Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
UTD CHANNEL avatar

UTD CHANNEL

ADMIN>>> @noti3048
အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ဗျ😍
Рейтинг TGlist
0
0
ТипПублічний
Верифікація
Не верифікований
Довіреність
Не надійний
Розташування
МоваІнша
Дата створення каналуКвіт 15, 2025
Додано до TGlist
Квіт 15, 2025
Прикріплена група

Рекорди

22.04.202523:59
136.8KПідписників
14.04.202512:29
50Індекс цитування
18.04.202512:52
11.2KОхоплення 1 допису
18.04.202511:28
12.9KОхоп рекл. допису
20.04.202511:48
0.37%ER
18.04.202512:38
8.93%ERR

Розвиток

Підписників
Індекс цитування
Охоплення 1 допису
Охоп рекл. допису
ER
ERR
14 КВІТ '2516 КВІТ '2518 КВІТ '2520 КВІТ '25

Популярні публікації UTD CHANNEL

Li***fe (2017)

သိပံံံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။
ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။
အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။
နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာ
အတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။
သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြား
ဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။
ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါ
သက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ်
တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။
ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့
အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။
ဒါပေမယ့်လူသားပေပဲ။
မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။
အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။
အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည်
အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့
အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။
အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။
သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။
ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့
ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။
စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။
ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။
ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။
အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
W*h^it*e N*i*g^h*t (2009)

“ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။
ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်”
– ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။
သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။
ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။
သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။
စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။
“ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ”
ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ
အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ဆုံးရှုံးမှု ကြီးကြီးမားမားကြုံလိုက်ရပါတယ်။
သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အဖြေကိုရှာမရခဲ့တဲ့ အမှုဟာ ပဟေဠိဆန်ဆန်ကျန်နေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေဖြစ်တဲ့ မမ Son Ye Jin၊ Lee Min-jung၊
မင်းသားကြီးတွေ ဖြစ်တဲ့ Han Suk-kyu နဲ့ Go Soo တို့ ပါဝင်ထားတာ ဖြစ်ပါတယ်။
Nude scene တွေ ပါဝင်တဲ့အတွက် R-19+ အဖြစ် သတ်မှတ်ခံထားရတဲ့ ကားလည်း ဖြစ်ပါတယ်။
IMDB rating – 6.5/10 ရရှိထားပြီး
Blue Dragon Award နဲ့ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ် သရုပ်ဆောင်ဆုတို့ကို ရရှိထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
မိသားစုနှင့်ကြည့်ရန်မသင့်ပါ

IMDb Rating 7.2 ထိ ရရှိထားတဲ့ ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။Park Chan-wook ရဲ့ ဇာတ်ကားလို ဆိုလိုက်တာနဲ့ ကိုရီယားရုပ်ရှင်ပရိသတ်တွေ ချက်ချင်း တန်းကြည့်ချင်စိတ် ဖြစ်သွားမှာအမှန်ပါ။
သမားရိုးကျ ဇာတ်အိမ်တွေကနေ ခွဲထွက်ပြီး ရိုက်ကူးလေ့ရှိတဲ့ သူ့ဇာတ်လမ်းတွေက တကားကို ရသတစ်မျို းစီပေးစွမ်းနိုင်တာ အသေအချာပါပဲ။လူအများစု မခံစားရဲတဲ့ ရှောင်ကျဉ်လေ့ရှိတဲ့ ရောဂါဝေဒနာ ခံစားမှု ။စိတ်ဝေဒနာခံစားမှု ။
မှားယွင်းနေကြတဲ့ လိင်စိတ်ပူးကပ်နေမှု တွေကို သူ့ရုပ်ရှင်အများစုမှာ တွေ့ရပါလိမ့်မယ်။အဲဒီ စက်ဆုပ်ဖွယ်ပြသာနာတွေကို လှပတဲ့ ရိုက်ချက်တွေ။သာယာညိမ့်ညောင်းလှတဲ့ နောက်ခံ တေးဂီတတွေနဲ့ ပေါင်းစပ်ပြလေ့ရှိပါတယ်။အပြာဇာတ်အိမ်တွေကို ခံစားနေကြမရှိတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ အနည်းငယ် နားလည်ရခက်နိုင်ပါတယ်။အဲဒီလို ဖန်တီးတင်ဆက်နိုင်မှု ကပင် သူ့ရဲ့ မှော်ဆန်တဲ့ ပါရမီတွေပါပဲ။ပရိသတ်နောက်မလိုက်တဲ့ တင်ပြချက်တွေ။ဇာတ်လမ်းမဆန်တဲ့ ဇာတ်အိမ်ဖွဲမှု တွေကို အသစ်တစ်ခုအနေနဲ့ တွေ့ကြရပါလိမ့်မယ်....


