သုဘရာဇာထက် နိမ့်ကျသူတွေ
တော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မည်ဟု ယုံကြည်သဖြင့် ငွေတိုက်စာချုပ်သက်တမ်းကို ၂ နှစ်သတ်မှတ်ခဲ့သည်ဟု ပြောခဲ့သော NUGက တင်ထွန်းနိုင်တစ်ယောက် ပျောက်ချက်သားကောင်းနေသည်။
" သက်တမ်းကို နှစ်နှစ်သတ်မှတ်ထားတာက ဒီတော်လှန်ရေး နှစ်နှစ်အတွင်းအောင်မြင်မယ်လို့ ယုံကြည်ထားတယ်။ သံဓိဌာန်လည်းရှိပါတယ်။ အောင်မြင်ဆိုတာ ယုံကြည်ချက်ကြီးကြီးမားမားရှိပါတယ်" ဟု ဦးတင်ထွန်းနိုင်က ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ပြောခဲ့ခြင်းဖြစ်သည်။
သူတို့ဆီက ငွေတိုက်စာချုပ်ဝယ်မိသူတွေလဲ ဒူးနဲ့မျက်ရည်သုတ်ပြီးလောက်ပါပြီ။
အခုလည်း NUG က နေဘုန်းလတ်က မန္တလေးကို သိမ်းမည် ဘယ်နတ်ဘုရားမှ တားလို့မရဟု ပြောပြန်လေပြီ။သူ့အပြောကို မန္တလေးသားတွေ တုံ့ပြန်ပုံက ရှင်းသည်။
"မင်းတို့အဲလိုလိမ်ပေါင်းများပြီ
ရွှေပြည်စိုးတုန်းကလဲခွက်ပဲခေါက်သွား
တယ် မန္တလေးက အေးအေးဆေးဆေးပဲ"တဲ့။
နောက်တစ်ယောက်က"မဖြစ်နိုင်တာတွေနဲ့လေလိုင်းပေါ်ကနေရသာခံနေတဲ့မင်းတို့တွေဟာ အအလောင်းကောင်ပါးစပ်ထဲကနှိုက်စားနေရတာပျော်ကြရဲ့လား။နိုင်ငံရေး နားမလည်တဲ့
ပြည်သူတွေရဲ့အသက်သွေးချွေးတွေဟာမင်းတို့အတွက်မဟာစျေးကွက်ကြီးပေါ့ကွာ။မင်းတို့တွေဟာ မသာရမှထမင်းစားရတဲ့သူတွေဆိုတော့မင်းတို့ထက်သုဘရာဇာတွေကဘပိုမြတ်ပါတယ်"ဟု ပြောလေသည်။
နိုင်ငံရေးမှာမရိုးသားတာ၊ ယုတ်မာတာက အဓိက ပြဿနာပါ။
ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီကို
အစောကြီးကတည်းက လျှောက်တယ်။ သား သမီးတွေ ပညာဆက်သင်ဖို့ ပြင်ကြတယ်။
ပြဿနာက မဲဆောက်အိမ်ကြီးအိမ်ကောင်းတွေမှာ ငှါးနေပြီး တောထဲမှာ စစ်တိုက်နေသလိုလို ဟန်ဆောင် ပျောက်ကျားအင်္ကျီတွေ ဝတ်ပြီး အလှူခံလိမ်စား၊
တော်လှန်ရေးပဲ မကြာခင်အောင်တော့မလိုလို လိမ်၊
ပြည်တွင်းက ကလေးတွေပညာရေးကို ခြိမ်းခြောက်ရန်ရှာပြီး မဲဆောက်၊ ချင်းမိုင်မှာ ဆက်
နေကာ လိမ်စားကြသည်။
တော်လှန်ရေး အစောကြီးအောင်မှာသေချာရင် လင်းလင်းတို့ ချစ်သုဝေ
ဘာလို့ အစောကြီးကတည်းက UNHCR လျှောက်ကြတာလဲဟုသူတို့ အကြောင်းသိတစ်ယောက်က Facebookမှာ တက်ရေးသည်။
ကိုယ့်သားသမီး ပညာရေးအတွက်ကျတော့အထိမခံနိုင်ရင်
ဘာလို့ သူများသားသမီးတွေကို ခြိမ်းခြောက်တာလဲ။အဲဒါကို ယုတ်မာအောက်တန်းကျတယ် လို့ ခေါ်ပါသည်။
တချို့ဆို တတိယနိုင်ငံထွက် အဲ့ဒီမှာ လုပ်စားဖို့ လက်ကြောမတင်းအရည်အချင်းမရှိတော့ ထိုင်းနိုင်ငံပြန်လာပြီး ပရောဂျက်တင်စားကြသည့် သတင်းတွေလည်း ဘိုးဘိုးကြီး ကြားနေရသည်။
လောဘကြီးပြီးလူလည်လုပ်နေကြ
ပုံက လူလိမ်သူခိုးတွေ တစ်ယောက်နဲ့တစ်ယောက်ဖာထေးဂိုဏ်းဖွဲ့လှုပ်ရှားကြသည်။
ဖက်ခွက်စား ဆိုတာ လုပ်စားတတ်တဲ့ အနုပညာရှင်တွေကိုပဲ ခေါ်တာ မဟုတ်ပါဘူး။
ခြစားအကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတွေနဲ့
ပေါင်းပြီး လိမ်စားနေကြတဲ့သူတွေကိုလဲ ဖက်ခွက်စား လို့ ခေါ်ရမှာပါ။
ပြဿနာက လူလိမ်တွေ မျက်ရည်ခြူပြနေတာကို ငတုံးငအတွေက ဘဝပျက်နေတာတောင် မြိန်ရည်ရှက်ရည် ထောက်ခံနေကြသည်။
"ငါတို့လည်းတောထဲမှာ ဒုက္ခရောက်နေတယ်။မင်းတို့မြို့ပေါ်မှာနေတဲ့ကောင်တွေလည်း ကောင်းကောင်းနေရမယ်မထင်နဲ့"ဆိုတဲ့ စိတ်မျိုးနဲ့တော့ ဒီမိုကရေစီတောင်းမနေကြနဲ့တော့ဟုသာ ဘိုးဘိုးကြီးပြောလိုက်ချင်သည်။
တကယ်တော့ ဒါဟာ အချောင်သမားစိတ်နဲ့
လောင်မြိုက်နေတဲ့ အကုသိုလ်ကံတွေပါပဲ။
# နေပြည်တော်ဘိုးဘိုးကြီး