မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ကြယ်ပွင့် ကစားသမား မားသီးယပ်စ် ကွန်ညာကို ဒီနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီခေါ်ယူမှုအတွက် နယူးကာဆယ်အသင်းနဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဘရာဇီးလ် တိုက်စစ်ကစားသမား ကွန်ညာရဲ့ စာချုပ်ပါ ပေါင်(၆၂.၅)သန်း တန် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လာမယ့် မေလမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ နယူးကာဆယ်အသင်းကလည်း အသက်(၂၅)နှစ်အရွယ် ကွန်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ကိုသာ ပိုပြီး စိတ်ယိမ်းယိုင်နေနိုင်တယ်လို့ သိရပါတယ်။
ဘောလုံးချစ်သူညီကိုတို့အတွက်သတင်းကောင်း
💥. အကောင့်သစ်ဘောနပ် 100%
💥. နေ့စဉ် ဘောနပ် 50%
💥. အပတ်စဥ် အရှုံးပြန်ပေးခြင်း အစီစဉ် Cashback 5%
💥. မိတ်ဆက်ဘောနပ် 20%