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
လိ င် ပိုင်း ဆိုင်ရာ အမြတ်ထုတ်ခံခဲ့ရတဲ့
ရုပ်ရှင်လောကထဲက မင်းသမီးလေး


Th/e Se^cr*et Sc*an^da-l (2013)

မာဒုန်ဆော့ကြီး ပါဝင်တဲ့ ဒီကားကတော့
ကိုရီးယားနိုင်ငံ ရုပ်ရှင်လောက နောက်ကွယ်က လက်မဲကြီးတွေ အကြောင်း ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ
(F4 လို့ လူသိများကြတဲ့ ဇာတ်လမ်းတွဲ‌ထဲက မင်းသမီး ဂျန်ဂျာယွန်း မိမိ ကိုယ်ကို အ ဆုံး -စီ ရ- င် ခဲ့တဲ့ နောက်ကွယ်က အကြောင်းပါ )

ဒါရိုက်တာနဲ့ ပရိုဂျူဆာ အပါအဝင် နောက်ကွယ်က အမတ်တွေကပါ မင်းသမီးကို လိ င် ပိုင်း ဆိုင်ရာ ကျူးလွန်မှူ တွေ လုပ်ခဲ့ကြပါတယ်
ငွေ များငွေ နိုင်ဆိုသလို တရားခွင်မာလဲ ငွေရှိတဲ့လူတွေရဲ့ လူပါးဝမှုကြောင့် တရားဥပဒေအရ အရေးယူနိုင်ပါ့မလားဆိုတာကတော့

Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
R*u*s*h H*o*u*r (1998)
 
ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား
1998 စတင်ထွက်ရှိခဲ့တဲ့ Ru*sh Ho*ur Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်……ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့
ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..
နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ……
မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်….
အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ…..သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်……တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.
ခေါင်းဆောင်တော့မပါဘူးပေါ့….အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်…….တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့……..တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ…….ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ်
FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က ” လီ ” ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..
ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်……အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်…….တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်……ပေါက်ကရတွေလျှောက်ပြောပြီး အူကြောင်ကြောင်နိုင်လှတဲ့ ဒီရဲ အရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီးဘာတွေဖြစ်ကြမလဲ…….ဘယ်လိုတွေစုံစမ်းမလဲ..ဘယ်လိုတွေအလွဲတွေ…..ဟာသတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
A W*o*r*k-i*n*g M*a*n (2025)

ကတုံးမင်းသား ဂျေဆန်စတေသမ်ရဲ့ ရုံတင်ကား အသစ်ပါ။ ထုံးစံအတိုင်း တစ်ကိုယ်တော် အသားကုန်ကျုံးတဲ့ ဇာတ်လမ်းပါပဲ။ ဒါရိုက်တာကတော့ ဆူဆိုက်စကွက်တုန်းက ရိုက်ခဲ့တဲ့ David Ayer ပါပဲ။ ဇာတ်ညွှန်းကိုတော့ စတားလုံး ကူရေးပေးထားတာပါ။
ဇာတ်လမ်းအကျဉ်း
ဗြိတိန်အထူးတပ်ဖွဲ့ဝင်ဟောင်း၊ တက္ကစီသမားဟောင်း၊ ငါးမန်းဖမ်းသမားဟောင်း၊ ပျားမွေးသမားဟောင်း၊ ကြေးစားဟောင်း ဘဲကြီးဟာ ဆောက်လုပ်ရေးအလုပ်သမားလုပ်နေပါတယ်။ သူ့ကို ကူညီထားတဲ့ သူဌေးလင်မယားမှာ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။
အဲဒီ ကောင်မလေးကို ရုရှားမာဖီးယားတွေ ဖမ်းသွားချိန်မှာ လင်မယားက သူ့ကို အကူအညီတောင်းလာပါတော့တယ်။ ဒီတော့ ဖမ်းသွားတဲ့ တစ်ဖွဲ့လုံးကို တစ်ယောက်တည်းလိုက်ချပါတယ်။ မာဖီးယားတစ်ဖွဲ့လုံးကို တစ်ယောက်တည်းချပါတယ်။
ဒုတိယကားထွက်လာခဲ့ရင်တော့ ရုရှားစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းချနိုင်ချေရှိပြီး တတိယကားဆိုရင်တော့ တစ်ကမ္ဘာလုံးကိုပါ ချပါလိမ့်မယ်။ ကြည့်နေတဲ့သူတွေကိုပါ ထွက်ချနိုင်ချေ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။

Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
De***va (2025) “ဒေဗာ လာပြီဟေ့”
IMDb – 7.3/10

ဘောလိ၀ုဒ်အက်ရှင်ရုပ်ရှင်ဖန်တွေ စောင့်မျှော်နေကြတဲ့
မင်းသားကြီး ရှာဟစ်ကပူးရဲ့ အသစ်စက်စက်
အက်ရှင်ဇာတ်ကြမ်းကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
အိန္ဒိယတောင်ပိုင်းရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲကတစ်လက်ဖြစ်တဲ့ ပူဂျာ၊
Th/ap-pad (2020)မှာ ဇနီးဖြစ်သူကို ပါးတစ်ချက်ရိုက်လိုက်မိလို့
ကွာရှင်းဖို့ကြိုးစားခံရတဲ့ မင်းသားနေရာက ပါဗေးလ်ဂူလတ်တီတို့လည်း ပါဝင်ထားကြပါတယ်။
အဖေဖြစ်သူ လူမိုက်ကြီးကို ထောင်ထဲထည့်ဖို့ ရည်မှန်းချက်နဲ့ ရဲဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဒေဗာ။
ရဲလား မာဖီးယားလားလို့ မီဒီယာကနေ မေးခွန်းထုတ်ခံရလောက်အောင် ယူနီဖောင်းမဝတ်ဘဲ
ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ ရဲအရာရှိ ဒေဗာ။
သူငယ်ချင်းဖြစ်သူ လက်ထောက်ရဲမင်းကြီးက ဘယ်လောက်ချော့ပြောပြော နားမထောင်တဲ့ ဒေဗာ။
ဒါပေမဲ့ မတရားမှုဆို လက်မခံ၊ ရဲဘော်ရဲဘက် ဘော်ဒါအပေါင်းအသင်းတွေပေါ်မှာ သံယောဇဉ်ကြီးတဲ့ ဒေဗာ။
တစ်နေ့ သူ သဲကြီးမဲကြီးလိုက်နေတဲ့ အမှုတစ်ခုကို ဖြေရှင်းပြီးပြီလို့
သူငယ်ချင်းဖြစ်သူ အရာရှိဆီ လှမ်းအစီရင်ခံနေတုန်းမှာ
မတော်တဆမှုဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။
စိတ်ဝင်စားစရာ ဇာတ်အလှည့်အပြောင်းတွေအပြင်
ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ မင်းသားကြီးရှာဟစ်ကပူးကို
ရှုစားလိုက်ကြပါဦး။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
D/av^ee*d (2025) နောက်ဆုံးအလှည့်

အက်ရှင် ပရိသတ်တွေအတွက် လက်ဝှေ့ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့်
သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်‌နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်‌နေလေရဲ့။ အ
ာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား
ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။
ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။
သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။
တစ်ခါတစ်‌လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့‌အလုပ်တွေထဲက တစ်ခုပေါ့လေ။
တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း
တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။
မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို
ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့
အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Co^wb*oy^s & Al^ie*ns (2011)

ဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသား
Daniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီး
Harrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့
ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။
ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့
ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Th*e Ca^se o/f It*ae^wo*n Ho^mi*ci^de (2019)

ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ
၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။
နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်​စင်​ခန်းဝင်မယ်ဆိုပြီး
ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။
ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။
အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက်
ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။
သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။
ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။
အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး
အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။
သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ သန့်စင်ခန်းထဲမှာ အတူတူရှိခဲ့တဲ့အချက်၊
လူသတ်လက်နက်က ပီအာဆန်ဆီမှာ တွေ့တယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပေမဲ့ အေဂျေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေတယ်။
နှစ်ယောက်လုံးကတော့ တစ်ယောက်ကို တစ်ယောက်လွှဲချတယ်။
အမှုစစ်ဘတ် ခေါင်းစားရပြီ။ စီအိုင်ဒီဘက်က စစ်ဆေးချက်တွေကလည်း
တစ်ဖက်သတ်ဆန်သလိုလို လုပ်ကြံထားသလိုလို၊ ဒါဟာ သံသယရှိသူတွေနဲ့ သူ့ကြားက ဦးနှောက်တိုက်ပွဲပဲ။
Open ending ဖြစ်ပြီး ကိုယ်ကြည့်တဲ့ ရှုထောင့်ကနေ အရာအားလုံးက ပြောင်းလဲသွားနိုင်တာမို့လို့
ဇာတ်ကားကြည့်ပြီး တစ်ခုခု စဥ်းစားစရာ ရသွားချင်ရင်တော့ ကြည့်ဖို့ အထူး recommend ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Ha^ck*sa*w Ri^dg*e (2016)
IMDb Rating (8.1)

2016 ခုနှစ်ကထွက်ရှိခဲ့ပြီး war ရုပ်ရှင်တွေ ထဲမှာ အကောင်းဆုံး ရုပ်ရှင်လို့တောင်ပြောလို့ရမယ့် ဒါရိုက်တာ Mel Gibson ရဲ့ ဒီရုပ်ရှင်ကို အားလုံးပဲသိကြမှာပါ
ဒီရုပ်ရှင်ထဲက battles scene တွေကို ဒါရိုက်တာကြီး Mel Gibson က ကလေးဘဝတုန်းက သူမက်ခဲ့တဲ့ အိမ်မက်ဆိုးတွေ အပေါ်မှာ အခြေခံပြီးရိုက်ကူးခဲ့တာပါ
ဒါရိုက်တာကြီးရဲ့အဖေဟာ ဒုတိယကမ္ဘာစစ် ဝါရင့် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး
စစ်ပွဲအတွင်းက အဖြစ်အပျက်တွေကို အိပ်ရာဝင်ပုံပြင်အဖြစ် ပြောပြလေ့ရှိတဲ့အတွက် သူ battle Scene တွေကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်
Mel Gibson ဟာ ဒီ battles scene တွေကို ပိုပြီး လက်တွေ့ကြစေချင်တဲ့အတွက်
ရုပ်ရှင်ဘတ်ဂျက်ထဲကမဟုတ်ဘဲ သူ့အိပ်ကပ်ထဲက ဒေါ်လာ 1 သိန်း 5 သောင်းကျော်စိုက်ထုတ်ပြီး လက်ကိုင် ကင်မရာနှစ်လုံး ထပ်မံဝယ်ယူပြီး
scene တွေကို အပြည့်စုံဆုံးဖြစ်နေအောင် ရိုက်ကူးခဲ့ပါတယ်
ဒီရုပ်ရှင်ကို စိတ်ကူးကနေ ရိုက်ကူးတဲ့အဆင့်ထိဖြစ်လာဖို့14 နှစ်တောင်အချိန်ယူခဲ့ကြရပါတယ်
ဒါရိုက်တာကြီးရဲ့ကြိုးစား အားထုတ်မှုတွေ အရာထင်ခဲ့ပြီး ဒီရုပ်ရှင် ဟာ Venice film festival မှာပြသခဲ့စဉ်က
9 မိနစ်နဲ့ 48 စက္ကန့်ကြာထပြီး လက်ခုပ်တီး ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်
ရုပ်ရှင်ထဲကဇာတ်ကောင်ဖြစ်တဲ့ဒတ်စမွန်ရဲ့သား ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး
မင်းသား Andrew Garfield အနေနဲ့ သူ့အဖေရဲ့ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော် သရုပ်ဆောင်ပေးခဲ့လို့ မျက်ရည်တွေကျသည်အထိတောင် ဖြစ်ခဲ့ရပါတယ်


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
ဒုံးကျည်တွေနဲ့ ချတဲ့ကားလေး တင်ပေးပါအုံးဆိုလို့....

