အလုပ်ကမ်းလှမ်းစာများ စိစစ်နိုင်ရန်အတွက် စာရွက်စာတမ်းများ ပေးပို့နိုင်ရန် ဂျပန်ရှိ မြန်မာသံရုံး ထုတ်ပြန်
အလုပ်ကမ်းလှမ်းစာ (Demand Letter) များ စိစစ်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် စာရွက်စာတမ်းများပေးပို့နိုင်သည့် ကုမ္ပဏီ (၂၀၉)ခု၏ အမည်စာရင်းကို ထုတ်ပြန်ထားသည်။
ထိုသို့ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ချက် (6/2 025) အနေဖြင့် ထုတ်ပြန်ထားရှိပြီး ဖြစ်ကာ ထုတ်ပြန်ကြေညာသည့် စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများသည် Labour Section Myanmar Embassy, Tokyo၊ 4-8-26, Kita Shinagawa, Shinagawa Ku, Tokyo 140-0001 သို့ ပေးပို့ရမည် ဖြစ်သည်။
ထို့ပြင် ယခုထုတ်ပြန်ကြေညာသည့် စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများ သည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြရာ ထိုသို့ကြိုတင်ပေးပို့ခြင်းသည် အကျုံးဝင်မှု မရှိကြောင်း နှင့် ယခုကြေညာချက်တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ပါကြောင်း အကြောင်း ကြားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ဖော်ပြထားသည်။