မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စီမံရေးဌာန၊ မြေအောက်ဓာတ်ကြိုးဌာနခွဲ၏ 66kV သာကေတ - ကျိုက္ကဆံ (၂) ဓာတ်အားလိုင်းအား ဓာတ်အားလွှတ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း၊ Insulator များအား အစားထိုး လဲလှယ်ခြင်းလုပ်ငန်းနှင့် မြေအောက်ဓာတ်ကြိုးများဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် 66kV သာကေတ - ကျိုက္ကဆံ ဓာတ်အားလိုင်းအား (၉.၁.၂၀၂၅) ရက်နေ့၊ (၁၁:၀၀) နာရီ မှ (၁၃:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း နှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြား အပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း