Dy*na*mi*te Wa*r*ri*or (2006)

ဇာတ်ကားက အဟောင်းဆိုပေမဲ့ ဘယ်တော့မှ မရိုးသွားမယ် ကားမျိုးဖြစ်ပါတယ်ဗျ
မင်းသားကလည်း  ဒူးတံတောင်မင်းသားကြီး ပါပဲ။
၁၈၉၀ ဝန်းကျင်မှာ အခြေတည်ထားတဲ့ ခေတ်ဟောင်းအငွေ့အသက်လေးတွေနဲ့ ထိုင်းရော်ဘင်ဟုဒ်ဗားရှင်းကို ရှုစားရမှာပါ။
၁၈၉၀ ခုနှစ် စိုင်ယမ်မှာ လယ်ယာလုပ်ငန်းကို ကျွဲတွေနွားတွေနဲ့ ရုန်းနေရချိန်မှာ
မြို့ထဲကဓနရှင်အရင်းရှင်ဖြစ်တဲ့ သခင်ကြီးဖရာဝမ်က အနောက်တိုင်းက
လယ်ထွန်စက်ဆိုတာတွေ တင်သွင်းလာပြီး ဈေးကြီးကြီးနဲ့ ရောင်းပါတော့တယ်။
ဒါပေမဲ့ ကျွဲနွားနဲ့ လယ်ထွန်စက်ဈေးက ဆယ်ဆတစ်ဆဖြစ်နေတော့
အခြေခံလူတန်းစားမပြောနဲ့ သူဌေးတွေတောင် စိတ်မဝင်စားကြပါဘူး။
ဒီလိုနဲ့ ဖရာဝမ်တစ်ယောက် ဓားပြတွေငှား ကျွဲနွားကုန်သည်တွေဓားပြတိုက်
အတင်းလုယက်ခိုင်းပြီး လယ်ထွန်စက် မဝယ်ဝယ်အောင်လုပ်ပါတော့တယ်။
အဲဒီမှာ ဂျုန်ဘန်ဖိုင်ဆိုတဲ့လူထူးဆန်းတစ်ယောက် ပေါ်လာပါတော့တယ်။
ဂျုန်ဘန်ဖိုင်ဟာ ကျွဲသူခိုးဆိုပေမဲ့ သူကကုန်သည်တွေဆီကခိုးပြီး
ဆင်းရဲသားတွေကို ပြန်ခွဲဝေပေးတဲ့ ထိုင်းရော်ဟင်ဟုဒ် သူခိုးကောင်းလေးပေါ့။
မွေထိုင်းလည်းကျွမ်းပြီး ဒုံးကျည်လက်နက်ကိုသုံးတဲ့သူ့ကို ဘယ်သူမှလည်းအနိုင်မယူနိုင်ပါဘူး။
လူသတ်လေ့မရှိတဲ့ဂျုန်ဘန်ဖိုင်က စင်းလို့ခေါ်တဲ့ကျွဲကုန်သည်နဲ့တော့ ရန်ငြိုးရှိပြီး သွေးကြွေးဆပ်ဖို့ ဆန္ဒပြင်းပြနေသူပါ။
တစ်ဖက်က ဖရာဝမ်ကလည်း စင်းကျွဲရောင်းတာကို တားဆီးချင်တဲ့အတွက်
ဂျုန်ဘန်ဖိုင်နဲ့စင်းကို ထိပ်တိုက်တွေ့ပေးဖို့ ကြံစည်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ရှုစားကြပါဦး။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Mi^dn*ig^ht i/n th/e
Sw*it^ch*gr^as*s(2021)

No Rating Yet တာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။
သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊
နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက်က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။
ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့်
အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။
မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး
လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့
ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့
ဒုတိယအချက်ကို အမိအရသုံးထားတယ်။
မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့
ကားအစမှာကတည်းက ဖော်ပြထားလို့
သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။
ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့
သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။
ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား
ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့
ရင်ဖိုစရာတော့ကောင်းတယ်။
အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ
စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့
ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။

အရေးအကြီးဆုံး
တစ်ချက်က‌တော့ စတားလုံးရဲ့သမီး
စစ္စတင်း စတားလုံးလေးလည်း မဆိုသလောက် ပါထားသေးတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Ha^un*te^rs (2010)

