The Princess and the Frog (2009)
Disney ရဲ့အကောင်းဆုံး Animation ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်လမ်းလေးရဲ့အစကဒီလိုပါ….
အပျော်အပါးကိုခုံမင်ပြီးဘာမှကိုစိတ်မဝင်စားတဲ့ မင်းသားလေးနာဗင်းဟာအရိပ်လူသားရဲ့လိမ်ညာပြုစားခြင်းခံလိုက်ရလို့ဖားတစ်ကောင်အဖြစ်ပြောင်းလဲသွားပါတယ်….
နန်းစည်းစိမ်တွေကို လိုချင်လို့အပျော်အပါးမက်တဲ့ မင်းသားလေးကိုဖားအသွင်ပြုစားလိုက်တဲ့တစ္ဆေတွေနဲ့ပူးပေါင်းထားတဲ့စုန်းဘိုးတော်….
အလုပ်ပဲကြိုးစားလုပ်ကိုင်ရင်း အဖေဖြစ်သူရဲ့စားသောက်ဆိုင်ကိုပြန်ဝယ်ချင်လို့ပိုက်ဆံစုနေရတဲ့ သာမာန်စားပွဲထိုးမလေး တီယာနာ….
တီယာနာ့ သူငယ်ချင်းပါတီပွဲမှာတီယာနာကို မင်းသမီးလေးထင်ပြီးကျိန်စာပြယ်ချင်ဇောနဲ့သူမကိုနမ်းလိုက်တဲ့မင်းသားလေးဟာကျိန်စာမပျယ်တဲ့အပြင်တီယာနာလေးပါ ဖားမလေးအဖြစ်ပြောင်းသွားပါတော့တယ်…
ဒီတော့ ဒီဖားလေးနှစ်ကောင်လူပြန်ဖြစ်အောင်ဘယ်လိုတွေကြိုးစားကြမလဲအရိပ်လူသားနဲ့အပေးအယူလုပ်ထားတဲ့ စုန်းဘိုးတော်ကကော သူတို့ကိုဘယ်လိုတွေဒုက္ခတွေပေးမလဲသူတို့နှစ်ယောက်ကျိန်စာတွေပျယ်သွားမလား…..