်ပက်စက်တွေ ရှောကုန်သလို ရယ်လည်းရယ်ရပါတယ်။
မင်းသားကတော့ Div*er*ge*nt ရုပ်ရှင်တွေနဲ့လူသိများတဲ့ Theo James ပါပဲ။

ဇာတ်လမ်းအကျဉ်း ဟဲလ်နဲ့ဘီလ်ရှယ်ဘွန်းတို့ဟာ အချိန် ၃ မိနစ်ပဲခြားတဲ့ အမြွှာညီအစ်ကိုတွေပါ။ သူတို့အမေရဲ့ ပြောစကားအရတော့ သူတို့ရဲ့ အဖေက ဆေးလိပ် သွားဝယ်ဦးမယ်လို့ ပြောထွက်သွားပြီး အိမ်ကို ပြန်မလာတော့ဘူးဆိုတာပါပဲ။ ဟဲလ်နဲ့ ဘီလ်က အမြွှာညီအစ်ကိုဆိုပေမဲ့ တခြားအမြွှာတွေလို ချစ်ချစ်ခင်ခင် မရှိပါဘူး။ ဘီလ်က ဟဲလ်ကို အခွင့်ရရင် ရသလို အနိုင်ကျင့်တတ်ပါတယ်။သူတို့အဖေရဲ့ ပစ္စည်းတွေကို ဟဲလ်တို့အမေက အမှိုက်တွေလို့ထင်ပေမဲ့ အမြွှာညီအစ်ကိုအတွက်တော့ ဒါတွေက သူတို့အဖေ ဘယ်လိုလူလဲဆိုတာကို သိနိုင်ဖို့ အခွင့်အရေးတွေလို့ သူတို့က မြင်ကြတယ်။ ဒီလိုနဲ့ သူတို့အဖေရဲ့ ပစ္စည်းတွေထဲကနေ မျောက်ရုပ်တစ်ရုပ်ကို ရှာတွေသွားကြတယ်။ဒီမျောက်ရုပ်ကို စတွေ့ပြီး မကြာဘူး။ ဟဲလ်နဲ့ ဘီလ့်ကို ထိန်းတဲ့ ကလေးထိန်းသမ စပြီး အဖြစ်ဆိုးနဲ့သေတယ်။ ဒီလိုဖြစ်ပြီး မကြာဘူး။ မျောက်ရုပ်က ထားရင် ထားတဲ့နေရာမှာ မရှိတာမျိုးတွေ ဖြစ်လာတယ်။ တစ်နေ့တော့ သူ့ကို အနိုင်ကျင့်လွန်းတဲ့ ဘီလ်ကို သေစေချင်တယ်လို့ ဟဲလ်က မျောက်ရုပ်ကို ပြောလိုက်ချိန်မှာ အမေဖြစ်သူ သေဆုံးသွားခဲ့တယ်။‌ဒီမျောက်ရုပ်က တောင်းဆိုလို့မရဘူး။ သူသတ်ချင်တဲ့လူကို ကြိုက်တဲ့အချိန်မှာ သတ်တယ်ဆိုတာ သိသွားပါတော့တယ် …

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/2392

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
The Human Centipede (2009)

လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ။ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။

လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကင်းခြေများလို တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/2585

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။

အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။

အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ…

မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။

အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။

2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊

အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/503

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ဥယျာဉ်စောင့်လေးတွေကို လိုက်ရှာပေးမယ့် ရှားလော့ဟုမ်းစ် မဟုတ်တဲ့ ရှားလော့နုမ်းစ် ...

Sherlock Gnomes ( 2018 )
📱

ဒီဇာတ်ကားလေးမှာတော့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..

ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်…

အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ …

လန်ဒန်ရဲ့ အကျော်ကြားဆုံး စုံထောက်ကြီး ရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာ ဝက်ဆန်ဟာ နုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ ဆုံတွေ့ခဲ့ကြပါတယ်…

လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ …

ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် …
 
😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1370

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဥက္ကာခဲပျံကြီး ပြုတ်ကျပြီး ကမ္ဘာပျက်ကြီးဖြစ်သွားတဲ့ကပ်ဘေးကြီး

➪➪➪➪➪➪➪➪➪➪➪➪➪➪

လေကြောင်းအင်ဂျင်နီယာအာရာဘော့ဗ်ဟာ အာကာသစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။

သူ့မှာ ဗာလဲရာဆိုတဲ့ သမီးလေးတစ်ယောက် ကမ္ဘာပေါ်မှာ ကျန်ခဲ့တာပေါ့။

အာကာသစခန်းဟာ ကမ္ဘာရဲ့ဘေးကနေ ရှားရှားပါးပါး ဧရာမဥက္ကာခဲကြီးတစ်ခုဖြတ်သွားတာကို စောင့်ကြည့်နေတာပါ။

တွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ဥက္ကာခဲအပိုင်းအစတွေ ကျနိုင်ချေ မရှိသလောက်နည်းတာမို့
ကမ္ဘာပေါ်ကလူတွေကလည်း ဓာတ်ပုံတွေရိုက်ဖို့ ကြည့်ဖို့ စောင့်နေကြပါပြီ။

ဒါပေမဲ့ ထုံးစံအတိုင်း ဥက္ကာအပိုင်းအစတွေ ကမ္ဘာပေါ်ကျကိုကျလာတာပါပဲ။

ကမ္ဘာပေါ်တင်မက ဥက္ကာအပိုင်းအစတွေက အာကာသစခန်းကိုလည်း လာထိမှန်တာမို့
စခန်းလည်းပျက်စီးသွားခဲ့ပြီးအာရာဘော့ဗ်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။

သူ့သမီး ဗာလဲရာ ရှိတဲ့မြို့လည်းပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ သူ့သမီးကို
အာကာသစခန်းက နောက်ဆုံးလက်ကျန်စွမ်းအင်လေးနဲ့ ဘယ်လိုကယ်တင်မလဲဆိုတဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/warharhar1/39

🎬 Main channel
🔗

t.me/addlist/43SAvNGGjGExNWVl
မြွေဖမ်းသမားနဲ့မြွေသူမလေးရဲ့အချစ်ဇာတ်လမ်း

➪➪➪➪➪➪➪➪➪➪➪➪➪➪

White Snake 1+2 (မြန်မာစာတန်းထိုး)

ဒီအန်နီမေးရှင်း ဇာတ်လမ်းလေးကတော့ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ မြွေဖြူမိစ္ဆာအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းကို အခြေခံပြီး ရှေ့မှာလည်း Live action ရော animation တွေရော ပုံစံအမျိုးမျိုး ထွက်ခဲ့ဖူးပေမယ့် အခုကတော့ ပိုကောင်းတဲ့ animation ရုပ်ထွက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါပြီရိုက်ချက်အလန်းတွေ နောက်ခံတီးလုံးအလန်းတွေ လှပတဲ့ရှုခင်းတွေနဲ့ ကြည့်ရှူသူကို ဆွဲဆောင်သွားမှာပါ…ဒီတော့ အားပေးကြည့်ရှူကြပါဦးလို။


😍ကြည့်ရန်နှိပ်ပါ👇

https://t.me/e_series_mmsub/3768

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Train To busan ထဲကလိုမျိုး Seoul တမြို့လုံး ဇွန်ဘီတွေဖြစ်သွားကြသောအခါ....

Seoul Station ( 2016 )
📱
==================

ဒီကားလေးက 2016မှာ ထွက်ရှိထားပြီး IMDb rating 6.1 ရထားတဲ့ korea animationကားလေးဖြစ်ပါတယ်။

Train to busan မထွက်ခင်က ထွက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းက....