ဒီတစ်ခေါက်မှာတော့ ၂၀၁၀ခုနှစ်မှာပြသခဲ့တဲ့ Action, Sci-fi ရုပ်ရှင်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အဓိကဇာတ်ကောင်အနေနဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Go Soo တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ကားသင်္ချိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂယူနမ် (Go Soo)က တစ်နေ့မှာ အလုပ်ပြုတ်ပြီး
ယူထိုပီးယားလို့ခေါ်တဲ့ ချေး‌ငွေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့တယ်။ အင်ဂယူနမ်က ရိုးသားကြိုးစားပြီး
သဘောကောင်းသူမို့ ဆိုင်ရှင်သူ‌ဌေး ဂျောင်ရှစ် (Byeon Hie-Bong)၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ ချွဲယောင်းဆု
(Jung Eun-Chae)နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ကားသင်္ချိုင်းမှာ အတူတူလုပ်ခဲ့တဲ့
သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနေတဲ့သူပေါ့။
တစ်ဖက်မှာတော့ သူတစ်ပါးစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ချိုအင် ( Gang Dong Won ) က က‌လေးဘဝထဲက
အိမ်တွင်းအကြမ်းဖက်မှုကြောင့် အဖေဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တယ်။
လူထူးလူဆန်းလို့ သတ်မှတ်ပြီး လူတွေနဲ့အဝေးမှာနေတဲ့ ချိုအင်ကတော့ စိတ်စွမ်းအားကိုသုံးပြီး
ချေး‌ငွေလုပ်ငန်းရှင်တွေဆီက ပိုက်ဆံတွေကိုယူပြီး ပြစ်မှုကျူးလွန်နေခဲ့တာဖြစ်တယ်။ တစ်နေ့မှာတော့
အင်ဂယူနမ်တို့ ဆိုင်ကို ရောက်လာပြီးဆိုင်ရှင်သူဌေးကို သတ်ပြီး အင်ဂယူနမ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်။
ဆိုင်ရှင်သူဌေးသေသွားရတာကြောင့် အင်ဂယူနမ်က ချိုအင်ကို ဖမ်းဖို့ ကြိုးစားတဲ့အခါမှာတော့…
စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ ချိုအင်ကို အင်ဂယူနမ်တစ်ယောက် အနိုင်ယူတိုက်ခိုက်သွားနိုင်မှာလား…
အင်ဂယူနမ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်ပါ။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Ze***ro (2018)

ဒီဇာတ်ကားလေးကတော့ တော်တော်များများသိနှင့်ပြီးသားဖြစ်မှာပါ။
လူပြောသူပြောများကြီး ဝေဖန်မှုအမျိုးမျိုးရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
နာမည်ကြီး cast တွေအသုံးပြုထားတာဖြစ်ပြီး မင်းသားကြီး Shah Rukh Khan,
မင်းသမီးချော Anushka Sharma, Karina Kaif စသည်တို့အပြင်
နာမည်ကြီးသရုပ်ဆောင်တွေကိုဘဧည့်သရုပ်ဆောင်အဖြစ်ထည့်သွင်းထားပြီး ငွေကြေးများစွာအကုန်အကျခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။
Rating အမျိုးမျိုး Review အမျိုးမျိုးတွေရှိနေတာကြောင့် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ သက်ကြီးပုဖြစ်တဲ့ SRK တစ်ယောက်အသက်၄ဝနားငပ်သည်အထိ မိဘအိမ်မှာ ဘာမှမယ်မယ်ရရမလုပ်
ဘာပညာမှမတတ်လုပ်ချင်ရာလုပ်နေလာပြီးနောက် သိပ္ပံပညာရှင်မလည်းနဲ့တွေ့ပြီးနောက်
မမျှော်လင့်ထားတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကြား နီးစပ်သွားကြပြီ ပြောင်းလဲသွားပုံလေးကို ရိုက်ကူးထားတာပါ။
Romance/ Drama ဇာတ်ကားလေးဖြစ်ပြီး SRK ပရိသတ်တွေလည်း စောင့်မျှော်နေကြမယ့် ဇာတ်ကားလေးလည်းဖြစ်မယ်ထင်ပါတယ်။


Movie link ➡️➡️➡️ နှိပ်ပါ

Movie အစုံကြည့်ရန် ➡️➡️➡️  နှိပ်ပါ
Увійдіть, щоб розблокувати більше функціональності.