🙏🙏🙏
အံ့ဖွယ်တော်၁၈ပါးဂုဏ်တော်များအားဖွဲ့ကျူးသီးကုံးပူဇော်တော်မူထားသည့် အာဏာစက်အလွန်ထက်မြတ်တော်မူသောဓာရဏပရိတ်တော်မြတ်ကြီး
ဓာရဏ ပရိတ်တော်သည် မြတ်ဗုဒ္ဓဘုရားရှင်၏ အာဝေဏိကဂုဏ်တော်(၁၈)ပါးကိုဖော်ကျူးပူဇော်ထားခြင်း ဖြစ်သည်။ဤဂုဏ်တော်များသည် မြတ်စွာဘုရား၏ သီးခြားကိုယ်ပိုင်ဂုဏ်တော်များဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်သူတို့မှာ အ,ကာလ မရဏအမျိုးမျိုးတို့မှ လွတ်မြောက်နိုင်သည်။ သတ္တဝါတိုင်း လူတိုင်းပင် တစ်နေ့နေ့မှာ သေရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် အကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပေစ္ဆဒကကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုလိုသည်။
ယုံယုံကြည်ကြည်၀စီနုတ်ကဓာရဏသုတ်ကိုရွတ်ဖတ်ကြလျှင် လေးမြှားဓားလှံလက်နက်ခဲယမ်းမီးတောက်အမြှောက်ဆံများတောင်ထိမှန်ဖို့ဝေးစွ၊ ထိုမျှမကရန်သူမျိုး၅ပါးဘေးကင်းဝေး၍ကပ်ကြီး၃ပါးကျော်လွှားနိုင်ရာ၏။မတော်မတရားစိတ်နဲ့ ကြိုးထိပ်ခတ်ချည်နှောင်သံခြေကျင်းကပ်ပိတွင်းလောင်အချုပ်နှောင်ခံရလေသမျှအမှန်ပလွတ်မြောက်စေရာသည်
ဆေးဝါးမန္တရားအင်းအိုင်များကိုလည်းထက်မြတ်စေ၏၊သူတထူးပြုစားခြင်းအန္တရာယ်ပြုခြင်းကိုလည်းဒဏ်ပြန်စေ၏
မကြံစည်န်ိင်သောအကျိုးများပေးစွမ်းနိုင်သောသတ္တိထူးရှိပါပေ၏
နာနာရွတ်လေနှစ်နှစ်ကာကာအကျိုးပေးပါသည်
♻️ဟန်ဦးလွင်