ဆိုးလ်ရထား ဘူတာကို ဗိုင်းရပ်ကူးနေတဲ့ အိမ်ယာမဲ့တယောက် ရောက်လာတာကနေ တမြို့လုံးကို ပြန့်သွားပြီးလူတွေအကုန်လုံးနီးနီးကို ကူးကုန်ပါတယ် ။

ဘူတာမှာ အိပ်ကြတဲ့ အိမ်ယာမဲ့တချို့နဲ့ မြို့ကလူတချို့ပဲအသက်ရှင် ကျန်ပါတော့တယ် ။

ဟီဆန်ဆိုတဲ့ ကောင်မလေးကလည်း သူ့ရည်းစားနဲ့ စကားများပြီးဘူတာကို ရောက်လာပြီး ဗိုင်းရပ်ကူးထားတဲ့ လူတွေ လိုက်လို့ ပြေးရင်းနဲ့ ဒုက္ခရောက်နေလို့ သူ့ကောင်လေးနဲ့ သူ့အဖေက လိုက်ရှာကြပါတယ် ။

အဲ့ဖြစ်စဉ်တစ်ခုမှာ သူမကိုရော သူ့အဖေနဲ့သူ့ကောင်လေးက ရှာတွေ့ပါ့မလား။

ဗိုင်းရပ်ကူးထားတဲ့လူတွေကိုရော ဘယ်လို ရှင်းကြမလဲ ဆိုတာကတော့………

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/397

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Grave of the fireflies

အညွှန်းပေးရမယ်ဆိုရင်တော့….

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…. ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…

အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်..အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့..ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်..

ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်..အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်..

ကြံခိုင်တဲ့အကိုဖြစ်ဆဲတို က အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်..

ညမှောင်လာတဲ့အခါ ျိုးတို့ရဲ့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေပုံကနေခေတ်မှီတဲ့နိုင်ငံတော်တစ်ကြတယ်..

တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲ….

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/cartoonkb/1517

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Переслав з:
English movies channel avatar
English movies channel
Final Destination 1 to 5

Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်ပြောကြမှာသေချာသလောက်ပါပဲ

နောက်ပိုင်းထွက်တဲ့ Horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ

ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို Horror ကား ကြိုက်နှစ်သက်
သူတို့အဖို့ကြာလာတော့အနည်းငယ်
ရိုးအီလာသလိုပါပဲ

Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး

မင်း Horror ဘယ်လောက် Crazy ဖြစ်လဲဆိုတာကို Final Destination
1 to 5ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/496

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
လကမ္ဘာပေါ်ကို ပထမဆုံး ဆင်းသက်ခဲ့တဲ့ Apollo 11 ယာဉ်အကြောင်းကို အခြေခံထားတဲ့ ကာတွန်းကားလေး 💜

Apollo.10.1 and 2 A Space Age Childhood ( 2022 )
📱

ဒီကားထဲမှာတော့ ဟူစတန် နာဆာအနီးမှာနေတဲ့ စတန်လေဆိုတဲ့ကလေးတစ်ယောက်အကြောင်းပါ ။

သူ့ရဲ့သိပ္ပံအစီရင်ခံစာကြောင့် နာဆာမှာတာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတစ်ရပ်ရလာခဲ့တယ် ။

လဆင်းယာဉ်ကို စမ်းသပ်ရာမှာ လျှိဝှက်ပါဝင်ခဲ့ပြီး မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကအစ ဘယ်သူ့ကိုမှသိခွင့်မပေးခဲ့ပါဘူး ။

နောက်ပိုင်းကတော့ သူ့ရဲ့ကျောင်းသားဘဝနဲ့ နာဆာမှာ သူ့ရဲ့မစ်ရှင်တွေကို နောက်ခံစကားပြောနဲ့ ဆက်ပြောသွားမှာပါ…

ဒီကားထဲမှာ 90’s တုန်းကလူနေမှုပုံစံတွေ အများကြီးကြည့်ရှုခံစားရမှာပါ..။

ဒါ့အပြင် လကမ္ဘာကို ခြေချဖိုဆုံးဖြတ်ခဲ့တဲ့ သမ္မတဂျွန်အက်ဖ်ကနေဒီရဲ့ မိန့်ခွန်းအစစ်လည်းထည့်ထားပါသေးတယ် ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/170

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
လကမ္ဘာပေါ်ကို ပထမဆုံး ဆင်းသက်ခဲ့တဲ့ Apollo 11 ယာဉ်အကြောင်းကို အခြေခံထားတဲ့ ကာတွန်းကားလေး 💜

Apollo.10.1 and 2 A Space Age Childhood ( 2022 )
📱

ဒီကားထဲမှာတော့ ဟူစတန် နာဆာအနီးမှာနေတဲ့ စတန်လေဆိုတဲ့ကလေးတစ်ယောက်အကြောင်းပါ ။

သူ့ရဲ့သိပ္ပံအစီရင်ခံစာကြောင့် နာဆာမှာတာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတစ်ရပ်ရလာခဲ့တယ် ။

လဆင်းယာဉ်ကို စမ်းသပ်ရာမှာ လျှိဝှက်ပါဝင်ခဲ့ပြီး မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကအစ ဘယ်သူ့ကိုမှသိခွင့်မပေးခဲ့ပါဘူး ။

နောက်ပိုင်းကတော့ သူ့ရဲ့ကျောင်းသားဘဝနဲ့ နာဆာမှာ သူ့ရဲ့မစ်ရှင်တွေကို နောက်ခံစကားပြောနဲ့ ဆက်ပြောသွားမှာပါ…

ဒီကားထဲမှာ 90’s တုန်းကလူနေမှုပုံစံတွေ အများကြီးကြည့်ရှုခံစားရမှာပါ..။

ဒါ့အပြင် လကမ္ဘာကို ခြေချဖိုဆုံးဖြတ်ခဲ့တဲ့ သမ္မတဂျွန်အက်ဖ်ကနေဒီရဲ့ မိန့်ခွန်းအစစ်လည်းထည့်ထားပါသေးတယ် ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/170

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Look Back (2024)

မူလတန်းကျောင်းသူ Ayumu Fujino ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး Manga Artist လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ Kyomoto ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1676

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
The Human Centipede (2009)

လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ။ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။

လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကင်းခြေများလို တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/2426

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဇာတ်လမ်းအကျဉ်းကတော့ Umi ဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးနဲ့ Shun ဆိုတဲ့ကောင်လေးတို့အကြောင်းပဲဖြစ်ပါတယ်..

Umi ဟာ အဖေဆုံးသွားပြီးနောက် အလုပ်များလွန်းတဲ့အမေနဲ့လဲ အတူမနေနိုင်ဘဲ အဖွားအိမ်မှာနေထိုင်ရတဲ့ လူကြီးဆန်ဆန်ရင့်ကျက်လှတဲ့ကောင်မလေးပါ..

သူ့အကျင့်ကတော့ အိမ်ရှေ့မှာ အမြဲတမ်း အလံလေးတွေ လွှင့်ထူထားတတ်တာပါပဲ…

သူ့ညီမလေးကတော့ အလှအပမက်ပြီး ဆယ်ကျော်သက်ပီပီ စိတ်ကစားလွယ်လွန်းတဲ့ကလေးမလေး..

အဲဒီညီမလေးကြောင့်ပဲ Hero ဆန်ဆန် ရဲရင့်တည်ကြည်ပြီး အမှန်တရားဘက်ကရပ်တည်တတ်တဲ့ Shun နဲ့ စတင်တွေ့ဆုံခွင့်ရခဲ့ပါတယ်..

သူတို့ကျောင်းမှာ ကိုယ်ဝါသနာပါရာကလပ်အဖွဲ့တွေ စုဝေးနေထိုင်တဲ့ Latin Quarter ဆိုတဲ့အဆောက်အဦးကြီးတစ်ခု ရှိပါတယ်..

ကလပ်အဖွဲ့ဆိုတာကလဲ သင်္ချာကလပ်.. ဒဿနိကကလပ်.. ဓာတုဗေဒကလပ်.. ကဗျာကလပ်စသဖြင့် ဆယ်ကျော်သက်ကျောင်းသားတို့ရဲ့ အိမ်မက်တည်ရာ သူတို့ကမ္ဘာကြီးတစ်ခုပေါ့ဗျာ…

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/648

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
The Boy and the Heron (2023)

မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။

မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီး နယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။

အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။

တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီး မဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။

အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။
နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။

အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေ ငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။
ငဟစ်ငှက်ကြီးဟာ တကယ်တော့.......

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/358

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Увійдіть, щоб розблокувати більше функціональності.